Sunday, November 2, 2008

[မယ်လိုဒီမောင်၏ငြိမ်းချမ်းသံစဉ်] 1 New Entry: Great Greeting To the Earth

Great Greeting To the Earth

စက်ရပ်သတင်း

မယ်လိုဒီ နေမကောင်းပါ အသီးများ မုံ့များနှင့်လူနာလာမေးနိုင်ကြောင်း၊
သို့သော် ကြိုတင်appointment ယူရန်လိုအပ်ပါကြောင်း၊
ဖြစ်စဉ်မှာ ယခင်သီတင်းပတ်၏ ဗုဒ္ဓဟူးနေ့တွင် ကုဒ်ဒင်းများနှင့် အိပ်ရေးပျက်ခြင်းသည်တစ်ကြောင်း၊ ဂဏာန်းသင်္ချာများအား အင်တိုက်အားတက်တွက်မိသည်တစ်ဖုံ၊ သုံးရက်ဆက်တိုက်အိပ်ရေးပျက်သောဒဏ်အကျိုးဆက်ဖြင့် သွေးအားကျ၍ ရုတ်တရက်ရှော့ခ်ဖြစ်ကာ Jurong East MRT ၏ Toilet တွင် Great greeting to the Earth အဲ..လေ.. မူးလဲပြုတ်ကျကာ မေးကွဲသွားကြောင်း၊ မျက်နှာလဲ အညိုအမည်းစွဲကာ သွားနှစ်ချောင်းခန့်ပဲ့သွားကြောင်း၊
Toilet ဘေးရှိ ဆေးခန်းတွင်ပင် dressing လုပ်၍ ၅ရက်ခန့်ပလာစတာ ကပ်ထားရန်လိုကြောင်းနှင့် နက်ဖန် ဆန်းဒေးတွင် လူလူသူသူ လှတပတ လျှောက်လည်နိုင်ပြီဖြစ်ကြောင်း၊
သို့သော် တနင်္လာနေ့တွင် အလုပ်စဆင်းရမည်ဖြစ်၍ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း ပဲသီး၊ဘူးသီးဖြစ်နေကြောင်း၊
သို့ဖြစ်၍ ပို့စ်များအတင်ကျဲနေဦးမည်ဖြစ်ကြောင်း မယ်လိုဒီ၏ ဘလော့ဖတ်ပရိတ်သတ်များအား သိစေရန် ကြေငြာအပ်ပါသည်။

You received this email because you are subscribed to the real_time feed for http://melodymaungmm.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.