Thursday, December 4, 2008

[:: My Little World ::] 1 New Entry: Myanmar Ebooks (Free Download)

Myanmar Ebooks (Free Download)

ကျွန်မရဲ့ Bookmarks မှာ မှတ်ထားတဲ့ မြန်မာစာအုပ် (eBooks) တွေ ရရှိနိုင်တဲ့ နေရာတွေပါ။ အခု စုထားတဲ့ စာရင်းမှာပါတဲ့ ဆိုဒ်တွေအားလုံးဟာ Free Download လုပ်လို့ ရတဲ့ နေရာတွေကြီးပါပဲ။

eSnips မှ မြန်မာစာအုပ်များ...
တကယ်ဆို မှတ်ထားတဲ့ website တွေက အများကြီး၊ ဒီနေ့  တစ်ခုခြင်း ပြန်ကြည့်လိုက်မှ တချို့ ဆိုဒ်တွေ လုံးဝ မရှိတော့တာ တွေ့ လိုက်ရတယ်။ ချယ်ရီသစ္စာ ဆို အရင်က နာမည်ကြီးတဲ့ နေရာတစ်ခု.. အခုတော့ ဘာမှ မရှိဘူး.. နာမည်လေးရှိသေးတယ် ဆိုတော့ နောက်တစ်ချိန်မှာ ပြန်ရှိချင်လည်း ရှိလာနိုင်တယ်။

ကျွန်မအနေနဲ့  မြန်မာစာအုပ်တွေ ဖတ်ချင်တယ်ဆို အပေါ်ကလို File Sharing Websites တွေတင်မကဘူး မြန်မာဖိုရမ်တွေမှာပါ လိုက်ရှာ ဖတ်လေ့ရှိတယ်။ တချို့ ဖိုရမ်တွေမှာဆို မန်ဘာတွေက မြန်မာစာအုပ်တွေကို ကိုယ်တိုင်စာရိုက်ပြီး၊ ဒါမှမဟုတ် scan လုပ်ပြီး တင်ပေးလေ့ ရှိတယ်။ စာအုပ်တစ်အုပ်လုံးပြီးသွားရင်လည်း eBook တွေ လုပ်ပေးကြတယ်။ စာဖတ်ဖို့ သွားလေ့ရှိတဲ့ မြန်မာဖိုရမ်တွေ စာရင်းကိုတော့ နောက်မှပဲ ထပ်ညွှန်းပါတော့မယ်။

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.