Tuesday, November 11, 2008

[:: My Little World ::] 1 New Entry: Free DNS Servers

Free DNS Servers

ပြီးခဲ့တဲ့ အားလပ်ရက်က DNS service အကြောင်း နည်းနည်း လိုက်ဖတ်ဖြစ်တယ်။ Free သုံးလို့ ရတဲ့ DNS Server IP Address တချို့ ကို လိုအပ်တဲ့အခါမှာ အသုံးပြုနိုင်ရန်အတွက် မှတ်သားဖြစ်ခဲ့ပါတယ်။

ကိုယ်အသုံးပြုတဲ့ DNS Server down နေလို့  ဘာမှ လုပ်မရ၊ အဆင်မပြေ ဖြစ်တာတွေ ကြုံဖူးလိမ့်တယ်။ အဲဒီလို အခြေအနေမျိုးတွေ ကြုံလာရင် အောက်မှာ ဖော်ပြထားတဲ့ DNS Server IP တွေကို အလွယ်တကူ အသုံးပြုပြီး ဖြေရှင်းလို့ ရတယ်။ နောက်ပြီး ကိုယ် လက်ရှိ အသုံးပြုနေတဲ့ Service Provider ရဲ့ DNS ကို အသုံးမပြုလိုတဲ့ အခါများမှာ၊ အဲဒီဆိုဒ်တွေက စကားလုံးတွေကို အသုံးပြုပြီး ပြောရမယ် ဆိုရင် ပိုပြီး စိတ်ချ၊ ယုံကြည်၊ တည်ငြိမ်၊ မြန်ဆန်တဲ့ အင်တာနက်ကို အသုံးပြုချင်တဲ့ အခါတွေမှာ သူတို့ ရဲ့ DNS Services တွေကို ကိုယ့်ရဲ့ ကွန်ပြူတာ၊ Router မှာ configure လုပ်ပြီး အသုံးပြုချင်တယ်ဆို သုံးလို့ ရပါတယ်။


Free DNS Servers from DNSAdvantage
156.154.70.1 (Virginia)
156.154.71.1 (Virginia)

Free DNS Servers from OpenDNS
208.67.222.222 (New York)
208.67.220.220 (San Fancisco)
208.67.222.220 (New York)
208.67.220.222 (San Fancisco)

အဆိုပါ DNS Servers တွေဟာ Anycast technology ကို အသုံးပြုထားပြီး နေရာ အနှံ့ အပြားမှာ ဖြန့် ထိုင်ထားတဲ့ အတွက် response time နဲ့  availability အရမ်းကောင်းပါတယ်။ DNS Advantage ဟာ UltraDNS မှ ပေးတဲ့ Free Service တစ်ခုဖြစ်ပြီး UltraDNS ဟာ Amazon, Oracle, Juniper,... စတဲ့ နာမည်ကြီး ကုမ္ပဏီတွေ လက်ရှိ သုံးစွဲနေတဲ့ Managed DNS Service ဖြစ်ပါတယ်။ OpenDNS ကိုလည်း သုံးစွဲသူတွေ အတော်များများ ရှိကြောင်းလည်း တွေ့ ရတယ်။ OpenDNS မှာ Free Account ဖွင့်သုံးမယ်ဆိုရင် Content Filtering လုပ်တဲ့ service ကို အသုံးပြုနိုင်ပါတယ်။

DNS ဘယ်လို ပြောင်းရမလဲ သိချင်တယ် ဆိုရင် ဒီအောက်မှာပေးထားတဲ့ လင့်တွေကို ကြည့်ပါ။
How to change DNS
in your Computer
in your Router
in your DNS Server
Video Tutorial

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.