Sunday, November 2, 2008

[ကဗျာချစ်သူ (Poem Lover)] 1 New Entry: တမ်းချင်း

တမ်းချင်း

နူးညံ့တဲ့ အချစ်တစ်ခုက
ပေါက်ဖွားလာတဲ့ အလွမ်း။
အချစ်တစ်ခုသာ ကုန်ဆုံးသွားမယ်
အလွမ်းဆိုတာ မရပ်တန့်သွားဘူး။
အချစ်တစ်ခု အသက်ဝင်လာရင်
တိတ်ဆိတ်စွာ ကပ်ပါလာတဲ့
အလွမ်း...............ရုတ်တရက် သိခွင့်ရတာက
ငါ..............................................
အလွမ်းတွေနဲ့ မယဉ်ပါးသေးပါလား။
စက္ကန့်တိုင်း၊ မိနစ်တိုင်းက
ရင်ခုန်သံစည်းချက်နဲ့ အညီ
အလွမ်းတေးတွေများ ဆိုညည်းနေတာလား။

ရင်ကွဲ လုမတတ် အော်ခေါ်နေလဲ
လွမ်းလိုက်တာဆိုတဲ့
ခံစားချက်လေး
စကားလုံး အသွင် မကူးပြောင်းနိုင်ခဲ့ဘူး။

လွမ်းလို့ ကဗျာရေးတယ်လို့ပြောရအောင်
ကဗျာရေးတိုင်း မလွမ်းတတ်ကြပါဘူး။
ရင်နဲ့အမျှ ခံစားချက်တွေ
တွန်းတိုက်လာတဲ့အခါ
အလွမ်းဒဏ်နဲ့
ရင်ဘတ်ထဲမှာ
အလွမ်းတွေ ပဋိပက္ခဖြစ်နေကြတယ်။


မျက်ဝန်းတစ်စုံ
တိုးတိတ်စွာ ငေးမောလို့
မျက်ဝန်းတစ်စုံ
မျှော်လင့်ခြင်းအရောင်ယှက်သန်းလို့
နှလုံးသားမှ အလွမ်းတွန်းအားနဲ့
မျက်ဝန်းမှ ပုလဲခနေပြီ သခင်။

ခေးရော့စ်

You received this email because you are subscribed to the real_time feed for http://chaos.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.