ကြုံခဲ့ဘူးပါသည်
အချိန်အားရတာနဲ့ ခရီးထွက်ဖို့ ခြေလှမ်းပြင်တတ်တဲ့ကျမ
သတင်းစာထဲက ခရီးသွားကြော်ငြာတွေမှာ ရှာဖွေဖတ်ရင်း
၂၀၀၈ခုနှစ် ပွင့်လင်းရာသီထဲမှာ ဒုတိယခရီးစဉ်အဖြစ်
ပြည်ခရီးစဉ်ကို ရွေးဖြစ်ပါတယ်။
ပြည်ကို ခဏခဏရောက်ဖူးနေပေမဲ့
ရတဲ့အားလပ်ရက်အချိန်တိုအတွင်း စနေနေ့ ညနေသွား
တနင်္ဂနွေနေ့ ညနေပြန်ရောက်မဲ့ခရီးမို့ပါ။
ဒါပေမဲ့ အားလုံး အလွဲလွဲ အချော်ချော်နဲ့ တွေ့ခဲ့ရပါတယ်။
ပန်းဆိုးတန်းလမ်းထဲက ပြည်ခရီးစဉ်ရှိတဲ့ တစ်ခုတည်းသော ဘုရားဖူးအဖွဲ့ဆီမှာ
၁၂.၁၁.၀၈ (တန်ဆောင်မုန်းလပြည့်-ဗုဒွဟူး) နေ့ က လက်မှတ်ဖြတ်ခဲ့ပါတယ်။
လာမဲ့စနေမှာ သွားမယ်ဆိုပြီးတော့ပေါ့။
ဖြတ်ပေးလိုက်တဲ့ လက်မှတ်ကို စစ်မကြည့်ပဲ ယူလာခဲ့တာ ကျမရဲ့ ပထမအမှားပါ။
ကျမဆိုလိုတာ ၁၅.၁၁.၀၈ နေ့ သူတို့ ဖြတ်ပေးလိုက်တာက ၂၂.၁၁.၀၈ ရက်နေ့
အဲတာကို နောက်မနက်မှ ဖြတ်ပိုင်းလေး ပြန်ဖတ်ကြည့်ရင်း သိရပါတယ်။
ဘာပဲဖြစ်ဖြစ် ကျမပြောခဲ့တဲ့စကားက လာမဲ့စနေနဲ့ လာမဲ့အပတ်စနေနဲ့
ဒွိဟဖြစ်နေတာမို့ သူတို့ အပြစ်မတင်ခဲ့ပါဘူး။
ရှေ့တိုးပြောင်းလို့ ရမရသာမေးလိုက်တယ်။ မရဘူးဆိုတော့ . . .
You received this email because you are subscribed to the real_time feed for http://www.kjohnblog.com/?feed=rss2. To change your subscription settings, please log into RSSFWD.