Tuesday, November 11, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 3 New Entries: ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,11th,2008

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,11th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )ရေပိုင်နက်ကိစ္စ တင်းမာမှုကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေ

( 2 )Obama energizes Burma's ethnic minorities

( 3 )စီးပွားရေး- ဆန်ပြည်ပပို့ခွင့်ရသောလည်း အလုပ်မဖြစ်

( 4 )Burma vote illegitimate unless Suu Kyi freed

( 5 )ဘလော့ဂါ နေဘုန်းလတ် ထောင် နှစ် ၂၀ ချမှတ်ခံရ

( 6 )Disputed drilling rig sparks tension

( 7 )Troops on alert after Myanmar exits disputed sea patch

( 8 )မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှု ၂ဖက်စလုံးကမလျှော့

( 9 )Bangla troops on alert as Myanmar exits disputed bay

( 10 )Bush names special aide for Myanmar

သင့်သွေးဖြင့်အသက်ကယ်ပါ

သို့

စေတနာရှင်လူငယ်များ
Yangon(Online)

               ကျွန်ုပ်တို့ သည် အမျိုးသားသွေးလှူဘဏ်(ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင်ဇီဝိတဒါနသွေးလှူဒါန်းအမှူပြုကြမည်ဖြစ်ပါသောကြောင့် အောက်ပါအစီအစဉ်အတိုင်းကျွန်ုပ်တို့နှင့်အတူပါဝင်လှူဒါန်းနိုင်ရန်အတွက် မေတ္တာရှေ့ထား၍ လေးစားစွာဖိတ်မံဒက ပြုအပ်ပါသည်ခင်ဗျာ။

http://www.myanmarblooddonation.com/myanmar/who_can_donate.html


Day      -12/11/2008(Wed) Full Moon Day of Tasoungmone
Time     -  10;00 AM
Place    -Moon Bakery (Upper Sulae Road)


စိတ်ပါဝင်စား/ပါဝင်လှူဒါန်းလိုပါက

Name-
G-mail
Phone(optional)      စသည်တို့ ကိုဖော်ပြ၍ အောက်ဖော်ပြပါ E-mail လိပ်စာများသို့  E-mail ဖြင့်သော်လည်းကောင်းဆက်သွယ်စုံစမ်းလှူဒါန်းနိုင်ပါသည်။

အကယ်၍ email မပြန်နိုင်ပါက သတ်မှတ်ချိန်ထက်စောစောလာပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ 

တန်ဆောင်မုန်းလပြည့်နေ့ (12/11/2008)ဇီဝိတဒါနသွေးလှူရှင်များစုဆောင်းရေးအဖွဲ့ -
ကိုယ်စား-
ချစ်လွမ်းဝေ (Chitlwanwai123@gmail.com)
ကောင်းမြတ်လေး(Kaungmyatlay89@gmail.com)
ကိုသားစိုး(sleepingboy@gmail.com)
မင်းဇော်ဦး(Noshapeshade@gmail.com)
မလဲ့(Kyalsinmhoo1986@gmail.com)
အေဘယ်လ် (Chithoneychit@gmail.com)


Note- (1)အသက်အကန့် အသတ်မရှိပါ။
         (2)မိမိ၏သူငယ်ချင်းများလိုက်ပါလှူဒါန်မည်(သို့ )အဖော်လိုက်ပါနိုင်ပါသည်။
         (3)အထက်ပါကိုယ်စာလှယ်များသည်စေတနာရှင်လူငယ်များဖြစ်ပါသည်။
         (4)ကိုယ်စာလှယ်များအနေဖြင့်မိမိထံလှူဒါန်းရန်ဆက်သွယ်လာသော E-mail(Name&G-mail)
            များကိုအကျွန်ုပ် Lwanwai.myanmar@yahoo.co.uk   ထံသို့ံပြန်လည်ပေးပို့ ပေးပါရန်။

 

                                                                        Yangon Online Blood Doners Group

ဘယ်သူက ကျူးကျော်တာလဲ

(အဏ္ဏ၀ါစစ်သည် တစ်ဦးအမည်နဲ့ အခုဖြစ်ပေါ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နမိတ်ပြဿနာအပေါ် သုံးသပ်ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ မသိသေးတဲ့ သမိုင်းအချက်တွေပါတာမို့ ဝေငှဖော်ပြပေးလိုက်ပါတယ်။ စာရေးသူရဲ့ ခွင့်ပြုချက်အရ မူရင်း ဆိုလိုချက်ကို မထိခိုက်စေဘဲ စာချောအောင် ပြင်ထားပေးပါတယ်။)

ပင်စင်စားဘ၀တွင် ကျွန်တော်တို့အတွက် အကောင်းဆုံးအဖော်မှာ ရေဒီယိုသာဖြစ်ပါသည်။ မနက်လမ်းလျှောက် ချိန်တွင်လည်း ရေဒီယိုက အဖော်ဖြစ်သည်။ ညဘက်သားသမီးတွေ၊ မြေးတွေက ကိုရီးယားကား ကြည့်တော့လဲ ရေဒီယို ကိုသာအဖော်လုပ်ရသည်။ နိုင်ငံတကာသတင်း၊ မြန်မာသတင်းတွေ စိတ်ဝင်းစားမှန်းသိသည့် မြေးအကြီးကောင်က ကျွန်တော်သိချင်တာတွေကို အင်တာနက်က ထုတ်လာပေးသည်။ ဒီလိုနဲ့ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ရေပိုင်နက် အငြင်းပွားမှု အကြောင်းကြားရတော့ ရေတပ်ပိုးက ပြန်ထ လာသည်။ ထို့ကြောင့် မြေးကြီးကို အင်တာနက်ပေါ်က သတင်းတွေ စုခိုင်းရသည်။ ဒါတွေဖတ်လိုက်တော့ နိုင်ငံတကာမီဒီယာတွေမှာ မြန်မာဘက်ကဘဲ ကျူးကျော်လို့ ဘင်္ဂလားဒေ့ရှ်က ရေတပ်လွှတ်ပြီး တားဆီးရသည်ဆိုသည့် သဘောရေးထားသည်ကို တွေ့ရသည်။ မြန်မာတစ်ချို့က လည်း သံယောင်လိုက်ပြီး အစိုးရကို ပုတ်ခတ်ရေးသားကြသည်။ ကျွန်တော်တို့ ကိုယ်တွေ့ပါဝင် လာခဲ့ရသော အဖြစ် အပျက်များ၊ သမိုင်းအချက်အလက်များနှင့် ကွဲလွဲနေသည်။ မခံချင်စရာကောင်း လိုက်ပါဘိ။ ဤသို့နှင့် မိမိသိသမျှ ချရေးမိသည်။ မြေးကြီးကိုပြတော့ အဖိုးဟာက ဂျာနယ်တွေမှာ ထည့်ပေးမှာမဟုတ်ဘူး။ ကျွန်တော်ဘလော့ဂ် တင်ပေးမယ်ဟု ပြောသည်။ မင်းပို့ချင်တဲ့နေရာပို့၊ ဒီကုလားတွေ ကူလီကူမာကျတာ လူတွေသိဖို့ လိုတယ်ဟု ဆိုရင်း ခွင့်ပြုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခင်က အရှေ့ပါကစ္စတန်နိုင်ငံဖြစ်သည်။ ၁၉၇၁ ခုနှစ် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲပြီး ၁၉၇၂ နှစ်မှာ ပါကစ္စတန်ကနေ ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဟု ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်တို့ ဘင်ဂါလီ ကုလားဟုခေါ်သော မူဆလင် ကုလားတွေ အများစုနေသည့် နိုင်ငံဖြစ်သည်။ ပါကစ္စတန်လွတ်လပ်ရေးရပြီးထဲက မြန်မာနှင့် အရှေ့ပါကစ္စတန်ကြားမှ ကုန်းနယ်နမိတ်၊ ရေ နယ်နမိတ်သတ်မှတ်နိုင်ခြင်း မရှိဘဲ ၁၉၉၈ ခုနှစ်မှသာ ကုန်းနယ်နမိတ်ကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား ရေနယ်နမိတ်နှင့် ပတ်သက်ပြီး ၁၉၆၆ ခုနှစ်တွင် နတ်မြစ်၏ နယ်နမိတ်ကို သဘောတူညီခဲ့သော်လည်း ပင်လယ်ပြင်နယ်နမိတ်ကိုမူ ယခုထိသဘော တူညီချက်မရရှိခဲ့ပေ။ ထိုသို့ မရရှိခဲ့ခြင်းမှာလည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ကုလားချွဲချွဲ၊ ကုလားမူမူပြီး ကုတ်ကတ်အရေးဆို နေသော ကြောင့် ဖြစ်သည်။
ကျွန်တော်မှတ်မိသလောက် ၁၉၇၄ ခုနှစ်တွင် ပင်လယ်ပြင်ရေနယ်နမိတ်သတ်မှတ်ရေးနှင့် ပတ်သက်ပြီး အစည်းအဝေးများ စလုပ်ခဲ့၏။ ရေတပ်ကိုယ်စားလှယ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများပါသည်။ ထိုအစည်းအဝေးတွင် မြန်မာဘက်က ပင်လယ်ရေပြင် နယ်နမိတ်သတ်မှတ်ရာတွင် နိုင်ငံတကာမှလက်ခံထားသည့်စနစ်အတိုင်း နတ်မြစ်၏ အလယ်ကို အခြေခံပြီး Median Line Principle မူဖြင့် တိုင်းတာသတ်မှတ်ရန်အဆိုပြုသည်။ နတ်မြစ်နယ်နမိတ်ကို ၁၉၆၆ ခုနှစ်တွင် သဘောတူခဲ့ပြီး ဖြစ်သောကြောင့် အခက်အခဲမရှိနိုင်။ ထိုမူအရဆိုလျှင် True Median Line ဖြစ်သည့် ၂၄၃ ဒီဂရီမျဉ်းအတိုင်း ရေနယ်နမိတ်ကို သတ်မှတ်ရမည်ဖြစ်သည်။
ဤနေရာတွင် ကုလားများက ထုံးစံအတိုင်းငိုပြတော့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထ၀ီအနေ အထားအရ ကမ်းရိုးတန်းသည် အန္ဒိယနှင့် မြန်မာအကြားတွင် အတွင်းသို့ ခွက်ဝင်နေသည်။ ထို့ကြောင့် အိန္ဒိယကလည်း True Median Line၊ မြန်မာကလည်း True Median Line မူဖြင့် ရေပိုင် နယ်နမိတ်ကို သတ်မှတ်ခဲ့လျှင် ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်သည် ကမ်းရိုးတန်းဘက်တွင် ကျယ်ပြီး ပင်လယ်ပြင်ဘက်တွင် စုသွားသည့် ကတော့ပုံသဏ္ဍန်ဖြစ်လိမ့်မည်။ ထိုသို့ဆိုလျှင် ဘင်္ဂလားဒေ့ရှ်အတွက် စီးပွားရေးနယ်နမိတ် EEZ သတ်မှတ်ရာတွင် အခက်အခဲဖြစ်ပါလိမ့်မည်ဟု လေပျော့နှင့် အသနားခံသည်။ ထို့ကြောင့် မြန်မာဘက်က နှစ်နိုင်ငံချစ်ကြည်ရေးကို အလေးထားသည့် အနေဖြင့် နိုင်ငံတကာစံအရသတ်မှတ်ရမည့် မျဉ်း၏ အရှေ့ဘက်ကျသည့် ၂၂၅ ဒီဂရီမျဉ်းကို ချစ်ကြည်ရေးမျဉ်း Friendship Line အဖြစ်သတ်မှတ်ပေးပါဟု မျက်ရည်ခံထိုးအသနားခံသည်။ ဤသို့ဖြင့် ပင်လယ်ပြင် နယ်နမိတ်သတ်မှတ်ရေးမှာ True Median Line နှင့် Friendship Line ဆိုဘာကို ဆွေးနွေးရင်း အဖြေမရဘဲ ဖြစ်သွားခဲ့ရသည်။ မှတ်မိသလောက်ပြောရလျှင် ၁၉၇၄ ခုနှစ်နှင့် ၁၉၈၆ ခုနှစ်ကြားတွင် အစည်းအဝေး ရှစ်ကြိမ်ထက်မနည်းလုပ်ခဲ့သည်။ အချို့အစည်းအဝေးများကို နိုင်ငံခြားရေးဝန်ကြီးများကိုယ် တိုင်တက်သည်။ အများစုကိုမူ အရာရှိကြီးများအဆင့်တက်သည်။ ကျွန်တော်ကိုယ်တိုင် အစည်းအဝေး နှစ်ကြိမ်ပါခဲ့ဘူး သည်။
တပ်မတော်အစိုးရလက်ထက်တွင် ထိုအစည်းအဝေးများပြန်စသော်လည်း ဘင်ဂါလီကုလားများက တစ်ဆင့် တက်ပြီး မူလ Friendship Line ထက် ရှေ့ဘက်ကျသော ၂၂၈ မျဉ်းကိုပင် အားမနာ လျှာမကျိုး ထပ်တောင်းဖို့ ကြိုးစားသေးသည်။ ဒီလိုနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေနယ်နမိတ်ပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိပဲဖြစ်ခဲ့ရသည်။သို့သော် မြန်မာဘက်က စိတ်ကောင်းစေတနာရှိမှုကို ဖော်ပြသည့် အနေဖြင့် ရေနံရှာဖွေရေးများလုပ်ရာတွင် ဆွေးနွေးဆဲဖြစ်သည့် ၂၂၅ မျဉ်းနှင့် True Median Line ၂၄၃ မျဉ်းအကြားကို ချန်ထားပြီး ၂၂၅ မျဉ်း၏ အရှေ့ဘက်တွင်သာ ဆောင်ရွက်ခဲ့သည်။ ထိုအတိုင်း နိုင်ငံတကာကို အသိပေးပြီး ရေနံလုပ်ကွက်များကို တင်ဒါခေါ်ခဲ့သည်။ နိုင်ငံတကာ ရေနံကုမ္ပဏီများကလည်း ထိုအခြေအနေများကို လေ့လာပြီးမှ တင်ဒါဆွဲခဲ့ကြသည်။ ထိုတင်ဒါခေါ်မှုသည် ယခုမှ စသည် မဟုတ်။ လွန်ခဲ့သည့် ဆယ့်ငါးနှစ်ကျော်ထဲက စတင်ခဲ့ခြင်းဖြစ်သည်။ လမ်းစဉ်ပါတီခေတ်တုံးကလည်း မြန်မာ့ရေနံက ပြင်သစ်တွင်းတူးစက်များ ငှားပြီး မိမိအစီအစဉ်ဖြင့် ရှာဖွေခဲ့ဘူးသည်။ ယခု မြန်မာဘက်က သဘာဝဓာတ်ငွေ့ရှာဖွေနေသည့် လုပ်ကွက် AD 7 သည် ၂၂၅ မျဉ်း၏ အရှေ့ဘက်တွင် ရှိပြီး မြန်မာနိုင်ငံ၏ သီးသန့် စီးပွားရေးဇုံ EEZ အတွင်း၌ ရှိပေသည်။
ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံကရေနံနှင့် ဓာတ်ငွေ့ရှာဖွေနေသော နေရာသည် သူတို့ ပိုင်နက် ဖြစ်သည်ဟု ဆိုပြီး စစ်သဘောင်္များလွှတ်လာသည်။ အင်တာနက်တွင်ဖော်ပြထားသော သတင်းများနှင့် မြေပုံများအရ ဘင်္ဂလားဒေ့ရှ်က ပြောနေသည့် ရေပိုင်နက်မျဉ်းသည် ယခင်အသနားခံထားသည့် Friendship Line ထက် အရှေ့ဘက်များစွာ ရောက်နေသည်။ မျက်စိထဲ မြင်အောင် ပြောရလျှင် နတ်မြစ်ဝ မြန်မာဘက်ကမ်းမှ တောင်ဘက်တည့်တည့် ဆွဲလိုက်ခြင်းဖြစ်သည်။ နိုင်ငံတကာစံနှင့် ဘယ်လိုမှ မကိုက်သော လုပ်ဆောင်ချက်ဖြစ်သည်။
ဘာဖြစ်လို့ ဘင်ဂါလီကုလားတွေ ဒီလို ဇာတ်လာရှုတ်သလဲဟု မေးခွန်းထုတ်ရန်ရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ကစပြီး အမေရိကန်ရေတပ်သဘောင်္တစ်စင်းနှင့် တပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ပြီး ပူးတွဲစစ်ရေး လေ့ကျင့်နေသည်။ နတ်မြစ်ဝအနီး ဘင်္ဂလားဒေ့ရှ်ပိုင် ဒေသအခေါ် အုန်းကျွန်းမှာ အမေရိကန်စစ်သဘောင်္များအတွက် ဆိပ်ကမ်းရှိသည်။ အမေရိကန်က မြန်မာနိုင်ငံကို တစ်နည်းမဟုတ်တစ်နည်းဖြင့် ဖိအားပေးချင်သည်။ မြန်မာပြည်တွင်းမှာ၊ နယ်စပ်ဒေသတွေမှာ ပြဿနာတစ်ခုမဟုတ်တစ်ခု ဖြစ်အောင်လုပ်ခြင်းဖြင့် မြန်မာနိုင်ငံသည် ဒေသတွင်းလုံခြုံရေးကို အန္တရာယ် ဖြစ်အောင်လုပ်နေသည်ဟု ပုံဖော်ချင်သည်။ ဘင်္ဂလားဒေ့ရှ်က မြန်မာစီးပွားရေးဇုံထဲက သဘာဝဓာတ်ငွေ့များကို သွားရေယိုသည်။ အမေရိကန်က မြန်မာနိုင်ငံအနေဖြင့် သဘာဓာတ်ငွေ့မှ ရသောဝင်ငွေဖြင့် စီးပွားရေး တိုးတက်လာမည်ကို မလိုလား။ ဒီတော့ မြန်မာနိုင်ငံနှင့် ရေပိုင်နက်အငြင်းပွားမှု ဇာတ်လမ်းကြီးကို ပူးပေါင်းကြံစည်ကြသည်။ အဖြစ်မှန်က ထိုအတိုင်းသာဖြစ်ပေ၏။
သမိုင်းကို ပြန်ကြည့်လျှင် ဤဘင်ဂါလီကုလားများ မြန်မာနိုင်ငံကို ဒုက္ခပေးခဲ့သည်မှာ အခုမှမဟုတ်။ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်တွင် ကုလားဆိုးခေါ် မူဂျာဟစ်ဒင်သူပုန်တွေက မောင်တောမြို့နယ်အတွင်းဝင်ပြီး ရခိုင်လူမျိုးများကို သတ်ဖြတ်၊ ရွာများကို မီးရှို့ပြီး လွတ်မြောက်သော အစ္စလမ်နိုင်ငံထူထောင်ဖို့ လုပ်ခဲ့သည်။ လွတ်လပ်ရေးရတော့ တပ်မတော်က သနက ၅ ကိုလွှတ်ပြီး မြန်မာ-အရှေ့ပါကစ္စတန် နယ်စပ်တစ်လျှောက် စခန်းတွေ ဆောက်ပြီးနေရာယူထားသည့် မူဂျာဟစ်ဒင်တွေကို တိုက်ခိုက်ခဲ့ရသည်။ ရေတပ်ကလည်း အကူအညီပေးခဲ့ရသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ထသော သူပုန်သည် ကုလားဆိုးသူပုန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပထမဆုံးပေါ်ပေါက်သည့် အစ္စလမ် အစွန်းရောက်ဝါဒီ မူဂျာဟစ်ဒင်သူပုန်လည်းဖြစ်သည်။ ဘင်အလာဒင်တို့၏ ဘိုးအေဖြစ်သည်ဟုပင် ဆိုနိုင်သည်။ မြန်မာနိုင်ငံတွင် မူဂျာဟစ်ဒင်နောက်မှ ဗကပနဲ့ ကေအင်ယူ သူပုန်ပေါ်လာခြင်းဖြစ်သည်။ ထိုင်းနယ်စပ်မှာ သောင်းကျန်းသူ တွေ အခြေမခံခင်ထဲက ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကုလားဆိုး သူပုန်ရှိခဲ့ပေပြီ။ ယခု ထိုကုလားဆိုးများ ကိုပင် ရိုဟင်ဂျာဟု အမည်ပေးပြီး ဒီမိုကရေစီသူရဲကောင်း စာရင်းထဲထည့်၊ ဒုက္ခသည်သတ်မှတ်နေတာတွေ့ရတော့ တရားကျမိသည်။ လူငယ်တွေ သမိုင်းကို မမေ့ပါနှင့်ဟု သတိပေးလိုသည်။
ထိုထက်ပိုပြီးဆိုးသည်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကလိုက်ပြီး လက်ရှိအစိုးရကို ပုတ်ခတ်ရေးသားထားသော အင်တာနက် ဆောင်းပါးများကို တွေ့ရခြင်းပင် ဖြစ်ပါသည်။ ရေးသူများကလည်း မြန်မာလူငယ်များ ဖြစ်နေသဖြင့် ပိုပြီးရင်နာမိသည်။ လူငယ်များအနေဖြင့် လက်ရှိအစိုးရကို ကြိုက်သည်၊ မကြိုက်သည်ဆိုသည်နှင့် ပတ်သက်ပြီး ကျွန်တော့်အနေဖြင့် ဆွေးနွေးရန်မရှိပါ။ သို့သော် ဘင်္ဂလားဒေ့ရှ်နှင့် ဖြစ်နေသော ပြဿနာသည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်နမိတ်ကိစ္စဖြစ်သည်။ ဘယ်အစိုးရတက်တက် မြန်မာနိုင်ငံ၏နယ်နမိတ်ကိုကာကွယ်ရမည်သာဖြစ်သည်။ စစ်တပ်ကို မကျေနပ်သဖြင့် ဒီကိစ္စမှာဘင်္ဂလားဒေ့ရှ်ဘက်က ထောက်ခံသည် ဆိုလျှင် အမှားကြီးမှားပေမည်။ ဘင်္ဂလားဒေ့ရှ် သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထူထောင်ပေးလိုသဖြင့် ရန်စနေခြင်းမဟုတ်။ မြန်မာပိုင် နယ်မြေကို နိုင်ငံကြီးတစ်နိုင်ငံ၏ ထောက်ခံမှုဖြင့် လုယူရန်ကြိုးစားနေခြင်းဖြစ်သည်။ ဒိမိုကရေစီအစိုးရတက်မှ ဆုံးရှုံးသွားသော နယ်နမိတ်ကို ပြန်တောင်းမည်ဟု သဘောထားရမည့်ကိစ္စမဟုတ်။ ဘယ်သူက ကျူးကျော်နေတာလဲဆိုတာ မှန်မှန်ကန်ကန်သိပြီး အမျိုးသားရေးအတွက် ၀ိုင်းဝန်းလုပ်ဆောင်ရမည့် အချိန်ဖြစ်သည်။
ထိုသို့ပြောခြင်းကြောင့် စစ်တပ်နဲ့လက်တွဲပြီးတိုက်ဖို့ တောင်းဆိုနေသည်ဟု မထင်စေလိုပါ။ အင်တာနက် လူငယ်များ အနေဖြင့် ဘယ်သူ ကျူးကျော်နေသလဲဆိုသည်ကို ဖွင့်ချတိုက်ပွဲဝင်သွားဖို့သာ တိုက်တွန်းလိုပါသည်။ ဆန္ဒစွဲ၊ ပုဂ္ဂိုလ်စွဲတွေ ဘေးဖယ်ပြီး အမျိုးသားရေးဘက်က မှန်မှန် ကန်ကန် ရပ်တည်ကြပါဟု ဆန္ဒပြုအပ်ပါသည်။

                                                    မင်းရွှေသိန်း

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.