Tuesday, November 11, 2008

[Sai Wunna] 4 New Entries: အမေဒေါ်နုနုအေး ကွယ်လွန်သွားသည့် အပေါ် ၀မ်းနည်း ကြေကွဲရပါကြောင်း

အမေဒေါ်နုနုအေး ကွယ်လွန်သွားသည့် အပေါ် ၀မ်းနည်း ကြေကွဲရပါကြောင်း



ဒေါ်နုနုအေး အသက်(၇၀)နှစ်
ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) တပ်ကြပ်ကြီးဟောင်း၊ ABSDF သံလွင်စခန်းကော်မတီဝင် ဟောင်း၊ ဒီမိုကရက်တစ် ရဲဘော်ဟောင်းများအဖွဲ့ (နာယက)၊ သားသုံးသား ပူပေါင်း လှုပ်ရှားမှုကော်မတီ (ဥက္ကဋ္ဌ) သည်။ ၉၊ ၁၁၊ ၂၀၀၈ ခုနှစ် ညနေ ၅နာရီ ၅၀မိနစ် တွင် မယ်တော်ကျောင်းသား ဆေးခန်းတွင် ဘ၀တပါးသို့ ပြောင်းရွေ့ ကွယ်လွန် သွားပါကြောင်း မိတ်ဆွေ ရဲဘော်များအား အသိပေး အကြောင်းကြား အပ်ပါသည်။

ဆက်သွယ်ရန်

ကိုတိတ် +66817400818
ကိုဝင်းခိုင် +66857071429
ကိုမျိုးသန်. +66852221378

Name - Daw Nu Nu Aye
Age - (70) years
Daw Nu Nu Aye passed away in Mae Tao Clinic at 5:50 P.M on 9th November 2008. So we want to inform about this.

More information

Contact to

Ko Maung Maung Taite - +66817400818
Ko Win Khaing - +66857071429
Ko Myo Thant - +66852221378

မတရားတဲ့ စွဲချက်တွေနဲ့ ချလိုက်ပြီ

နေဘုန်းလတ် အား ပုဒ်မ ၅၀၅ က ၂ နှစ် ၊
၃၂ ခ …က ၃ နှစ် နဲ့ ၆ လ
အီလတ်ထရောနစ် က ၁၅ နှစ်
စုစုပေါင်း နှစ် ၂၀ နဲ့ ၆ လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အလားတူ ငွေကြာရံ ကျောင်းတိုက် မှ ဘုန်းကြီးများ ကိုလည်း ၁၉ နှစ်စီအသီးသီး ချမှတ်လိုက်ပြီး ကဗျာဆရာ ကိုစောဝေ ကိုတော့ ၅ နှစ် ချလိုက်တယ်လို့ ကြားသိရပါတယ် ။ ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။

ကိုမိုးသီးဇွန်

နအဖ စစ်အစိုးရ ရေပိုင်နက် အငြင်းပွားမှု က အရှုံးပေး ထွက်ခွာလာပါပြီ

မြန်မာ စစ်အစိုးရက ရေပိုင်နက်အငြင်းပွားနေမှု နေရာမှ သဘ၀ဓါတ်ငွေ့ ရှာဖွေနေမှုများကို ရပ်တန့် က ပြန်လည် ဆုတ်ခွာသွားပြီဟုသတင်းရရှိပါတယ်။ မြန်မာပင်လယ်မှာ သဘ၀ဓါတ်ငွေက ၂၁ဒသမ ၁၉ ထရီလီယံ ကုဗပေ ရှိပါတယ်။ ဘင်္ဂလာဒေ့ရှ်မှာတော့ ၁၃ ထရီလီယံကုဗပေ ရှိပါတယ်။ ဒါပေမဲ့ မြန်မာ အစိုးရအာဘောသတင်းစာမှာတော့ ဆုတ်ခွာလာတာတော့ သုတေသနလေ့လာမှုတွေ ပြီးလို့ ပြန်လာတာလို့  လှိမ့်လုံးထွင်နေတုံးဖြစ်ပါတယ်။ ကိုယ်ရေပိုင်နက်ဖြစ်ရင် ဘာဖြစ်လို့ ဆုတ်ရမှာတုံး၊ ဒီထက်ပိုပြီ အရေးကြီးတာဘာမှမရှိဘူး။ ဆက်ပြီးတပ်ချ ပြီးခုခံရမှာပေါ့။ ကျနော်တို့ ကြိုတင်ခန့် မှန်းထား တာမလွန်ဘူးပေါ့။ မြန်မာစစ်တပ်က နိင်ငံတော်အချုပ်အချာ ကို ကာကွယ်မယ်လို့ လေတလုံးမိုးတလုံး ၀ါဒဖြန့် နေတာက တကယ်တမ်း မှာ မြန်မာစစ်တပ်ဟာ ဘယ်တော့မှာ နိင်ငံခြား က ကျူးကျော်ရန်စ မှု ကို ကာကွယ်ပေးနိင်တဲ့ ခေါင်းဆောင်မှုနဲ့ တိုက်စွမ်းရည်တွေမရှိဘူးဆိုတာထင်ရှားနေပြီ။ တပ်မတော်ဟာ သန်းရွေ လက်အောက်မှာ တပ်မတော်ဟာ အမည်ခံသာ ရှိပါတော့ကြောင်း အထင်အရှားပြသလိုက်ပြီ ဖြစ်ပါတယ်။

http://komoethee.blogspot.com/

နာယကကြီးရဲဘော် ဒေါ်ဒေါ်နုနုအေး ကွယ်လွန်ခြင်း

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.