Tuesday, November 11, 2008

[NYI LYNN SECK 18+ DEN] 2 New Entries: Advertising

Advertising


အင်တာနက်ဆိုတာ လူတိုင်း သုံးနေတာပဲ၊ ကွန်ပျူတာဆိုတာ လူတိုင်း သုံးတတ်နေတာပဲ ဆိုတဲ့ အတွေးအမြင်တွေဟာ ပြောင်းလဲဖို့ သင့်နေပါပြီ။ အင်တာနက်ကို လူတိုင်း အကျိုးရှိစွာ အသုံးမချတတ်ဘူး။ ဘယ်နေရာကနေ ဘယ်အချက်အလက်တွေ ဘယ်လိုရှာရမယ်ဆိုတာ လူတိုင်းမသိဘူး။ ကွန်ပျူတာဆိုတာမှာလည်း အကောင်း အဆိုး တားဆီးရမယ့်ဟာတွေ ကာကွယ်ရမယ့်ဟာတွေ ရှိနေမှာပဲ။ ဒါကို လူတိုင်းမသိဘူး။ Web2 မှာ စီးမြောပြီးလို့ Web3 ရောက်တော့မယ်။ ကျွန်တော်တို့ဟာ ကွန်ပျူတာနဲ့ အင်တာနက်ကို ကောင်းကောင်း အသုံးချနိုင်ရဲ့လား ???

မည်သည့် ဘာသာရေး၊ သာသနာရေး၊ လူမှုရေး၊ စီးပွားရေး ဘယ်အဖွဲ့အစည်းမဆို IT နဲ့ ပတ်သက်တာ၊ အင်တာနက်နဲ့ ပတ်သက်တာ၊ မြန်မာစာနဲ့ ပတ်သက်တာ၊ Digitization ပတ်သက်တာတွေကို ခေတ်မီနည်းပညာနဲ့ သိချင် တတ်ချင်တယ်ဆိုရင် မြန်မာပြည်တဝှမ်း ဘယ်နေရာပဲဖြစ်ဖြစ် ကျွန်တော် အခမဲ့ အိမ်တိုင်ရာရောက် ကူညီသင်ကြားပေးပါမယ်။  မြန်မာပြည် အပြင်ဘက်ဆိုရင် ခရီးစရိတ် ကျခံပေးရပါမယ်။ သင်တန်းကြေး အနေနဲ့ ဒီဟာကို ကျွန်တော် ဖြန့်ဖြူးရာမှာ အခြားသူ တစ်ဦး တစ်ယောက်ကိုမှ ဒုက္ခ မပေးဘူး၊ အနှောက်အယှက် မပေးဘူးဆိုတဲ့ ကတိကဝတ်ပဲ ဖြစ်ပါတယ်။ သင်ကြားလိုတဲ့သူ ၁၀ဦးထက် မနည်း ရှိရပါမယ်။ ကျွန်တော် နေရမယ့် အချိန်ကလည်း သိပ်မကြာတော့ဘူးလို့ ထင်မိတယ်။ ဒါကြောင့် ကျွန်တော် တတ်ကျွမ်းသမျှ သိသမျှ ဖြန့်ဝေပေးခဲ့ချင်တယ်။ ကျွန်တော်နဲ့အတူ ဒီကဏ္ဍလေးမှာ ပါဝင်ဖို့ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ပညာဒါနပေါ့။ စိတ်ပါဝင်စားရင် အောက်ပါ ဖုံးနံပါတ်တွေကို ဆက်သွယ်နိုင်ပါတယ်။ 



ညီလင်းဆက်

098020413
393457




စိတ်မကောင်းတဲ့နေ့


စိတ်မကောင်းစရာ သတင်းတစ်ခုကို ဒီနေ့ကြားရတယ်။ ခင်ဗျားနဲ့ ကျွန်တော်ဟာ စာပေနယ်တစ်ခုမှာ အကြိုက်ချင်းတူစွာ တွေ့ခဲ့ကြပြီး ဝါသနာလည်း တူခဲ့ကြတယ်။ ခင်ဗျားဟာ ပညာတတ်တယ်။ ခင်ဗျားဟာ စိတ်ရှည်တယ်။ ခင်ဗျားဟာ သဘောကောင်းတယ်။ ခင်ဗျားဟာ ညှိနှိုင်းဆောင်ရွက်မှုကို သဘောကျတယ်။ ခင်ဗျားနဲ့ အကြောင်းကိစ္စ တစ်ခုခုကို ဆွေးနွေးတဲ့အခါ သူများတွေလို ရှည်ရှည်ဝေးဝေး ပြောနေစရာ မလိုဘူး။ ခင်ဗျားကို ကျွန်တော် သိပ်နှမြောတယ်။ ခင်ဗျားရဲ့ ပညာနဲ့ စေတနာတွေကို သိပ်နှမြောတယ်။ ခင်ဗျားရဲ့ တန်ဖိုးရှိလှတဲ့ လူငယ်ဘဝ အချိန်တွေအတွက် သိပ်စိတ်မကောင်း ဖြစ်မိတယ်။ ခင်ဗျားရဲ့ မနက်ဖြန်တွေ မြန်မြန် ကုန်သွားပါစေလို့လည်း ကျွန်တော် ဆုတောင်းနေပါတယ်။ လောလောဆယ်မှာ ကျွန်တော် တတ်နိုင်တာ ဒါပါပဲ။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက် ယုံကြည်ခဲ့ကြတဲ့ အရာတစ်ခု အောင်မြင်ရမယ် ဆိုတာကိုတော့ ကျွန်တော် အလေးအနက် ခံယူထားပါတယ်။ ခင်ဗျား ကျန်းမာပါစေဗျာ။



You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.