Thursday, November 6, 2008

[Sai Wunna] 2 New Entries: မလေးရှားမှ မြန်မာဟက်ကာ အကြီးစားကို အထူးသတိထားကြပါ

မလေးရှားမှ မြန်မာဟက်ကာ အကြီးစားကို အထူးသတိထားကြပါ

နယ်စပ်တွင် သေဆုံးသူ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား ၄ ဦးကို မြန်မာ နစကမှ ပစ်သတ်သည်ဟု သတင်းဖြစ်ပေါ်

11/3/2008

မောင်အေး(နိရဉ္စရာ) ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ၀ါးခုတ်သမား ၄ ဦးကို အမည်မသိသူများက မြန်မာဘက်တွင် ၀ါးခိုးခုတ်နေစဉ် အသေသတ်ပြီး လွန်ခဲ့သောစနေနေ့က ဘင်္ဂလာဒေခ်ျ့ဘက်တွင် လာရောက်ပစ်ထားခဲ့သည်။အဆိုပါ ၀ါးခုတ်သမားများကို သတ်ဖြတ်ခဲ့သူများမှာ မြန်မာ နစကတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု နယ်စပ်တလျောက်တွင် သတင်းဖြစ်ပေါ်နေသည်။ သို့သော်လည်း သီးသန့်အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

သတ်ဖြတ်ခံရသူ ဘင်္ဂလီဝါးခုတ်သမား ၄ ဦးမှာ ကော့ဘဇားခေါ် ဖလောင်းချိတ်ခရိုင် အိုခီးယားမြို့နယ် ဒေလ်ပါရာကျေးရွာမှ အာဘူဟာကိန်း ၄၀ နှစ်၊ နုရ်ကော်ဘီ ၃၂ နှစ်၊ အာဟာမတ် ရှော်ဖိလ် ၂၈ နှစ်နှင့် ချင်းချူးအာလာမ် ၂၈ နှစ်တို့ဖြစ်သည်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုမှာ ဘင်္ဂလားဒေခ်ျ- မြန်မာနယ်စပ် မှတ်တိုင် အမှတ် ၃၉ နှင့် ၄၁ အနီးတွင်ဖြစ်ပြီး အဆိုပါ ၀ါးခုတ်သမားများအား မြန်မာနိုင်ငံဘက် တစ်ကီလိုမီတာခွဲ အတွင်း တွင် ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း နယ်စပ်သတင်းများအရ သိရှိရ သည်။

သတ်ဖြတ်ခံရသူများမှာ စနေနေ့နံနက်ပိုင်းက ၀ါးခုတ်ရန် နေအိမ် မှထွက်သွားပြီး အိမ်ပြန်မရောက်သည့်အတွက် လိုက်လံရှာဖွေရာ ဘင်္ဂလာမြန်မာနယ်စပ်ရှိ ခေါင်းတုန်း ဘီဒီအာရ် စခန်းအနီးတွင် သူတို့၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသ ခံများက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ခေါင်းတုန်း ဘီဒီအာရ်စခန်းမှ မြန်မာနစကများနှင့် ပြောဆို ဆွေးနွေးရန် ကြိုးစားခဲ့သော်လည်း ယမန်နေ့ညနေ ရ နာနီခွဲအချိန်ထိ ဆက် သွယ်မှုမရ သေးကြောင်း ဘီဒီအာရ်နှင့်နီးစပ်သူတဦးက ပြောသည်။

မြန်မာနစကများမှာ နယ်စပ်တွင်ဘင်္ဂလာဒေခ်ျ့မှ သစ်ခုတ်သမား၊ ငါးဖမ်းဖမ်းသများနှင့် တောင်ယာလုပ်ကိုင် စားသောက်နေသူများကို နစကတပ်ဖွဲ့ဝင်များက မကြာ ခဏ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေးတောင်းခံလေ့ရှိသော်လည်း ယခုကဲ့သို့ သတ်ဖြတ်ခြင်းများ ယခင်ကမရှိကြောင်း ဒေသခံများ အပြောအရသိရသည်။

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.