Thursday, December 4, 2008

[“မောင်မျိုး”] 1 New Entry: Welcome To ကျိုက်ထီးရိုး

Welcome To ကျိုက်ထီးရိုး


အားလုံးပဲ မင်္ဂလာပါ ကျနော်တို့ရဲ့ရွှေမြို့တော်မှကြိုဆိုပါတယ်ခင်ဗျာ ။ ဘုရားဖူးသွားတုန်းက အမှတ်တရလေးတွေကို ဝေမျှလိုက်ပါတယ်။နယ်ခံတွေဆိုတော့ ရထားတွေ ကားတွေနဲ့တစ်ဆင့် သွားစရာတော့မလိုဘူးပေါ့ သူငယ်ချင်း ၂ ယောက်ရယ် သူတို့ရဲ့သူငယ်ချင်းတွေနဲ့ပေါင်းပြီး ပြီးခဲ့တဲ့ တစ်ပါတ်ကျော်လောက်က သွားဖူးဖြစ်တယ်။မနက် ၈ နာရီလောက်ကျ စထွက်ပါတယ် ဈေးကဖြတ်ရမှာဆိုတော့ လူကြောက်တဲ့ကျနော် ဆိုက္ကားစီးချင်ပေမယ့် သူတို့က ရှက်လို့တဲ့ မစီးရ လူများများကြည့်ရင် ခလုတ်တိုက်တက်တဲ့ကျနော် ဈေးရောက်တော့ လမ်းလယ်က ကြွတ်ကြွတ်အိတ်ကြီးကို ခလုတ်က တိုက်လိုက်မိသေး တော်သေးတယ် လူရှင်းလို့ :) ကင်ပွန်းစခန်းကားကိတ်ရောက်တော့ အသုတ်တစ်ပွဲစီ အမေရိကန်စနစ် နဲ့စားကြတယ်။

တောင်တက်ကားလမ်းတွေလည်း တော်တော်ပြင်ထားပြီး သတ်မှတ်လူဦးရေထက် ပိုမတင်ရ ကားခ ကိုလည်း ပိုကောက်လို့မရအောင် ဂေါပက အဖွဲ့ မော်တော်ယဉ် အဖွဲ့တွေက တိတိကျကျ လုပ်ကြတာတွေ့တော့ လေးစားမိတယ် ဒီတစ်ချက်ပဲ။ ရသေ့တောင်ကစပြီး ခြေလျှင်နဲ့တက်ကြ မုန့်တွေစားနဲ့ ပျော်ဖို့တော်တော်ကောင်းတယ် နယ်ဝေးက လူတွေ တစ်နှစ်တစ်ခေါက်လောက်ရောက်ကြပေမယ့် ကျနော်ကတော့ သိပ်မရောက်ဖြစ်ဘူး "၀" ဆိုတဲ့ မန်းနီးကြောင့် ဟိဟိ ။မြို့မှာ သိပ်မအေးပေမယ့် တောင်ပေါ်မှာတော့ တော်တော်ကို အေးပါတယ် ။ ထမင်းဆိုင်တန်းတွေရောက်တော့ အားလုံးကလည်း မြို့ခံလူတွေ တစ်ဆိုင်မဟုတ် တစ်ဆိုင်က တစ်ယောက်ယောက်နဲ့သိနေကြတော့ မျက်နှာပူစရာ သူငယ်ချင်းမလေးနဲ့သိတဲ့ "လသဇင်"ဆိုတဲ့ ဆိုင်မှာ စားဖြစ်ပြီး အခန်းပါ အလကားတည်းခွင့်ရလိုက်တယ် ။

ပြီးတော့ ကျီးပါစပ်ဖက်သွားပြီး ဓာတ်ပုံတွေရိုက်ကြတယ် တစ်ခုတော့ ပြဿနာရှိသား ဧည့်သည်တွေမပြောနဲ့ ကိုယ်တောင်စိတ်ညစ်တယ် အလှူခံတွေပေါ့ ဘယ်ကလဲလို့မေးတော့ ကျိုက်ထိုကပဲဆိုတာကိုမယုံ စကားသံက၀ဲနေတယ်တဲ့ မသိရင်တော့ ဓားပြတိုက်သလိုဖြစ်နေတာပေါ့ တကယ်စဉ်းစားကြည့်မိတော့လည်း အလှူခံဌာနတွေကိုလည်း လေလံဆွဲထားရတာလို့သိတော့ စိတ်မကောင်းဖြစ်မိတယ် ဒီနှစ် နာဂစ် အရှိန်နဲ့ ဘုရားဖူးကမကျတော့ လုပ်ငန်းရှင်တွေ ရှုံးကြတာလဲသိလိုက်ရတယ် မြင်ယောင်သေး တောင်ပိတ်ချိန်ကျ ဈေးထဲက ရွှေဆိုင်တွေမှာ လူတွေကြပ်နေကြအုံးမှား) အလှူခံဌာနတွေက အပြောကောင်းကောင်းနဲ့ဟောနေကြတဲ့သူတွေကိုသေချာကြည့်မိတော့ အထက်တန်းလောက်က သူငယ်ချင်းတွေကြီးပဲ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စကားပြောကောင်းသွားကြတာလဲမသိ ။


ရိုက်ဖြစ်ခဲ့တဲ့ ပုံလေးတွေ တင်လိုက်ပါတယ် ..သြော် မေ့နေလို့ ရွှေဆိုင်းဌာန မှာ အလှူငွေ (၂၀၀၀) ကို "မောင်မျိုး နှင့် Blogger မောင်နှမများ " ကောင်းမှုဆိုပြီး လှူခဲ့တယ် အားလုံးလည်း သာဓုခေါ်ကြပါလို့ ။သက်သေပြဖို့ဖြတ်ပိုင်းလေးတော့ ကျပျောက်သွားမိတယ်။


ကျီးပါးစပ်ကို မုဆိုးတောင်မှ အဆင်းရိုက်ထားသောပုံ
မုဆိုးတောင်ပေါ်မှ ထမင်းဆိုင်တန်းဘက် မြင်ကွင်း
မေးခဲ့တယ်း) မှန်တယ် တစ်ခါမေး ၅၀ ထဲ ။
အစ်ကိုကြီးတွေ မှုတ်ဖို့ ပလွေ ၊ အစ်မကြီးတွေ မွှေဖို့ ယောင်းမ :P
သော့ချိတ်လက်ဆောင်ကလေးတွေ (မ၀ယ်ခဲ့ပါ ရိုက်ပဲ ရိုက်ခဲ့တယ် )
ဒီပုံးလေးတွေ ချစ်ဖို့ကောင်းလို့ ရေအိုးရွတ်ထားတဲ့ လုံမပျိုးလေး တစ်ပုံဝယ်ခဲ့တယ် ။
ဘလော့လည်းရေး ပတီးလည်း စိပ်ကြ အသက်တွေက မငယ်တော့ဘူးးး
တစ်ကွင်း ၂၀၀ ရောင်စုံလေးတွေနဲ့ တော်တော်လှတယ် ။
ဆွဲကြိုးတစ်ကုံး ၁၂၀၀ နဲ့ဝယ်ခဲ့တယ် ။
တောင်ပေါ်အရောက် ကားတွေလည်း ရှိနေပြီးးး
ရသေ့တောင်ကနေ ခြေလျှင်တက်ကြတဲ့ အဖွဲ့တွေ
ဘုရားရင်ပြင်တော်ပေါ် ရှုခင်းပါ ။







"ရိုက်ဖြစ်ခဲ့တဲ့ ကျနော့်ရဲ့ပုံအချို့ "






ဝန်ခံချက်။ ။ ဘေးအိမ်က ငှားသွားသော ကင်မရာဖြစ် ကိုယ်တိုင်ရိုက်သော ပုံများဖြစ်ပါသည် မည်သည့်ဆိုဒ်ကမှ မခိုးထားပါ ဖိုတိုရှော့ဖြင့်လည်းမပြင်ထားပါ ( တက်လည်းမတက်ပါ ) ။



You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.