Monday, December 22, 2008

[We Fight We Win. -- " More than Media "] 1 New Entry: လီယိုနာဒို ဒါဗင်ချီ ပန်းချီကား နောက် မှာ ပုံကြမ်းများ

လီယိုနာဒို ဒါဗင်ချီ ပန်းချီကား နောက် မှာ ပုံကြမ်းများ


ဒါဗင်ချီ
- ကို-

ကမ္ဘာကျော်ပန်းချီဆရာကြီးလိယိုနာဒိုဒါဗင်ချီ(အေဒီ1452–1519)ဟာအလွန်ထူးဆန်လှတဲ့သူတဦးဖြစ်ပါတယ်။သူဆွဲတဲ့ကမ္ဘာကျော်မိုနာလီဇာပန်းချီကားနဲ့ နောက်ဆုံးညစာ(TheLastSuper)ဆိုတဲ့ ပန်ချီကားဟာ အနုပညာမြောက်လှရုံတင်မက လျိုလ်ဝှက် ဆန်းကြယ် မှုတွေ ကိုပါထည့်သွင်းထားလေ့ရှိတယ်။ အခုလည်းပြင်သစ်နိင်ငံ က ပြတိုက်မှာ ရှိတဲ့သူပန်းချီ ကား တချို့ ရဲ့ နောက်ဖက်မှာ ပန်းချီကားနဲ့ မဆိုင်တဲ့ရုပ်ပုံလေးတွေကို ပြတိုက်က၀န်ထမ်းတွေက ရှာဖွေတွေ့ ရှိလာကြပါတယ်။ ပန်းချီးကားနောက်ဖက်မှာ တွေ့ ရှိရတဲ့ပုံတွေကတော့ မြင်းခေါင်းပုံတခု၊ အရိုးခေါင်းတခုနဲ့  ခရစ်တော် သန္ဒေတည်ကာစပုံ တွေ ကို ပုံကြမ်းရေးခြစ်ထားတာတွေ့ ရပါတယ်။ ပန်းချီ ဆရာအတော်များများ ဟာ သူတို့ကားတွေ နောက်မှာ ရုပ်ပုံတွေ ရေးဆွဲ လေ့မရှိကြပါဘူး။ ပထမပိုင်းမှာတော့ ပြတိုက်တာဝန်ခံတွေက ဒီပုံကြမ်းတွေကို အစွန်းအထင်းတွေ လို့ ယူဆခဲ့ကြတာပါ။ ဒီပုံကြမ်းတွေကို သူကိုယ်တိုင်ရေးဆွဲတာလား ၊ တခြားသူရေးဆွဲတာလား ဆိုတာကို ပြတိုက်က ကျွမ်းကျင်သူတွေက စမ်းသပ်စစ်ဆေးသွားမှာဖြစ်ပါတယ်။

ပုံကြမ်းရဲ့အနေအထားအရဆိုရင်တော့ ဒိုဒါဗင်ချီရဲ့ လက်ရာ နဲ့ဆင်တူပေမယ့် ဒါတွေဟာ သူ့လက်ရာ ဖြစ် ကြောင်း အတည်ပြု နိုင်ဖို့အတွက် ကတော့ သေချာတဲ့ စစ်ဆေးမှုတွေလုပ်ကိုလုပ်ရမှာဖြစ်တယ်လို့ ပညာရှင် တွေက ဆိုပါတယ်။ သာမန်မျက်လုံးနဲ့ မြင်နိုင်ဖို့ မဖြစ်နိုင်တဲ့ဒီပုံရိပ်တွေဟာ ဆိုရင် အောက်ခံရေးဆွဲချက်တွေ ကို ထုတ်ဖော်ပြသဖို့အတွက်အနီအောက်ရောင်ခြည်ဆိုင်ရာ အလင်းပြန်ကင်မရာ နဲ့ ရိုက်ခဲ့တာပါ။


ပန်းချီကား နောက်မှာ ပုံကြမ်းများ



နောက်ဆုံးညစာ ( The Last Super)



Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.