Tuesday, November 11, 2008

[We Fight We Win. -- " More than Media "] 3 New Entries: သကြားမင်း ကြီး ရဲ့ သရော် စာ

သကြားမင်း ကြီး ရဲ့ သရော် စာ


( အီးမေးလ်မှာ တဆင့် ရရှိ သော သရောစာမူကို ဖေါ်ပြလိုက်ပါတယ်။ စာရေးသူ- သကြားမင်းကြီး ကို ဖေါ်ပြခွင့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။ သကြားမင်းကြီးခင်ဗျား အပတ်စဉ်ရေးပေးဖို့ ဖိတ်ခေါ်ပါတယ်။ သိပ်ကောင်းတယ်။ ဖေါ်ပြပေးမယ်။ (We Fight We Win)
-------------------------------------------------------------------------------
( ချီးတုံးကိုကိုးကွယ်သူများ- အပိုင်း- ၂ )

'' နိုင်တီနိုင်း ဆင့် (-99 Cent) ''

ဆေမြီးတိုနဲ့ ကုကြခြင်း

မောင်အေး၊အောင်သောင်း၊ မောင်သောင်း၊ရွှေမန်း နဲ့ ကျော်ဆန်းတို့ လည်း သူ့ ထက်ငါ အပြိုင်အဆိုင် ပေါတာကြီးသန်းရွှေ ကို ၀မ်းချုပေးကြပါသော်လည်း ပေါတာကြီးဝမ်းက
မလွယ်။ နင်းကန်အပင်း ရှို ထားသဖြင့် အီးလွယ်လွယ်ပါမရ။ သူတို့ လက်မှိုင်ချ လေကုန်၏။
ပေါတာကြီးလည်း ဖင်ဘူးတောင်းထောင်ပြီး မျော့မျော့ကျန် ၏။ သူ့လူများကို ဆဲဆို ကြိမ်းမောင်း ရုံမှတပါး အခြားမရှိဖြစ်လေသတည်း။

ရွေ မန်း က ရုတ်တရက် လက်ဖြောက်တချက် ခတ်လိုက်ရင်း
'' အကြံရပြီ ''
'' တပ်ရှုပ်ကြီး ဖရား - ပုဂံကိုနိုင်တာ သံမန်တလင်းပါ။ ''
''ကျနော် ငယ်ငယ်က အိမ်မှာ တလုံးတည်းသော ဘုရားသောက်တော်ရေ ဖန်ခွက် သမန်တလင်းပေါ်ကျခွဲ မိလို့  အမေဆော်တာခံဘူးပါတယ်။ '' သူက လက်ကိုမြှောက်လိုက် ပြီး-
'' ဖင်ဝမှ ပိတ်နေတဲ့ ပုဂံတွေကို ဟော ဒီလို သမန်တလင်းပေါ်ပေါက်ခွဲလိုက်ရင်တရုတ်ပုဂံမကလို့  တရုပ်အမေ့ လင် ပုဂံ ပဲဖြစ်ဖြစ် ကွဲ သွားပါလိမ့်မယ်။ ''

ဒီအခါမှာ အားလုံးက -

'' ဟာ - ဟုတ်ပါရဲ့ ဒို့ မေ့နေလိုက်တာ ''

ဒါပေမဲ့ သိပ္ပံဝန်ကြီး မောင်သောင်းက

'' ပုဂံတွေကိုသမန်တလင်းပေါ်ပေါက်ခွဲနိင်မှတော့ တပ်ရှုပ်ကြီးအီးပါပြီပေါ့ကွ - ဖင်ထဲက ပုဂံထွက်လာပြီ ဆိုမှ ပေါက်ခွဲစရာလိုသလား '' လို့  သိပ္ပံနည်းကျ စဉ်းစားစမ်း လို့  ငေါက်သတဲ့

'' ပုဂံကို ဘယ်လို ထုတ်မတုံ့း '' လို့  ဒေါသတကြီးမေးတယ်။

'' ဒေါသမကြီးပါနဲ့ သိပ္ပံဝန်ကြီးရဲ့ ဒီကိစ္စကိုကျနော်စဉ်းစားထားပြီး ပြီ ''
'' ဟော ဒီ မှာကြည့် '' ဆိုပြီး ၀ှိုက်ဘုတ် မှာ မာကာပန် ( Marker Pen) နဲ့  သူ့ အစီအစဉ်ကို ပုံကြမ်းဆွဲ ပြသတဲ့


'' ဒါက ပုဂံစင် - အိုကေ''

အားလုံး '' ဟုတ်ပြီ။ ''

ရွှေမန်း - '' ဒီပုဂံစင်ပေါ် ကိုတပ်ရှုပ်ကြီးကိုတင်လိုက်မယ်။ ''

အားလုံး- '' တင်ပြီ ။ ''

ရွှေမန်း- '' ပုဂံစင်ပေါ်ကနေ တပ်ရှုပ်ကြီးကို ကျနော်ကန်ချလိုက်မယ်။ ''

အားလုံး -'' ကန်ပြီ။ ''

ရွှေမန်း - '' ဒီအခါမှာ သူ့ ဖင်ထဲက ပုဂံတွေက သမန်တလင်းနဲ့ ထိပြီး အစိတ်စိတ်အမွှာအမွှာကွဲသွားမယ်။ '' ရွှေမန်း က ပုံနဲ့ စနစ်တကျရှင်းပြလိုက်တဲ့ အခါမှာ အားလုံးက '' ဟာ ဟုတ်သားပဲ '' ဆိုပြီး စီမံကိန်းတခုလုံးကို ရှင်းရှင်းလင်းလင်း မြင်သွားကြတယ်။

ခင်ရီက အောင်သောင်းကိုလက်တို့ လိုက်ပြီး

'' ကိုရွှေမန်းက လက်တွေ့ သမား။ ဒါကြောင့်တော်တာ'' လို့ ကပ်ပြီးချီးကြုး လိုက်တယ်။

ဒါပေမဲ့  ပုဂံစင်ပေါ်ကနေ သူ့ကိုကန်ချမယ်ဆိုတာကိုတော့ ပေါတာကြီးကလန့်နေတယ်။

သူတို့ က ပေါတာကြီးကိုမကြောက်ပါနဲ့  တချက်ပဲနာမယ်။ ပုဂံတွေကွဲကုန်ရင် ရောဂါသက်သာမယ်လို့ ဝိုင်းနားချတာနဲ့  ပေါတာကြီးလည်း လက်ခံလိုက်ရတယ်။
ဒါပေမဲ့  သူတို့ က ကိုးန၀င်းကြေအောင်ဆိုပြီး ၉ ပေခန့် မြင့်ပြီး ၉ဆင့်ပါတဲ့ ပုဂံစင်ကြီးတလုံး
ပေါ်က ကန် ချရင် ပိုပြီး လာဘ်လာဘ ကောင်းနိင်တယ်လို့  ဆုံးဖြတ်ကြတယ်။ ဒီတော့ ပုဂံစင်ကြီး ကို ည ၉ နာရီမှာ အပြီးလုပ် လုပ်ဖို့ လက်သမား ဆရာ ကို အမိန့် ပေးလိုက်တယ်။

ပြီးတဲ့အခါမှာ ပေါတာကြီးကို ပုဂံစင်ကြီး ပေါ်တင်ပြီး တဲ့အခါမှာရွှေမန်း က တပ်ရှုပ်ကြီး ဖရား ကန်တော့နော်လို့ ပါးစပ်က ဆိုရင်းခြေထောက်နဲ့ ပေါတာကြီးဖင်ဝကို ချိန်လိုက်တယ်။ စိတ်ထဲကတော့ '' ကာလနာကြီး ဆင်းပေရော့လို့ '' တချက်ကြုံးဝါးလိုက်ပြီး အားပါးတရ
ကန်ချလိုက်တော့တယ်။

ပေါတာကြီးလည်း ပုဂံစင်ပေါ်ကနေ ဘုန်းကနဲ့ အသံကြီးတချက်မြည်ပြီး
ကျသွားတယ်။ '' သေပါပြီဗျ '' လို့ တချက်သာ အော်ပြီး သတိလစ်သွားတယ်။
သတိလစ်နေတဲ့ပေါတာကြီးကို သူတို့  ၉ ချက် စီဝိုင်းကန် လိုက်ကြသော်ငြားလည်း
ဖင်ထဲက ပုဂံ တွေကတော့ တချပ်မှမကွဲ ဘူးတဲ့။

ရွှေမန်း ကို အားလုံးက၀ိုင်းဆဲကြတယ်။ '' မင်းဘယ့်နှယ့် လုပ်လိုက်တာလည်း သောက်ရမ်းလုပ်တဲ့ကောင်ပဲ '' ဒီကောင်လုပ်တာ ဒို့ မပါဘူးနော်'' လို့  အလုံးကတညီတညာတည်းခေါင်းရှောင်လိုက်တယ်။

မောင်သောင်းက ပေါတာကြီးဖင်ဝက ပြူထွက်နေတဲ့  ပုဂံ ကို လက်နဲ့ ခေါက်ကြည့့်လိုက်တယ်။ '' ဒေါင် ဒေါင် '' အသံ အောင်တယ်။ တည်ငြိမ်လေးနက်တဲ့အသွင်နဲ့ 

'' အမေရိကန် က ကွာလတီကွန်ထရိုးလုပ်ထား ပုံရတယ် '' လို့  မှတ်ချက်ချတယ်။

ပေါတာကြီး ကတော့သတိကိုမလည်နိုင်သေးဘူး။ အားလုံးလည်း နှာနှပ်သူနှပ်၊ ခြေမချိုးသူချိုး
သောက်ရေခပ်သူခပ် ယောက်ယက်ခတ်သွားကြပြန်တယ်။

ပေါတာကြီးလည်း သတိပြန်လည် လာတယ်။ ဒေါသတကြီးဖြစ်ကာ-
'' ရွှေမန်း မင်းငါ့ကို လုပ်ကြံတာပဲ'' အနားက ဆေးလိပ်ပြာခွက်နဲ့ ကောက်ပေါက်လိုက်သတဲ့။

ဒီအခါမှာ မောင်အေးက လည်း ရွှေမန်း ကို အရက်ပုလင်းလွတ်တလုံးနဲ့  ထပ်ပစ်လိုက်သေးတယ်။ ဂွင်စောင့်နေတဲ့ မြင့် ဆွေက

'' ဟုတ်တယ်သောက်သုံးကိုမကျဘူး ။ ဒီကောင် ဖြုတ်ပစ်လိုက်ပါတော့ '' လို့ ဆိုတယ်။

ဒီအချိန်မှာ - အခွင့်ကောင်းစောင့်နေတဲ့  ကျော်ဆန်းကလည်း '' ကိုရွှေမန်း ခင်ဗျား လုပ်တာမဟုတ်ဘူးဗျာ။ တပ်ရှုပ်ကြီး ဖရား သေသွားရင်ဘယ်နဲ့ လုပ်မလဲ ။ ခင်ဗျားနှုတ်ထွက်စာတင်သင့်တယ်လို့  '' အတို့ အထောင်လုပ်လိုက်တယ်။


စောက် ရမ်း ကျော်ဆန်း အကြံ

ကျော်ဆန်း က ဆက်ပြီး '' ခင်ဗျား ဥာဏ်တစက်မှမရှိဘူးဗျာ- အပ်နဲ့ ထွင်းရမဲ့ဟာကို ပေါက်စိန်နဲ့ ပေါက်တယ်ဆိုတာဒါမျိုးပေါ့ ဗျ- ပြဿနာတိုင်းဟာ အကြမ်းနည်းနဲ့ ပဲခင်ဗျား
တို့ အဖြေရှာတတ်ခဲ့တာကိုး။ ဒီလို ပြဿနာတွေကိုဖြေရှင်းဖို့ ရှေ့ လူကြီးတွေ က ကျမ်းရေးခဲ့တယ်ဗျ၊
လောကျမ်း မှာ ချီးမပါသော် မခက်လော- ပျားရည်နဲ့ ဝမ်းချသော်မလွယ်လောတဲ့။ ''

'' ပျားရည် စစ်စစ်လေးတိုက်လိုက်စမ်းပါ။ ၀မ်းက တောင်ကျရေကျသလို တဝေါဝေါနဲ့ 
ပန်းထွက်လာစေရမယ်။ မသွားရင်ကြိုက်သလိုလုပ်ဟုတ်လား ''

ဒီအခါက အားလုံးက သံယောင်လိုက်ကာ '' ဟာ ဟုတ်သားပဲ ။ ဒီနည်းကောင်းတယ်။''
လို့ သံပြိုင်ဆိုလိုက်ကြပြန်တယ်။ မောင်အေးက ''
ကဲပျားရည် ပေးစမ်းလို့  '' အနီးမှာရှိတဲ့ လုံခြုံရေးတပ်ခွဲမှုး ကို တောင်းလိုက်တယ်။
စစ်သားက ပျားရည် ဘယ်လောက်လိုချင်ပါသလဲလို့  ကျိုးနွံ စွာမေးတော့

မောင်အေးက လေသံမာမာ နဲ့  '' ကိုးပုလင်း ယူခဲ့ ''

ဒီအခါမှာ တပ်ခွဲမှုး ကလည်း စစ်ဌာနချုပ်က တာဝန်ကျ ဗိုလ်ကို ဖုန်းနဲ့  ပြင်းထန်တဲ့လေသံနဲ့ 
'' ဟေ့ အိမ် တော်က ဆက်နေတာကွ ။ ပျားရည် ကိုးပုလင်း အခုချက်ချင်းပို့ လိုက်။ ''

စစ်ဌာနချုပ် က ဗိုလ်တဦး က- (အလွန် ကျိုးနွံစွာဖြင့် ) '' ကျနော် ပါခင်ဗျာ။ အမိန့် ရှိပါ။ ခုချက်ချင်းပို့ လိုက်ပါမယ် ''

စစ်ဌာနချုပ်က ဗိုလ်လည်း ထောက်ပံ့ရေးကိုဖုန်းဆက်တော့တယ်။

အလွန်မောက်မာတဲ့လေသံဖြင့် - ဟေ့ တာဝန်ကျဘယ်သူလဲ ။ မအေ --- နှမ--
ပျားရည် ချက်ချင်းပို့ စမ်း။ ကြားလား ။''


တာဝန်ကျရဲဘော် ( နှစ်ပြားမတန်လောက်အောင် ခယ၀ပ်တွားကျိုးနွံစွာဖြင့် ) ''
ကြားပါတယ်ခင်ဗျား။ ကြားပါတယ်။ ပျားရည် ကိုးစင်း ခုပဲပို့ လိုက်ပါမယ်။ ''

အဲဒီလို ပျားရည်စစ်စစ် ကိုးပုလင်းလို့  ဖုံးနဲ့  တဆင့်စီအကြောင်း ကြားလိုက်ကြတယ်။
ဒါပေမဲ့ မြန်မာပြည်က ဖုံးလိုင်းတွေက သိပ်မမိတော့ ကိုးပုလင်းလား ကိုးစင်းလားဆိုတာသိပ်မသဲကွဲဘူး။ ပြန်လည်းမမေးရဲတော့ - ၉ ပုလင်းတော့မဖြစ်နိင်ဘူး။ နေပြည်တော်ကမှာတာဆိုတော့ ၉ စင်းပဲဖြစ်မယ် ။ ဒေါ်ကြိုင်ကြိုင် တဆွေတမျိုးလုံး အတွက်ဖြစ်မယ်ဆိုပြီး လော်လီကား ၉ စင်းတိုက် ပို့ လိုက်တော့သတဲ့။

လုံခြုံရေးတပ်ခွဲမှုးလည်း ပျားရည် တွေကို ခြံပြင်ထွက်ယူတယ်။ ကား၉ စင်းတိုက်ကိုတွေ့ တော့
ထခုန်သတဲ့- '' ဟ သောက်ခွေး။ မှာတာ ၉ပုလင်း -မင်းတို့ ပို့ တာ ကား၉ စင်းတိုက်တောင်မှ
လား။ မအေ- တွေ - နှမ - တွေလုပ်လိုက်ရင်သောက်ရမ်းချည်းပဲ။ ''

ဆိုပြီးကားမောင်းလာတဲ့ ရဲဘော်တွေကို ပြစ်တင်ကြိမ်းမောင်းတော့တယ်။
ကားမောင်းလာတဲ့ရဲဘော်တွေလည်း '' ကျနော်တို့ ဘာလုပ်ရမလဲခင်ဗျာ ''
တပ်ခွဲမှုး- '' မအေ- တွေ။ နှမပေးတွေ မင်းတို့ သောက်သုံးမကျ တာနဲ့ ငါအလုပ်ပြုတ်တော့မယ်။
ငါ့ကို ၉ ပုလင်းပဲပေး။ ကျန်တာတွေကို ခုချက်ခြင်း မြေမြှုပ်ပစ်လိုက်စမ်း ။ ''

လို့ အမိန့် ပေးလိုက်တယ်။ စစ်သားတွေလည်း တက်ညီလက်ညီ ပျားရည် လော်လီကား ၉ စင်းတိုက် ကို သွန်ပြီးမြေမြုပ်လိုက်ကြသတဲ့။ တပ်ခွဲမှုးလည်း ပျားရည် ၉ ပုလင်းယူပြီး ရင်ကော့ပြီး အိမ်ထဲကိုဝင်သွားတယ်။

ပေါတာကြီးလည်း ပျားရည်ပုလင်းတွေကိုကြည့် ပြီး
ဒါတွေငါအကုန်သောက်ရမှာလားလို့ ကြောက်အားလန့် အားနဲ့ကျော်ဆန်းကိုမေးတော့
ကျော်ဆန်းက ရောဂါပျောက်ဖို့ က အရေးကြီးတယ်မဟုတ်လား။ ပျောက်ကင်း
လို့ သက်သာသွားရင် မသောက်ပဲရပ်လိုက်နိင်ပါတယ်လို့ အကြံပေးသတဲ့

သူတို့ ပေါတာကြီးကို ပျားရည်တိုက်ကြပြန်တယ်။ ပေါတာကြီးလည်း သမန်တလင်းပေါ်ကို ကန်ချတာထက်စာရင် ပျားရည် သောက်ရသော်မဆိုးဘူးဆိုပြီး ပျားရည်တွေကိုသောက်လိုက်တယ်။

ဒါပေမဲ့ပျားရည်ထဲမှာ က သကြားဓါတ်အလွန်ကြွယ်ဝတဲ့အတွက် ၀မ်းမသွားပဲ
နဂိုက ဆီးချို အခံရှိထားတဲ့အတွက် ချက်ခြင်းဖေါယောင်လာတယ်။ လူက လေထိုးထားတဲ့
ဘောလုံးကြီးလို ဖြစ်သွားပြန်တယ်။ နဂိုက ကျယ်လှတဲ့ဖင်ခေါင်းတောင် မကျယ်နိင်ပဲ
ဝမ်းကပိုပိတ်သွားသတဲ့။ ဖင်ဝကအရင်ကမြင်ရတဲ့ မိတ်အင်ချိုင်းနားစာတန်းက
ချိုင်းနား ဆိုတဲ့ စာတန်းပဲမြင်ရတော့သတဲ့။

ပျားရည်တွေ သောက် လိုက်ပေမယ့်ရင်တွေပူ။လူလည်း ဘောလုံးဖြစ်။ ၀မ်းသွားဖို့ နေနေသာသာ လေတောင်မလည်ဘူးဆိုတယ်။ ကျော်ဆန်းကိုစိတ်ထဲကနေဆဲနေရတယ်။ အားလုံးကတော့ ဆေးမြီးတို ဆရာ ကျော်ဆန်းကို မအေ နှမ နဲ့ ကိုင်ပြီး ၀ိုင်းဆဲကြသတဲ့။ သူတို့ လည်း မကြံတတ်အောင်ဖြစ်နေကြတယ်။ မောင်အေးက ဆက်တီပေါ်မှာ အရိုးမရှိတဲ့သတ္တ၀ါလို ခြေပြစ်လက်ပစ်လှဲနေတယ်။ အောင်သောင်းက ကုလားထိုင်မှာအရုပ်ကျိုးပြတ် ခေါင်းကိုမော့ပြီးထိုင်နေတယ်။ မောင်သောင်း က ကြမ်းပြင်ပေါ်ကဘောလုံးကြီးသန်းရွှေဘေးမှာ ပက်လက်ကြီးလှန်နေတယ်။

ဒီအချိန်မှာ သန်းရွှေမြေး ဘောရူး မျောက်မူးလဲက ကျောင်းကပြန်လာပြီး အခန်းအလယ်မှာ တွေ့ တဲ့ သန်းရွှေကို ဘောလုံးကြီးထင်ပြီး ခြေနဲ့ တော့နေသတဲ့။

အောင်သောင်းက -

'' ကိုယ်တော်လေးသတိထားပါ။ ဒါဟာ ဘောလုံးမဟုတ်ဘူး ''
'' ကိုယ်တော်လေး ဘိုးအေကြီးပါ''

လို့ ဝင်တားပေမဲ့ ဘောရူးကမယုံပဲ သူတို့ ကိုအခန်းထဲမှာလည့် ပတ်ခေါက်နေသေးသတဲ့။ ပါးစပ်ကလည်း '' မန်ယူ သယ်လာပြီ မန်ယူသယ်လာပြီ ''

ဆိုပြီ ဘောကိုတော့က မောင်အေးပေါင်ကြားက
အားပါးတရ ကန်သွင်းလိုက်တယ်။ ဂိုး တယ်ဟေ့ လို့ အော်ပြီး ထွက်သွားတော့သတဲ့။
ပေါတာကြီးခမြာမတော့ မြေးတော် မျောက်မူးလဲကောင်းမှု ကြောင့် ဘောလုံး ဘ၀နဲ့ 
လှိမ့် အောင် အကန် ခံလိုက်ရတယ်။

ညဏ်ဝင်း ပရိုပိုဆယ်လ်


အားလုံးအကြံကုန်ပြီး တုံးလုံးပက်ခေါက် လန် နေချိန်မှာ ညဏ်ဝင်းက

'' တပ်ရှုပ်ကြီး ချာမပီးနိင်တဲ့ကိစ္စက အပေါ်ယံကြည့် မယ်ဆိုရင် ကျမာရေး ကိစ္စလို့ ထင်ရပေမဲ့  တကယ်တော့ နိင်ငံခြားရေး ဌာနနဲ့ သက်ဆိုင်ပါတယ်'' ဆွေးနွေးလာတယ်။

ဥာဏ်ဝင်း က အလွန်ပူလှတဲ့ ကြပ်ပြေးနေပြည်တော် မှာ အနောက်တိုင်းဝတ်စုံ ကို သရီးပိစ် ၀တ်ထားတယ်။ ခေါင်းက သူစီးထားတဲ့ရှုးဖိနပ်နဲ့ တရောင်ထည်း ။
ခေါင်းလိမ်းဆီအရွဲသားလိမ်းထားတယ်။ သူက လေးနက်တဲ့ အသွင်နဲ့  -

'' တပ်ရှုပ်ကြီးတရုတ်နို့ မှုန့် ကိုသောက်မိတဲ့အတွက် တရုတ်အစိုးရမှာ တာဝန်ရှိပါတယ်။ တရုတ်နိင်ငံက နည်းပညာအဆင့် အတန်း အတော်မြင့်လာတဲ့အတွက် နည်းကောင်းရှိနိင်တယ်။
တရုတ်စိုးအရကို အကြောင်းကြားသင့်တယ်'' လို့အကြံပေးသတဲ့။


ဒါနဲ့ သူ တို့  တရုတ်အစိုးရကို တယ်လီဖုန်းနဲ့  အကြောင်းကြားတော့ တရုတ်အစိုးရ လည်းမျက်လုံးပြုးမျက်ဆံပြူးဖြစ်သွားပြီး တရုတ်တပ်မတော်ဒုစစ်ဦးစီးချုပ် ဦးစီးချုပ် -
ကိုနေပြည်တော်ကိုလွတ်လိုက်ပါတော့တယ်။


တရုတ်သံနဲ့  ပေါတာကြီးအချီအချဆွေးနွေးခန်း

တရုတ်အစိုးရ ကိုယ်စားလှယ်အဖြစ် နဲ့  တရုတ်ပြည်သူ့တပ်မတော် ဒုတိယ ဦးစီးချုပ် ဇောင်လီ ကြပ်ပြေးနေပြည်တော်ကိုရောက်လာတယ်။

သန်းရွှေ - '' ပေါက်ဖေါ်ကြီး တရုတ်နဲ့ မြန်မာဆိုတာ ဆွေမျိုးပေါက်ဖေါ်တွေပါ။ ဟိုတုန်းကတည်း တရုတ်နဲ့ မြန်မာ ဟာ ယဉ်ကျေးမှုလည်းတူတယ်။ သမိုင်းအရလည်းတူတယ်။ ကိုလိုနီကျွန်ပြုခံရတာခြင်းလည်းတူ။ လွတ်မြောက်ရေးကြိုးပမ်းကြရတာခြင်းလည်းတူပါတယ်။ ''


ပေါက်ဖေါ်ကြီး- (အလွန်ချစ်ကြည်သောမျက်နာကြီးဖြင့် ) '' စီလုပ်နဲ့  မြန်တင့် အစူစူပဲ '' ( အတူတူပဲ )

သန်းရွှေ- '' ရှေးကတည်းက နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံမှုတွေရှိတယ်။ မြန်မာ့ပြည်က ပျူကချေသည်တွေ တရုတ်ပြည်ကိုစေလွတ်ခဲ့တဲ့သမိုင်းကနေ ကနေ့ အထိ တရုတ်နဲ့ မြန်မာဟာ
ဆက်ဆံရေးကောင်းမွန်ခဲ့တာ ခုကျနော်တို့ နအဖခေတ်မှာ အကောင်းဆုံးပဲဆိုတာ အဆွေတော်အသိပါ။ '' ပေါတာကြီး ကဗာရာဏီသီချီပြီး ရှင်းနေတယ်။

ပေါက်ဖေါ်ကြီး - ( အလွန်အားရ ရွှင်လန်းသောမျက်နာဖြင့်) '' စိလုပ်နဲ့ မြန်တင့် အစူစူပဲ ''

သန်းရွှေ- '' ဒါပေမဲ့  အဆွေတော်တို့ နိင်ငံက ထုတ်တဲ့ ကလေးနို့ မှုန့် ကို ကျနော်သောက်မိရာက မယ်လမင်းဓါတု ဗေ ဒ အမှုန့် တွေကြောင့် ကျနော် အီးမပါနိင်ဘူး။ ပုဂံလုပ်တဲ့မယ်လမင်း အမှုန့် တွေကြောင့် ကျနော့်ဗိုက်ထဲမှာ ပုဂံပြားတွေဖြစ်ပြီး အီးမပါနိင်တာ ရက်ပေါင်း အတော်ကြာနေပြီ။ အဆွေတော်တို့ ဘာလုပ်ပေးနိင်ပါသလဲ
'' လို့ မေးလိုက်တဲ့အခါမှာ ပေါက်ဖေါ် ကြီး စစ်ဦးစီချုပ်လည်း တရုတ်ကလာတဲ့ နို့ မှုန့် ကြောင့်ဆိုကတည်းက မျက်စိပျက်မျက်နှာပျက်သွားတော့တယ်။

ပေါက်ဖေါ်ကြီး - '' အစွေတော်- အီးမပါနိင်တာ ၀ကြားလို့ စိမကောင်းပါဘူး။
ဝကိုယ်တိုင် ကြည့်ပါရစေ ။ ''

သန်းရွှေ- ကြည့် ပါကြည့်  ဆို ပြီး ဖင်ဘူးထောင်း ထောင်ပြလိုက်တယ်။
ပေါက်ဖေါ်ကြီး - '' အီးမပါနိုင်တာ ဘိနယ်ရက်ရှိပြီလဲ ။ ''

သန်းရွှေ- ( မျက်နှာ မသာမယာဖြင့် ) '' ၉ ရက်ရှိပါပြီ ''

တရုတ်စစ်ဦးစီးချုပ်လည်း သန်းရွှေဖင်ဝကို ကြည့် လိုက်တော့ မိတ်အင်ချိုင်းနားဆိုတဲ့ စာတန်းကို မြင်ရတော့ မျက်စိမျက်နာပျက်သွားတယ်။ သူက ပုဂံ ဘယ်စနစ်ချပ်လည်းသေချာအောင် အသံထွက် ရေတွက်လိုက်သေးသတဲ့

'' တီချုပ် - နီချုပ်- စုံး-ချပ် --- အားလုံး ကိုးချပ် တိတိတောင်ပါလား။ လုတော်တော်သောက်လိုက်တာပဲ။''

သူက ဒေါ်ကြိုင်ကြိုင်ဖက်လှည့် ပြီး '' လုက ကီလေးကိုအလိုလိုက်တာပဲ။
နို့ ဖြတ်တော့လေကွာ '' ဒေါ်ကြိုင်ကြိုင်က '' ဒီကလေး နို့ သိပ်စွဲတာ တော့ ''
လို့ ညည်းလိုက်တယ်။

ပေါက်ဖေါ်ကြီးလည်း

မျက်မှန်ကိုတချက်ပင့်လိုက်ပြီး '' အစွေတော် ဒီကိစ္စဟာ လီးနက်တယ်။ နိနိင်ငံ ဆက်ဆံရေးဖိနေတဲ့ အတွက် ၀ ကိုယ်တိုင်ဆုံးဖြတ်ချက်ချလို့ မရဘူး။
ဝ တို့ စစ်ကော်မရှင်ကို အကြောင်းကြားလိုက်ပါမယ်။ ၀ဓါတ်ပုံရိုက်ပြီး အီးမေးလ်နဲ့ 
ပို့ လိုက်ပါမယ် ။ ခဏစောင့်ပါ။ ''

သန်းရွှေ ( ရင်တထိတ်ထိတ်ဖြင့် ) '' ရပါတယ်ရပါတယ်။ ''
တရုတ်စစ်ဦးစီးချုပ်က သန်းရွှေဖင်ဝ ကို ဘေးဖက်တမျိုး၊ ရှေ့ တည့်တည့်ုကတနည်း။
အပေါ်စီးကတသွယ် ပါလာတဲ့ ကင်မရာနဲ့ တဖျတ်ဖျတ်ရိုက်တော့တယ်။
ပေါတာကြီးလည်း မော်ဒဲလ် တင်ဇာ ၀င့် လို မပေါ့်တပေါ် ပုံတွေ အတော်များများ အရိုက်ခံ
လိုက်ရတယ်။

ပေါက်ဖေါ်ကြီးလည်း ဓါတ်ပုံတွေရိုက်ပြီးတဲ့အခါမှာတော့ အတက်ခ်ျဖိုင်လ်လုပ်ပြီး
အီးမေးလ်ပို့ တော့တယ်။ ဒါပေမဲ့  မြန်မာပြည်က အီးမေးလ်ကို သန်းရွှေက နှေးအောင်လုပ်ထားတဲ့အတွက် ဖိုင်လ်ကို ပို့ ရတာ အလွန်တရာနှေးကွေးနေတယ်။ အခက်ကြုံနေတယ်။

တရုတ်ကြီး- '' လု တို့ တိုင်းပြည်က အီမေးလ်က လူ့အီးလိုပဲနှေးတယ်လေကွာ။
လူ့ဖင်က ဓါတ်ပုံက ဖိုင်လ်ကြီးလယ်။ ဒီနှုန်းနဲ့ ပို့ နေရင်တော့
ဓါတ်ပုံတပုံ စုံးလ ( သုံးလ) ကြာမယ်။ ဒီနားမှာ အင်တာနက်ကဖေးမစွိ ဘူးလား။ ''

မောင်သောင်းကမန်းကတန်းဖြင့် '' အိုပေါက်ဖေါ်ကြီး ဒီဓါတ်ပုံကို အင်တာနက်ကဖီးဆိုင်ကပို့ 
လို့ တော့မဖြစ်ဘူး။ အပြင်ကိုသတင်းပေါက်သွားရင် နိင်ငံတော်လုံခြုံရေးကိုထိခိုက်မယ်။ ''

ပေါက်ဖေါ်ကြီး- '' လုပြောတာလည်းဟုတ်ဟုတ်ပဲ။ ''

သန်းရွှေလည်းအတော်ကိုဒေါပွနေသတဲ့။ အရင်လို ကာမှအနှေးဖြစ်။ မောင်သောင်းကိုကြိမ်းတော့တယ်။ ဟေ့ကောင်မောင်သောင်း မင်း သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဆိုကွ မင်းဂျီးတော လင် အီးမေးလ်က နှေးလှခြည်လား။
ဒီအခါမှာ မောင်သောင်းက

တပ်ရှုပ်ကြီးဖရား ပီကင်းဆိုတဲ့အရပ်နဲ့ ဖရာ့တပည့် တော်တို့ ကြပ်ပြေးနေပြည်တော်ဆိုတာ
မိုင်ပေါင်း ထောင်နဲ့ ချီဝေးပါတယ် ဖရား ။ ခြေကျင်သွားရင် တလကျော်ကြာပါတယ် ဖရာ့ ။
ဂုံးတက်တွေများနေလို့ ကြာနေတာပါ ဖရာ့ လို့ လှိမ့်သတဲ့။

မောင်သောင်းက ပေါက်ဖေါ်ကြီး'' ဒီကပဲပို့ ပါ။ နှေးလည်း ကိစ္စမရှိဘူး
ကျနော်တို့ ဘာမှထူးထူးထွေထွေလုပ်စရာမရှိတာပဲ။ ''

ပေါက်ဖေါ်ကြီး- '' လုတို့ ကအလုပ်မရှိပေမဲ့ ဝ မှာကအီလုပ်တွေအများကြီး စိလည်။
ဝကနေ့ဖက်မှာ စစ်ဦးစီးချုပ်လည်းလုပ်တယ်။ ညနေမှာ ပေါက်စီရောင်းတယ်။
ညတခေါင်မှာ ဘဲကင်တယ်။ အာရုံတက်လောက်မှာတော့
ဝ သီတင်းစာ ပို့တယ် ။ ၀ မအားဘူး။ ''

မောင်အေး '' ပေါက်ဖေါ်ကြီးတယ်အလုပ်လုပ်ပါလား။
အိမ်သာတက်ချိန်လေးပဲအားတယ်ပေါ့ ။ ''

ပေါက်ဖေါ်ကြီး ( မောင်အေး ကိုစိတ်တိုစွာဖြင့်) – '' မအားဘူး။
အိမ်သာတက်ရင်တောင် ၊ အလုပ် ၃ ခုလုပ်တယ်။ ''

မောင်အေး- အံသြစွာဖြင့် '' ဟုတ်လား ဘာတွေတုံး။ ''

ပေါက်ဖေါ်ကြီး '' ခေါက်ဆွဲစားတယ်၊ သတင်းစာဖတ်တယ်။
တမှေးမှေးတယ်။ ''

သန်းရွှေ၊ ရွှေမန်း၊အောင်သောင်း -တယောက်မျက်နှာတယောက်ကြည့် ကာ
'' ဒါကြောင့်တရုတ်ပြည်တိုးတက်တာကိုး'' လို့ ပြောလိုက်ကြတယ်။

တရုပ်သမတ ဟူကျင်းတောင်မှာ ပေါတာကြီးသို့ ဖြေရှင်းချက်။
( လ၀-တစ် )

့အီးမေးလ်ပို့ တာ ၃ ရက်ကြာသွားတယ်။တရုတ်ပြည်က ဓါတ်ပုံကို စုံစမ်းထောက်လှမ်းပြီးတဲ့အခါမှာတော့ ဖြေရှင်းချက်ကိုပြန် ပို့ ပေးလိုက်တယ်။

ဖြေရှင်းချက်ကတာ့ တရုတ်ပြည် က နို့ မှုန့် ကြောင့် မြန်မာနိင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အီးတစ်သွားရခြင်းကို ကြားရတဲ့အတွက် တရုတ်ပြည်သူ့ အစိုးရနဲ့ တရုတ်ပြည်သူတွေက အထူးစိတ်မကောင်း
မိပါကြောင်း။သို့ ပါသော်လည်း ကျွန်ပ်တို့  သိပ္ပံပညာရှင်များ အစီရင်ခံစာအရ မယ်လမင်း ဓါတုအမှုန့် ကြောင့်
အများဆုံး ပုဂံဖြစ်နိုင်ချေမှာ တ ချပ်သာ ဖြစ်ကြောင်း။

၉ ချပ် အထိတောင် ဖြစ်သွားရခြင်းမှာ အဆွေတော်တို့ ဗမာ့တပ်မတော်က ဘာလုပ်လုပ် ၉ ဂဏန်းကို ရေလဲသုံးလာခဲ့ ခြင်းကြောင့်ဖြစ်ကြောင်း။ မိမိတို့ နို့ မှုန့် ကြောင့် ဖြစ်တဲ့ ဖြစ်သွားတဲ့ ပုဂံ တချပ်ဖိုး လျော်ကြေးငွေ အမေရိကန်ဒေါ်လာ - ၉၉ စင့် (99Cent) (စာသားဖြင့်- ကိုးဆယ့်ကိုးဆင့်) ကို ပေးအပ်ပါမည်ဟု ကတိပြုပါကြာင်း။

ကိုးဆယ့်ကိုးဆင့် ဆိုသည်မှာ ဈေးမှန်ဖြစ်ကြောင်း။ အမေရိကန်ဈေးကွက်ရှိ တရုတ်ပုဂံတချပ်ပေါက်ဈေး ဖြစ်ပြီး မြန်မာပြည်ကိုလည်း ဖေါက်သည်ဈေး အတိုင်းပေးလိုက်ပါကြောင်း။ အဆွေတို့  မြန်မာ့ တပ်မတော့်  ရဲ့  ၉ ဂဏန်း နစ်သက်မှု အား တရုတ်ပြည်သူ့ သမတ နိင်ငံ က ဂုဏ်ပြု ရာ လည်း ရောက်ကြောင်း။

တရုတ်မြန်မာချစ်ကြည်ရေးအဓွန့် ရှည်ပါစေ-

ပုံ

ဟူကျင်းတောင်
သမ္မတ
တရုတ်ပြည်သူ့ သမ္မတနိင်ငံ

လို့ အကြောင်းပြန်ကြားလိုက်လေတော့သတည်း။


-------------------------------------------------------------
သကြားမင်းကြီး



Rest of your post

သွား လည် သင့်တဲ့  ဘလောက် တခု

ဒီစာကို Select ပေးပြီးရေးပါ...

အစားသောက်ကောင်းစားရ တော့ မိဘကို သတိရတယ်။ စာအုပ်ကောင်းဖတ်ရတော့ သူငယ်ချင်းတွေကို သတိရတယ်။
ဘလောက်ကောင်းလေးတခု တွေ့ တော့ ဘလောက်ဂါ တွေ ကို သတိရတယ်။ ဘလောက်ကောင်းလေးတခု ကိုတွေ့ မိလို့  ရှယ်လိုက်ပါတယ်။ www.yawnathanzinyaw.blogspot.com ယော်နသံ ဆက်ပြီး အမြင့်ဆုံးရောက်အောင်ပျံပေတော့။
- We Fight We Win-


Rest of your post

မတွဲ သင့် တဲ့  သူများ

အေတို့ ရေ - ဒီတခါဆောင်းပါးမှာတော့ မတွဲ သင့်တဲ့ ( Date မထွက်သင့်တဲ့ ) လူတွေအကြောင်း အကြံပြုရေးထား ပါတယ်။ - ခိုင်သရဖီ -

အလုပ်ဂျပိုး ( ပထမ ပုံ )
ဒီငနဲ မျိုးက ၀တ်ကောင်းစားလှတွေကို ကျော့နေအောင်ဝတ်မယ် ဘာဖြစ်လို့ လည်းဆိုတော့ သူကထောတယ်လေ။ အေးအေးလူလူရှိတယ်။ ၀င်ငွေဖြောင့်နေတယ်။ အလုပ်ကတော့လုပ်သလားမမေးနဲ့ ။ မိုးမလင်းသေးဘူးအလုပ်သွားဖို့ ပြင်နေပြီ။ ဘောင်းဘီကိုလျော့ နစ်ကတိုင် ကို လျော့ ပြီး ခေါင်းမဖေါ်အောင်အလုပ်ထဲမှာ နှစ်ထားလိုက်ပုံက မနက်ဖန် မရှိတော့ တဲ့အတိုင်းပဲ အေ။ ဒါပေမဲ့ ပြသာနာက မနက်က ရှိသေးတယ်မဟုတ်လား ယောင်းမ ရဲ့ ။ ညဉ်းကို သူပေးမဲ့ အချိန်က အလုပ်ထဲကနေ ပြာတိပြာ ယာနဲ့  သူ့ ဘလက်ဘယ်ရီဆဲ ဖုန်းက နေ လှမ်းခေါ် တဲ့အချိန်လေးမျှသာပဲ နော်။
သူဘ၀အတွက် ငွေက ပထမပဲ။ ဒါကမြေကြီးလက်ခတ်မလွဲပါဘူး။ မင်းက တော့
ဒဒွေရေ တချောင် ငင်- ဒု ၊ တ၀မ်းပူရေ -တ၊ ယ ပလက်ရေ- ယ။ ဒုတိယ မျှသာ။
ငနဲ က သူ လက်ထောက်ဆိုတဲ့ ကောင်တွေ ၊ အတွင်းရေးမှုးဆိုတဲ့ ငနဲ့တွေ နဲ့  တရုမ်းရုမ်း
တနေကုန် အလုပ်မှာ နွားတကောင်လို ရုန်းနေလိမ့်မယ်။ ဒီလိုငနဲ မျိုးနဲ့ တော့ ဒိတ်ထွက်ဖို့  မစဉ်းစားနဲ့ ယောင်မရေ။

ကိုတက်ကြွ ( ဒုတိယပုံ )

ဒီလိုငနဲမျိုးတွေ ညဉ်းတွေ့ ဖူးမှာပေါ့။ လူစွန့် စား လေ၊ အမြဲတမ်းတက်ကြွနေရဲ့ 
လေထီးခုန်လိုက်၊ လှိုင်းစီးလိုက်၊ အပြေးလေ့ကျင့်နေတာ အလကားနေရင် အားကစားကိုတခုပြီးတခုလုပ်နေတာ။ ဒါမျိုးများလုပ်ရမယ်ဆိုရင် တက်ကြွနေတယ်။ ဒီလိုငတိမျိုးကို ပျော်နေအောင်လုပ်ထားမယ်ဆိုရင် မင်းမှာ တိကျတဲ့ လှုပ်ရှားမှု တခုတော့ ရှိနေရလိမ့်မယ်။ သူကတော့မင်းနားမှာ ဖင်ကို တမိနစ်တောင်
ငြိမ်ငြိမ်မထိုင်နိင်ဘူး။ ရောက်တာနဲ့ တခုခုလုပ်ဖို့ က အာဂျင်ဒါက ပါလာတယ်။ ပျာယာကိုခတ်နေတာ။ သူခေါင်းက Adrenaline က အထွက်များနေပုံရတယ်။ (လူကိုတက်ကြွတဲ့ အကြိတ်ကထုတ်တဲ့အရည်) ။ ဒီလိုငနဲ မျိုးးကိုတော့ ဒီမှာ Adrenaline Junkine လို့ ခေါ်ကြတယ်။ ငယ်တုံးမို့ တက်ကြွနေတာလားလို့ တော့မထင်လိုက်နဲ့  ၃၀ ကျော်လာရင် လည်း မြို့ လုံးကျွတ်မာရသွန် ပွဲ လို့ မျိုး နိင်ငံလုံးကျွတ်မာရသွန် ပွဲမျိုးတွေလည်း ၀င်နေတတ်သေးဟဲ့ ။ ဖြစ်နိင်မယ်ဆိုရင် သံမဏိလူသား ပြိုင်ပွဲလုပ်ရင်လည်း
ကိုယ်တော်မြတ်က ၀င်နေဦးမှာ။
ကိုဘ၀င် ( တတိယပုံ )
သူပြောတဲ့ ဟသ တွေက မရီရဘူး။ သူလိုကိုယ်လို ၀တ်ထားစားပေမဲ့လည်း သူဝတ်ထားတာက လည်း ပျင်းစရာ။ သူရဲ့ လျိုလ်ဝှက်ကချက်ကတော့ဇီဇာ ကြောင်တာပဲ။ အ၀တ်တခါရွေးမပြီးနိင်၊ ညဉ်းတို့ ထက်တောင် ဂျီးကျများရဲ့ ။ ဒီနားဟိုနား ထသွားထလာတောင်မှ ကဂျီကကြောင်၊ ဘား ကိုရောက်ရင်လည်း ဒီကောင်မ က ဒီကောင် နဲ့ များ
တွဲ ရတယ်လို့  ၊ ဒီကောင်မ ငါနဲ့ တွေ့ ရင် ကြွေသွားမှာ ပါ ဆိုတာမျိုး စဉ်းစားနေလေ့ရှိတယ်။ အမှန်ကတော့ သူကိုယ်သူ အထင်ကြီးနေတာ၊ မင်းကို သိပ်အရေးထားမဲ့ ပုံမရှိ။
ကိုပုလင်း - (တတိယလူ)
သူလိုလူမျိုးကတော့ အရက်ဆိုင်လို့ ဘားမျိုးကိုတော့ တရားရုံးမှာ ဗီအိုင်ပီနေရာ က ထိုင်နေသလို မျိုး မိုးလင်းပေါက် ထိုင်တော်မှုလိမ့်မယ်။ တခွက်ပြီးတခွက်မော့နေလိမ့်မယ်။ သူက မိန်းမတွေကို အမှတ်ပေးနေလိမ့်မယ်။ နာမည်မေး၊ တယ်လီဖုန်းနံပတ်တောင်း။ အုပ်ထုတ်ကို မချွတ်တန်းဆောင်းပြီး ယုံကြည်ချက်ကတော့ အပြည့် ။ မင်းရဲ့ ဂရုစိုက်မှုရအောင်
လေဖေါ်နေလိမ့်မယ်။ သတိထား မင်းနဲ့ ဒီလိုငနဲ မျိုးနဲ့ ကိုက်မယ်တော့မထင်ဘူး။


ကိုညောင်ညောင်( စတုထ္ထ လူ )

စိတ်ညစ်စရာ အကောင်းဆုံးလူစားမျိုးပေါ့ ။ ဗိုလ်သင်တန်းကိုဖြေဖို့  စိတ်ကူးယဉ်နေတယ်။ သူအမြင့်ဆုံးရည်မှန်းချက်က စစ်ဗိုလ်လုပ်ဖို့ ပဲ ။ ကျန်တာခေါင်းထဲမှာ မရှိဘူး။ နိင်ငံတော်တို့  သူပဲကာကွယ်နေရသလို။ တိုင်းပြည်ကို သူတယောက်ထဲကာကွယ်ရေတဲ့ပုံ။ တပ်မတော် သာလျင် တိုင်းပြည်ကိုတိုးတက်အောင်လုပ်နေတာမျိုး တညောင်ညောင်နဲ့ အော်နေတတ် တယ်။ ဒီလောက် သတင်းမီဒီယာနဲ့ နည်းပညာတွေတိုးတက်နေတဲ့ခေတ်ကြီးမှာ သူတို့ ဟာ တိုင်းပြည် ဘာဖြစ်နေတာလည်းဆိုတာကို တောင် ဆင်ခြင်တုံတရားနဲ့ မဆင်စားတတ်ကြဘူး။ တကယ်က သူကိုဂရုစိုက်ဖို့ သူကိုအထင်ကြီးအောင်ပြော တတ်တယ်နော် ။ သတိထား ဒီငနဲ မျိးက ဦနှောက်ထဲ မှာ ဘာမှ မရှိသလို အသဲနှလုံးထဲမှာလည်း အကြင်နာတရားဆိုတာ တစက်မှမရှိ ဘူးကွဲ့ ။ လူကတာစစ်ဗိုလ်၊ အကြောက်ကလည်း ကြီးလိုက်တာလွန်ရော၊ အထက်အရာရှိက မတရားတာလုပ်လည်း ပြန်မပြောရဲ ဘူး။ ဘယ်လို မတရားမှု ကို မှ သူက မပြောရဲဘူး။

သူအရာရှိက မင်းမိန်းမ ကို ပါးရိုက်လိုက်ဆိုရင်လည်း နိင်ငံတော်အတွက် ဆိုပြီး ညဉ်းကို ဆော်မှာ နော် ကောင်မ၊
သူထက်ကြီးတဲ့ အရာရှိကို ကြောက်ရ ဖါးရသလောက် အိမ်ရောက်တော့ ဘုရင်ကြီးလို သူက နေခြင်တာ၊ ညဉ်းကတော့ တသက်လုံး မီးခိုချောင်ဘ၀က ထွက်နိင်မယ်မထင်ဘူး။ သူအရာရှိ ကို သူက ကြောက်ရသလို သူအရာရှိ မိန်းမကို လည်း ညဉ်းက အရိုအသေပေးဖို့ ကြောက်ဖို့ တရားတွေကို သူကိုယ်တိုင်က ညဉ်းကို
သွပ်သွင်းဦးမှာ ။ ညဉ်းတို့ ကို ဘာမှ အကာအကွယ်ပေး -Protect - လုပ်ပေးမှာမဟုတ်ဘူး။ ချစ်သူဘ၀၊
အိမ်ထောင်သူဘ၀မှာ ကိုယ်ရဲ့ ချစ်သူ၊ ခင်ပွန်းတယော်ရဲ့  ကာကွယ်ပေးမှုက အရေးကြီးဆုံး မဟုတ်လား၊
အနွေးထွေးဆုံးမဟုတ်လား။ ဒီလိုလူမျိုးမှာတော့ ဒါမျိုးကိုညဉ်းတို့ မရ ရေးချမရ။

အဆိုးဆုံးကတော့အေ့- ကြောင် ပိန် တကောင်လို့ တညောင်ညောင်နဲ့ အစာတောင်းပြီး ကြွေးပြန်တော့လည်း မစားနိင်တဲ့ သူ့မျိုး။ ကျုပ်ကတော့ ဒီလို အူကြောင်ကြောင် ငနဲ မျိုး -့ ကိုညောင်ညောင်လို့ နာမည်ပေးထားတယ်။ ဒီလိုငနဲ တွေနဲ့  ညဉ်းတို့ နဲ့ ကိုက်မယ်မထင်ဘူး။

-ခိုင်သရဖီ -

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.