Sunday, November 2, 2008

[အတွေးရပ်ဝန်း] 1 New Entry: နားလည်မှုဖြင့် အုပ်မိုးထားသော...

နားလည်မှုဖြင့် အုပ်မိုးထားသော...


Love Under Umbrella

The rain is falling heavily,

Under one umbrella, we are together.

The sun is hotter than ever,

Under one umbrella, we are together.

The wind is blowing very hare,

Under one umbrella, we are together.

Hand in hand, under one umbrella,

Wrap each other.

Under one umbrella, we are together,

May love be ever.

Never depart me my lover,

Love under umbrella.

ဒီအင်္ဂလိပ်ကဗျာလေးက 2008၊ August လထုတ် Light of English ကနေ ကြိုက်လို့ ကူးထားတာပါ။ ကဗျာက ရိုးရိုးလေးနဲ့ သိမ်မွေ့ပြီး ချစ်စရာကောင်းတယ်လို့ ကျွန်မစိတ်ထဲမှာ ခံစားမိပါတယ်။ Love Under Umbrella ဆိုတဲ့ စာသားလေးမှာ Umbrella ဆိုတာ နားလည်မှုကို တင်စားထားတာလို့ ကိုယ့်ခံယူချက်နဲ့ကိုယ် ယူဆလိုက်ပါတယ်။

တကယ်တော့လဲ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြလို့ ချစ်သူတွေ ဖြစ်ပြီးသွားတဲ့အချိန်မှာ အရေးကြီးတာက နားလည်မှု ရှိကြဖို့ပါပဲ။ ဘ၀ရဲ့ မှောင်မိုက်တဲ့ မိုးသည်းနေ့ရက်တွေကို စာနာနားလည်မှုတွေနဲ့ အပြန်အလှန် ဖေးမအားပေးပြီး အတူတူ ကျော်ဖြတ်ကြမယ်။ ဘ၀မှာ ဆယ်နွေကဲတဲ့ သောကအပူမီးတွေနဲ့ တွေ့ကြုံရမယ် ဆိုရင်လဲ အေးမြတဲ့ ကြင်နာမှုတွေပေးရင်း အတူရင်ဆိုင်ကြမယ်။ လေပြင်းမုန်တိုင်းထန်တဲ့ အချိန်ကာလတွေမှာလဲ တွဲလက်တွေ မြဲခိုင်နေစေမယ်။

ချစ်သူဘ၀မှာပဲဖြစ်ဖြစ်၊ အိမ်ထောင်သည် ဘ၀မှာပဲဖြစ်ဖြစ် တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်က နားလည်ပေးနိုင်ပြီဆိုရင် အဲဒီနားလည်မှုအောက်မှာ ကျန်တဲ့အခက်အခဲတွေဆိုတာ မှေးမှိန်ပျောက်ကွယ်သွားမှာပါပဲ။ မထင်မှတ်ဘဲ အမှားတစ်ခုခုကို ပြုလုပ်မိပြီဆိုရင်လဲ ပွင့်ပွင့်လင်းလင်း ၀န်ခံပြီး ခွင့်လွှတ်နိုင်တဲ့ အမှားမျိုးဆိုရင် ချစ်သူဆီကနေ ခွင့်လွှတ်နားလည်မှုကို ရယူသင့်ပါတယ်။ ဘယ်လောက်ပဲ ချစ်ကြပါစေ… တစ်ယောက်ကိုတစ်ယောက် နားလည်မှုသာ မပေးနိုင်ဘူးဆိုရင်ဖြင့် စိတ်ချင်းဝေးကွာပြီး နောက်ဆုံးမှာ လမ်းခွဲကြဖို့ ရာခိုင်နှုန်းများနေပါပြီ။

အဲဒါကြောင့် ချစ်ကြသူတိုင်း နားလည်မှုတွေ အုပ်မိုးထားတဲ့ အချစ်ရိပ်အောက်မှာ လက်ချင်းမြဲမြဲတွဲပြီး အရာအားလုံးကို ရင်ဆိုင်ဖြတ်ကျော်သွားမယ်ဆိုရင် ဘယ်အရာကမှ ချစ်သူနှစ်ယောက်ကို ဝေးကွာသွားစေနိုင်မှာ မဟုတ်တော့ပါဘူး။ ကျွန်မအမြင်မှာတော့ Love Under Umbrella ဆိုတာ နားလည်မှုတွေ အုပ်မိုးထားတဲ့ အချစ်တစ်ခုပါပဲ။ ကျွန်မချစ်တဲ့သူလဲ စစ်မှန်တဲ့ချစ်ခြင်းကို အမြဲထာဝရ နားလည်ခံစားနိုင်ပါစေလို့ ဒီပို့စ်လေးကိုရေးရင်း ဆုတောင်းနေမိပါတော့တယ်။

You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.