Tuesday, November 11, 2008

[DeGoLar] 2 New Entries: ♠ No Pork!!!

♠ No Pork!!!

ပြီးခဲ့တဲ့ပို့စ်တွေမှာ တင်ထားတဲ့ ကော်မန့်အကြွေးတွေကို ဇိမ်လေးနဲ့ ပြန်မလို့လုပ်တုန်း ဒီဟာကြီး ကြည့်လိုက်မိတော့ အားကုန်သွားတယ်ဗျာ၊ ရီလိုက်ရတာ မျက်ရည်တောင် ပန်းထွက်တယ်။

ချင်ကာပူကမိတ်ဆွေများ ကြည့်ပြီးသားဖြစ်နိုင်တယ်၊ ကျနော်ကတော့ ဒီနေ့မှကြည့်ဖူးတာဗျ။ ဝက်သား မစားတဲ့ မူစလင်တွေကို ရီတာမဟုတ်ပါဘူး၊ အဲဒီထဲက စကားအသွားအလာနဲ့ လေယူလေသိမ်းတွေက ကျနော့်လို အလိုလိုနေရင်း ရီချင်နေတဲ့လူအတွက် အားသစ်အင်သစ်တွေ ဖြည့်စွမ်းပေးနိုင်တဲ့ အားဆေးတစ်ခွက်ပါပဲ (တယ်စာတဲ့ဆိုပဲကွ)။

အမှန်တိုင်းပြောရရင် ကျနော်စိတ်လွတ်လက်လွတ် မရီဖြစ်တာ အတော်ကြာသွားပြီ၊ အလုပ်ကပေးတဲ့ ဖိအားတွေကြောင့်ချည်း တော့လည်း မဟုတ်ပါဘူး၊ အသက်ကြီးသွားတာကြောင့် ပိုဖြစ်နိုင်တယ်။ ဒါတောင် အိမ်ထောင်မကျသေးလို့၊ အလုပ်တစ်ဖက်၊ မိန်းမနဲ့ ခလေးတစ်ဖက်၊ မိဘတွေ မောင်နှမတွေက တစ်ဖက်နဲ့ ဖြစ်လာတဲ့ တနေ့ကျရင် ဘယ်လို နေမလဲမသိဘူး။ ဒါကြောင့် အပေါ်က ရီစရာမျိုး ကြည့်မိတဲ့အခါ သူများကိုလည်း ကျနော့်နည်းတူ ရီစေချင်တယ်၊ ရီပါ၊ ရီကြပါ၊ အားရပါးရ ရီပစ်ပါ၊ မရီရင်စိတ်ဆိုးမှာပါ၊ တောင်းပန်ပါတယ်၊ ရီပါ။

မထူးပါဘူး၊ ရီစရာပို့စ်ဖြစ်သွားအောင် ရီစရာပုံလေးတွေ ထပ်တင်လိုက်မယ်။ အဟောင်းတကာ့ အဟောင်းပါ၊ အပေါ်က ဝက်သားဟာသကတော့ သုံးလေးခါလောက် ကြည့်ပြီးတဲ့အထိ ရီရတယ်၊ ဒီထက်ပိုကြည့်ရင် သိပ်မရီရတော့ဘူး။ ဒါပေမဲ့ အောက်က မီနူးတွေကတော့ ကျနော် လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်းက အခုထိ ဘယ်နှခါကြည့်ကြည့် ခွက်ထိုးခွက်လန် ရီနေရတုန်းပဲ။ အဲ၊ တရုတ်လို ဖတ်တတ်ရင် ပိုရီရမယ်ဗျ။ ဒီဆိုင်သာ ချင်ကာပူမှာ လာဖွင့်ရင် အမြဲသွားအားပေးမှာ၊ ရီရတာနဲ့တင် တန်နေပြီ။


1 , 2 , 3 , 4 , 5 , 6

♥ Malay Day

အခု အိမ်အောက်မှာ မလေးမင်္ဂလာဆောင်အတွက် ပြင်ဆင်နေကြတယ်၊ မီးဖိုနားက လူတွေကို ခွင့်တောင်းပြီး ဓာတ်ပုံရိုက်ဖြစ်တယ်၊ ထရိုင်ပေါ့ကိုင်ပြီး သေးသေးမွှားမွှားတွေ လျှောက်ရိုက်ဖို့ Sigma ပြောင်းကိုလည်း ဘောင်းဘီအိတ်ထဲ ထည့်ထားတယ်၊ ကင်မရာမှာတော့ prime 50mm f/1.8 တပ်ထားပြီး ကင်မရာအိတ် မလွယ်တော့ဘူး။ မလေး အပြင်အဆင်တွေ ရိုက်ပြီး အနီးအနား လိုက်ကြည့်တော့ ရိုက်စရာဆိုလို့ မလေးချာတိတ် နှစ်ယောက်ပဲ တွေ့တာနဲ့ ချော့မော့ ခြောက်လှန့်ပြီး ရိုက်ခဲ့တယ်၊ မောင်နှမနှစ်ယောက်ပါ၊ အကြီးမက မိန်းခလေးပီပီ ကင်မရာမြင်ရင် အိုက်တင် အလိုလို ထုတ်ပေးတတ်တယ်၊ သင်စရာတောင် မလိုဘူး။ အငယ်ကောင်ကတော့ ပုံတိုင်း မျက်နှာအမူအယာက တမျိုးတည်းပဲ၊ မရီတတ်ဘူးဗျ။

တမင် overexposed ဖြစ်အောင် ရိုက်တာပါ၊ အစမ်းသဘောပေါ့။

ဒါကတော့ ရိုက်စရာအသေးအမွှားတွေ မတွေ့တဲ့အတွက် မသုံးဖြစ်လိုက်တဲ့ ထရိုင်ပေါ့ကို အားနာနာနဲ့ အနားက မိုနိုပေါ့ပေါ် ခဏတဖြုတ် ချော့သိပ်ထားတာ၊ ဗြဲ။ (ကျနော်ကတော့ dipod ဖြစ်မှာပေါ့နော်)

(ကော်မန့်ထဲမှ ဖြည့်စွက်ချက်)

မေးခွန်း.. (၅ မှတ်စီ)

၁၊ Sin Dan Lar : အငယ်ကလေးလေးပုံက တော်တော်ချစ်စရာကောင်းတယ်၊ မေးစေ့နဲ့ ပါးစပ် တဝိုက်မှာ ချွေးတွေလားမသိဘူး.. ကစားထားတယ်ထင်ပ.. အင်း tetra pod လာလေဦးမလား နောက်ပို့စ်တွင်မျှော်။

၂၊ လူသစ် : စလုံးငွေ ၁၀၀၀အောက်၊ ဆီမီးပရှော်ဖက်ရှင်နယ်၊ မှန်ဘီလူး ထပ်ထည့်လို့ရတဲ့ ကင်မရာ တခုခုကို အမြန်ညွန်းပါရန်။

ဖြေဆိုချက်...

၁၊ တံတွေးတွေဖြစ်မယ်ဗျ၊ အဲဒါကို သေချာမမေးမိဘူး၊ "ဟေ့ကောင်လေး၊ ချွေးလား တံတွေးလား မှန်မှန်ပြော" လို့ စစ်မေးခဲ့ရမှာ။ tetra pod က လွယ်ပါတယ်ဗျ၊ နွားတစ်ကောင်လောက်ဖမ်းချုပ်ပြီး ကင်မရာပူးချည်ပေးရုံပဲ၊ penta pod ကမှ ခက်သွားတာ၊ <ဆင်ဆာ> horny </ဆင်ဆာ> ဖြစ်နေတဲ့ မြင်းထီးကို လိုက်ရှာရမှာလေ။

၂၊ နီကွန်နစ်ဆိုတော့ နီကွန်ပဲညွှန်းမယ်ဗျာ၊ ကလူသစ် ဘတ်ဂျက်အတွင်းမှာ Nikon D60 ကျရောက် နေပါတယ်၊ ပြေးဝယ်လိုက်ပါ။ သမီးပုံတွေ အများကြီးရိုက်တင်ပါ။ ဒီမှာ ကင်မရာ spec တွေ ဖတ်နိုင်ပါတယ်။ ebay မှာ တစ်စုံလုံး ထုတ်ရောင်းသူ ရှိနေပါတယ်။
--
新加坡組屋之間都會有所謂的公共空間,不論是華人的喪事或馬來人的喜事,都會在這些空間舉辦,剛開始覺得蠻奇怪的,不過久而久之也見怪不怪了。樓下的公共空間今天在籌備鄰居一對馬來新人的喜宴,喜氣洋洋的陳設還真吸引人。上樓拿相機再走下去問他們可不可以拍個幾張,對方很爽快的答應了。我拍了好幾張才離開現場。

然後在周圍看一看有沒有小東西可以讓我練習微距,但沒看到適合的東西,只看到兩個馬來小孩在那玩耍。反正相機在手上,也就半恐嚇半誘騙的方式要求他們對著鏡頭擺 pose,姐姐很配合,弟弟就一副傻呆呆的模樣。總之,兩個都天真可愛,放兩張他們的照片上來囉。這兩天新加坡天氣不是一般的熱!呼~

忘了說,最後那張是三腳架熟睡在單腳架上的模樣。相機是在一個雙腳架上(就是我啦),哈哈~

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.