Thursday, December 4, 2008

[HAN LIN HTUN] 1 New Entry: လူများ၊ သက္ကရာဇ်များ - ဘဝ

လူများ၊ သက္ကရာဇ်များ - ဘဝ

အခုတလော ဘာတွေ ရှုပ်မှန်းမသိဘူး။  ဘာလိုလိုနဲ့ ဒီဇင်ဘာလထဲတောင် ရောက်လာပြီ။ နှစ်ဟောင်းတွေကြွေလို့ နှစ်သစ်တောင်ဝေတော့မယ်။ အော့် တချို့များ ဘ၀မကူးကြသေးပါလား။ ( ဟ ဟန်လင်းထွန်း တစ်ယောက် ကဗျာတွေ ဆန်နေတယ်လို့ မထင်နဲ့) ဘယ်တုန်းက ဖတ်ခဲ့မိတဲ့စာအုပ်ကနေ ဘယ်လိုလုပ်ပြီး ဒီလိုထွက်လာတာလည်း ကိုယ်ကိုတိုင်တောင်မသိပါဘူး။  

အခုတလော ဖတ်ဖြစ်နေတဲ့ စာအုပ်က ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ (ILYA EHRENBERG'S MEMOIRS )လူများ၊ သက္ကရာဇ်များ - ဘ၀ ၁၉၁၈ - ၁၉၂၁  ၁၉၂၁ - ၁၉၄၁  ပါ။ စာအုပ်က နှစ်အုပ်ပါ။ ၁၉၁၈ မှ ၁၉၂၁ ထိ က တစ်အုပ်ပါ။ ဖတ်ရတာ အတော်ကိုကောင်းမွန်ပါတယ်။ အဲ့ဒီအချိန်တုန်းက အကြောင်းတွေကို ပြန်လည်ရေးဖွဲ့ထားတာပါ။ အဓိကတော့ ကဗျာတွေအကြောင်း ကဗျာဆရာတွေအကြောင်းတွေပါ။

အဲ့ဒီအထဲက ကဗျာတွေ ကဗျာဆရာတွေကို ဝေဖန်သံတွေကြားရရင် အခုလက်ရှိ ကဗျာရေးသူတချို့ ရေးလက်စ ကဗျာတွေ ဖျတ်ဆီးပစ်ကြမလား မသိဘူး။ ကြောက်ခမန်းလိလိတွေပဲ။ အဲ့ဒီစာအုပ်ဖတ်မိမှ ကိုယ့်ဘ၀ရဲ့ အကြောင်း ပတ်ဝန်းကျင်ရဲ့ အကြောင်းကို မှတ်တမ်း ပြုစုဖို့ ဘယ်လောက် အရေးပါကြောင်း ကောင်းကောင်းနားလည်မိတယ်။ လက်ဆင့်ကမ်းခြင်းရဲ့ တန်ဖိုးကို  ပိုမို နားလည်မိတော့တယ်။ 

အခေါက်အရေများများဖတ်လေ သူတို့ဖြတ်သန်းခဲ့တဲ့ ခေတ်အခြေအနေကို ပိုနားလည်လာလေပဲ။ သူတို့ခေတ်တုန်းက အဖြစ်ပျတ် အယူအဆတွေဟာ အခုခေတ်နဲ့ တော်တော်များများ ကိုက်ညီနေသေးတာကိုတွေ့ရတယ်။ ရုပ်ဝတ္ထုတွေ ဘယ်လောက် တိုးတက် တိုးတက် လုံးဝမတိုးတက် လူတွေရဲ့ စိတ်အနေ စိတ်ထားတွေပဲ။ ဟို တချိန်တုန်းကလည်း ပုတ်ပဲ့တဲ့ အာဏာရှင်တွေ ဘုရင်တွေ ရှိခဲ့ကြသလို စိတ်ဓတ်ညံ့တဲ့ လူတွေလည်း ရှိခဲ့ကြတယ်။ ယနေ့ခေတ်ပြန်ကြည့်လိုက်ရင်လည်း ဟိုးတချိန်ကလိုပဲ။

ငှက်သေနှစ်ကောင် မြေကြီးပေါ်ကိုကြလာတယ်
ကံကောင်းတဲ့ မြားချက်ပေပဲ
မြေကြီးထက်ကောင်းတာ ဘာရှိသေးလို့လဲ
နေသာပြီး ကောင်းချီးရတဲ့ သည်တိုင်းပြည်မှာ
ကျဆုံးရမယ်ဆိုရင် ကျဆုံးပါစေ
ကျဆုံးပါစေ
ဒီအတိုင်းပဲ ငါရေးရေးမြင်ရဲ့
ခြေတစ်လှမ်းကို ငါလှမ်းခဲ့ပြီ
လာ့ သွားကြစို့  ကြားရဲ့လား
သွားကြစို့
ကျဆုံးပြီဆိုရင်လည်း ကျဆုံးပေ့စေပေါ့
ဘာကိုမှ နောင်တရမနေနဲ့
ပျံသန်းရမယ်ဆိုရင် ပျံသန်းရုံပဲပေါ့
အလင်းရောင် ဘယ်လောက်တောက်ပသလဲ
အလားအလာက ကျယ်ပြန့်ပြီး နယ်နိမိတ်မရှိ။

ဒီအောက်က ကဗျာလေးကိုလည်း ခံစားကြည့်ပါအုန့်း့

အိုခေတ်ကြီး
သင့်ကို ပုခုံးမှာ ငါထမ်းခဲ့ပြီ
ကျောက်သားခါးပတ်ကြီးနဲ့ ပတ်သလို
သင့်ကို ငါ့ခါးမှာ ပတ်ခဲ့ပြီ။
လမ်းက မတ်စောင့်လှချည့်
သည်လမ်းကို ငါတက်ရလိမ့်မယ်
လေရဲ့ အူသံတွေကြား 
နက်စောက်တဲ့ ရေခဲစီးကြောင်းတွေကြား
ငါတက်မယ်
တချို့လည်း ရေခဲစီးကြောင်းတွေကြားမှာ
ပျက်ပြုန်းသွားကြရဦးမယ်။

ကျနော်လည်း ဒီစာအုပ်နှစ်အုပ်ဖတ်ပြီးရင်  ၂၀၀၀ ၂၀၁၀ လောက်ကို ပြန်ခံစားကြည့်အုန်းမယ်။ လောလောဆယ်တော့ သတင်းအချက်အလက်တွေ ပြန်စုဆောင်းနေတယ်။

You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.