Thursday, December 4, 2008

[ဒီရေ] 3 New Entries: ဒီလို လုယက်သူ များရှိပါသည် ။

ဒီလို လုယက်သူ များရှိပါသည် ။



ဤသို့သော် အပြုအမူ များမှာ တရုတ်ပြည် မှာမှ မဟုတ် ပဲ အချို့သော နိုင်ငံများတွင်ပါ ယခု လို ပြုမူကြသဖြင့် သတိပြုကြပါရန် ကြိုတင်၍ နိုးဆော်အပ် ပါသည်။

နှစ်ရှည်ထောင်ဒဏ် ချမှတ် ခံထားရသော Generation Wave အဖွဲ့ဝင်များကို ဝေးလံသော ဒေသများရှိ ထောင်များသို့ ပြောင်းရွှေ့

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသော Generation Wave အဖွဲ့ဝင်များကိုဝေးလံသောဒေသများရှိ ထောင်များသို့ ယနေ့ပြောင်းရွှေ့ နေရာချ ထားလိုက်သည်။၎င်းတို့မှာ ကိုဇေယျာသော် ကို ကော့သောင်း ထောင် သို့ ၄င်း ၊ ကိုအောင်ဇေဖြိုး ကို တောင်ငူ ထောင်သို့ ၄င်း ၊ ကိုသီဟ၀င်းတင် ကို ညောင်ဦးထောင် နှင့် ကိုအာကာဗိုလ် ကို ကျောက်ဖြူထောင်သို့ အသီးသီး ပြောင်းရွှေ့လိုက်သည်။

http://generation-wave.blogspot.com/

မြန်မာပြည်မှာ မနေ့ညက ကြယ်နဲ့လ သာပုံ ထူးဆန်း

မိုးမခ အထောက်တော် (ရန်ကုန်) |



ဓါတ်ပုံ အား ကလစ်နှိပ်၍ အကြီး ကြည့်နိုင်ပါသည်။
ယမန်နေ့ည ရန်ကုန်အချိန် ၆ နာရီခန့်က ကောင်းကင်ယံတွင် လခြမ်းကွေးက ပြုံးနေသည့် နှုတ်ခမ်းဟန်၊ သောကြာကြယ်ကက လက်ဝဲနှင့် ကြာသာပတေးကြယ်က လက်ယာမျက်လုံးများသဖွယ် ကောင်းကင်က ငုံ့ကြည့်နေသည့် ပုံစံ ဖြစ်နေသဖြင့် မြန်မာတို့ အိမ်ပေါ် လမ်းမများပေါ်ထွက်ကြည့်ကြပြီး အံ့သြ ငေးမောကြသည် ဆိုသည်။ တချို့က ပြုံးနေသည့် မျက်နှာသဏ္ဍာနှင့် ကောင်းကင်ကို ကြည့်ပြီး ထိတ်လန့်ကြသလို တချို့က စိတ်ချမ်းသာမိကြောင်း ထုတ်ဖော်ပြောဆိုသည်။

" အာရှတိုက်က နိုင်ငံကြီးတွေမှာ အပူမီးတွေ တိုက်နေတာ၊ ကပ်ဆိုက်နေတာကြောင့် ဒီ ၂၀၀၈ တခုလုံးကို ပြည်သူတွေ ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းကြရတယ်လေ။ အိန္ဒိယမှာ အကြမ်းဖက်သတ်ဖြတ်ကြတယ်၊ ထိုင်းမှာ အာဏာပိုင်တွေနဲ့ လူထု ထိပ်တိုက်ရင်ဆိုင်ကြတယ်။ မြန်မာပြည်မှာ အပြစ်မဲ့တဲ့ ပြည်သူတွေကို ထောင် နှစ် ၅၀၊ ၆၀ ချပစ်တယ်။ အခု ကောင်းကင်ကြီးက ကြယ်နဲ့လက ပြုံးပြနေတော့ - ကြယ်လေးတွေ ချစ်စရာ အပြာရောင် ကောင်းကင်မှာ ဆိုတဲ့ သီချင်းကို သတိရမိတယ်။ စိတ်ချမ်းသာမိတယ်။" လို့ တယောက်က ပြောပါတယ်။

You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.