Monday, December 22, 2008

[နံနက်ခင်းကဗျာ] 1 New Entry: နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများနေ့

နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများနေ့


ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင် တကွာပါမြို့ ဘန်စပ်ရွာတွင်၊ နိုင်ငံတကာရွှေ့ပြောင်း အလုပ်သမားများ အတွက်၊ အထိမ်းအမှတ်ဂုဏ်ပြုသော အခမ်းအနားကို သေဒခံ ပြည်ပရောက် မြန်မာ (NGO) အဖွဲ့အစည်းများမှ ၀ိုင်းဝန်းပြီး။ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများကို ဖိတ်ကြားကာ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားများနေ့ကို-
2008-12-18 နေ့က ပြုလုပ်သွားပါသည်။ ထိုအခမ်းအနားကို ရွှေ့ပြောင်းမြန်မာ အလုပ်သမား ကိုယ်စားလွယ်များ တက်ရောက်ပြီး လက်ရှိနေထိုင်ရာ ကိုယ့်ဒေသ အသီးသီးတွင် ဖြစ်ပေါ်နေသည့် အခွင့်အရေး ချိုးဖောက်မှုခံနေရခြင်း အကြောင်းအရာများကို တင်ပြရင်း ကိုယ်ကြားသိနေရတဲ့ ပြဿနာများကိုလည်း အပြန်အလှန် ဆွေးနွေးတိုင်ပင် သွားခဲ့ကြသည်။ ထို့နောက် (NGO)များမှလည်း လူ့အခွင့်အရေးနဲ့ နိုင်ငံတကာရွှေ့ပြောင်း အလုပ်သမားများနေ့ ဖြစ်ပေါ်လာရခြင်း အကြောင်းနဲ့ အလုပ်သမားများမှာလည်း ကိုယ်ရပိုင်ခွင့် အခွင့်အရေးတွေ ရှိတယ်။ အဲဒါကို ကိုယ်တစ်ယောက်တည်း သိထားလို့ မဖြစ်ဘူး။ အခွင့်အရေးဆိုတာလည်း တစ်ဦးတစ်ယောက်တည်း လုပ်ရုံမျှနဲ့ အကျိုးသက်ရောက်မှု ရှိလာမှာ မဟုတ်ဘူး။ ကိုယ်သိထားသလို သူများတွေကိုလည်း အသိပေးဖို့ စည်းစည်းလုံးလုံးနဲ့ ကိုယ်ရပိုင်ခွင့် အခွင့်အရေးတွေကို တညီတညာတည်း တောင်းဆိုကြမယ်ဆိုရင် ရနိုင်ပါမည်။ ထို့ကြောင်း အခမ်းအနားကို ရောက်ရှိလာကြတဲ့ ပုဂ္ဂိုလ်များအနေနဲ့ နီးစပ်ရာလူထုများကို ပြန်လည် ပြောကြားပေးရန် လိုအပ်ပါသည် စသည်ဖြင့် နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့ ကြသည်။ ၎င်းအခန်းအနားကို နေ့လည် (၁)နာရီအချိန်တွင် စတင်ပြုလုပ်ပြီး ညနေ (၅)နာရီကျော်ခန့်တွင် ပြီးဆုံးသွားကြောင်း သိရပါသည်။

You received this email because you are subscribed to the real_time feed for http://nannetkhinkabyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.