တရိပ်ရိပ် ပြေးတက်လာကြ၊ ယဉ်ကျေးသော စာမျက်နှာများပေါ်...
စိမ်းရွှေပုပ်အဲ့ လူသွားလမ်းကလေး...။ လေစကြာပင်တွေ တ၀ှီးဝှီး တိုးဝှေ့နေ၊ အထီးကျန် ငြင်းပယ်ခံရခြင်းသစ်သီးများ ယောင်ကိုင်းပြည်တည် ပုပ်ပွ။ မခွဲမစိတ် သွားနဲ့ဖိကိုက်ထားရသလို စိတ်မှာ အရာထင်ခဲ့၊ ကျနော်ကျမတို့ ရိုရိုကျိုးကျိုး တမိုးချုပ်ခဲ့ပြန်ရာ။ တနေ၀င်ခြင်းအမှုန်အမွှားများ ရွေ့ ပြီးရင်း...ရွေ့။ သက်ဆိုင်သူများ၊ မသက်ဆိုင်သူများ သံတုံးသံခဲတွေလို မာခဲအေးဆတ်။ ဆောင်းရဲ့ ပတ်ကြားအက်ကြီးတွေကြား စိမ့်အေးမှုက တစ်စက်စက်ယိုကျပြန်သေး။ လူသူလေးပါး ကင်းဝေးရာ၊ လူလိုသူလို မနေဖြစ်ကြရာ၊ လူတစ်လုံး သူတစ်လုံးအိပ်မက်များလဲ ထွင်းထုရာ။ စကားတွေ၊ တရားတွေ မကြာမကြာလွတ်ကျ/လွှတ်ချ၊ စကားတွေ၊ တရားတွေ မကြာမကြာ ပြန်ကောက်/ပြန်ဆယ်။ တစ်ယောက်တည်းနေတတ်ဖို့ တစ်ယောက်ယောက်ကို အော်ခေါ်။ မနိုင်ဝန်တွေကိုထမ်းထမ်းပြီးတော့ မနိုင်နိုင်ရာမဲ။ ကျန်ခဲ့ရ...၊ ကျပျောက်ခဲ့ရ... ကြေကွဲထိရှစွာ...။ အရိပ်တွေကတော့ ဟိတ်ဟန်ကောင်းစွာ။ အတောင်တစ်ဖက်ကျိုးနေတဲ့ ပျံလွှားငှက်ကလေးကို အားကျချစ်ခင်မိပါရဲ့ ။ စိတ်ကို ဆူးစူးမခံခဲ့ပုံ။ ဘိုးဘွားပိုင် ယာမြေကလေးထဲ တူးဖော်ကြည့်တဲ့အခါ အိမ်အပြန်ညနေခင်းတွေက တွန့်ခေါက်မှုန်ဝါးလို့။ ခပ်ဆွေးဆွေး ချုပ်ရိုးတွေထဲ နလန်မထူနိုင်နေ့စွဲများ ရင့်သီးကွဲအက်၊ အာသီသပ၀ါနွမ်းလေး... ညိုမွဲဆွေးရီ။ နေသည် အရှေ့အရပ်မှ ထွက်မြဲ...။ သူတို့ တရိပ်ရိပ် ပြေးတက်လာကြပြီ။ ယဉ်ကျေးသော စာမျက်နှာများပေါ်...။
ညိမ်းညို
ညိမ်းညို
You received this email because you are subscribed to the real_time feed for http://nyeinnyo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.