Thursday, December 4, 2008

[ဒေါက်တာလွဏ်းဆွေ] 4 New Entries: မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၁၂-၀၈)

မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၁၂-၀၈)

- ဘန်ကီမွန်း မြန်မာနိုင်ငံသွားရန် နိုင်ငံခေါင်းဆောင်ဟောင်း ၁၁၂ ဦး တိုက်တွန်း click
- ၂၀၀၈ ခုနှစ် ဒီဇင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ် click
- အပိတ်ခံထားရသည့် True News ဂျာနယ်ပြန်ထွက် click
- ဆုကြေးသိန်း ၁,ဝဝဝ ပေးမည့် ကျပ် ၂၀၀ တန် ထီလက်မှတ် စတင်ရောင်းချ click
- ပျဉ်းမနားမြို့မဈေးကြီးကို မြို့ပြင်ဈေးသစ် ပြောင်းရမည် click
- နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ တောင်းဆို click
- ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော်ကို ထောင်ပြောင်း click
- စစ်သေနတ် ပြောင်းဝရှေ့က သံဃာတော်များ … (ဆောင်းပါး) click
- ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်ကို ဆိုက်ဘာဆုအတွက် RSF လျာထား click
- အမေရိကားရောက် မြန်မာများအကြောင်း တစေ့တစောင်း (အပိုင်း ၂) (ဆောင်းပါး) click
- မဟာမိတ်တပ်ဖွဲ့နယ်မြေကြား နအဖစစ်တပ် ဖြတ်တောက်ရန်ကြိုးပမ်း၊ နှစ်ဘက်အပြိုင်အဆိုင် အင်အားဖြည့် တင်း click
- ကိုဌေးကြွယ်အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၅ ဦး ဘူးသီးတောင်အကျဉ်းထောင်သို့ ရောက်ရှိ click
- ဗုဒ္ဓဘာသာ ရဟန်းတော်တပါး ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် အမတ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည် click
- "ခေတ်သစ်ပဒေသရာဇ်လက်အောက် ဓည၀တီရခိုင်ပြည်" အစီရင်ခံစာ ထုတ်ဝေ click
- UN urged to intervene click
- Former world leaders pressure UN chief to act on Burma click
- US has a new Burma policy chief click
- Falopa predicts tough tournament for Myanmar click
- Myanmar To Slash Cost Of Mobiles But Call Charges Soar click

မြန်မာပြည်သားစာစောင် (ဒီဇင်ဘာလ၊ ၂၀၀၈ ခုနှစ်)

Myanmarpyithar Dec 2008

အကြောက်တရားဆိုတာ အမှန်တရားအောက်ကပါ

သမာသမတ်

နအဖသည် အရင်းခံစိတ်ရင်းအရ မြန်မာလူထုကို အကြောက်တရားအားဖြင့် စိုးမိုးချုပ်ကိုင်ထားရန် ရည်ရွယ် နေသည်။ မြန်မာလူထု အကြောက်တရား၌ နစ်မွန်းလေလေ နအဖသည် အာဏာတည်မြဲလေလေ ဖြစ်သည်။

အရင်းခံဟုဆိုခဲ့သည်။ အပေါ်ယံလောက်မျှနှင့် နအဖ၏ စိတ်ရင်းအမှန်ကို မမြင်နိုင်သောကြောင့်ဖြစ်သည်။ အ ပေါ်ယံလောက်ကြည့်က နအဖသည် မြန်မာလူထုလုပ်ချင်သမျှအားလုံးကို တစ်သွေမတိမ်း လိုက်လုပ်ပေးနေ သည်။ ထို့ကြောင့် နအဖကို အပြစ်မြင်စရာမလို။ မြန်မာလူထုလုပ်ရမည့် အရာများကို သူက ကိုယ်စားဝင်လုပ် ပေးနေသဖြင့် မြန်မာလူထုမှာ အလုပ်ရသက်သာပြီး နအဖကို အရမ်းကျေးဇူးတင်နေရမည်ကဲ့သို့ ဖြစ်နေသည်။ သာဓကအနည်းငယ် ပြပါမည်။

တည်ဆောက်ရေးလုပ်ငန်းများ

လမ်း၊ တံတား၊ ဆည်များဖောက်နေသည်
တိုက်တာအိုးအိမ်များ ဆောက်နေသည်
ကျောင်း၊ ဆေးရုံ၊ စက်ရုံ အလုပ်ရုံများ ဆောက်နေသည်
ဘုရား၊ ပုထိုး၊ စေတီများ ပြုပြင်နေ၊ တည်နေသည်
စွမ်းအင်အတွက် အခြေခံများ ချနေသည်
ကုန်တိုက်၊ ဈေးဆိုင်များ ဖွင့်ပေးနေသည်
စသည် စသည်များစွာ …

သဘောတရားလုပ်ဆောင်ချက်များ

လမ်းပြမြေပုံ
အမျိုးသားညီလာခံ
ဖွဲ့စည်းပုံ (မဖြစ်သေး)
ဆန္ဒခံယူပွဲ (မဖြစ်သေး)
ရွေးကောက်ပွဲ (မဖြစ်သေး)
လွှတ်တော် (မဖြစ်သေး)
စစ်သားတစ်မတ် (မဖြစ်သေး)
စသည် စသည်များစွာ …

အထက်ပါ တန်းစီဇယားကို တကြောင်းတည်းပြောရလျှင် နအဖသည် ပစ္စည်းယူအာဏာ လုထားသည်ဟုဖြစ် သည်။ တည်ဆောက်ရေးလုပ်ငန်းများကို လူထုထံမှ လုယူသွားသည်က ပစ္စည်းယူသဘော သက်ဝင်သွား သည်။ သဘောတရားလုပ်ဆောင်ချက်များကို လူထုကမလုပ်ရဘဲ သူက လုလုပ်နေသည်က အာဏာလုခြင်း ဖြစ်သည်။ ပစ္စည်းယူ အာဏာလုသည်တို့က ပေါ်ယံအမြင်ဖြစ်သည်။ ဤနှစ်ခုမျှဖြင့် နအဖသည် အပြီးမသတ် သေး။ တတိယတစ်ခု ထပ်ဆောင်းလိုက်သေးသည်။ ဤတတိယကမှ နအဖ၏ လျှို့ဝှက်ထားသော စိတ်ရင်းအ မှန် ဖြစ်သည်။ ယင်းမှာ "ငါပစ္စည်းယူ အာဏာလုထားတာကို နည်းနည်းလေးမှ လာမထိပါးနဲ့ မင်းတို့ကို ငါသတ် ပစ်မယ်" ဟူသော ကျောထောက်နောက်ခံ အမှန်တရားဖြစ်သည်။

၁။ ပစ္စည်းယူ - အပေါ်ယံအလွှာ
၂။ အာဏာလု - အပေါ်ယံအလွှာ
၃။ လူသတ် - အတွင်းအနှစ်သာရ

ဤသုံးခုတွင် အားလုံးကိုချုပ်ကိုင်ထားသည်က လူသတ်ကိစ္စဖြစ်သည်။ ပစ္စည်းကိုယူနိုင်ခြင်းသည် လူသတ်မည် ဟူသော ကိစ္စကြောင့်၏ ယူနိုင်ခြင်းဖြစ်သည်။ အာဏာကို လုနိုင်ခြင်းသည် လူသတ်မည်ဟူသော ကိစ္စကြောင့် လုနိုင်ခြင်းဖြစ်သည်။ လူသတ်ကိစ္စကို ဖယ်ကြည့်လိုက်ပါ။ လူထုပိုင်ပစ္စည်း လူထုက ပြန်ယူ၍ရသည်။ လူထုပိုင် အာဏာ လူထုက ပြန်ယူ၍ရသည်။ ဘာအခက်အခဲ အတားအဆီးမျှ ရှိစရာမလို။ ဤသည်ကို နအဖက ယူရဲ ယူကြည့် သတ်ပစ်မည်ဟု ခြိမ်းခြောက်လုယူထားခြင်းသာ ဖြစ်သည်။ ဤသည်ကိုမှ လူသတ်ဝါဒ ဤသည်ကိုမှ လူသတ်သမားဟု မခေါ်လျှင် အဘယ်အရာ အဘယ်ကိစ္စကို လူသတ်ဝါဒ လူသတ်သမားဟု ခေါ်ဆိုရတော့ မည်နည်း။ ဤဆုံးဖြတ်ချက်မှ နအဖသည် ရှောင်ပြေး၍ မလွတ်နိုင်ပါ။

နောက်တစ်ဆင့် …
နအဖတွင် လိမ်ညာဆင်ခြေ ၂ ခုရှိသည်။
၁။ လူထုက မလုပ်နိုင်။ နအဖက လုပ်နိုင်သည်။
၂။ လူထုက လုပ်တော့လုပ်နိုင်သည်။ သို့သော်ပါတီများက လိမ်ညာနေသည်။ တစ်နည်းအားဖြင့် တိုင်းပြည်ကို ရောင်းစားနေသည်။ ထို့ကြောင့် နအဖက တာဝန်သိသိ သစ္စာရှိရှိ (မလုပ်ချင်ပါဘဲလျက်) ၀င်လုပ်ရသည်။

လူထုဆန္ဒကို လူထုသာသိသည်။ အခြားသူက (လူထုမဟုတ်ဘဲ) သိသည်ဆိုသည်မှာ မဖြစ်နိုင်။ နအဖက လူ ထုဆန္ဒကို သိသည်ဆိုခြင်းမှာ "သိသည်" မဖြစ်နိုင်။ အာဏာနှင့် အနိုင်ကျင့်ပြောခြင်းသာဖြစ်သည်။ ဆန္ဒကိုသိ မှ ဆန္ဒနှင့်ကိုက်ညီသော အလုပ်ကို လုပ်နိုင်သည်ဖြစ်ရာ နအဖက လုပ်နိုင်သည်ဆိုသည်မှာလည်း မဖြစ်နိုင်။ လူထုကသာ လုပ်နိုင်သည်။ နအဖသည် အာဏာနှင့် လူထုအလုပ်ကို အနိုင်ကျင့် လုယူလိုက်ခြင်းသာဖြစ်သည်။ လူထုက သူ့ဆန္ဒနှင့် သူရွေးချယ်၍ ရွေးချယ်ခံကိုယ်စားလှယ်များက လူထုဆန္ဒအလိုက် အလုပ်လုပ်ပေးလိမ့် မည်။ ရွေးချယ်ခံတို့၏ အလုပ်ကို မကျေနပ်က လူထုက ဖြုတ်ချပစ်လိုက်မည်။ လူထုကလည်း မရွေးချယ်၊ ဖြုတ် ချတော့လည်း ကုလားထိုင်မှ မဆင်းချင်သော နအဖသည် လူထုအတွက်ဟူသော အကြောင်းပြချက်ဖြင့် မည် သည့်နေရာမျှ ၀င်ပါစရာမလို။ ၀င်ပါခြင်းသည် လူထုကိုစော်ကား သစ္စာဖောက်ခြင်းသာဖြစ်သည်။ နအဖ၏ ပထမလိမ်ညာဆင်ခြေ ဤတွင်ပျက်ပြီ။

ပါတီများက လိမ်ညာနေသည်ဟုဆိုရအောင် လူထုသည် နလပိန်းတုံး အ,အလော။ နလပိန်းတုံး အ,အဟု မ ဖြစ်နိုင်။ လူထုတွင် လူထုဘက်တော်သား စေတနာမှန်သော ပညာရှင်များ ရှိသည်။ နိုင်ငံကို နိုင်ငံရေးနည်း (စစ်တပ်၏ ပတ်ခတ်သတ်ဖြတ်နည်းနှင့် လုံးဝကျောခိုင်းဆန့်ကျင်သောနည်း) နှင့် ဖေါ်ဆောင်နိုင်သော လူထု တွင်း ပညာရှင်များ အလုံအလောက်ရှိခဲ့ပြီးဖြစ်သည်။ ဤပညာရှင်များသည် လူထုနှင့် ပညာဘက်သို့သာဘက် လိုက်သည်။ ပါတီဘက်သို့ ဘက်မလိုက်ပါ။ ပါတီအထက်မှာ နေသည်။ လူထုအတွက်သာ သက်သက်နေသည်။ ထို့ကြောင့် လိမ်ညာသော ပါတီကို လူထုက အချိန်မရွေး ဖြုတ်ချနိုင်သည်။ လက်နက်မပါ၊ ပညာသက်သက်ဖြင့် ဖြေရှင်း၍ရသည်။ စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှု လုံးဝမလို။ နအဖ၏ ဒုတိယလိမ်ညာဆင်ခြေ ဤတွင်ပျက်ပြီ။

ပစ္စည်းယူ၊ အာဏာလု၊ လူသတ်၊ ကျဆုံးသွားသော လိမ်ညာဆင်ခြေ ၂ ခုနှင့် နအဖကို တိုင်းပြည်လူထုက မည် သို့မြင်လိုက် သဘောထားလိုက်ရတော့မည်နည်း။

လူသတ်ဝါဒ၊ လူသတ်သမား

ဤသို့မြင်လိုက်ရန်မှလွဲ၍ အခြားမရှိပြီ။
အဘယ်ကြောင့် နအဖသည် လူသတ်ဝါဒ၊ လူသတ်သမားအဖြစ်ကို စွဲကိုင်ရပါသနည်း။
တိုင်းပြည်လူထုကို ကြောက်မလားဟု ခြောက်ကြည့်လိုက်ခြင်းဖြစ်သည်။ တိုင်းပြည်ကို အကြောက်တရားဖြင့် အုပ်ချုပ်လိုခြင်းဖြစ်သည်။ ဤကား နအဖ၏ မဟာဗျူဟာ …။

သို့သော်
တိုင်းပြည်လူထုက ကြောက်သွားပါပြီလား။
အကြောက်တရားတစ်ဘက် လူထုတစ်ဘက် အားပြိုင်ပွဲဖြစ်သွားပြီ။
ဤတွင် အကြောက်တရားနှင့် အမှန်တရားအကြောင်း စ,ပြောဖို့ အချိန်ရောက်လာသည်။

လောက၏ သစ္စာတရားတစ်ခုရှိသည်။ အကြောက်တရားသည် အမှန်တရားအောက်ကဟူသော သစ္စာတရား ပင် ဖြစ်သည်။ တစ်နည်းဆိုရလျှင် အမှန်တရားက အထက်က၊ အကြောက်တရားက အောက်ကဟု ဆိုလိုရင်း ဖြစ်သည်။

အနည်းငယ် ဆက်ပြောလိုသည်။ အမှန်၌ လူ့လောကဟူသည် အမှန်တရားက အကြောက်တရားကို အဆင့် ဆင့် အနိုင်ယူဖို့ ကြိုးပမ်းနေသော ဇာတ်လမ်းရှည်ကြီးသာဖြစ်သည်။ လူ၏ ဇာတိသဘာဝ၊ လူ၏ မျှော်လင့်ချက်၊ လူ၏ အားမာန်၊ လူ၏ အဓိပ္ပါယ်၊ လူ၏ ရပ်တည်ချက်၊ လူ၏ သမိုင်းဟု ဆို၍ရသည်။ လူသည် အမှန်တရားအ တွက် …။ အသက်သည် အမှန်တရားအတွက် …။

ဤအဆိုအတွက် လူ့လောက လူ့ဘ၀ကြီးတစ်ခုလုံးသည် သက်သေဖြစ်သည်။ လောက,က လူကို လူဟု စဖြစ် လာကတည်းက အကြောက်တရားဖြင့် အမြဲခြိမ်းခြောက်နေခဲ့သည်။ ရောဂါဘယ၊ သေဆုံးခြင်း၊ ပူဆွေးသော ကရောက်ခြင်း စသည်တို့၏ သဘောမှာ လောက,က လူကို ကြောက်လန့်အောင် ချောက်လှန့်နေခြင်းသာဖြစ် သည်။ ယင်းတိုင် လူသည် လောကကို ကြောက်မသွား။ ရောဂါဘယ၊ သေဆုံးခြင်း၊ ပူဆွေးသောကရောက်ခြင်း တို့ထက် ကျော်လွန်သော အမှန်တရားကို ရှာသည်။ အမှန်တရားဖြင့် အကြောက်တရားကို ကျော်လွှားသွား သည်။ လောက,က လူသားလောကအတွင်း ချပေးလိုက်သော အကြောက်တရားကို လူသားက အမှန်တရား များ၊ အမှန်တရား ရှာဖွေအားထုတ်မှုများဖြင့် အဝေးသို့ လွှင့်ပေါက်ကန်ထုတ်ပစ်လိုက်သည်။

ဝိဇ္စာပညာရပ်များ သိပ္ပံပညာရပ်များ အားလုံးသည် ဤအမှန်တရားရှာဖွေစိတ်မှ ပေါက်ဖွားလာခြင်းဖြစ်သည်။ ဘာသာရေးအားလုံးပင်လျှင် ဤအမှန်တရားရှာဖွေစိတ်၏ ရလဒ်ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ မဂ်တရားဖိုလ်တ ရားကို ရည်ညွှန်းပြဆိုသော 'ဖုဋ္ဌဿ' အစချီ မင်္ဂလာတရားတော် ပရိတ်တရားဂါထာသည် အကြောက်တရား ကို အနိုင်ရသွားသော အမှန်တရား၏ 'အား' ကို ပြဆိုသည်။ ရဟန္တာဟူသည် အမှန်တရားကို သိမြင်သွားသူဖြစ် သည်။ အမှန်တရားကို သိမြင်ပြီးသည့်နောက် ရဟန္တာအရှင်သူမြတ်သည် မည်သည့်လောကဓံနှင့် ရင်ဆိုင်ရ သည်ဖြစ်စေ မတုန်လှုပ်တော့ပါ။

အမှန်တရား၏ အာနိသင်သည် ဤမျှအထိ မြင့်မြင့်မားမား တံခွန်လွှား အောင်လံထူထားပါသည်။ အမှန်တရား သည် အကြောက်တရားကို နင်းချေဖျက်ဆီးပစ်သည်။ လူထုသည် အမှန်တရားဖြစ်သည်။ လူထုနှင့် အမှန်တ ရား အတူတူ …။

နိုင်ငံပစ္စည်းများကို လူထုကသာ ပိုင်ဆိုင်သည်။ နိုင်ငံအာဏာကို လူထုကသာ ပိုင်သည်။ နိုင်ငံကိစ္စကို လူထုက
နိုင်နင်းစွာ ကိုင်တွယ်နိုင်သည်။ စစ်မှန်သော ပညာရှင်များ လူထုဘက်တွင်ရှိသည်ဟူသော အင်္ဂါလေးရပ်နှင့် အမှန်တရားကို လူထုက သိရှိသွားပါက လူထုသည် နအဖ၏ မဟာဗျူဟာ အကြောက်တရားကို ကျော်လွန် သွားပါမည်။ အကြောက်တရားသည် ၀ိဇ္စာပညာ သိပ္ပံပညာ ဘာသာရေး ထို့နောက် လူ့ဘ၀ကို ဖျက်ဆီးပစ် သည်။ အမှန်တရားသည် ၀ိဇ္စာ သိပ္ပံဘာသာရေးနှင့် လူ့ဘ၀ကို ဖြစ်ထွန်းစေသည်။ ဤကား လူ့ဘ၀နိယာမဖြစ် သည်။

လူထုရင်ထဲတွင် အမှန်တရားသည် အသက်နှင့်ထပ်တူ စွဲနစ်စိမ့်ဝင်နေပါက လူထုသည် လူသတ်ဝါဒနအဖ၏ လူသတ်သမား အင်္ဂါရပ်များဖြစ်သည့် သေနတ်လက်နက် ပစ်ခတ်သတ်ဖြတ်မှုဖြင့် ဖန်တီးသော အကြောက်တ ရားကို ဂရုမပြု အမှုမထား သေမှာကိုမကြောက် ကျော်လွှားသွားပါလိမ့်မည်။ ထိုနေ့သည် လူထုအောင်ပွဲရ၍ နအဖလွင့်စင်သွားသောနေ့ ဖြစ်သွားမည်။

လူထုကသာ အထက်ပါ အင်္ဂါလေးပါး အမှန်တရားကို ရင်ဝယ်သားအလား စိမ့်ဝင်စွဲနစ်နေဖို့ လိုပါသည်။ ဤသို့ လည်း ဖြစ်လာပါမည်။ လူထု၌ ဥာဏ်ရှိပါသည်။ အကြောက်တရားကို ဖယ်ရှား၊ အမှန်တရားကို ထူထောင်။ ဒါ ပဲလိုပါသည်။ ကျန်တာ အလိုအလို ဖြစ်လာပါလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် လူထုအားလုံးသည် အာဇာနည်သူရဲကောင်းများ ဖြစ်သောကြောင့် …။

သမာသမတ်

မြန်မာ့ရေးရာ သတင်းပဒေသာ (၂-၁၂-၀၈)

- ထိုင်းဝန်ကြီးချုပ်နုတ်ထွက်၊ ဆန္ဒပြမှု အဆုံးသတ် click
- အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း click
- မြန်မာဟာဂျီလောင်း ၅၀၀ ကျော် ထိုင်းနိုင်ငံမှာ သောင်တင် click
- ထိုင်းနိုင်ငံရေးပါတီသုံးခု ဖျက်သိမ်းခံရ (ဗွီဒီယိုသတင်း) click
- နိုင်ငံရေးဖိနှိပ်မှုဆန့်ကျင်ရေး တိုကျိုမှ ဆန္ဒပြပွဲ click
- မတည်မငြိမ် ထိုင်းနိုင်ငံ (ဓာတ်ပုံအယ်လ်ဘမ်၊ သတင်းမှတ်တမ်းနှင့် ဗွီဒီယိုမှတ်တမ်း) click
- အမေရိကန်ရွေးကောက်ပွဲ ၂၀၀၈ ဆိုရာ အကြောင်းအရာများ၊ သတင်းနှင့် ဗွီဒီယိုမှတ်တမ်းများ click
- ဗိုလ်ချုပ်ကြီးသူရရွှေမန်း တရုတ်စစ်ခေါင်းဆောင်များနှင့် သွားရောက်ဆွေးနွေး click
- မော်လမြိုင် အမှတ်(၁) ဈေးကြီးတခုလုံး မီးလောင်ကျွမ်း click
- ကချင်လွတ်မြောက်ရေးအဖွဲ့ တည်ရှိရာ လိုင်ဇာမှာ အိပ်ခ်ျအိုင်ဗွီပိုးရှိသူများပြား click
- ကော့သောင်းနှင့် မြစ်ကြီးနားထောင်များသို့ နိုင်ငံရေးအကျဉ်းသားများရောက်ရှိ click
- ကျန်းမာရေးအတွက် စစ်အစိုးရကိုယ်တိုင် ငွေကြေးထည့်ဝင်ပေးဖို့ တိုက်တွန်း click
- လောင်းကစားအမျိုးမျိုးဖြင့် စစ်တပ်ရန်ပုံငွေ ရှာဖွေ click
- ဘုန်းကြီးကျောင်းများအနီး ဈေးဆိုင်များကို ဖျက်ခိုင်း click
- မော်လမြိုင်ဈေး မီးလောင်မှုကို သံသယဖြစ်နေကြ click
- ပါတီဗဟိုနှင့် ပြည်နယ်၊ တိုင်းတို့ ပိုမိုထိတွေ့စေလို - အဖွဲ့ချုပ်(ရေနံချောင်း) click
- အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အစိုးရကိုယ်တိုင် ထိရောက်စွာ ဆောင်ရွက်ရန်လို click
- အရှင်ဂမ္ဘီရကို နယ်ထောင်သို့ပို့ click
- အပြောင်းအလဲများသည့် ထိုင်းနိုင်ငံမြင်ကွင်း click
- မြန်မာပြည်မှာ မနေ့ညက ကြယ်နဲ့လ သာပုံ ထူးဆန်း click
- ထိုင်းအစိုးရကို ဖျက်သိမ်းလိုက်ပြီ click
- ထိုင်းနိုင်ငံရေး အထူးသတင်း click
- အမေရိကန်စီးပွားရေး ဆုတ်ယုတ်လာနေ click
- ထိုင်းဝန်ကြီးချုပ် ပြုတ်ကျသွားပြီ click
- အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်မယ့် ဟီလာရီကလင်တန် click
-သံဃာ့အဖွဲ့အစည်းနဲ့ ဆောင်ရွက်မှုများ (၁) click
- ကိုဒီငြိမ်းလင်းကို အမှုသစ်တခုဖြင့် တရားစွဲဆိုပြန် click

"ဘယ်သူတွေ တားလို့မှ မနေနိုင်ပေါင် … ဆိုင်းကြိုက်တဲ့မောင်" (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- ထိုင်းဝန်ကြီးချုပ်ဆွန်ချိုင်း ပြုတ်ပြီ click
- အာဆီယံ ထိပ်သီးအစည်းအဝေး မတ်လသို့ ရွှေ့ဆိုင်း click
- စစ်အစိုးရ ပရီပိတ်ဆင်းကတ် ရောင်းတော့မည်၊ ဈေးအလွန်ကြီးမည်မှန်း click
- မြန်မာငါးနှင့် ပုစွန် ထိုင်း-မြန်မာနယ်စပ်ကို ခိုးသွင်း click
- အရှင်ဂမ္ဘီရ ကျန်းမာရေးအခြေအနေကို မိသားစုဝင်များ စိုးရိမ်နေ click
- ထိုင်းတရားရုံးချုပ်က ထိုင်းဝန်ကြီးချုပ်၏ ပါတီကို ဖျက်သိမ်း click
- မလေးရှားမှ မြန်မာအလုပ်သမား ၃၀၀ ခန့် ပြန်ပို့ click
- ၂၀၁၀ ရွေးကောက်ပွဲအတွက် ရပ်ကွက်အဆင့်သင်တန်းများ ပို့ချ click
- ရွှေလီမြို့တွင် ပထမဆုံးအကြိမ် ကျောက်မျက်ရတနာပြပွဲ ကျင်းပ click
- အဖြူရောင်သက်တံ ကဗျာရွတ်ပွဲ ဦးဆောင်သူမဲ့နေ click
- မြန်မာဘက်မှ မူးယစ်ဆေးကြောင့် အိန္ဒိယဘက်၌ အေအိုင်ဒီအက်စ် ပျံ့နှံ့ click
- မော်လမြိုင်အနောက်ဈေးကြီး မီးလောင်ပြာကျ click
- ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားများ ကျင်းပ click
- လအနီး ကြာသပတေးဂြိုလ်နှင့် သောကြာဂြိုလ် ထွန်းလင်းမှုကြောင့် လူတဦးရယ်နေပုံ ပေါ်ပေါက်ခဲ့ click
- မော်လမြိုင် ဈေးကြီးမီးလောင်၊ ကျပ်သိန်းထောင်ချီ ဆုံးရှုံး click

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.