Thursday, December 4, 2008

[::Just Speaking Out Loud::] 2 New Entries: Self-Dependent

Self-Dependent


အခုတလော မဒီ ထုံးစံအတိုင်း assignment တွေနဲ့ပဲ အလုပ်ရှုပ်နေခဲ့တယ်။ ကျောင်းကပေးတဲ့ assignment တွေထဲမှာ တစ်ခုတော့ မဒီပဲ တာဝန်ခံပြီး ပြီးအောင်ရေးပေးလိုက်ပြီး ကျန်တာကိုတော့ သူများရေးတာကိုပဲ စိတ်ရှည်လက်ရှည်နဲ့ ထိုင်စောင့်နေလိုက်တယ်။ အဲဒီ့တော့ assignment တွေ မရှိတော့လို့ နားရမလားမှတ်တယ် မဒီ့တပည့်မှာကလဲ သူ့ကျောင်းက ပေးလိုက်တဲ့ assignment ရှိနေပြန်တာနဲ့ သူ့ကို ၀ိုင်းကူရတယ်။ assignment အတွက် လိုအပ်တဲ့ အချက်အလက်တွေ ရှာနေရင်းနဲ့ အိမ်မှာရှိတဲ့ ကျောင်းသုံး သိပံ္ပစာအုပ် (မြန်မာကျောင်းကမဟုတ်) တွေကို လှန်ကြည့်လိုက် တော့ ကိုယ်လိုချင်တဲ့ဟာတွေကို တော်တော်များများ တွေ့ရတယ်။ အဲဒီ့ စာအုပ်တွေကို သယ်သွားပြီး တပည့်အိမ်မှာ ထားထားရင်း အရင်ဖတ်ကြည့်ဖို့တော့ ပြောထားလိုက်တယ်။ သူ့မှာကလဲ နောက်ထပ် အိမ်စာတွေ ရှိနေတာနဲ့ အဲဒီ့အိမ်စာတွေကို အရင်ပြီးအောင် ၀ိုင်းလုပ်ပေးရတယ်။ သိပ္ပံဆရာမကလဲ assignment ပေးလို့ အားမရတဲ့အပြင် နောက်ထပ် report တစ်ခုပါ ထပ်ရေးခိုင်းလိုက်သေးတယ်။ ဒီ report ကတော့ ကျောင်းစာအုပ်နဲ့ ဆိုင်တော့ အဲဒီ့ထဲကပဲ ကူးချပြီး ဖြေပေးလိုက်ရုံပါပဲ။ ဒါပေမယ့် အဲဒါလေးတောင် ကိုယ်တိုင် ရှာမရေးပဲ မဒီပြောမှ ထိုင်ရေးတဲ့ တပည့်ကိုတော့ စိတ်ပျက်စပြုလာပြီ။

report ရေးပြီးလို့ နောက်ကျနေတာနဲ့ နောက်နေ့မှ assignment လုပ်ဖို့ ပြောခဲ့တယ်။ နောက်နေ့ရောက်တော့လဲ ထင်ထားတဲ့အတိုင်း ဘာစာမှ ကြိုမဖတ်ထားဘူး။ သူက အင်တာနက်မှာ ရှာကြည့်ပေမယ့် ဘာရှာရမှန်း မသိဘူးလို့တော့ ပြောတယ်။ အဲဒါတော့ မှန်ပါတယ်။ သူ့ကို လုပ်ခိုင်းတဲ့ assignment က သူတို့အတန်းမှာ သင်ရတဲ့ မသင်ရသေးတဲ့ အကြောင်းအရာတွေ ဖြစ်တော့ သူလဲ မသိဘူး။ ဒါပေမယ့်လဲ အနည်းဆုံးတော့ မဒီပေးထားတဲ့ စာအုပ်တွေကိုတော့ ဖတ်ထားသင့်တယ်။ နောက်ဆုံးတော့ မဒီကပဲ စာအုပ်ထဲက သင့်တော်မယ့် စာကြောင်းတွေကို ရွေးထုတ်ပေးရပြီး သူက မဒီပြောသမျှကို လိုက်ရေးတယ်။ တစ်ခါတစ်လေ စာကြောင်းတွေကို သင့်တော်အောင်လဲ ပြန်စီရတော့ မဒီက စာကို စဉ်းစားနေချိန်မှာ တပည့်က ၀ိုင်းမကူတဲ့အပြင် တခြားစာတွေကို ထိုင်ကျက်နေတယ်။ အဲဒီ့နေ့က ၃နာရီကြာသွားတယ်။ မဒီလဲ စိတ်မရှည်တော့လို့ နောက်ဆုံးရေးရမယ့် အကြောင်းအရာကို ကိုယ့်ဘာသာပဲ အကြမ်းမှာ မြန်မြန်ချရေးပေးလိုက်ပြီး အိမ်ပြန်လာခဲ့ တယ်။ ကြာလာတော့ စိတ်က သိပ်မရှည်တော့ဘူး။ ကိုယ်က စာသင်ဖို့ရည်ရွယ်ပေမယ့် တစ်နေ့ တစ်နေ့ သူ့အိမ်စာတွေပဲ ၀ိုင်းလုပ်ပေးရတဲ့အခါမှာ critical thinking တွေ ပါလာပြီဆိုရင် လုံးဝ မလုပ်တော့ပဲ မဒီ့ကိုပဲ အဖြေပြောခိုင်းတော့တယ်။ တစ်ခါတစ်လေကြရင်တော့ သူ စာကျက်တာကို ထိုင်စောင့်ပြီး စာပြန်မေးတာနဲ့ပဲ အချိန်ကုန်သွားပြန်ရော။ ကြာလာတော့ ကိုယ့်ကိုယ်ကို ဆရာမလို့ကို မသတ်မှတ်တော့ပဲ အိမ်စာကူသူလို့ပဲ မြင်လာတော့တယ်။

ကိုယ်ငယ်ငယ်ကဆိုရင် ကိုယ်လုပ်ရမယ့်စာကို ကိုယ့်ဘာသာပဲ ကိုယ်လုပ်တယ်။ သူများကို ရေးခိုင်းတာ၊ မေးတာမျိုး လုပ်ခဲတယ်။ ကျောင်းမှာကလဲ ဘယ်တော့မှ ခက်ခက်ခဲခဲ ကြီးတွေ သိပ်မလုပ်ခိုင်းပါဘူး။ ကိုယ့်အတန်းနဲ့ ကိုယ်ညီတာတွေကိုပဲ လုပ်ခိုင်းတယ်။ အခုဟာက ငါးတန်းအရွယ်က ၇တန်း၊ ၈တန်းအရွယ်တွေရဲ့ စာတွေကို လုပ်ခိုင်းတော့ အဲဒါမျိုးတွေ မဖြစ်သင့်ပါဘူး။ ကိုယ်ကြုံခဲ့ရတဲ့ ငါးတန်း၊ ၆တန်းအချိန်တွေကဆိုရင် အရမ်းကို သက်တောင့်သက်သာနဲ့ စာသင်ခဲ့ရတဲ့ အချိန်တွေပါ။ ၇တန်း၊ ၈တန်းရောက်မှပဲ report တွေ စရေးရတယ်။ အဲဒါတောင် ကျောင်းသင်ခန်းစာနဲ့ သက်ဆိုင်တာမျိုးပဲ လုပ်ရတယ်။ အခု မဒီ လုပ်ပေးလိုက်ရတဲ့ သင်ခန်းစာကတော့ ငါးတန်း သိပံ္ပကျောင်းစာအုပ်ထဲမှာ လုံးဝ မပါပါဘူး။ လေးတန်းမှာတော့ သင်ဖူးခဲ့ပေမယ့် အဲဒါက အပေါ်ယံသဘောတရားလောက်ပဲ သင်တာပဲ ဖြစ်မှာပါ။

ဘာပဲဖြစ်ဖြစ်လေ ဘယ်လောက်ပဲ စာခက်ရင်တောင် ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားသင့်တယ်။ အမြဲတမ်း သူများကိုပဲ အားကိုးနေရင် ကိုယ်တစ်ယောက်ထဲ ဖြစ်တဲ့အခါမှာ ဘာမှ မလုပ်တတ်တော့ဘူး။ ကိုယ်တိုင် မရေးတတ်ရင်လဲ အနည်းဆုံးတော့ ဖြတ်ညှပ်ကတ် လုပ်တာတို့၊ စာပိုဒ်ကို တခြားစကားလုံးတွေနဲ့ လှည့်ပြီး ပြန်ရေးတာလောက်တော့ ရေးတတ်သင့်တယ်။ မဒီလဲ အဲဒီ့လိုပဲ report တွေ assignment တွေရေးလာတာပဲ။

အခု UFL မှာ ဒီပလိုမာတန်း တက်ဖြစ်ရင်တော့ သူ့ကို ဆက်မသင်တော့ဘူး စိတ်ကူးထားတယ်။ ပိတ်ရက်မှာလဲ တပည့်အသစ် နှစ်ယောက်ထပ်ရထားတော့ သူတို့ နှစ်ယောက်နဲ့တင်ပဲ မဒီ့အတွက် လမ်းစရိတ်၊ အသုံးစရိတ် အဆင်ပြေပါတယ်။ သူကတော့ သူ့ဘက်က ဖျက်တဲ့ရက်တွေက များတော့ လစာထုတ်တဲ့အခါမှာ ရက်ကြေးနဲ့ ပိုက်ဆုံယူတဲ့ မဒီ့အတွက် မကိုက်တော့ဘူး။

Big Bang - Remember Review


Big Bang ရဲ့ ဒုတိယမြောက်အခွေ ထွက်လာဖို့ စောင့်မျှော်နေခဲ့တာကြာပေမယ့် သူတို့က mini-album ၃ခွေထွက်ပြီးမှပဲ အခွေက ထွက်လာတော့တယ်။ သီချင်းတွေ အကုန်လုံးက House/Electronic အမျိုးအစားတွေဖြစ်နေတယ်။ နဂိုကတည်းက အဲဒီ့ဂီတမျိုးကို မကြိုက်ပေမယ့် Lie၊ Last Farewell နဲ့ Haru Haru တို့မှာတော့ အရမ်းကြိုက်ခဲ့တယ်။ အဲဒီ့သီချင်းတွေကို ကြိုက်ပေမယ့် နောက်ထပ် အဲဒီ့လိုအမျိုးအစားမျိုး မနားထောင်ချင်တော့ပါဘူးဆိုမှပဲ တစ်ခွေလုံးကို House/Electronic တွေဖြစ်နေတော့ စိတ်ပျက်မိတယ်။

သူတို့က Lie သီချင်းပေါက်သွားတာနဲ့ နောက်ပိုင်း ဒီလိုသီချင်းတွေပဲ ဆိုကြတော့တယ်။ မဒီနားလည်သလောက်ကတော့ သူတို့က ဟစ်ဟော့အဖွဲ့ပါ။ တခြား YG အဆိုတော်တွေလို တကယ့်ရက်ပါစစ်စစ်ကြီးတွေ မဟုတ်ပေမယ့်လည်း r&b နဲ့ ဟစ်ဟော့ကို ရောစပ်ထားတဲ့ သီချင်းတွေကို နားထောင်ပြီးတော့ ကြိုက်လာခဲ့တယ်။ အခုတိုင်းသာဆိုရင် နောင်ဆိုရင်လဲ ဒီလိုသံစဉ်တွေပဲ နားထောင်ရတော့မှာလား။

လောလောဆယ့်တော့ Sunset Glow တစ်ပုဒ်ပဲ သေချာကြိုက်တယ်။ အဲဒီ့သီချင်းက သီချင်းဟောင်းကို chorus နေရာယူပြီး ပြန်ဆိုထားတာ။ Shinhwa အဖွဲ့ကလဲ အဲဒီ့သီချင်းကို ပြန်ဆိုဖူးတယ်။ အဲဒီ့အခွေမှာက လူခွဲဆိုတော့ ကျန်တဲ့နှစ်ယောက်က ရက်ပ်ဆိုပြီး ဒေါင်ဝမ်းကပဲ မယ်လိုဒီတွေကို ဆိုထားတာ အရမ်းနားထောင်လို့ကောင်းတယ်။

နောက်ဆိုရင်တော့ အခုအခွေကို ပြန်ကြိုက်လာမယ် ထင်ပါတယ်။

You received this email because you are subscribed to the real_time feed for http://madyjune.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.