Tuesday, November 11, 2008

[DREAM Blog မှကြိုဆိုပါတယ်ရှင်] 1 New Entry: တစ်နေ့ကိုဘယ်လောက်ရလိုက်သလဲ

တစ်နေ့ကိုဘယ်လောက်ရလိုက်သလဲ

မနက်မိုးလင်း အိပ်ရာနိုးတော့ အော်.. အပုတ်ကောင်ကြီး နိုးလာပြီ ဆိုပြီး တရားလေး မှတ်ပြီးတော့ အိပ်ရာကထ၊ ဟဲဟဲ.. ဒါဆို ကုသိုလ်စိတ်လေး ပေါ့နော်၊ ပြီးရင် အပုတ်ကောင် အရုပ်ဆောင် ဖို့အတွက် တစ်ကိုယ်ရေ သန့်ရှင်း မှု့လုပ်ရပါပြီ။ အလှအပ ပြင်ဆင်ရတော့ တဏှာဘက် နွယ်တဲ့ အကုသိုလ်စိတ် ရပြန်ပြီ။ အိမ်က ထွက်ခါနီး ဘုရားရှစ်ခိုး မေတ္တာပို့တော့ ကုသိုလ်စိတ်လေး ပြန်ရလာတာပေါ့။ အလုပ်သွားရာ လမ်းတစ်လျှောက်မှာ မြတ်စွာ ဘုရားရှင် ရဲ့ပဌါန်း ဒေသနာတော် နဲ့ဓမ္မစကြာ တရား ဒေသနာတော် ကိုဖုန်းထဲကနေ နားထောင်ရင်း ကားဂိတ်ဆီ ကိုလမ်းလျှောက် နေတာပေါ့။

ဟော..ဒီမှာ ကုသိုလ်စိတ်လေး ပြန်ဖြစ်နေပြန်ပြီ။ ကားပေါ်ကဆင်း၊ ရထားတစ်ဆင့် ပြန်စီးဖို့ လမ်းထပ် လျှောက် ရပြန်တော့ ၂လက်မဒေါက် စီးထားတဲ့ ခြေထောက်ကိုမှ တရုတ်မ တစ်ယောက်က လာတတ် နင်းမိတော့ ရုတ်တစ်ရက် ဟန်ချက်ပျက် သွားတဲ့အတွက် ဒေါသစိတ်လေး ပေါ်လာတယ်။ဒါကြောင့် အကုသိုလ်စိတ်လေး ပြန်ဝင်လာတယ်။ ရုပ်ခန္ဓာ နာကျင်ခြင်းမှ စိတ်နာကျင်ခြင်းဘက် မကူးရအောင် ဒေါသ ဆိုတဲ့ အ၀ိဇ္ဖာကို ဥာဏ်စဉ်နဲ့ အမြန်မှတ်တော့ ကုသိုလ်စိတ်လေးအဖြစ် ပြန်ပြောင်းသွားတယ်။ ထွက်လာတဲ့ ဒေါသကို အနိစ္စ တရားအဖြစ် ရူမှတ် ပြစ်လိုက်တယ်။ သင်္ခါရတရား အရဖြစ်ပြီး ပျက်သွားတော့ ကုသိုလ်စိတ်လေး ပြန်ဖြစ် သွားပါတယ်။ ရထားပေါ်မှာ တရားခွေ နားထောင်ရင်း စိတ်ကဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ပေါ့။ ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ် လွန်ဆွဲနေတာပေါ့။ ဟော.. ကောင်မလေးတယောက် ၀တ်ထားတဲ့ စကပ်က လက်တစ်ထွာကျော်ရုံလေး ၀တ်ထားတာ အမြင်မတော်တော့ စိတ်မှာ မစ္ဆရိယ လို့ခေါ်တဲ့ ငြူစူစိတ်လေး ဖြစ်ပေါ်သွားတယ်။ ဒီမှာ ကိုယ့်ဆီမှာ အကုသိုလ်ဖြစ်မဲ့ စိတ်လေး ထပ်ရရှိပြန်ပါတယ်။ မသိစိတ် ကြောင့်ဝင်လာတဲ့ အကုသိုလ် စိတ်လေးကို သိစိတ်က အမြန်ပြန်ထုတ်၊ ကုသိုလ် စိတ်လေး ရရှိပြန်ပါတယ်။

ရုံးကို ရောက်ရောက်ချင်း မေတ္တာပို့၊ ပြီးတာနဲ့ အလုပ်ကို စတင်လုပ် လိုက်ပါတယ်။ တကယ်တော့ ချက်တင်ထိုင်တာ လဲပါတာပေါ့လေ။ မအားရတဲ့ အထဲ ရှိသမျှ ဖုန်းကောတွေကို ဒိုင်ခံ ဖြေရှင်းပေး နေရတော့ စိတ်က တိုချင်လာပြီ၊ ဒီမှာတင် ဖြစ်လာပါတယ် အကုသိုလ်စိတ်။ Customerတွေရဲ့ Complain တွေကို ဒိုင်ခံ ဖြေရှင်း ပေးနေရတော့ ဒေါသဆိုတဲ့ အ၀ိဇ္ဇာ ဖုံးလာပြီး အကုသိုလ်စိတ်လေး ပြန်တည် လာပြီလေ။ တစ်ခါတစ်ခါမှာ တစ်ချို့ Customer တွေရဲ့ချီးမွမ်းမှု့နဲ့ စကားပြော ချိုသာခြင်း တို့ကြောင့် ကြည်နူး စိတ်လေး ကြောင့်ဖြစ်တည် လာတဲ့ ကုသိုလ်စိတ် လေးဖြစ်တည် လာရပြန်ပါပြီ။

ရုံးဆင်းလို့ အိမ်ကို ပြန်ရောက်တော့ စားသောက်ဖို့ ပြင်ဆင် နေရတယ်လေ၊ တရားမှတ်ပြီး ချက်ဖို့စားဖို့ဆိုတာ ဝေးလေစွ၊ ဘလော့လည်လိုက် ဟင်းချက်လိုက်၊နဲ့ အကုသိုလ်စိတ်ကို မထုတ်နိုင်ပဲ ကွန်ပြူတာနဲ့ အချိန်ကုန် စေခဲ့တယ်။ အမြင်အာရုံ(စက္ခု)ကြောင့် ဖြစ်ပေါ်လာတဲ့ အကုသိုလ်စိတ်၊ အကြားအာရုံ(သောတ)ကြောင့် ဖြစ်ပေါ်လာတဲ့ အကုသိုလ်စိတ်၊ အနံ့(ဂန္ဓာ)အာရုံကြောင့် ဖြစ်ပေါ်လာတဲ့ အကုသိုလ်စိတ်၊ အရသာ(သဒ္ဒါ)အာရုံကြောင့် ဖြစ်ပေါ်လာတဲ့အကုသိုလ် ၊အဆင်း(ရူပါ)အာရုံကြောင့် ဖြစ်ပေါ်လာတဲ့ အကုသိုလ်စိတ်၊ ထိတွေ့မှု့(ဖောဋ္ဌဗ္ဗာ)ကြောင့် ဖြစ်ပေါ်လာတဲ့ အကုသိုလ်စိတ်၊ စသည့်စသည့် အာရုံခြောက်ပါး တို့ကပ်ညှိနေခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကုသိုလ်စိတ်၊ ဒီလိုတစ်နေ့တာရဲ့ စိတ်ဆိုးစိတ်ညစ် တွေကြောင့် ဖြစ်လာရတဲ့ အကုသိုလ် စိတ်တွေကို ဆေးကြောဖို့ နိဂုံးချုပ်ဖို့ ကမ္မဋ္ဌာန်းတရား ထိုင်ပြီးအဆုံးသတ် လိုက်ပါတယ်။ ဒီတော့ကုသိုလ်စိတ် ဖြစ်သွားတဲ့ ခန္ဓာကိုယ်ဟာလည်း ညတစ်ညကို ကုန်ဆုံးဖို့ အိပ်ရာဝင် ခဲ့ရပြန်ပြီ၊

မက်မက်ရဲ့ အကုသိုလ်နဲ့ ကုသိုလ် ရှင်တွဲနေတဲ့ နေ့တစ်နေ့ ကတော့ ဒီလောက်ပါပဲ။ ကဲ..ဦးဦးတို့တီတီ တို့ရော၊ ဘယ်လိုတွေ ဖြတ်သန်းကြသလဲ ။ လောကီ လူ့ဘောင်မှာ နေနေသ၍ တရားချိန်ခွင်နဲ့ တိုင်းတာရင် ဘယ်အရာမှ အကုသိုလ် ဆိုတာနဲ့ မလွတ်တော့ပါဘူး။ စက္ကန့်တိုင်း စက္ကန့်တိုင်း၊ မိနစ်တိုင်း မိနစ်တိုင်း၊ နာရီတိုင်း နာရီတိုင်း၊ အချိန်တိုင်းဟာ ပြောင်းလဲ နေပါတယ်။ ပြောင်းလဲနေတဲ့ အရာတွေကို ဥာဏ်စဉ် သတိလေးတွေနဲ့ ကပ်ပြီး ၀ိပဿနာ တရား ရူမှတ်ပွားများရင်း နေထိုင်သွား ကြရင်ဖြင့် အပ္ပါယ်တံခါး ပိတ်၍ ချမ်းသာခြင်း အစစ်အမှန်ကို ရရှိကြမှာ မလွဲပါဘူး။

ကဲ..ဦးကောက်ရေ၊ ဒီလောက်နဲ့ပဲ ကျေနပ် ပါတော့နော်။ နောက်လူတွေကိုတော့ တက်ခ်ရခြင်းဝဋ်က လွတ်အောင် ထပ်မတက်ဂ် တော့ပါဘူးနော်... အမယ်အမယ်.. သူ့ကို မတက်ဂ် ခိုင်းတော့ဘူး ဆိုပြီး ကျိတ်ပျော် နေပြီပေါ့၊ ဟုတ်လား
:P :P

You received this email because you are subscribed to the real_time feed for http://crazydreamlover.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.