Sunday, November 2, 2008

[ဆောင်း] 1 New Entry: Food - Tofu တို့ ဖူး စား ကြရအောင်

Food - Tofu တို့ ဖူး စား ကြရအောင်


၁၀ရက်လောက် အင်တာနက် မသုံးရလို့  အထူးကု ဆရာဝန်က ညွှန်ကြားထားတော့ ကျမဆောင်းလည်း လိုက်နာပါတယ်။ စီဘောက် မေးလ်စစ်တာ သတင်းစာ ဖတ်တာ နဲ့ အနည်းဆုံးတော့ ၂နာရီဘဲ။ ကျမ ဂျီတော့ ထဲဝင်တာနဲ့ ဘော်ဒါတချို့ တွေ့ရင် ဘာလို့ လက်အနာခံသုံးလဲတဲ့ အင်း ... အင်း ... ဒါက အင်တာနက် ဘလော့ကာရောဂါပိုးလေ.. မတတ်နိုင်ဘူး။ တချို့ က ဆုတောင်းပေးတယ် ဆရာဝန် အိပ်ဆေး ပေးပါစေ ဆိုလား။ ဒါမှ နက်မသုံးရင် လက်အနာ သက်သာအောင် တဲ့ စေတနာတွေ ပေါ့။

အင်တာနက် မတက်ဘူး ဘလော့မရေးဘူး စိတ်တင်းထားပေမဲ့လည်း .....

မုန့်ကျွေးဖို့ လာဂျီကျတဲ့ သူနဲ့ ၊ မုန့်လုစားခံရလို့ အော်ငိုတိုင်တဲ့သူနဲ့ ၊ စကူတိုရှည်ကျွေးပြီး
ဆေးဖို့ ပုဂံ မရ အရ လာပြန်တောင်းတဲ့သူနဲ့ ၊ မလိုင်ချက်နည်း စီးပွားဖြစ် လမ်းညွှန် သင်ကြား ပေးသော အိမ်သာသုံးစကူ လက် ကားပိုင်ရှင် ဆွေးနွေးပွဲ တက်ဖို့နဲ့ ၊ ကျွန်မရဲ့ စာတွေကို ချိုချဉ်ငံစပ် အောင် စားတဲ့သူနဲ့ ... ဘလောကာမောင်နှမတွေက တကူးတက လာအားပေးတဲ့အတွက် ကျွန်မလည်း ဘာသားနဲ့ ထုထားတာမို့လဲ... အင်တာနက် ဗိုင်းရပ်ရောဂါ စွဲနေတော့လည်း အားလုံးအတွက် လက်အနာခံရေးပြီး မုန့်ကျွေးလိုက်တယ်နော်။

ကျွန်မ ကျို စားဘူးတဲ့ တိုဟူးကျိုနည်းကို ပြောပြချင်ပါတယ်။ ဒီပို့စ် ကို ရေးထားတာက ၃လ ကျော်ပါပြီ။ မတင်ရ သေးတာပါ။

ကျွန်မက ရှမ်းစာ ကြိုက်ပေမဲ့ ရှမ်းမဟုတ်တော့ မချက်တတ်ဘူးပေါ့။ ရှမ်းတို့ဟူး ကို စားချင်တာ ကြာပြီ။ တို့ဟူးသုတ်မစားရတာ ရာစုနစ်ချီနေပြီဆိုတော့ ဘလော့တကာလိုက်လည်ပြီး ချက်နည်း ရှာကြည့်ရ ပါတယ်။ ရှမ်းလူမျိုးတွေရဲ့ ဘလော့မှာ သွားချောင်းကြည့် ဂျီတော့ကနေ တိုးတိုးလေးမေးကြည့် နဲ့ အဆင်မပြေလှ ပါဘူး။ တချို့ ရေးထားတာ ကျပြန်တော့လည်း အသေချာ နားမလည်တော့ ချက်ရင်း စမ်းရင်းနဲ့ နဲနဲ ဖြစ်လာပါတယ်။ အဲဒါနဲ့ နည်းလေး ဝေငှလိုက်ပါတယ်။ တကယ်လို့ များ ရှမ်းဘလော့ကာ များ ဖတ်မိလို့  ကျွန်မချက်နည်းမှာ အမှားတွေ့ ခဲ့ရင် ပြင်ပေးကြပါအုန်း။

ယူကေမှာ chick pea powder ခေါ်တဲ့ Gram powder ကို ကုလားဆိုင်တွေမှာ အလွယ်တကူ ၀ယ်လို့ ရပါတယ်ရှင့်။

ပဲမှုန့် အစိမ်း ကို ဘယ်လိုခွက်နဲ့ ဘဲ ချိန်ချိန် ၁ခွက်ဆိုရင် ဆတူ ရေ၄ခွက်လောက်ထဲ ထဲ့စိမ်ထားလိုက်ပါ။ တနေ့ နဲ့ တည ရေစိမ်လိုက်ပါတယ် ပဲပွလာစေချင်လို့ ပါရှင်။

နောက်တနေ့ မှာ အနယ်ထိုင်နေတဲ့ ပဲရည်ကို ဆနွင်းအနည်းငယ်ထဲ့ မွှေထားလိုက်ပါတယ်။

ဆူထားတဲ့ ရေနွေးနည်း
နည်း ကို အိုးထဲထဲ့ပြီး အပူရှိန်ပြင်းပြင်းမှာ ဆူပွက်လာအောင် စောင့်လိုက်ပါတယ်။ (လျှပ်စစ်မီးဖိုဆိုရင် အမြင့်ဆုံးနံပါတ်၆မှာ ထားပါတယ်။)

ရေနွေးဆူလာရင် ပဲရည်ကို တဖြေးဖြေး ချင်း လောင်းထည့်လိုက်ပါတယ်။ မီးပူတယ်ထင်ရင် ချက်နေတဲ့ အိုးကို မီးပူပေါ်က ဖယ်ပြီး မွှေပေးပါတယ်။ အဓိက ကတော့ ပဲအစိမ်းဖြစ်လို့  ပဲကျက်သွားအောင် ကြာကြာကျိုလိုက်ပါတယ်။ ပဲရည် ပွက်လာရင် တော့ ဆားနဲနဲ ထဲ့ပြီး မီးအရှိန်ကို နဲနဲလျော့လိုက်ပါတယ် (လျှပ်စစ်မီးဖို ဆိုရင် ၂ထစ် လျှော့လိုက် ပါတယ်)။ ယောင်းမနဲ့ ပဲအိုးမကပ်အောင် ဆက်တိုက်မဟုတ်တောင် မကြာခဏ မွှေပေး ရပါတယ်။

ထွက်လာတဲ့ အငွေ့ က ပဲကျက်မကျက်သိစေပါတယ်။ တဖြည်းဖြည်းနဲ့ ပဲအငွေ့ ဟာ အစိမ်းစော်မနံတော့ ရင် ပဲအနံ့ ဟာ မွှေးတက်လာပါတယ်။ တဖြည်းဖြည်း ရေခမ်းလာပြီး စေးထန်းလာရင် ပဲရည်ကို ခဲလို့ ရပြီပေါ့ရှင်။ (ဥပမာပြရရင် ပဲရည်ဟာ ပုန်းရည်ကြီး အပျစ်လို ပစ်လာရင် ခဲဖို့ သေချာပါတယ်။)

ခဲချင်တဲ့ ခွက်ထဲထဲ့လိုက်ပါတယ်။ ကျွန်မကျိုတဲ့ပဲရည်က ပျစ်တော့ မျက်နာပြင်ညှိရတာ သိပ်မညီပါဘူး။ ၂နာရီလောက် ကြာသွားရင်တောင် ခဲနေတဲ့ တို့ ဟူး ကိုရပြီပေါ့နော်။

တကယ်လို့ ရေထဲ့တာနည်းလို့ ဖြစ်ဖြစ် ကျိုတာ မကြာလို့ ပဲမကျက်ရင် တို့ ဟူးက ပဲစိမ်းစော် နံနေတတ် ပါတယ်။ အဲဒီအခါမျိုးမှာတော့ တို့ ဟူးကို ပါးပါးစိပ်ပြီး ဆီထဲ ထဲ့ကြော်လိုက်ပါတယ်။ တချို့က ၅မိနစ်ဘဲ ကြာအောင် ကြိုကြတယ်။ ပဲစိမ်းနံ့ ကြိုက်ရင် မဆိုးပါဘူး။ ကျွန်မကတော့ အနဲဆုံး ၃၀မိနစ် ကနေ ၁နာရီ အနည်းဆုံးထား ကြိုတာဘဲ။ ပဲကျက်ရင် တို့ဟူးက စိမ့်မွှေးနေတာဘဲ။

တခါမှလည်း တို့ ဟူးမကြော်ဘူးတော့ ပထမဦးဆုံးကြော်တော့ အခက်ခဲတွေ့ ရပါတယ်။ ဆီရှောင်နေရသူ ဖြစ်လို့ ဆီအများကြီးနဲ့ မကြော်တော့ တို့ ဟူးကြော်က မလှပါဘူး။ ဆီများများနဲ့  ကြော်ပြီး ဆီစစ်ထားတာဘဲ ကောင်းပါတယ်။ အခု ရိုက်ထားတဲ့ပုံကတော့ ဆီအိုးကပ်နဲ့  တို့ ဟူးအပြားလေးတွေကို ကင်သလိုမျိုးနဲ့ မျက်နှာပြင်တင်းအောင် ကင် ကြော်ထားတာပါ။ ခဲထားတဲ့တို့ဟူးကို ဓါတ်ပုံမရိုက်လိုက်မိဘူး။

(အဲ.. ၇ခုထဲနဲလိုက်တာ လို့ စိတ်မဆိုးနဲ့ နော်။ ကျန်တဲ့ အကြော်နဲ့ တအိုးလုံးလဲ အီဖေကိုယ့် ဗိုက်ထဲ ပြုတ်ကျသွားလို့ ဘာမှ ပြန်မရလိုက်ဘူး ။ ပထမဆုံးကြော်တဲ့
ဒါလေး ကို ဓါတ်ပုံ အမြန်ရိုက်မိလို့ အဟင်း )

တကယ်မစားရဘဲ သွားရည်ကျအောင်လုပ်နေပြီလို့ များ အမျက်တော် မပွားလိုက်ကြပါနဲ့ နော်။ ချက်နည်း သိထားရင် တကယ်စားချင်လာတဲ့ အချိန် ၀ယ်စားလို့ မရတဲ့ အချိန်မှာ အသုံးဝင်ပါလိမ့်မယ်လို့ ဘဲ လေပြေသွေးလိုက်ရပါတယ်ရှင်။

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.