Tuesday, November 11, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 5 New Entries: ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,10th,2008

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,10th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )Burma reportedly withdraws from disputed waters

( 2 )စစ်တွေ-ရန်ကုန် ကားလမ်းပြုပြင်ရာတွင် ဒေသခံများကို လုပ်အားပေးစေခိုင်းနေ

( 3 )Myanmar 'vacating' disputed sea patch

( 4 )Sathia's boys off to yangon

( 5 )အငြင်းပွားနေတဲ့ ရေပိုင်နက်မှာ ရေနံရှာဖွေရေး စစ်အစိုးရ ရပ်ဆိုင်း

( 6 )Bangladesh on alert as Myanmar amasses troops along border

( 7 )Burma carts rig off from disputed waters

( 8 )Myanmar Removes Gas Equipment From Zone Disputed by Bangladesh

( 9 )Dhaka reinforces security along Burmese border

( 10 )ဘင်္ဂလာဒေ့ခ်ျ ဘောလုံးအသင်း မြန်မာနိုင်ငံသို့ ထွက်ခွာ

( 11 )တရားမ၀င် မြန်မာကလေးငယ်များ ထိုင်းကျောင်းနေခွင့်ရှိဟု ထိုင်းပညာရေး အရာရှိပြော

( 12 )မြန်မာ စစ်သင်္ဘော နှစ်စီး အငြင်းပွာနယ်မြေမှ ဆုတ်ခွာ

မိုးသီချင်းရှင်လေးနဲ့ မိုးရေထဲမှာ ပြောဖြစ်ခဲ့တဲ့ အချစ်အကြောင်း

သူမကိုတွေ့စမှာ သတိထားမိလိုက်တာက သာယာငြိမ့်ညောင်းတဲ့ သောတအသံ၊ အဲဒီလို ချိုမြပီသနေတဲ့ မိန်းမပျိုသံနဲ့ အနည်းငယ် ဟာမိုနီလွဲနေတဲ့ မိန်းမမဆန်တဲ့ စတိုင်လ်နဲ့ တိုင်းရင်းသူလေး Lဆိုင်းဇီ။ ဒါပေမယ့် သူမရဲ့ တိုင်းရင်းသား အလှတွေကို ပီပြင်အောင် ဖွင့်ပြရင်း အခြယ်အသ ကင်းတဲ့ သဘာဝအလှတွေနဲ့ ပရိသတ်ရဲ့ ရင်ထဲကို ထိုးဖောက် ၀င်ရောက်လာပုံက အံ့သြဖွယ်။ သူမရဲ့ ကိုယ်တိုင်ရေး သံစဉ်၊ နှလုံးသားထဲကလာတဲ့ သီချင်းလေးတွေကလည်း ခုထိ ပရိသတ် ရင်ထဲ ငြိတွယ်ဆဲပါ။

ပြီးတော့ သူမ ထပ်ပေးမယ့် အသစ်တွေကိုလည်း စောင့်မျှော် ရင်ခုန်နေကြလို့ပေါ့။ တကယ်စစ်မှန်တဲ့ အရည်အချင်းနဲ့ အနုပညာ လမ်းမထက်မှာ လျှောက်လှမ်း နေရင်းက အဲဒီ တောင်ပေါ် ပန်းလေးတစ်ပွင့်ဟာ အခုဆိုရင် မြို့ပြ ယဉ်ကျေးမှုတွေနဲ့ တစ်ထပ်တည်း အသားကျလို့ ဧည့်ခန်းဆောင် အလယ်မှာ လှပစွာ ပွင့်လန်းလို့နေပါပြီ။ အနုပညာရပ်ဝန်းထဲကို ဂီတသွေးနဲ့ ၀င်ရောက်လာခဲ့ပေမယ့် ဆက်စပ်နေတဲ့ အနုပညာသဘောတရား အရ Lဆိုင်းဇီ သရုပ်ဆောင်လို့နေပါပြီ။ L ဆိုင်းဇီရဲ့ ပြောင်းလဲ လာတဲ့ အလှတရားနဲ့ အနုပညာတွေကို ပရိသတ်ကြီးဆီ အရောက်ပို့ပေးချင် မိလာပါတယ်။ သူမရဲ့ပရိသတ်ကြီးက လည်း မျှော်လင့်နေမယ်လို့ ထင်လို့ပါ။ တိုက်တိုက်ဆိုင်ဆိုင် မိုးရာသီ သီချင်းလေးနဲ့လည်း အောင်မြင်မှုတွေ တစ်ပွေ့ကြီး ရထားခဲ့တဲ့ ဆိုင်းဇီကို မိုးရေတွေနဲ့ လှပနေတဲ့ မိုးနေ့လေး တစ်နေ့မှာ တွေ့ဆုံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီနေ့ကတော့ ဆိုင်းဇီက မိုးရေထဲမှာ သူ့ကို ခဏလေးတွေ့လိုက်ရုံနဲ့ ဆိုတဲ့ သီချင်းလေးထဲကလို ဆွေးမနေခဲ့ဘဲ ကြည့်လေရာရာ စိမ်းစို ရွှင်လန်းပြီး လတ်ဆတ်နေတဲ့ မိုးရာသီရှုခင်းလို တက်ကြွလှပ လို့နေခဲ့ပါတယ်။ဆိုင်းဇီ အောင်မြင်ခဲ့တဲ့ သီချင်းတွေတိုင်းလိုလို အချစ် သီချင်းတွေဖြစ်တဲ့အပြင် လက်ရှိ အနီးဆုံးထွက်ထားတဲ့ ၁၀ စက္ကန့် ဗီစီဒီထဲက မလွမ်း ရဲသေးဘူး ဆိုတဲ့ သီချင်း လေးက အလွမ်းသီချင်း အမြူးလေးအဖြစ် တွေ့ရပါ တယ်။ သရုပ်ဆောင်ဘက်မှာ လည်း လူငယ်ဆန်ဆန်အချစ် ဇာတ်လမ်းတွေနဲ့ စတင်ခဲ့ရာ ကနေ အခုဆိုရင် ဒါရိုက်တာ အာယု၊ ဇာတ်လမ်းဇာတ်ညွှန်း အာယုရဲ့ ရင်သွေး ဇာတ်ကား မှာလည်း မိခင်အချစ်ကို ပြသ သရုပ်ဆောင်လာတာ ကြောင့် ဆိုင်းဇီနဲ့ အချစ်က သိပ်မစိမ်း သလို ဆိုင်းဇီရဲ့ အနုပညာကို ချပြတဲ့ နေရာမှာ အချစ် အကြောင်းတွေက အောင်မြင်မှု ရစေတယ်လို့ ယူဆမိပါတယ်။ ပြီးတော့ ဆိုင်းဇီရဲ့ အချစ်ပေါ် အမြင်၊ သဘောထား၊ အယူအဆတွေကို သူမ ပရိသတ်ကြီး သိအောင် ပြောပြချင်လို့ တို့နဲ့ ဆိုင်းဇီ အချစ်အကြောင်းနည်း နည်းပြော ဖြစ်ခဲ့ပါတယ်။
Lဆိုင်းဇီက အရှိကိုအရှိ အတိုင်းပဲ ပြောတတ်တဲ့သူ ဖြစ်တာကြောင့် သူမ ပြော တတ်သလောက်ပဲ ပြောပြခဲ့ ပါတယ်။

လူတွေက အချစ်နဲ့ မကင်းနိုင်ကြဘူးတဲ့။ တေးရေးတေးဆို လမ်းကြောင်းကနေ တက်လာတဲ့ သူတစ်ယောက်ဆိုတော့ သံစဉ်တွေ ကို နှလုံးသားနဲ့ ခံစားပြီး ရေးဖွဲ့ရတဲ့ သူရဲ့ရင်ထဲက အချစ်ကို နည်းနည်းလောက် ပြောပြပေးပါလား။

အချစ်ဆိုတာ တကယ့် ကိုနူးညံ့ပါတယ်။ အရမ်းလည်း ပိုပြီး ခံစားရတာ မိန်း ကလေးတွေလို့ ထင်တယ်။ ယောက်ျားလေးလည်း ယောက်ျားလေး အလျောက်ပေါ့နော်။ ဒါပေမယ့် မိန်းကလေးက ပိုနူးညံ့တယ်၊ ပိုခံစားလွယ်တယ်၊ ပိုထိခိုက် လွယ်တယ်လို့ ဆိုင်းဇီ ထင်တယ်။ တစ်ခုခု ဆိုရင်လည်း မိန်းကလေးတွေပဲ ခံစားကြရပါတယ်။ အချစ်က အရမ်းကို နူးညံ့လွန်းအားကြီးတယ် လို့ မြင်တယ်။

ဒါပေမယ့် ဆိုင်းဇီက တစ်ခါတစ်ရံမှာ မိန်းမ သိပ်မဆန်တဲ့ အမူအရာလေးတွေ တွေ့ရတယ်။ ဆိုင်းဇီရင်ထဲက အချစ်ကရော မိန်းမဆန်ရဲ့ လား။ ယောက်ျားဆန်ဆန် ဖြစ်နေမှာလား။

သေချာတာပေါ့။ ဆိုင်းဇီရင်ထဲက အချစ်ကတော့ မိန်းမဆန်တဲ့ အချစ် ဖြစ်လာမှာ မဟုတ်ဘူး။ ဆိုင်းဇီက ယောက်ျားနည်း နည်းဆန်တယ်။ နေတာ၊ ထိုင်တာကအစပဲ။ မျက်နှာက သာမိန်းမဆန်တဲ့ဘက် နည်းနည်း ရောက်ချင်တာလေ။ အစ်ကိုတွေနဲ့ ကြီးပြင်းလာရ တဲ့ ဆိုင်းဇီရဲ့စိတ်၊ ဆိုင်းဇီ ရဲ့ပုံစံ၊ ဆိုင်းဇီရဲ့စရိုက်က ယောက်ျားဆန်တယ်။ ဒီတော့ အချစ်ကလည်း ယောက်ျား ဆန်ပြီပေါ့။ ဆိုင်းဇီရဲ့ သီချင်းထဲက သံစဉ်တွေကတော့ မိန်းမဆန် ပြီး ပီပြင်လွန်းနေတယ်နော်။ စာသားရယ်၊ စာသားကို အသက်ဝင်စေတဲ့ သီဆိုမှုတွေ လေ။ အဲဒီလို လူမျိုးတွေက ပိုပြီးတော့တောင်မှ နူးညံ့ လွန်းတယ်လို့ ဆိုင်းဇီကတော့ ထင်တာပဲ။ တော်တော်များများက ပြောကြတယ်။ အဲဒီလို လူမျိုးတွေက နှုတ်ကနေ သိပ်မပြော တတ်ကြဘူးလေ။ ရင်ထဲမှာ သူများထက်ပိုပြီး ခံစားလွယ်တယ်။ အဲဒါကြောင့်လည်း ဆိုင်းဇီ ရေးတဲ့ သီချင်းတွေက အဲလိုမျိုးဖြစ် နေတတ်တာ။ ပြီးတော့ ဆိုင်းဇီက သိပ်ပြီးလည်း ရှုပ်ရှုပ်ခတ်ခတ်ကြီး မရေးတတ်ဘူး။ ရှင်းရှင်းလေးနဲ့ ထိမိစေတာကိုပဲ ရေးတတ်တယ်။ အချစ်စိတ် ဆိုတာကတော့ မရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ။ မောင်ချစ်၊ နှမ ချစ်၊ ဖြူစင် သန့်ရှင်းတဲ့ အချစ် ဆိုတာတွေကလည်း အချစ်ပဲလေ။ လူတိုင်းလူတိုင်းကတော့ ကိုယ်ချစ်တဲ့အချစ်ကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ပြနေဖို့ မလိုပေမယ့် ရင်ထဲမှာ ရှိနေကြတာပါပဲ။ ဘယ်သူတွေ ဘယ်လို ပဲငြင်းဆန်နေနေ အချစ်မရှိလို့ မဖြစ်ဘူး။ အချစ်မရှိတဲ့ ကမ္ဘာ ကြီးဆိုတာလည်း မရှိဘူးပေါ့။ ဟုတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကို ချစ်သူ ရည်းစားလို ချစ်တာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်။ မသေခင်လေးမှာ အားလုံးက ခဏတွေ့ကြရတာ။ ချစ်ကြတာ အကောင်းဆုံးလို့ ထင် တယ်လေ။ မောင်နှမလိုပဲ ချစ်ချစ်၊ သမီးရည်းစားလိုပဲ ချစ်ချစ်၊ မိသားစုအချစ်ပဲ ဖြစ်ဖြစ် ဘယ်သူမှတော့ အချစ်နဲ့ မကင်းကွာနိုင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်မုန်းတာထက် ချစ်ကြတာ အကောင်းဆုံးလို့ ဆိုင်းဇီက မြင်တယ်။

အချစ်မှာ အသက် အရွယ်၊အချိန်ကာလ၊ ရာထူး၊ ဂုဏ်ထူး ကွဲပြားခြားနားချက် မရှိဘူး။ ဘယ်လိုအခြေနေမျိုး ပဲဖြစ်ပစေ။ အချိန်ဘယ် လောက်ကြာကြာ မပြောင်းလဲဘူး ဆိုတဲ့ ပုံစံနဲ့ အခြေအ နေတစ်ခုကို လိုက်ပြီး အလိုက်သင့် ပြောင်းလဲ သွားတတ်ကြတဲ့ ပုံစံနှစ်ခု ကွာခြားချက်ကို ဘယ်လိုမြင်လဲ။

  ဆိုင်းဇီရဲ့ သီချင်းထဲက အချစ်တွေက နူးညံ့ညင်သာပြီး ထိမိနေတော့ အချစ်တွေ တကယ်ရှိနေပြီလား။ မရှိခဲ့ရင်လည်း အဲဒီစိတ်ကို ဘယ်လိုမွေးယူလဲ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်နေ သဘောထားချင်းမှ မတူတာ။ ဘုရားဖန် ဆင်းလာကတည်းက တစ်ယောက်နဲ့ တစ်ယောက် မတူကြတော့ ကွာခြားမှု ရှိမှာပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်း၊ အယူအဆချင်း၊ မတူကြဘူးလို့ ထင်တယ်။ ကိုယ်ကိုယ်တိုင်ကသာ ကိုယ့်ရဲ့ခံယူချက်လို့ ပြောနေတာ သူများ ပြောတာတွေကိုလည်း အမှားလို့ ပြောလို့ မရဘူးလေ။ အချစ်စစ်ကတော့ တစ်ခုပဲရှိမယ်လို့ ထင်တယ်။ အချစ်စစ် ဆိုတာကို ဆိုင်းဇီ အမြင်ပြောရရင် ကိုယ်ချစ်တဲ့သူက ကျိုးနေပစေ၊ ကန်းနေပစေ၊ ဘာကြီးပဲဖြစ် နေနေ တကယ်ချစ်ပြီဆိုရင် မလိုတော့ဘူး။

မိန်းကလေးတွေ အတွက် တကယ်ရှိသင့်၊ ဖြစ်သင့်တဲ့ အချစ်ကရော။

အချစ်ကို နွေးထွေးတယ်။ အေးချမ်းတယ်တဲ့။ ဒါက ချစ်နေတဲ့ အချိန်မှာပေါ့။ မင်းမရှိလို့လည်း မဖြစ်ဘူးတဲ့လေ။ တကယ်တမ်း မုန်းကြတဲ့ အချိန်လည်းရောက်ရော အဲဒီအရာကို ကြောက်သွားတယ်။ ဒီတော့ မိန်းကလေး တစ်ယောက်ဟာ အချစ်ကို စတင်တော့မယ် ဆိုရင် နှလုံးသားနဲ့ ဦးနှောက်နှစ်ခု ပေါင်းသင့်တယ်။ အများကြီး စဉ်းစားသင့်တယ်။

ဆိုင်းဇီရဲ့ ရင်ထဲက အချစ်ပွင့်ကို ပုံဖော်ကြည့်မယ် ဆိုရင်။

နွေးထွေးပါတယ်။ နူးညံ့ပါတယ်။ ပြီးတော့ တည်ငြိမ်ပါတယ်။ နင့်နင့်နဲနဲနဲ့ ဆိုင်းဇီရဲ့ သီချင်းလေးတွေ ထဲကလိုပါပဲ။ မိန်းကလေး အများစုကတော့ သစ္စာရှိကြတယ်။ ဆိုင်းဇီလည်း အဲလိုပဲပေါ့။ ဆိုင်းဇီ အချစ်ကိုအနီး စပ်ဆုံး ဥပမာပေးမယ်။ တေးရေး ဦးမင်းချစ်သူရဲ့ ရွှေရတု အထိမ်းအမှတ်ခွေထဲ မှာဆိုထားတဲ့ သီချင်းလေး ခုဘ၀ ခုချက်ချင်း ကိုအရမ်း ကြိုက်တယ်။ ဆိုင်းဇီရင်ထဲက ခံစားချက် အရလည်း အရမ်း တိုက်ဆိုင်တယ်။ ဆိုင်းဇီရဲ့ ရင်ထဲက အချစ်ကို သိချင်ရင် အဲဒီသီချင်းကို နားထောင် ကြည့်ပေါ့။

မိုးမင်းသမီးလေး ဆိုင်းဇီနဲ့ ကိုယ်နဲ့ စကားပြောနေတုန်းမှာ မိုးကလည်း ဘယ်အငြိုးနဲ့များ ရွာမှန်းမသိ အရမ်းကို သဲကြီးမဲကြီးနဲ့ ရွာချလိုက်တာ တော်တော်နဲ့ မတိတ်တော့ပါဘူး။ UTOPIA Tower အပြင်ဘက်က သဘာဝတော တောင်အလှ အပတွေနဲ့ ဆိုင်းဇီ ရဲ့အလှကို ရောသမမွှေပြီး ဖန်တီးချင်တဲ့ ဓာတ်ပုံ ကိုဥာဏ်တောင်မှ မစောင့်နိုင် တော့လို့ တစ်ထည်တည်း ကျန်တဲ့ ၀တ်စုံလေးကို သူ့ရဲ့ စတူဒီယိုမှာပဲ သွားရိုက်လိုက် ရပေမယ့် မိုးမရွာခင်က ရိုက်ကူး ခဲ့တဲ့ပုံတွေကို ပြန်ကြည့် မိရင် သိပ်ကို ကျေနပ်နေမှာ ပါပဲ။ ဘာပဲ ပြောပြောကျေးဇူး တင်နေမိတာကတော့ ဓာတ်ပုံ ကိုဥာဏ်၊ ကိုယ့်ကိုယ်ကို မိန်းမ မဆန်ဘူးလို့ သတ်မှတ်ထားတဲ့ ဆိုင်းဇီကို သိပ်လှနေအောင်လို့ ချစ်စရာဂါဝန်လေး တွေရွေးပေးတဲ့ Hito Fashion က ထိန်ထိန်၊ ၀တ်စုံနဲ့ လိုက်တဲ့ မိတ်ကပ်ရှင်ဇော်ဇော် (ရန်ကုန်)၊ အစစအရာရာ မေတ္တာနဲ့ အကူအညီပေးခဲ့ကြ တဲ့ဒေါ်ဌေးဌေးလှိုင်နဲ့ UTOPIA Tower မိသားစုတွေကိုပါပဲ။

သင်းပပ

(ရွှေအမြုတေ မှ ကူးယူဖေါ်ပြသည်။ ဤစာမူအား ရွှေအမြုတေ၏ ခွင့်ပြုချက်မရဘဲ အသုံးမပြုရ)

အရှုံးပေးချင်ပေမယ့်

ဒေါ်နုနုအေး ကွယ်လွန်ခြင်း

ရဲဘော်များနှင့် မိတ်ဆွေအပေါင်းတို့
 
အမေဒေါ်နုနုအေးသည် 2008 ခုနှစ် နိုဝင်္ဘာလ 9 ရက် ညနေ 5နာရီ 50 မိနစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဆေးခန်းတွင် ကွယ်လွန် အနိစ္စရောက်သွားကြောင်း အကြောင်းကြားအပ်ပါသည်။ အမေ. ရုပ်ကလာပ်ကို မဲ့ဆောက်တောရကျောင်းတွင် ထားရှိမည်ဖြစ်ပါသည်။ လက်လှမ်းမှီရာ သတင်းပို့ပေးစေလိုပါသည်။
 
 
ရန်မျိုးအောင်


ဆက်သွယ်ရန် 0852221378 ၊ 0857071429၊ 0843793207

အာဟာရစာစောင် အမှတ်စဉ် ၉၃

Get your own at Scribd or explore others:

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.