Tuesday, November 11, 2008

[Random] 1 New Entry: ညီမရဲ့ပန်းချီကား အစ်ကို့ရဲ့ကဗျာ

ညီမရဲ့ပန်းချီကား အစ်ကို့ရဲ့ကဗျာ


စက္ကူတဲ့
ဟုတ်တယ်လေ
ငါ့ဘ၀ကို မင်း
လိုသလို ဖြတ်တောက်ပါ။
(ဓါး မတုံးရင်တော်ပါပြီ)
ပြီးရင် ကြိုးကြာငှက်ပုံစံ ခေါက်မလား။
လုံးချေပြီး ထားခဲ့ချင်လား။
မင်းအတွက် ကဗျာအကြမ်းရေးဖို့ဖြစ်ဖြစ်
အပျင်းပြေစုတ်ဖြဲဖို့ဖြစ်ဖြစ်တော့
အသုံးဝင်မှာပါ။
ဒါမှမဟုတ်ရင် အမှိုက်ရှုပ်တာတယ်ကွာဆိုပြီး
လွှတ်ပစ်ချင်လားရတယ်လေ။
စက်ထဲက ထွက်ကာစ
စက္ကူလိုလဲ မဖြူစင်ပါဘူး။
စက္ကူတစ်ရွက်လောက်လဲ
အသုံးမ၀င်ပါဘူး။
ပြီးတော့ . . . . .
သန့်ရှင်း ဖြူစင်တဲ့ စက္ကူတွေ
အသုံးဝင်တဲ့ ခေတ်လဲ မဟုတ်တော့ဘူးလေ။
မင်းရဲ့ ဒုက္ခတွေကို သုတ်ပေးချင်နေတဲ့
ဝါကျင့်ကျင့် စက္ကူလေးတစ်ရွက်ပေါ့။


ကဗျာလေးက ကိုဂျဲဂျယ်ရေးပေးတာပါ.. ကျေးဇူးပါ ကိုဂျဲရေ..

You received this email because you are subscribed to the real_time feed for http://www.random-random.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.