Sunday, November 2, 2008

[နေနတ်နွယ်] 1 New Entry: နေနတ် မဏိကွမ်းစားသော ပြဇာတ်

နေနတ် မဏိကွမ်းစားသော ပြဇာတ်

တော့ကီ။ ။ အမောင်နေနတ်ရေ ၊ အနေမတတ်လို့ လေဖြတ်နေပြီလားဗျာ။

နေနတ်။ ။ ဟုတ်ပါ့ ကိုတော့ကီရေ ၊ လောကမှာ ရိုးရိုးလေး တွေးချင်တဲ့ ကျုပ်တယောက်တော့ သာမာန်မဟုတ်တဲ့ လူတယောက် လက်ထဲ အဂှုံးကြီး ဂှုံးသွားပါကောလားဗျာ။


ဂွမ် .. ဟန် ဟန် ဟန် ….
ကတ္တီပါစင်နောက်ကွယ်က ပျံသန်းလာတဲ့ လင်ပန်းနဲ့ နေနတ် ဦးခေါင်း မိတ်ဆက်သွားသံလေးပါ။

ကိုပုည။ ။ ဟိုအကောင် နေနတ် … မင်းငါတို့ကို သစ္စာဖောက်မယ်လို့ သတင်းရတယ်။ ဟုတ်သလား။

ကိုပုညက ဗိုလ်အောင်ဒင် စတိုင်နဲ့ ပြောနေတော့ နေနတ်ခဗျာ မျက်နှာသေလေးနှင့် လက်ညိုးနှစ်ချောင်းကို လိမ်လျှက် ဆပ်စလူးကို ထလို့ ……။

နေနတ်။ ။ ဟတ်ပါဘူး အတိုကြီးရာ … အနော်က တော်လှန်ရေးနဲ့ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာဖောက်ပါဝူး … အတိုကြီး တတင်းမှားတွေ ရနေပြီ။ ဘေးပြောတာကိုယုံနဲ့ … အနော်လိမ်တာကို ယုံစမ်းပါ။

တော့ကီ။ ။ ဘုရား ၊ ဘုရား … မောင်နေနတ် .. ဘယ်လိုဖြစ်လို့ ဒီပုံပေါက်သွားရသလဲ။ လူတွေသိကုန်ရင်တောင် မောင်ရင့်ကို ၀ိုင်းသတ်တော့မှာပဲ။

နေနတ်။ ။ ဘွ .. ဘွာ .. ဘွား .. အာဘွား .. အဲလေ။ ဟတ်ဖူးဂျ။ သွေးစည်းညီညွတ်ဖို့ လိုဒယ်လေဂျာ။ အဲဒါကြောင့် အနော်တို့က ဟုတ်သော်ရှိ မဟုတ်သော်ရှိ စည်းရုံးဖို့ လိုအပ်ဒယ်။ ဒါမှ လူများမှာ မဟတ်လား။ လူများမှ ပွဲစည်မှာလေဂျာ။ စေတနာကို နားလည်ဂျမ်းပါဂျ။ ပွဲစည်ချင်လို့ပါဂျ။

ကိုပုည။ ။ ဟဲ့အကောင် … လူများပြီး ပွဲစည်ချင်ရအောင် ဒါကို နင့်ဘကြီး ဘုန်းကြီးရဲ့ ဘုန်းကြီးပျံပွဲ မှတ်နေသလား။

နေနတ်။ ။ ဟတ်ဟတ် … အနော်က သဘောထားမှန်တွေကို တိတယ်လေဂျာ။ ဦးတို့ကလဲ ဇွတ် … တားက နေမကန်းပါဘူးဂှိုမှပဲ။ ဘာဖြစ်ဖြစ် စုစည်းရမယ်လေဂျာ။ အနော့်ညီအကိုမှန်ရင် အနော်ပြောတာလုပ်။ တိတ်ဂျဂါး များတာပဲ။

ကိုပုည။ ။ အမလေးဗျာ။ အမောင်နေနတ် … မင့်ဦးနှောက် ဖြုတ်လဲ ခံလိုက်ရပြီလား။ ဘုရားသွားလှူရင်တောင် ဘုရားလူကြီးက ဘုရားသမိုင်း ရှင်းပြရသေးတယ်ဟ။ ဘာမှ မရှင်းပြပဲ လှူချင်လှူ ၊ မလှူချင်နေဆိုတဲ့ပုံနဲ့ အလှူခံသွားတဲ့ စည်းဂှုံးရေးပါရကုကြီး … သီချင်းတွေတောင် တက်ဟဲချင် ဟဲနေမှာကို မင်းလက်ခံတယ်ပေါ့။

နေနတ်။ ။ ဟတ်ပါဝူး။ တားက သူ့သဘောထားမှန်ကို တိတယ်ဂှိုနေဂျာ။ ဥက တိတ်ဂျဂါးများတာပဲ။ တားပါတော့ဘူး။ တွား … လူဇိုး။

တော့ကီ။ ။ အင်း … မောင်နေနတ်တော့ သန်းရွှေ လမ်းစဉ်ကို အပြည့်လိုက်နေတာပါ့လား။ ဘုရား .. ဘုရား။ ငါတော့ မင်းရဲ့ mental management engineer နဲ့ တွေ့မှ ဖြစ်တော့မယ်။

ကိုပုည။ ။ အေး … ခု NLD လူငယ်တွေရဲ့ တော်လှန်ရေးထဲက တော်လှန်ရေးက စနေတာဖြင့်ကြာပေါ့။ မင်းက ဘာကိစ္စနဲ့ ဒါကို ခုထိ ပါးစပ်ပိတ်နေတာတုန်း။ မြန်မြန်သတင်း စီးဆင်းအောင် လုပ်လေ။ ဒါ မင်းရဲ့ မီဒီယာ တာဝန် မဟုတ်လား။

တော့ကီ။ ။ ဘုရားရေ .. ဆရာပုည။ ဒီကောင့်ကို သွားခိုင်းနေတယ်။ မှားမယ်နော်။ နောက်ဆို ကျနော့်ကို တိုက်ရိုက်မေးလ်ပို့။ အဲကောင်က ခုချိန်မှာ အိပ်ရာထဲ လဲနေတဲ့ သန်းရွှေသာသာ ဖြစ်နေပေါ့။ အုပ်ချုပ်နေတာ တခြားတယောက်ဗျ။ သူက ရုပ်ပြဖြစ်သွားပြီ။ ဘုရား .. ဘုရား .. ကံကြီးလို့ ခုမှ သိတယ်။

နေနတ်။ ။ ငတော့ကီ … လူတွေ ရှေ့မို့ ကြည့်နေတယ်နော်။ တယ်ရင်းချင်း ရန်ပွဲ မဖြစ်ချင်ဘူး။ မင့်ပါးစပ် မပိတ်ရင် ငါ password တွေ အကုန်ပိတ်လိုက်မယ်။ ငြိမ်ငြိမ်နေ။

ကိုပုည။ ။ ဟို နှစ်ကောင် …. ရန်မဖြစ်ကြနဲ့။ နေနတ် … ငါတို့ သရော်စာ ၊ ဆော်စာသမားတွေ ပြန်စုတော့။ တော့ကီက မဟုတ်တာတွေ ဖြစ်လာရင် ဆော်ဖို့ အဆင်သင့်ပြင်တော့။ ငါကတော့ အထိမ်းအမှတ်ပွဲလေးတွေ စီစဉ်ဦးမယ်။ ငှင်းငှင်းငှင်း

နေနတ်။ ။ အဲဒါပြောတာပေါ့ဂျ။ အနော်ပြောနေတယ်နော်။ ခုပဲကြည့်။ ပြောနေတယ်နော်။ ဘာဖြစ်ဖြစ် စည်းရုံးရမယ်လို့။ မဟုတ်ရင် ဒီလူကြီးကို အရင် ကလန်ဗျာ။ ၂၀၁၀ အမှီပြောပြီး အားအားယားယား ပိုက်ဆံကုန် လူပမ်းဖြစ်အောင် ကြံနေတာဂျ။ ဒီလူ အရင်ထုတ်သတ်။ ဟေ့ တယောက်လာဦး။

ဂွမ် .. ဟန် ဟန် ဟန် ….
နောက်တကြိမ် ကတ္တီပါစင်နောက်ကွယ်က ပျံသန်းလာတဲ့ လင်ပန်းနဲ့ နေနတ် ဦးခေါင်း မိတ်ဆက်သွားသံလေးပါ။

လူမော်။ ။ ခင်ဗျားက ဘာကို ထုတ်သတ်ဦးမှာလဲ … ဟမ်။ သတ်ချင်းသတ်ရင် ခင်ဗျားပဲ အရင်သတ်ရမယ်။ ကိုပုည ပြောနေတာ West ဖက်က Fund ကို နိုင်သလောက်ထောင်ဖို့ အထိမ်းအမှတ်ပွဲကို ပြောနေတာ။ ခင်ဗျာ့ လူတွေလို ပျော်ပွဲရွှင်ပွဲ မဟုတ်ဘူး ဂေါက်ရဲ့။ ကဲ .. အကိုတောင် တပ်မခေါ်တော့ဘူး။ ခင်ဗျားက လွန်လာပြီ။

နေနတ်။ ။ မင်းလဲ သူတို့ဖက်ကပဲလား … ဟင့် … ဟင် …။ ငါ့ညီရာ .. မင်းစော်ကိစ္စမှာ အကိုအများကြီး နှုတ်၏ ဆောင်မခြင်း ၊ လက်၏ ဆောင်မခြင်းနဲ့ ကူညီခဲ့ပါတယ်ကွာ။ ဒီလိုကြီး အကို့ကို မဆက်ဆံသင့်ပါဘူး။

လူမော်။ ။ အမ် .. နှုတ်ဆို ရပါပြီ။ ခင်ဗျားက ဘာကို ဘယ်နားက လက်နဲ့ဆောင်မချင်သေးလို့လဲ … ဟင်။ ခင်ဗျားတော့ နာတော့မယ်။ လက်ရှိအနေအထား လျောသွားဖို့က လွယ်လွယ်လေးနော်။ သတိထားနေ။ ကျုပ်သတင်းဖြန့်လိုက်ရင် ခင်ဗျားနာသွားမယ်။ ကိုတော့ကီ .. သူ့ Acc ကို hack ပြီးပြီ မဟုတ်လား။

တော့ကီ။ ။ Hack ပြီးပေါ့ ညီရာ။ ဒီ ငမိုက်သားကို ဒီတိုင်းလွှတ်ထားရင် ငါတို့ပါ ဂျေးထဲ အောင်းသွားနိုင်တယ်။ မီဒီယာက မီဒီယာလို မနေပဲ ယားချင်နေတဲ့ ငမိုက်သား … ကိုဒိုင်းနဲ့ ကိုမိုးထက်လာမှ ပါးချည်း ရိုက်ခိုင်းဦးမယ်။ လောလောဆယ် ကိုပုည အရင်ဗျင်းထားလိုက်ဗျာ။

နေနတ်။ ။ တယ်ရင်းတို့ရယ်။ ဒီလောက်တောင် ငါ့အဖြစ်ဆိုးသွားသလား။ ငါ နှုတ်ထွက်ပါ့မယ်။ ငါနှုတ်ထွက်ပါ့မယ် လဒတွေရဲ့ …။ ဟို ဒီမိုအမည်ခံ လူကြီးတွေလောက် ငါ အရှက်မနဲသေးပါဘူး။ အရှက်နဲ့ လူလုပ်တာပါကွ။ ထိုင်ခုံပေါ် ပေထိုင်ပြီး လူလုပ်နေတာ မဟုတ်ဘူး။ နှုတ်ထွက်ပါ့မယ် .. မသာဒွေရဲ့။

ဂွမ် … ဟန် .. ဟန် .. ဟန်
တတိယအကြိမ် ကတ္တီပါစင်နောက်ကွယ်က ပျံသန်းလာတဲ့ လင်ပန်းနဲ့ နေနတ် ဦးခေါင်း မိတ်ဆက်သွားသံလေးပါ။

ကိုလျှာရှည်။ ။ ဟေ့ကောင် နေနတ်။ မင်းသတင်းကြားလို့ ငါမနည်း အိပ်ရာထဲက ထလာရတယ်။ မင်းလုပ်တာ ကောင်းသလား။ မင်းနှုတ်ထွက်ချင်တိုင်းရမလား။ ဒီလောကမှာ လုပ်ချင်ရာလုပ်ရအောင် မင်းကိုယ်မင်း ဘာကောင်မှတ်နေတုန်း။ လုပ်ချင်လဲ လူလက်မခံရင် မရဘူးကွ။ မလုပ်ချင်လဲ လူလက်ခံနေရင် သစ္စာရှိရတယ်။ လုပ်ချင်တိုင်း လုပ်ရအောင် မင်းကိုယ်မင်း ဘယ်အဖွဲ့က လူကြီးမှတ်နေလို့လဲ။

နေနတ်။ ။ ဗျာ …… အကိုလဲ ပါတယ်။ တေပါဘီဂျာ။ ဘယ်နားမှ မလွတ်ရပါလားဂျာ။ အနော့်ဟာ အနော် မလုပ်ချင်လို့ နှုတ်ထွက်တာလေဂျာ။ ဒါနဲ့ စကားမစပ် .. အကိုက အိပ်ရာထဲက မနည်းထလာရတယ်ဆိုတော့ ဘာလုပ်နေလို့လဲ ဟင့် .. ဟင် … စိတ်ဝင်ချားဒယ်။ ဟီးဟီး

ကိုလျှာရှည်။ ။ ကောင်လေး ရောဂါတော်တော် ကျွမ်းနေပြီ ထင်တယ်။ မိန်းမသာ မြန်မြန်ယူတော့။ ငါတော်တော် နေမကောင်းဖြစ်နေပေမယ့် မင်းသတင်းကြားလို့ ထလိုက်လာရတာ ပြောတာ။ ဘာကြောင့် ဒီသတင်း ဒီလောက်ကြာနေရသလဲ။ အရေးကြီးတယ်ဆိုတာ မသိဘူးလား။

နေနတ်။ ။ အတိုရယ်။ အနော် မမာလို့ပါဂျာ။ ဗဲထီးဆောတီး တောကြီးမြိုင်လည်ပါ။ အနော် ချက်ခြင်းရေးပါ့မယ်နော်။ ချိတ်ချိုးနဲ့။ ပြီးရင် တော့ကီကို အပ်ခဲ့ပါ့မယ်။ နှုတ်ထွက်ခွင့်လေးတော့ ပြုပါ။ ကိုယ့်အပူနဲ့ ကိုယ်မို့ပါ။

ဂွမ် … ဟန် .. ဟန် .. ဟန်
စတုတ္ထအကြိမ်မြောက် ကတ္တီပါစင်နောက်ကွယ်က ပျံသန်းလာတဲ့ လင်ပန်းနဲ့ နေနတ် ဦးခေါင်း မိတ်ဆက်သွားသံလေးပါ။

ကိုဒိုင်း။ ။ နင့်ကြီးတော်တွေ ၊ နင့်ဘကြီးတွေ နှုတ်ထွက်ပြီးမှ မင်းထွက်လို့ရမယ်။ မင်းကွာ … ငါက မရေးနိုင် …. ကိုလျှာရှည်က မမာလို့ မင်းကို လွှဲခဲ့တာကို မင်းက ငါတို့ မျက်နှာမှ မထောက်ထားပဲ … *ငါ့ဟာငါ CNGကား ငါစီး … ရေဝေးရောက်ရောက်* လုပ်နေတာလားကွ။

နေနတ်။ ။ ခင်ဂျာ … အကိုလဲ ပါဒယ်။ ဟာဂျာ … အနော် မမာလို့ပါဂျာ။ အနော် ရေးပါ့မယ်ဂျာ။ ချက်ခြင်း တော့ကီကို တာဝန်လွှဲပေးလိုက်ပါ့မယ်။ အနော် ရယ်စရာလေးတွေ ရေးပေးမယ်လေ။ တော့ကီကို ဆော်စာလွှဲပေးလိုက်မယ်။ နော် .. ကို .. နော်။ ဘာပြောပြော … ကိုယ့်ဟာကိုယ် တခြားနည်းနဲ့ သေပါရစေဂျာ။ CNGယာဉ်တော့ မစီးပါရစေနဲ့။ ပုံတွေ fwd မေးလ်ကနေ ရောက်ရောက်လာတာ နှလုံးတုန် ၊ ရင်တုန်လွန်းလို့ပါ။

ကိုဒိုင်း။ ။ အေး … မြန်မြန်လုပ်။ အခြေအနေတွေ သိတယ်မဟုတ်လား။ လောလောဆယ် ကရင်စခန်း တခု ကျသွားပြီ။ နအဖက ၂၀၁၀ မတိုင်ခင် အသေအကျေ ထိုးနှက်တော့မှာ။ သူတို့လက်ရှိ အခြေအနေကို ထိမ်းနိုင်ဖို့ အသည်းအသန် ကြိုးစားမှာပဲ။ လူများပြီး ပွဲမစည်ရင် ဘာလုပ်မလဲ။ ဒီမိုတွေ ကျနေတဲ့ နိုင်ငံရေး ဂုဏ်သိက္ခာအတွက် မကောင်းကျင့်သူတွေကို ရှင်းပစ်ရမယ်။ မဟုတ်ရင် ပြည်သူတွေရဲ့ ယုံကြည်မှုကို ဘယ်လို ပြန်ရနိုင်မလဲ။ ပြည်သူမှ မပါတော့ရင် နင့်အဘတွေက ဘယ်ကဘာရမှာလဲ။ ဘယ်ကအားကိုယူပြီး ဘာဆက်လုပ်မလဲ။ အဖွဲ့တွေ ဆက်ရှိသွားသလို SPDC လဲ ဆက်ရှိသွားမှာပဲ။

နေနတ်။ ။ ဟတ်ကဲ့ပါဂျာ။ အနော်ဒါတွေ တိပါဒယ်။ ခင်ဂျားကလေ … လူဂျီးဆိုပီး သိပ်ဆရာလုပ်တာဘဲ။

ကိုဒိုင်း။ ။ သိရဲ့သားနဲ့ နင့်ကလွှားမို့ Blogက လည်ပတ်မနေတာလား။ ခုချက်ခြင်းပြန်လည် … ငါ့မှာ အဝီစိ အရက်အိုးထဲကနေ မင်းသတင်းကြားလို့ မနည်းထွက်လာရတာ။ ငရဲစောင့်တွေကလဲ မြန်မာပြည်ကို ဒီတိုင်း ဆက်လွှတ်ထားရင် ငရဲက နေရာမဆန့်တော့မှာစိုးလို့ ငါ့ကို ခဏလွှတ်ပေးလိုက်တာ။ မြန်မြန်ပြီးအောင်လုပ်။

နေနတ်။ ။ ဟတ်ကဲ့ပါဂျာ။ အတိုဂျီးရယ် .. အနော်မမာရို့ပါဂျာ။

ဂွမ် .. ဟန် .. ဟန် .. ဟန် ..
ပဉ္စမမြောက်အကြိမ် ကတ္တီပါစင်နောက်ကွယ်က ပျံသန်းလာတဲ့ လင်ပန်းနဲ့ နေနတ် ဦးခေါင်း မိတ်ဆက်သွားသံလေးပါ။

ဆရာမ ပုတုကွေး။ ။ နင့်ဂျီးတော်ကြီး မမာပါ့လား။ အဟွတ် .. အဟတ် … မမက ဆရာဝန် တယောက်ပါကွယ်။ ဒီအကောင်ကို အရူးထောင်ပို့စစ်ဖို့ကလွဲရင် ကျန်တာကတော့ အမေရိကားမှာ medical check up သွားလုပ်တောင် ဘယ်နားကမှ မမာဘူးဆိုတာ တွေ့ဖို့ အကြောင်းမရှိပါ။

နေနတ်။ ။ ဟာဂျာ …. ချာမလဲ ပါလားဂျာ။ တေပါဘီဂျာ။ အနော့်ရောဂါက နောက်ဆုံးပေါ်ဂျ။ ဘယ်နားမှ စစ်လို့ မရသေးဘူး။ Mars က aliens တွေ လာစစ်ရင်တောင် ပေါ်ချင်မှ ပေါ်မှာ။ ချာမရယ် … ချာမ .. တားဆီမှာ လုပ်ခိုင်းတဲ့ ကိစ္စတွေ တားကူညီပေးဖူးတယ်ရေ။ မေ့တွားပလား။ နားလည်ပါ .. နားလည်ပါ …. အနော့်ရောဂါ။ အယ့် … ဟယ်။ အယ့် … ဟယ်။

ဆရာမ ပုတုကွေး။ ။ ရတယ်လေ။ ငါ SSC ပို့ပေးလိုက်မယ်။ သွားမလား။

နေနတ်။ ။ ချာမရယ်။ အနော်က နိုင်ငံချားမှာ နေတာ ကြာပီဂျ။ မြန်မာပြည်မှာ နေခဲ့တုန်းကလောက် immune system မကောင်းတော့ဘူး။ မြန်မာပြည်က ဆေးရုံတိုင်းလိုလို ပစ္စည်းတွေကို ကောင်းကောင်း maintenance မလုပ်နိုင်လို့ infected ဖြစ်နေတယ် ကြားဒယ်။ အဲတော့ ပို့ပါနဲ့ဂျာ။ ရှိကြီးခိုးပါရဲ့။ SSC ဆို nurses မလေးတွေကလဲ ချောတယ် မဟုတ်လား။ တော်ကြာ infected ဖြစ်လို့ သေရဦးမယ့်အပြင် ချစ်သူကပါ A ကိုက် ( AIDSဖြစ်ပြီး ) သေတယ်လို့ အထင်လွဲတာ ခံရနေပါဦးမယ်ဂျာ။ နေပါနော်။ ချာမနော် .. ချာမက သိပ်သဘောကောင်း … ဟတ်တယ်ဟတ်။ ဟီးဟီး

ဂွမ် .. ဟန် .. ဟန် .. ဟန်
ဘယ်နှကြိမ်မြောက်လဲကို မသိတော့ပါဗျာ။ အကြိမ် ၂၀လောက်တော့ မဖြစ်လောက်သေးပါဘူး။ ဖြစ်များဖြစ်ရင် လူ၂၀ လောက်ပဲ ကျန်မယ် ထင်တယ်။ အဲလေ .. လူလဲ အချက် ၂၀ လောက်တော့ ချုပ်ရမယ်ထင်တယ်။

NZ။ ။ ဟတ်လူကြီး … သူသဘောကောင်းလဲ ကျုပ်တို့ကတော့ မကောင်းနိုင်ဘူးနော်ဗျ။ ဘယ့်နှယ့်ဗျာ။ နေနတ်နွယ်နဲ့ တော့ကီ nick နှစ်ခုယှဉ်ရင် ခင်ဗျားကိုပဲ လူပိုသိတာ။ ခင်ဗျားက နာမည်မခံပဲ ထွက်သွားမယ်ဆိုတာ အားလုံးကို သစ္စာဖောက်ဖို့ ကြိုးစားနေတာလား။

နေနတ်။ ။ အမ် .. ညီလေးလဲ ပါဒယ်။ အမလေးဗျာ .. လူကလဲ ကုန်ကို ကုန်နိုင်တော့ဘူး။ ပြောညီလေး။ စိတ်ကြိုက်သာပြော။

NZ။ ။ ခင်ဗျားက ဒီBlog မှာ ဦးဆောင်နေပြီး နာမည်ပဲ ခံမယ် … ဘာမှ မလုပ်ဖူးဆိုတော့ ဟို မလေး NLD က လူငယ်တွေ ပြောတဲ့ ဘာလမ်းစဉ်မှ မချပြနိုင်ပဲ ဖွန်ကျောင်းနေတယ်ဆိုတဲ့ လူကြီးနဲ့ တူဘူးလား။ ဒါမျိုးဆိုရင်တော့ ဒိုးဗျို့။ ကျုပ်သာဆို စာတောင် တင်မနေဘူး။ တခါထဲ သတ်ပစ်မှာ။ အဲတော့ ခင်ဗျား ဆက်လုပ်ရင်လုပ် .. မလုပ်ရင် ခင်ဗျားကိစ္စတွေကို ကိုတော့ကီ hack ထားပြီးပြီ။ မလုပ်ရင် ဖွပစ်မယ်။ စဉ်းစားနော်။ အေးဆေး အခြေအနေမပျက် ပြီးချင်လား။ Case ပေါင်းများစွာနဲ့ အရှက်ကွဲပြီး လစ်ချင်လား။ ခင်ဗျားတင် မဟုတ်ဘူး။ အကုန်နာမည်ပျက်မှာ။ အမှားနဲ့ အမှန် ဆင်ခြင်စမ်းပါဗျ။ လူကြီးပီပီ ဆုံးဖြတ်စမ်းပါ။ ပြောပြန်ရင်လဲ ကလေးတွေ လွန်ရာကျမယ်။

နေနတ်။ ။ အယ့်ဟယ် .. အယ့်ဟယ်။ ငါပဲ မှားတာပဲကွယ်။ ငါပဲ မှားတာပါ။ အဖွဲ့ ပိုက်ဆံနဲ့ ဖွန်ကြောင်တယ်ရယ်လို့ ပြောရအောင် ငါလဲ ဘယ်အဖွဲ့မှာမှ မပါရပါဘူးကွယ်။ ငါ့ဟာငါ အငတ်ခံပြီး ငါ့ချစ်သူဆီ ဖုန်းဆက်တာပါ။ အခွေထုတ်ပြီး ဘုံးတယ် ပြောရအောင်လဲ အခွေဆို အိမ်သာထဲပဲ ငါထုတ်ခဲ့မိဘူးပါတယ်။ ဘယ်နားကမှလဲ လမ်းစဉ်ချပြစရာ မလိုပါဘူးကွယ်။ ငါတို့က IDEA သမားတွေပါ။ လိုတယ်ထင်တာ ယူသွား … အားနာစရာ မလိုဘူး။ ဆရာလဲ တင်ဖို့ မလိုဘူး။ ဘယ်နေရာမှလဲ မလိုချင်မိ ရပါလားကွယ်။ မင်းပြောမှ ငါ့မှာ တော်လှန်ရေး သစ္စာဖောက် လူယုတ်မာကြီးကို ဖြစ်လို့။ ဆားနဲ့ပဲ စားပါရစေကွယ်။ သမိုင်းမှာ နာမည်ဆိုးတွင်ကျန်ခံပြီး ထမင်းတလုတ်နဲ့ မိန်းမဂှုပ်ဖို့တော့ မလုပ်ပါရစေနဲ့။ ပြောချက်က ရင်နင့်စရာ ….. ငါကိုက စပ်ဆော့မိတာ။ ငါ့အပြစ် .. ငါ့အပြစ်။

ဂွမ် .. ဟန် .. ဟန် .. ဟန်
ဘယ်လောက်လဲ မမှတ်မိတော့ဘူးဗျာ။ အခါ ၃၀လောက်ဆိုရင်တော့ မြန်မာပြည် ပြာပုံထဲတိုးတယ်ပြောတာနဲ့ မလုံလောက်တော့ဘူး။ မီးသွေးပုံထဲ တိုးတယ်ပြောမှ ရတော့မယ်ထင်တယ်။ အဲလေ … မျက်နှာကို အမိမြန်မာပြည်ကို ပြလို့ရတော့မှာ မဟုတ်ဘူး။ တတောင် မရှိတဲ့ မျက်နှာက တတောင်ထက်တောင် ပိုကွဲနေလောက်ပြီလေ။

လေးမေ။ ။ ဟဲ့ မသာကောင် … အခုမှ လာငိုပြမေနနဲ့။ အလကားနေ သူ့ Blog ငါ့ဆီ လာထိုးအပ်နေသေးတယ်။ ဖင်မနိုင်ရင် ပဲဟင်းမစားပါနဲ့လား။ ခုတော့ ဟိုလူ့လိုက်ဂှုပ် ၊ ဒီလူ့ လိုက်ဂှုပ်နဲ့။ ဗဟိုက ဘာပြောလဲ ခုထိ သတင်းမရောက်သေးဘူး ကြားတယ်။ ဒီလောက်ထိ သတင်းမရောက်နိုင်ရင် တခုခုပဲ။ နင်မရှိလို့ ဖြစ်မလား။ အစထဲက ငါတို့တွယ်မှာကို နင်တားခဲ့တာလေ။ အပေါ်ပိုင်းက လူကြီးတွေကို လေးစားသော အားဖြင့် မျက်နှာထောက်ပါဆို။ အထဲက လူတွေကို အားနာပါဆို။ အေး … ဒီတခေါက် ဗဟိုကပါ ဘာမျက်နှာမှ မထောက်ရင် ငါတို့လဲ ဘာမျက်နှာမှ မထောက်ဘူး။ open fire ပဲ။ ငါတို့လက်နဲ့ လွတ်နေတာလဲ နင်တားခဲ့တဲ့ ဒီတဖွဲ့ပဲ ကျန်တော့တယ် မဟုတ်လား။ အရင်က နင်တားတယ်။ အခု နင်ကိုယ်တိုင် လုပ်ရမဲ့ အချိန်ပဲ။ ကိုဒိုင်းနဲ့ ကိုလျှာရှည် မရှိဘူး။ ငတော့ကီက ဆော်တာကလွဲရင် နင့်လောက် စာရေးမကျွမ်းကျင်ဘူး။ ငါကလဲ နင်သိတဲ့ အတိုင်းပဲ။ ကိုပုည မအား။ လူမော် မအား။ NZ လဲ မအား။ အဲတော့ ကိုယ်တိုင်လုပ်စရာ ရှိတာကိုလုပ်။ မဟုတ်ရင် နင့်စော်ကို ငါသွားညှောင့်မှာနော်။ ဟွင်း … ဟွင်း … နာသွားမယ်။

နေနတ်။ ။ ၀က်လေး .. အဲ လေးမေ .. မတာမ .. သူ့ဘဲနဲ့ ရန်ဖြစ်တုန်းက ကူနှစ်သိမ့်ပေးခဲ့တာလေးမှ မထောက် … ခုတော့ ငါ့ကို ဒီလို ပြောပြီပေါ့လေ။ ရဒယ်။ ရဒယ်။ ဒီလောက်ပြောနေမှတော့ လုပ်မယ်ကွာ။ ဟုတ်ပြီလား။ မမာလဲ မမာပဲပေါ့။ သေတော့လဲ သေတယ်မှတ်ပေါ့။ ဒီလောက်တောင် မမာတဲ့ ငါ .. သေတာပဲ အေးတယ်။ လုပ်မယ်။ စိတ်ချ။

ကိုလျှာရှည်။ ။ ငါ မမာဖို့လဲ ထားပါဦးကွာ။ မင်း သေချာလဲ ဂရုတစိုက်ရေးဦးနော်။ အထိအခိုက်တွေ မများစေနဲ့။ အထူးသဖြင့် ဆိုင်ရာလူကလွဲရင် မထိခိုက်အောင် ဂရုစိုက်ဦး။

နေနတ်။ ။ စိတ်ချ။ ဗဟိုဆို ဗဟို .. မလေးဆို မလေး .. LA ဆို LA ပဲ ရေးမှာ ကျန်တာ မထိစေရဘူး။ ကျနော် နားလည်ပါတယ်။ လူထု ခေါင်းဆောင်တွေ မထိခိုက်စေရပါဘူး။ သူတို့ဟာ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေပါ။ အဲ .. သူတို့ကို လေးစားတာနဲ့ တောလှန်ရေးကို သစ္စာစောင့်တာနဲ့ကို ကျနော် ကောင်းကောင်းနားလည်ပါတယ်။

ဂွမ် .. ဟန် .. ဟန် … ဟန် ..
ဒါတော့ နောက်ဆုံး အကြိမ် ဖြစ်လောက်ပါတယ်။ မဟုတ်ရင်လဲ မြန်မာပြည် nuclear ဓာတ်ပေါင်းဖို ကွဲတာကမှ တော်ဦးမယ်။ အော် .. ဒီလက်ကလဲ ဘယ်လိုမှ တည့်တည့် ရေးမရဘူး။ တကိုယ်လုံး ပေါက်ကွဲထွက်သွားတာကမှ တော်ဦးမယ်။ ရစရာကို မရှိတော့ဘူး။

ဂေါက်သိုင်းဆရာ။ ။ ဟိတ်ကောင် .. ငါပြောတယ် မဟုတ်လား။ မကောင်းတဲ့ လူကို နှိမ်နင်းရမယ်။ ကောင်းတဲ့လူတွေကို တတ်နိုင်သမျှ စုစည်းရမယ်လို့လေ။ အုတ်ရောရော ၊ ကျောက်ရောရောနဲ့ မြန်မာပြည်မှာ အုတ်သဲကျောက်ဆိုင် ဖွင့်တယ်များ ထင်နေသလား။ လုပ်စရာ ရှိတာလုပ်။ မဟုတ်ရင် နောင် ငါနဲ့ ညီအကို လို့ မပြောနဲ့။ ငါ့ ဂေါက်သိုင်း သိက္ခာကျတယ်။

နေနတ်။ ။ ဘာပြောနေလို့လဲဗျာ။ လမ်းစဉ် နှစ်ခုလုံးဟာ ညီညွတ်မျှတစွာ ပေါင်းစပ်နိုင်ဖို့ လိုတယ်ဆိုတာ ကျနော်သိပါတယ်။ မလုပ်ဖူးပြောနေလို့လား။ အတွင်းအပြင် နားလည်မှု လွဲနေတာတွေ ရင်ကြားစေ့ပေးရမယ်။ ဒီမို မကောင်းကျင့်သူတွေကို ရှင်းပစ်သော အားဖြင့် ပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်ယူရမယ်။ ဒီထဲမှာမှ ကောင်းတဲ့လူတွေကို စုယူရမယ်။ လူမှန်တွေ ၊ လူတော်တွေ ၊ တက်ကြွတဲ့လူငယ်တွေ လက်တွဲပြီး တိုက်ပွဲကို ဆက်ရမယ်ဆိုတာ နားလည်တယ်။ မလေးက NLD လူငယ်တွေ လုပ်တဲ့ အလုပ်ဟာ ရဲရင့်ပြီး ဒီမို အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တာမို့ လုံးဝလဲ လက်ခံတယ်။ ဒီလိုတောင်းဆိုတာကို ဗဟိုက တခုခု ကျေနပ်အောင် လုပ်ပေးဖို့ လိုတယ်ဆိုတာကိုလဲ သိတယ်။ မလုပ်ပေးဘူးဆိုရင် အဖွဲ့ဝင် လူငယ်တွေကို သောက်ဂရုမစိုက်ဘူးလို့ ပေါ်တင်ပြောတာနဲ့ တူတယ်ဆိုတာလဲ သိတယ်။ တခြား လူငယ်တွေလဲ နေရာအနှံ့မှာ ပြန့်ကျဲပြီး မကောင်းကျင့်သူတွေကို နှိမ်နင်းဖို့ ၊ ဖယ်ရှားဖို့ ကြိုးစားနေကြပြီဆိုတာကိုလဲ သိတယ်။ အားလုံး သိတယ်။ ရေးမယ်။ ဟုတ်ပြီလား။

ဂေါက်သိုင်းဆရာ။ ။ အေး .. အဲလောက် သိနေတာကို ဘာကြောင့် ခုထိ မရေးတာလဲ … ဟမ်။ နင့်အဘ အချိန်တွေက အလကားရနေတယ် ထင်နေသလား။

နေနတ်။ ။ ဟတ်ဖူးလေဗျာ။ သတင်းရအောင် စောင့်ရသေးတယ်လေဗျာ။ မဟုတ်ရင် ဟိုကဘာတုံ့ပြန်မှန်း မသိပဲ ဘာရေးရမှာလဲ။ ဒီကြားထဲ နေမကောင်းပါဘူးဆိုမှ … ဇွပ် .. အဲလေ .. ဇွတ် …

ဂေါက်သိုင်းဆရာ။ ။ မြန်မြန်လုပ် … မဟုတ်ရင် မင်းကောင်မလေးကို ငါ လျှောက်ချွန်မှာနော်။ မင်းနဲ့ငါ တခွက်ချန် ထုံးစံထားတာကနေ အွန်လိုင်းပေါ်မှာ cheer လုပ်တာ … ရှော့တိုက်တာက အစပြောပစ်မှာ။ အဲဒီမှာက ငါ့လူတွေလဲ များတယ် မဟုတ်လား။ ဘေးတီးပေးလိုက်မယ်။ ဟွင်းဟွင်း … မြန်မြန်လုပ်။

နေနတ်။ ။ ဟာဂျာ .. ခင်ဂျားတို့ကလဲ လွန်လာပြီဂျာ။ လုပ်မယ်ပြောလဲ မလွတ်ဘူး။ မလုပ်ဘူးပြောလဲ မလွတ်ဘူး။ တော်ပြီ … အငဲ သီချင်းထဲက အတိုင်းပဲ လုပ်တော့မယ်။

တိုက်ပွဲများနဲ့ သူရယ်ကိုယ် ဆုံတွေ့တဲ့ခဏ
တိုက်ပွဲများထဲ အချစ်ကိုတွေ့ရှိခဲ့ကြ
လောကကြီးနဲ့ အဆက်ဖြတ်ခါ လေဟာနယ်ထဲ
မိုးသားများအဖြစ် ဒို့နှစ်ဦး မျောလွင့်သွားကြ

Cho: ( နှလုံးသားထဲ ထိန်းချုပ်မရ .. ပြေးထွက်မရ အချစ်ရဲ့ စွမ်းအား
ထူးဆန်းတဲ့ တန်ခိုးများက ဒို့ကို … ခေါ်ဆောင်သွားကြ
တိမ်လိုလွင့်မျောလိုက် … တိမ်လိုလွင့်မျောလိုက်
စေလိုရာလွင့်ခဲ့ အချစ်ရဲ့ လေညှင်းထဲ
မင်းနဲ့ဒို့ ဆုံးဖြတ်ခဲ့တိုင်း ……
နူးညံ့တဲ့ မင်းအမိန့်တော် အတိုင်း
တိမ်လို နိမ့်ဆင်းလိုက် … တိမ်လို မြင့်သွားလိုက်
နာကျင်မဲ့ ငရဲလား .. ကောင်းကင်ဘုံလေးလား
တို့နှစ်ယောက်အတူတူ ရွက်လွှင့်တိုင်း
နူးညံ့တဲ့ မင်းအမိန့်တော် အတိုင်း )

ထောင်နှုတ်ခမ်းဝ နင်းရင်း …
ရင်ခုန်တဲ့ သီချင်း
လောကကြီးရဲ့ ဆွဲအားတွေ ငြင်းပယ်ရင်း
လမင်းလေးရဲ့ အလင်းမှာ ခိုလှုံရင်း
အိပ်မက်လား တကယ်လား ရောထွေးသွားခြင်း
Cho:
( ပြေးထွက်မရ အချစ်ရဲ့ ဆွဲအား )၃
Cho:

သီချင်းလဲ ဆုံးရော။ ဘာပြောကောင်းမလဲ ပရိသတ်ရေ … နေနတ်ကို ၀ိုင်းသတ်ကြပါလေရောလားဗျာ။ ဟီဟိ။ တော်သေးတယ်။ အိပ်မက်ထဲမှာမို့။ အပြင်မှာဆို တကယ်ကို မြန်မာပြည်ကြီး အနှစ်၂၀ ပြည့်သွားသလို စုတ်ပြတ်သွားလောက်တယ်။ … ဟူးးးးးးးးးးးးးးးးးးးးးး ……

PS: တကယ်ဖြစ်နေတဲ့ ပြဿနာတွေပါ။ ရဲရင့်တက်ကြွတဲ့ လူငယ်တွေဖက်က ရပ်တည်မလား … ဒီမိုအာဏာရှင်တွေဖက်က ရပ်တည် မလားဆိုတာကတော့ စာဖတ်သူတို့ရဲ့ ဆုံးဖြတ်ချက် အတိုင်းပါဗျာ။ ဒီသတင်းဟာ အရေးကြီးသလို ပြည်သူတွေရဲ့ ထောက်ခံမှုဟာ တက်ကြွစွာ စွန့်စားနေတဲ့ လူငယ်တွေအတွက် အလွန်အရေးပါလို့ နီးစပ်ရာလက်တို့ပြီး သတင်းဖြန့်ချီကာ ကိုယ့်တတ်နိုင်တဲ့ အပိုင်းက ကူညီကြဖို့မေတ္တာရပ်ခံလိုပါတယ် ခင်ဗျာ။

You received this email because you are subscribed to the real_time feed for http://www.naynatnwe.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.