Sunday, November 2, 2008

[Burma ( The Power of People)] 1 New Entry: ABSDF အနှစ် နှစ်ဆယ်ပြည်. အထိမ်းအမှတ် အခမ်းအနား ကျင်းပ။

ABSDF အနှစ် နှစ်ဆယ်ပြည်. အထိမ်းအမှတ် အခမ်းအနား ကျင်းပ။

ABSDF အနှစ် နှစ်ဆယ်ပြည်. အထိမ်းအမှတ် အခမ်းအနားကို ယနေ. ညနေတွင် ထိုင်း မြန်မာနယ်စပ် တနေရာတွင် ကျင်းပခဲ့ပါသည်။

ယင်းအခမ်းအနားတွင် တော်လှန်းရေးအဖွဲ.အစည်းအသီးသီးမှ ရဲဘော် ရဲဘက်များ၊ နိုင်ငံတကာမှ ABSDF ရဲဘော်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ဥက္ကဌရဲဘော်သံခဲမှ ABSDF အနေဖြင့် မြန်မာ့သမိုင်းတွင် ကျောင်းသားတပ်မတော်သည် တကယ်ရှိခဲ့သည်မှာ (၂၀)နှစ် ရှိပြီးမှာ အထင်ရှားဖြစ်ပြီး။ ပြည်သူ.လူထုအတွက် စစ်အာဏာရှင် စံနစ်ကို ဖယ်ရှားရာတွင် လက်နက်ကိုင်တိုက်ပွဲ အပါအ၀င် နည်းမျိုးစုံဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာပြည် စစ်အာဏာရှင် စံနစ်မှ လွတ်မြောက်သည်အထိ ဆက်လက်ပြီး ညီနောင် မဟာမိတ်အဖွဲ.အစည်းများ၊ နယ်စပ်၊ ပြည်တွင်း၊ တတိယနိုင်ငံရောက် အဖွဲဝင်ရဲဘော်များဖြင့် လက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

အခမ်းအနားတွင် ABSDF မှ ကျဆုံးသွားသော ရဲဘော် အာဇာနည်များကို ဂုဏ်ပြု အမည်များ ထိုးထားသည့် ကြေးပြားဖြင့် ဂုဏ်ပြု အလေးပြုခြင်း။ ကျဆုံးသွားသော ရဲဘော်များရဲ. မိခင်များ ညီကိုမောင်နှမများကို ဂုဏ်ပြုလွာများ၊ ပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဓါတ်ပုံ ဗီဒီယိုနှင့် သီးလေးသီး ညီအကိုများနှင့် ရဲဘော်များရဲ. တေးဂီတဖျော်ဖြေပွဲများဖြင့် ပြသဖျော်ဖြေပါသည်။

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.