Thursday, November 6, 2008

[Lu Lu] 3 New Entries: မာလကာသီး

မာလကာသီး



ဒီနေ့တော့ ကျွန်မနဲ့ ကျွန်မတူမလေးတွေအကြိုက် လွယ်လွယ်ကူကူ မာလကာသီးလေးပဲ ကျွေးမယ်နော်။ ကီလိုမာလကာသီးအပွကြီးတွေ တစ်လုံးမှ ၂၀၀ ကျပ်ပါ။ သုံးလုံးဆို ၅၀၀ ကျပ်နဲ့ရပါတယ်။ မာလကာသီးကိုအခွံနွှာ၊ ရေဆေးပြီး ထက်ခြမ်းခြမ်းပါတယ်။ ပြီးတော့ အလယ်က အစေ့တွေမစားမိအောင်လည်း လုပ်လိုက်တယ်။ ပြီးတော့ ရသာပိုအမှုန့်လေးရယ် သံပုရာရည်လေး နည်းနည်းလောက်ထည့်ပြီး ရောနယ်လိုက်တာ။ ပြီးတော့မှ ရေခဲသေတ္တာထဲ ခဏလောက် ထည့်ပြီး အအေးခံလိုက်တယ်။

မာလကာသီး ပွပွလေးနဲ့ အရသာလေးက ချိုချိုလေးရယ် အေးအေးလေးရယ် စားရတာ အရသာရှိလိုက်တာ။ စားကြပါဦးနော်။

ဇရစ်ရိုးဆူးပုပ်ကြော်





မောင်နှမများအားလုံးမင်္ဂလာပါနော်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ဇရစ်ရိုးနဲ့ ဆူးပုပ်ကို ပုစွန်ဆိတ်လေးနဲ့ ကြော်ကျွေးပါဦးမယ်နော်။ ဟင်းရံတစ်ခွက်ဆိုပေမယ့် ကြော်ကြော်ပြီးစမှာ ထမင်းပူပူလေးနဲ့ စားတဲ့အခါမှာတော့ အသားဟင်းနဲ့တောင် မလဲနိုင်ပါဘူး။ လိုအပ်တဲ့ပစ္စည်းတွေကိုအရင်ပြောပြပါမယ်နော်။

ဇရစ်ရိုး

ဆူးပုပ်

ပုစွန်

ကြက်သွန်ဖြူ

ကြက်သွန်နီ

ဆား

ဆီနဲ့

ဟင်းခတ်မှုန့်အနည်းငယ်တို့ပါ။



more...





ဂွေးသီး ငပိချက်




ဂွေးသီး ငပိချက်

ချစ်မောင်နှမများအားလုံး မင်္ဂလာပါနော်။ ဒီနေ့တော့ ကျွန်မမောင်နှမတွေကို ဂွေးသီး ငပိချက်လေး ချက်ကျွေးပါဦးမယ်နော်။ ဂွေးသီးကို အင်္ဂလိပ်လို hog plum လို့ခေါ်ပါတယ်။ ဂွေးသီးနုနုလေးတွေကို ငါးပိချက် ချက်စားတတ်ကြသလို ဂွေးသီးအစိမ်းတွေကိုလည်း အချဉ်ပေါင်းလုပ်စားတတ်ကြပါတယ်။ ဂွေးသီးငပိချက် ချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့

ဂွေးသီးနုနု (၁၅) ကျပ်သား

ကြက်သွန်ဖြူ

ကြက်သွန်နီ

ငရုတ်သီးအရောင်မှုန့်

ငရုတ်သီးစိမ်း

ပုစွန်ခြောက် (၅) ကျပ်သား

ငါးပိစိမ်းစား ကွမ်းသီးလုံးခန့်

ဆား

နနွင်းမှုန့်

ငံပြာရည်

ဟင်းခတ်မှုန့်အနည်းငယ်နဲ့

ဆီတို့ပါနော်။


more...



You received this email because you are subscribed to the real_time feed for http://lulucooking.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.