Sunday, November 2, 2008

[Pyu State] 1 New Entry: ရွေးချယ်ခြင်းနှင့် ရုန်းကန်ခြင်း အပိုင်း(၆)

ရွေးချယ်ခြင်းနှင့် ရုန်းကန်ခြင်း အပိုင်း(၆)

ရေးသူ - စစ်ငြိမ်းဒီရေ


အမှောင်ကြခဲ့တဲ့ မဆလခေတ် (၁၉၆၂- ၁၉၈၈) မှာ အဆိုးဝါးဆုံး ပြိုကျမှုဟာ
အကျင့်စာရိတ္တဘဲ ဖြစ်ပါတယ်။ "အမြှီးကျက် အမြှီးစား၊ ခေါင်းကျက် ခေါင်းစား"
အယူအဆသည် နေရာအတော်များများမှာ ပုံစံမျိုးစုံဖြင့် ကျင်သုံးကြပါတယ်။
ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ နေရာများတွင် အကျင့်စာရိတ္တမာန်တိုင်
ပြိုကျမှုသည် ပြိုကျနေစဉ် အချိန်ထက် ပို၍ကြာမြင့်သော ကာလများသို့
ရောက်သောအခါ နိုင်ငံနှင့် နိုင်ငံသား လူ့အဖွဲ့အစည်းကို ပြင်းထန်းစွာ ရိုက်
ခတ် ပါတော့တယ်။

zchildren-in-myanmar_.jpg

ကျနော် မူလတန်း ကျောင်းသားဘ၀က ကျောင်းတွင် မိဘ အချို့သည်
မိမိတို့၏ သားသမီး ပညာရေးအတွက် ဆရာ/ဆရာမများကို လက်ဆောင်
များ ပေးကာ မျက်နှာလိုအားရ လုပ်တာတွေ တွေ့ရပါတယ်။ လမ်းဘေးမှာ
ရောင်းသော မုန့်ဟင်းခါးကို လေးဆင့်ချိုင့်ဖြင့် ၀ယ်ကာ အိမ်မှာ ချက်သော
ကြောင့် စားစေခြင်းသော စေတနာဖြင့် လာပို့သည်ဟု ဆိုကြပါတယ်။ နဂိုက
ရိုးအေးသော ပညာရပ်ဆိုင်ရာ အမူထမ်းများပင် မလောက်ငသော အစိုးရ
လစာဖြင့် မနည်းကို ကျားကုတ်ကျားခဲ ရုန်းကန်ရသော အခြေအနေအောက်
တွင် စပါးကိုဖျက်သော စပါးထဲကပိုး နှင့်တူသော ရိုက်ခတ်မူကို ရှောင်လွှဲ
ခြင်း၊ ဥပက္ခာပြုပြီး အချိန်ကြာကြာ မရပ်တည်နိုင်ပါ။ ကြာတော့ ကျောင်းတွင်
ကျူရှင်ယဉ်ကျေးမှု၊ ဆရာ/ဆရာမများနှင့် အလှမ်းဝေးခြင်း အခြေအနေ
အောက်တွင် ကလေးငယ်များ အကြား သိမ်ငယ်မှုများ၊ ခေါင်းငုံအရှုံးပေးရ
သော ခံစားချက်များ ဖြစ်ပေါ်လာ ပါတယ်။


မိဘများကလည်း မိမိတို့ သားသမီးကို သူ့တပါး သားသမီးထက် အမြဲ
တမ်း အသာစီး ရစေခြင်းသော စေတနာဘဲ ဆိုရမလား။ အတ္တလိုဘဲ ဆိုဆို
မိဘမေတ္တာဘဲ ပြောပြော ကိုယ့်ကလေးကို သူများကလေးထက် ခေါင်း
တစ်လုံး ပို၍ သာစေခြင်းသော မူဝါဒသည် လူ့အဖွဲ့အစည်းကို အတွင်းလှိုက်
မီးလောင်း စေပါတယ်။ သဘာဝကျ၍ နည်းလမ်း မှန်ကန်သော ပြိုင်ဆိုင်မှု
များထက် ဇွတ်အတင်း ပုံစံသွင်းမှုများကို ပိုလုပ်ကြတာ များခဲ့ပါတယ်။
"လူလိမ္မာသား ယဉ်ပါး၊ လူမိုက်သား ရမ်းကား"
လူမိုက်သား ဟာ ယဉ်ကျေးခွင့် မရတော့ပါဘူး။ လူတွေက လူမိုက်သား
ဆိုရင် "ရမ်းကား" တယ်လို့ မှတ်ယူ ထားပါပြီး။ အပြစ်ကင်းတဲ့ ကလေး
ကို လူတွေက ခေါင်းစဉ်တွေ အမျိုးမျိုး အပြိုင်အဆိုင် ချိတ်ဆွဲ ကြပါတယ်။
"ကုလားလေး"
"သွားကျိုးလေး"
"ငါးစိမ်းသည်မ သားလေး"
"နှာခမ်းထော်မလေး"

အဲဒီ အနိမ့်ခံ ကလေးတွေက လူတွေကို မြင်ရင် မချီ့သွားဖြဲ လုပ်နေ
ရပါတယ်။ တော်တော်ကို ရက်စက်တဲ့ လူမှုရေး ဥပဒေသတွေရယ့်
လက်အောက်မှာ ကလေးငယ်တွေရယ့် အနာဂတ် မီးစလောင်းပါ
တော့တယ်။ "၀မ်းနဲ့မလွယ် သား မမယ်" လို့ ဆိုကြတဲ့ ဆိုရိုးစကား
တွေလည်း ရှိပါသေးတယ်။ ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်နိုင်ငံသား
အချင်းချင်း ရိုင်းပင်ကူညီရေး အတွေးအခေါ်ကို များစွာ ဟန့်တားတဲ့
ဆိုရိုစကားတွေပါ။

ငွေကြေးပြေလည်တဲ့ ကလေးငယ်တွေ လူကြားသူကြားထဲမှာ လေလည်
ရင် (အီးပေါက်ရင်) "ဒီကလေး လေတွေမိုးတွေ မှန်တယ်" လို့ ချီးကျူး
ကြပြီး ဆင်းရဲပြီး စုတ်ပြတ်သတ်နေတဲ့ ကလေး လေလည်ရင် "ဒီကလေး
နဲ့ ဘယ်က အပုပ်အသိုးတွေ စားပြီး လူကြားသူကြားထဲမှာ တော်တော်
မိုက်ရိုင်းတဲ့ ကလေး" လို့ ဆိုကြတဲ့ မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ အယူ
အဆများသည် တကယ့်ကို စိတ်ပျက်ဖို့ ကောင်းလှ ပါတယ်။

အဲဒီလို ကိုယ့်ထက် သာတဲ့လူ၊ နာမည်ကြီးတဲ့ လူတွေနဲ့ တွေ့ရင် ဘယ်
လို မျက်နှာလိုအားရ လုပ်ရမယ်။ ကိုယ့်ထက် နိမ့်ကျတဲ့ လူတွေနဲ့ တွေ့
ရင် မသိချင်ယောင် (အဖတ်မတန်သလို) ဆက်ဆံ ရမယ်လို့ မိဘတွေ၊
ဆွေမျိုး အသိုင်းအ၀ိုင်းတွေက ပုံစံအမျိုးမျိုးနဲ့ အပြစ်ကင်းတဲ့ ကလေးကို
ဇွတ်အတင်း ပုံသွင်းကြပါတယ်။ သူတို့က သင်ကြားလိုက်တဲ့ ရွေးချယ်ပုံ
စနစ်တွေကြောင့် ကလေးက ဘုမသိ ဘာမသိဘဲ ကလေး အချင်းချင်း
တိုင်းတာ ပေါင်းသင်းရမယ်လို့ ယူဆရကနေ ယုံကြည်မှုတွေ စတင်
ပျက်စီး ပါတော့တယ်။


(ဆက်လက်ဖော်ပြမည်။)

You received this email because you are subscribed to the real_time feed for http://pyustate.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.