Thursday, November 6, 2008

[Padauk Myay] 1 New Entry:

http://padaukmyay.blogspot.com/feeds/5159989176355684681/comments/default

ကောင်းကြသေးရဲ့လား

တစ်လောတုံးက မျိုးဆက်သွေးက မီဒီယာကျင့်ဝတ်နဲ့ ပတ်သက်ပြီး ပို့စ်တစ်ခုရေးတာ ဖတ်မိတယ်။ သူပြောချင်တာကတော့ ဒီမိုမီဒီယာလို့ အများက ခေါ်ကြတဲ့ နအဖ ဆန့်ကျင်ရေး မီဒီယာတွေမှာ သတင်းတွေကို စိစစ်မှုတွေမရှိဘဲ အစိုးရကို ဆော်ရင် ပြီးရောဆိုပြီး ရေးတာတွေကြောင့် ပြည်သူတွေရဲ့ ယုံကြည်မှု လျော့နည်းသွားနိုင်တယ် ဆိုတဲ့အချက်ပါပဲ။ တကယ်တော့ မျိုးဆက်သွေး ဆိုတာ နအဖရဲ့ လမ်းပြမြေပုံကို ပို့စ်တွေရေးပြီး ဝေဖန်နေတဲ့သူပဲ။ ဒါပေမယ့် ဒီမိုမီဒီယာဆိုတာတွေကို သွားပြီး ဝေဖန်မိတော့ ဒါကို လက်မခံနိုင်တဲ့ ကော်မန့်တွေ ပေါ်လာတယ်။

အခုလဲ မျိုးဆက်သွေး ပြောတဲ့စာမျိုး ဒီမိုဘလော့ဂ်မှာ ပေါ်လာပြန်ပြီ။ စိတ်မကောင်းစရာက ဒီသတင်းကို ရေးတဲ့လူက ကျောင်းသား ခေါင်းဆောင် မိုးသီးဇွန် ဖြစ်နေတာပါပဲ။ ထိုင်းနယ်စပ်မှာ ABSDF ဥက္ကဌလုပ်ရာကနေ အနားယူပြီး အမေရိကန်ကို ရောက်သွားတဲ့ မိုးသီးဇွန်က ကိုယ်ပိုင် ဘလော့ဂ်တစ်ခု တင်ထားပါတယ်။ အဲဒီမှာ နအဖနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ မြန်မာ့အရေး၊ ကမ္ဘာ့ အရေးတွေကို ဝေဖန်သုံးသပ်ချက်တွေ တင်တယ်။ မိုးသီးဇွန်ရဲ့ အရှိန်ကြောင့် ဖတ်သူလည်း များတယ်။ တစ်ချို့သတင်းတွေ၊ ပို့စ်တွေကတော့ မှားတာတွေ၊ အဖြစ်မှန်နဲ့ ကွဲလွဲနေတာတွေ ရှိတယ်။ သို့သော် ပြည်တွင်းမှာ သတင်းမှောင်ချထားလို့ ပြည်တွင်းက သတင်းတွေ ယူရတာ၊ စိစစ်ရတာ ခက်တယ်လို့ အကြောင်းပြမယ်ဆိုရင် ပြနိုင်တယ်။ ဒါပေမယ့် ဒီတစ်ခါ မှားတာကတော့ ပြည်တွင်းသတင်း မဟုတ်ဘဲ ပြည်ပက သတင်းကို လုပ်ကြံ ရေးသားလိုက်တာပဲ။

မိုးသီးဇွန်က အခုဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ် - မြန်မာရေပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်တဲ့ ပို့စ် တင်တယ်။ ပို့စ်မှာ ရေးတဲ့ သုံးသပ်ချက်တွေကို သူ့ကိုယ်ပိုင် အမြင်ဖြစ်လို့ ဘာမှ အငြင်းပွားဖို့ မရှိဘူး။ သို့သော် အဲဒီပို့စ်မှာ ရေတပ်က ဒုံးကျည်ပစ်နေတဲ့ပုံနဲ့ စစ်သဘောင်္ပုံကို ဖော်ပြပြီး အဲဒီပုံတွေဟာ မြန်မာအစိုးရ ဓာတ်ငွေ့ စမ်းသပ်တူးဖော် နေတဲ့နေရာကို လွှတ်လိုက်တဲ့ ဘင်္ဂလားဒေ့ရှ် စစ်သဘောင်္တွေ လို့ ပြောထားတယ်။ မိုးသီးဇွန် ဘလော့ဂ်ကို သွားကြည့်ရင် အောက်ကအတိုင်း ပုံတွေ တွေ့လိမ့်မယ် ။

ပြဿနာက အဲဒီပုံတွေဟာ ဘင်္ဂလားဒေ့ရှ် စစ်သဘောင်္ပုံတွေ မဟုတ်ဘူး၊ အမေရိကန် စစ်သဘောင်္ပုံတွေ ဖြစ်နေတာပဲ။ ပထမပုံက ဒုံးပျံပစ်နေတဲ့ပုံ။ အဲဒီမှာ ပစ်နေတဲ့ ဒုံးပျံက ရေပြင်မှ ဝေဟင်ပစ် ( Surface to Air Missile) ဖြစ်တယ်။ နောက်သဘောင်္ပုံက လေယာဉ်တင် သဘောင်္ပုံ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ် ရေတပ်မှာ အကြီးဆုံး သဘောင်္ အမျိုးအစားက ဖရီဂိတ် အမျိုးအစားဖြစ်ပြီး အဲဒီထဲက အဘူ ဘာကာ လို့ခေါ်တဲ့ သဘောင်္က အခု မြန်မာနဲ့ အငြင်းပွားတဲ့ နေရာကို ဦးဆောင်ပြီး သွားနေတယ်။ အဲဒီ သဘောင်္က ဗြိတိသျှ ရေတပ်က ၁၉၅၀ ပြည့်နှစ်တွေတုံးက ထုတ်တဲ့ Leopard အမျိုးအစား သဘောင်္ကို ပြန်ဝယ်ပြီး သုံးထားတာ။ ပုံထဲမှာပါတဲ့ ဒုံးပျံစနစ် အဲဒီသဘောင်္မှာ မပါဘူး။ ကျန်တဲ့ ဖရီဂိတ်တွေက ရောလို့မေးရင် ဘင်္ဂလားဒေ့ရှ် ရေတပ်မှာ ဖရီဂိတ်လေးစီး ရှိတယ်။ တစ်စီးက တရုတ်က ၀ယ်တာ၊ ကျန်တဲ့ သုံးစီးက အင်္ဂလိပ်ရေတပ်က ၁၉၅၀ ပတ်ဝန်းကျင်က ထုတ်တဲ့ သဘောင်္ အဟောင်းတွေကို ပြန်ဝယ်ပြီး သုံးထားတာ ဖြစ်တယ်။ ဘယ်သဘောင်္မှာမှ ပုံထဲမှာပါတဲ့ အမေရိကန် လက်နက်မျိုးကို တပ်ဆင် မထားဘူး။

နောက်တစ်ခုက လေယာဉ်တင် သဘောင်္ကိစ္စ၊ အရှေ့တောင်နဲ့ တောင်အာရှမှာ လေယာဉ်တင် သဘောင်္ရှိတာ ထိုင်းနဲ့ အိန္ဒိယပဲ ရှိတယ်။ ဘင်္ဂလားဒေ့ရှ် ရေတပ်မှာ အကြီးဆုံးက ဖရီဂိတ် ဖြစ်တယ်၊ သူ့ထက်ငယ်တဲ့ တိုက်ခိုက်ရေး သဘောင်္ ( Fast Attack Aircraft) နှစ်ဆယ်ကျော် ရှိတာ တရုတ် လုပ်တွေပဲ။ သုံးစီးပဲ အရင် ယူဂိုဆလားဗီယားနိုင်ငံက ထုတ်တာ ဖြစ်တယ်။ ဒီတော့ လေယာဉ်တင် သဘောင်္ဟာလဲ တစ်ခြားနိုင်ငံတစ်ခုက သဘောင်္ဆိုတာ သိသာတယ်။

မိုးသီးဇွန်က ဘာသဘောနဲ့ ဒီပုံတွေကို လုပ်ကြံပြီး သုံးလိုက်တာလဲ။ ပြည်တွင်းက အင်တာနက် ကြည့်တဲ့ လူငယ်တွေကို အထင်သေးတာလား။ ဒါမှမဟုတ် ငါဘာပြောပြော ယုံမှာပဲဆိုပြီး လုပ်ချလိုက် တာလား။ အရင်ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး လေဖြတ်ပြီတို့၊ သေတော့မယ်တို့ဆိုတဲ့ သတင်းတွေကို ပြူးပြူးပြဲပြဲရေး တုံးကတော့ အော် ပြည်တွင်းက သတင်းဆိုတော့ စိစစ်ရတာ ခက်လို့ ဆိုပြီး ဖြေသိမ့် နိုင်ပေမယ့် အခုလို လုပ်တာကိုတော့ ဘ၀င်မကျဘူးဗျာ။ ပြောလိုက်ရင်တော့ သတင်းလွတ်လပ်ခွင့် ဆိုတာ အမြဲတမ်းပါသဗျ။ သို့သော် လွတ်လပ်ခွင့် ဆိုတာ တာဝန်သိမှုနဲ့ ဒွန်တွဲနေတယ် ဆိုတာတော့ သတိပြုဖို့ လိုမယ်။

ဒီလိုပြောရင် လွတ်လပ်ခွင့်ဆိုတာ အစိုးရကို လွတ်လွတ် လပ်လပ် ကလော်တုတ်ခွင့် ရတာပဲလို့ နားလည်နေသူများက ၀ိုင်းအော်ကြဦးမယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်။ သတင်း လွတ်လပ်ခွင့် လိုတယ်ဆိုပြီး အမြဲပြောနေတဲ့။ ကိုယ့်ကိုကိုယ် ကျောင်းသား ခေါင်းဆောင်၊ လူထု ခေါင်း ဆောင်လို့ ခံယူထားသူများကတော့ စံနမူနာပြအနေနဲ့ ကျင့်ဝတ်လေးကိုတော့ ထိန်းကြရင် ကောင်းမယ် ထင်ပါရဲ့။ ကိုယ့်လိပ်ပြာကိုယ် ရှက်တတ်ရင် ပြောပါတယ်။ မရှက်ဘူးကွာ ဆိုရင်လဲ ကောင်းကြသေးရဲ့ လားဗျာတို့ ဆိုပြီး ငိုချင်းချရုံက လွဲပြီး မတတ်နိုင်ပါ။

မှတ်ချက်။ ဘင်္ဂလားဒေ့ရှ် ရေတပ်နဲ့ ပတ်သက်တဲ့ အချက်များကို wikipedia.com နဲ့ Jame Defence Website ကရပါတယ်။ အသေးစိတ် လေ့လာလိုသူများ သွားကြည့်ကြပါ။ မိုးသီးဇွန်လည်း သွားကြည့်ပြီး ပုံလေးဘာလေးလဲ လိုက်ရင် ကောင်းမယ် ထင်ပါရဲ့။

အောင်ထက်

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.