Thursday, November 6, 2008

[ALL FRIEND's WELCOME To My Blog] 6 New Entries: မြန်မာဟာသ

မြန်မာဟာသ

အိပ်ပျော်သွှားမယ်


ဖီဒဲလ် ကတ်စထရိုတယောက် အိမ်မပျော်ရောဂါကို အကြီးအကျယ် ခံစားနေရတယ်။


အဲဒါကြောင့် ဆရာဝန်ဆီ သွှားပြရတယ်။



ကတ်စထရို - ကျုပ်ညဘက် အိပ်မပျော်ဘူး၊ ဘယ်လိုပဲလုပ်လုပ် အိပ်မရဘူးဗျာ၊ ဘာလုပ်ရမလဲ။


ဆရာဝန် - အိပ်ပျော်အောင် လုပ်နိုင်တဲ့ နည်းလမ်းတခုရှိပါတယ်။


အဲဒါကတော့ မအိပ်ခင် ကိုယ်မိန့်ခွှန်း ကိုယ်ြပန်ဖတ် ပေါ့ခင်ဗျာ။

မြန်မာဟာသ

အလုပ်မရှိ အကိုင်မရှိ


အဘိုးကြီး နှစ်ယောက်ဟာ မော်စကိုမြို့က လမ်းတစ်လမ်းပေါ်မှာ တွှေ့ကြတယ်၊ တွှေ့ကြတာနဲ့ပဲ သူတို့တွှေက သားတွှေအကြောင်း အပြန်အလှန် မေးကြတယ်၊



ပထမအဘိုးအို - ခင်ဗျားသား ဘယ်မှာ အလုပ်လုပ်နေသတုန်းဗျ။

ဒုတိယအဘိုးအို - ကွှန်မြူနစ်ပါတီမှာလေ၊ ကျုပ်တို့မြို့မှာတော့ သူက အရေးပါတဲ့သူပဲပေါ့ဗျာ။


နေပါဩးဗျ။ ဒါထက် ခင်ဗျားသားကရော။


ပထမအဘိုးအို - ခင်ဗျားသားလိုပါဘဲ။ အလုပ်မရှိ အကိုင်မရှိပါဘူးလေ

မြန်မာဟာသ

စာဖတ်တတ်လို့ပါ .....


စာရေးဆရာနှစ်ယောက် တွှေ့ကြတယ်။ တစ်ယောက်က မေးတယ်။

"ခင်ဗျား ဘာဖြစ်နေလဲ၊ အတော်စိတ်ဓါတ်ကျ နေပုံပဲ"


"ဟုတ်တယ်ဗျာ၊ စိတ်မချမ်းသာ စရာတစ်ခု ဖြစ်ခဲ့လို့"


"ဘာဖြစ်တာလဲ"


"ကျွှန်တော့်သားက ကျွှန်တော့်နောက်ဆုံးရေးတဲ့ စာမူကြီးကို မပြောမဆိုနဲ့ မီးရှို့ပစ်လိုက်လို့ဗျာ"


"ခင်ဗျားသားက လုပ်တယ်ဟုတ်လား။ ဒါနဲ့ သူ့အသက်က ဘယ်လောက် ရှိပြီလဲ"


"သုံးနှစ်ပဲ ရှိပါသေးတယ်ဗျာ"


"ဟင် .... အံအားသင့်စရာပဲ၊ သုံးနှစ်သား ကလေးနဲ့ စာဖတ်တတ်နေပြီ ဟုတ်လား"

JOKES

စိတ်ချမ်းသာတယ်လေ။

ခင်ဗျားတို့အရပ်ကလူတွေ ကျန်းမာရေးကောင်းတယ်နော်

စိတ်ချမ်းသာကြတယ်လေ

စိတ်ချမ်းသာတယ်သာဆိုတာ ကျွန်တော်မေးကြည့်တော့လည်း လူတိုင်းနီးပါး အကြွေးတွေနဲ့ စိတ်မညစ်တာ အံ့ဩဖို့ကောင်းတယ်

အံ့ဩဖို့မလိုပါဘူးဆရာရယ်၊ ရမယ့်သူသာစိတ်ညစ်နေမှာပါ



+++++++++++++++++++++++++++++++



ဘဝရဲ့ အပျော်ဆုံးအချိန်။

ပွဲစားကြီး ဦးမေတ္တာရဲ့ဘေးမှာ သူ့ဇနီးဒေါ် သစ္စာက လာထိုင်ပြီး

တော်နဲ့ ကျုပ်နဲ့ အိမ်ထောင်ကျတာ ၂၅ နှစ်ပြီနော်

အင်း

တော့်ကို ပါရမီဖြည့်ချင်လွန်းလို့ ဈေးရောင်းကျွေးခဲ့တာကို မညည်းညူဖူးဘူးနော်

ဟုတ်ပါတယ်

မှတ်မှတ်ရရ တော့်ကို စိတ်ဆိုးလို့ စကားမပြေါဘဲ သုံးရက်တိတိ နေခဲ့တာကိုရော အမှတ်ရသေးသလား

ဘယ်မေ့မှာလဲကွာ။ ငါ့ဘဝရဲ့ အပျော်ဆုံးအချိန်တွေပဲ



+++++++++++++++++++++++++++++++



မိန်းကလေးများကို အသက်အရွယ် အပိုင်းအခြားအလိုက် ကမ္ဘာ့ ကုန်းမြေ၊ နေရာများနှင့် အောက်ပါအတိုင်း ခိုင်းနှိုင်း ညွှန်းဆိုနိုင်၏။

အသက် ၁၃ နှစ် အထိ  အန္တာတိကတိုက်
(ပြစ်မျိုးမှဲ့မထင် ရှိနေခြင်းကြောင့်ဖြစ်သည်)

အသက် ၁၃ နှစ်မှ ၁၇ နှစ်အထိ  အာဖရိကတောနက်ကြီး
(ရှင်သန်ကြီးထွား သွက်လက်ပြီးသဘာဝအနေအထား မပျက်မယွင်းရှိနေခြင်းကြောင့် ဖြစ်သည်)

အသက် ၁၈ နှစ်မှ ၂၃ နှစ်အထိ အရှေ့အလယ်ပိုင်းဒေသ
(ပူလောင်ခြင်း၊ အကြောက်အရွံ့နည်းခြင်း၊ လုပ်ချင်ရာ လုပ်တတ်ခြင်းကြောင့် ဖြစ်သည်)

အသက် ၂၄ နှစ်မှ ၃၂ နှစ်အထိ  မြောက်အမေရိကတိုက်
(ငြိမ်သင့်သလောက်ငြိမ်သွားခြင်း၊ လုပ်ချင်ရာ ဇွတ်လုပ်မှုနည်းသွားခြင်း၊ အတွက်အချက်များလာခြင်းတို့ကြောင့် ဖြစ်သည်)

အသက် ၃၃ နှစ်မှ ၄၅ နှစ်အထိ  စကင်ဒီနေးဗီးယား ကျွန်းဆွယ်ကြီး
(တည်ငြိမ်သွားခြင်း၊ ပျင်းစရာကောင်းသွားခြင်း၊ စကားပိုများလာခြင်းတို့ကြောင့် ဖြစ်သည်)

အသက် ၄၆ နှစ်မှ ၅၀ နှစ်အထိ  အာရှတိုက်
(အိမ်တွင်း၌ပြသနာ ရှာတတ်ခြင်း၊ ပြင်ပဆက်ဆံရေး ညက်ညောခြင်း၊ သမိုင်းကြောင်းအရ သာ စိတ်ဝင်စားဖွယ်ရာရှိတော့ခြင်း တို့ကြောင့် ဖြစ်သည်)

အသက် ၅၁ နှစ်မှ ၆၄ နှစ်အထိ  ဥရောပတိုက်
(ခိုကိုးရာ ရှာလာခြင်း၊ တစတစယိုယွင်းသွားခြင်းတို့ကြောင့် ဖြစ်သည်)

အသက် ၆၅ နှစ်နှင့် အထက်  ဩစတြေးယျတိုက်
(အေးချမ်းသည် ဆိုသော်ငြါးလည်း အဖက်လုပ်လိုသူ မရှိတော့၍ ဖြစ်သည်)



+++++++++++++++++++++++++++++++


မှာသည့်အတိုင်း ဆောင်ရွက်သူ

သန်ြးွကယ်သူဌေးကြီး တစ်ဦးသည် ကွယ်လွန်ခါနီးတွင် စိတ်ကူးတစ်မျိုးပေါက်၍ သူ့ဆွေမျိုးများထဲမှ တူသား တော်စပ်သူ ဆရာဝန်၊ ရှေ့နေနှင့် သင်းအုပ်ဆရာသုံးဦးတို့ကို တစ်ယောက်လျှင် ဒေါ်လာငါးသောင်းစီ ပေးသွားခဲ့သည်။ ゞင်းက ゞင်းငွေများကို သူကွယ်လွန်လျှင် အတူယူသွားမည်ဖြစ်ကြောင့် အသုဘ ခေါင်းအတွင်းသို့ လာရောက်ထည့်ရန်ပါ မှာကြားသွားသည်။ အဘိုးကြီး ကွယ်လွန်သွားချိန်တွင် အသုဘ အခမ်း အနားသို့ ထိုလူသုံးဦးစလုံး ရောက်လာခဲ့သည်။ မီးသဂြိုလ် ပြီးစီးသွားချိန်တွင်...

ဆရာဝန် ။ ။ ငါတော့ ငါ့အပြစ်ကို ဝန်ခံလိုက်အုံးမယ်။ အခေါင်းထဲကို စာအိတ် အလွတ်တစ်လုံးပဲ ထည့်လိုက်မယ်။ အဘိုးကြီးငွေတွေကို အခမဲ့ ဆေးခန်း တစ်ခုထောင်ဖို့ အသုံးပြုလိုက်ရတယ်လေ။

သင်းအုပ်။ ။ ငါလည်း အတူတူပါပဲ။ အဲဒီငွေတွေကို လူငယ် ကယ်ဆယ်ရေးဂေဟာ တစ်ခုအတွက် အသုံးပြုလိုက်ရတယ်။

ရှေ့နေ။ ။ ဟာ  ခင်ဗျားတို့ တော်တော်ဆိုးတဲ့လူတွေပဲ။ ခင်ဗျားတို့ စကားကြားရတာ မယုံနိုင်စရာပါပဲလား။

ဆရာဝန် + သင်းအုပ် ။ ။ ဟေ့လူ  ခင်ဗျားကရော အခေါင်းထဲကို ဒေါ်လာငါးသောင်း တကယ် ပြန်ထည့်လိုက်လို့လား ။

ရှေ့နေ ။ ။ ထည့်လိုက်တာပေါ့ ။ ကျွန်တော် အသေအချာကို ကိုယ်ပိုင် ချက်လက်မှတ်တစ်စောင် ရေးပြီး ထည့်ပေးလိုက်တာ ။



+++++++++++++++++++++++++++++++


လူမထွက်ဘူး

ဒကာမတစ်ယောက်သည် သူကိုးကွယ်ရာ ဘုန်းကြီးကျောင်းသို့ ရောက်လာပြီး
  • ဆရာတော်းး ဟဲ့ ဒကာမ... ဘယ်ဖြစ်လို့ လာသတုံး
  • ဒကာမးး အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား
  • ဆရာတော်းး ဟေ... ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှ မရှိဘူးဟ၊ ဒါနဲ့ တနေ့က လာအပ်တဲ့ ကလေးနှစ်ယောက်က ဘယ်သူက မွေးတာတုန်းဟ
  • ဒကာမးး တပည့်တော်မက မွေးတာပါဘုရား
  • ဆရာတော်းး အိမ်း... တစ်သက်လုံးမှတ်ထား ၊ ဒကာမကမှ လူထွက်သဟ၊

Virus Alert

If someone by the name opera.tun wants to add you in Gtalk, dont accept it . It's a virus . Tell everyone in your list because if somebody in your list adds them you will get it too. It is a hard drive killer and a horrible virus.

Liverpool FC Fan(good news)

ရာဖါဘင်နီတက်စ်က လီပါပူးအသင်း တိုက်စစ်မှူး ဖါနန်ဒိုတောရက်စ်မှာ အသင်းဟောင်း အသလက်တီကို မက်ဒရစ်နှင့် ချန်ပီယံလိဂ်ပွဲ ကစားရန် ၇၀% ကြံ့ခိုင်နေပြီး ကြံ့ခိုင်မှု အပြည့်မရသေးသော်လည်း ထိုပွဲတွင် ပါဝင်ကစားစေမည်ဟု ထုတ်ဖေါ်ပြော ဆိုလိုက်သည်။ လီဗါပူးတိုက်စစ်မှူး ဖါနန်ဒိုတောရက်စ်မှာ စပိန်အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားရင်း ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော နှစ်ပတ်က ကစားခဲ့သည် အသလက်တီကို မက်ဒရစ် အသင်းနှင့်ပွဲတွင် မပါဝင်နိုင်ခဲ့ပေ။ ဘင်နီတက်စ်က ဖါနန်ဒိုဟာ ဒဏ်ရာ ကုသဖို့အတွက် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် အထူးကု ဆရာဝန်တွေကလည်း အထူးကြပ်မတ် ကုသပေးခဲ့တယ်။ မနေ့က လေ့ကျင့်ခန်း စဆင်းပြီးတော့ ဒီနေ့လည်း ထပ်ပြီး လေ့ကျင့်ခန်း ဆင်းမှာပါ။ သူ ၇၀ % နှုန်းလောက် ကြံ့ခိုင်မှု ရနေပြီး မနက်ဖြန်ကစားမဲ့ ပွဲမှာတော့ ၀င်ကစားနိုင်နေပါပြီ။ အသလက်တီကို မက်ဒရစ်အသင်းဟာ သူ့ရဲ့ ပထမဦးဆုံး ကစားသမားဘ၀ အသင်းတစ်သင်း ဖြစ်ပါတယ်။ အဲဒီအသင်းက သူ့ကိုပြုစု ပျိုးထောင်ပေး လိုက်တာပါ။ အခုတော့သူဟာ လီဗါပူးအသင်းကို ရောက်နေပါပြီ။ အသင်း နှစ်သင်းစလုံးက ပရိသတ်တွေက သူ့ကို ချစ်ကြတယ်။ သူ့ဒူးဒဏ်ရာကြောင့် သူဟာ ပထမပွဲမှာ ၀င် မကစားနိုင်ခဲ့ဘူး ဒါ့ကြောင့် ဒုတိယပွဲမှာ သူ့ကို အခွင့်အရေး ပေးရပါ့မယ် ဟုပြောကြား ခဲ့သည်။

You received this email because you are subscribed to the real_time feed for http://jokesandpoem.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.