Sunday, November 2, 2008

[Honey's Private Thought] 1 New Entry: ကမ်းခြေလမ်းမကြီးပေါ်မှာ

ကမ်းခြေလမ်းမကြီးပေါ်မှာ

ဒီကောင်တွေဟာ ကမ်းခြေလမ်းမကြီးရဲ့ ရင်ကွဲကြောင်းတလျှောက်
ပေါက်နေတဲ့ ပိတောက်ပင်တွေဖြစ်တယ်
မမြင်ရတဲ့ မနက်ဖြန်ဟာ အစိမ်းရောင်သွေးစီးကြောင်းရင်လဲ ဖြစ်မယ်
အစိမ်းရောင် သွေးကြောတမျှင်ရင်လဲ ဖြစ်မယ်
လမ်းမကြီးကတော့ အကြွေစေ့တွေငုံထားရတဲ့ ပိုက်ဆံအိတ်လို နာလိုခံခက်

လေဝှေ့လိုက်တိုင်း သူတို့ဆီကပ်ကျန်ခဲ့တဲ့စကားသံတွေကို မသတီစွာခါချလိုက်တယ်
ဘာတဲ့ . . . ကျလှိုင်းကတော့ တို့ကမ်းကိုရိုက်လာပြီ
ဒီမှာဖြင့် ဘောနပ်စ်ကိုနှမြောနေတုန်း ဟိုကုမ္မဏီကဖြင့် မရှိတော့ဘူး
မဖြစ်ဘူး သောကြာနေ့ပဲ အမ်စီယူလိုက်
နှစ်ဆယ့်လေး ဒသမ ခြောက် မီလျံတန်တယ်ဟုတ်လား
အဲသလို ခါခါထုတ်ပစ်တာပေါ့ နံလွန်းလို့ပါ

ကမ်းခြေလမ်းမကြီးမှာ ပေါ်ပင်ကောင်တွေသိပ်များတယ်
သူတို့မုန်းတဲ့ စတားဘပ်နဲ့ ပါတ်ခ်ရွိုင်ရယ်ပေါ့ လူတရုန်းရုန်းနဲ့

ထုံးစံရယ်လို့မဟုတ်ဘူး စိတ်နှလုံးမသာလို့ မပြုံးတာသက်သက်ပါ
ကနေ့မှဝင်လာတဲ့ နိုဝင်ဘာက မျက်နှာချိုသွေးတယ်
ဘာလို့ အစိမ်းရောင်တွေရင့်နေရသလဲ ပိတောက်ပင်ကြီးရယ်
မိုးစက်အကျန်တွေခါရင်း အော်ဟစ်ဖြေလိုက်တယ်
ပြီတီတီလာမလုပ်နဲ့ အခါးတွေဖောက်ထုတ်ပစ်မယ် . . .တဲ့။

You received this email because you are subscribed to the real_time feed for http://thinkinghoney.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.