Monday, December 22, 2008

[မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ်] 1 New Entry: ၀ိဇ္ဇာကို လိပ်စာမမေးနဲ့ (၃)

ဝိဇ္ဇာကို လိပ်စာမမေးနဲ့ (၃)

*This article contains astrological jargon *
ဘုရားရေ . . .
ဒါဆိုရင် ဗေဒင်အချုပ်မဟာဘုတ်ဆိုတာ အကျယ်ကနေ အကျဉ်းပြန်ချုပ်ထားတဲ့သဘော၊ ဋီကာ ကနေ သံခိတ်သဘောပေါ့၊



ဒင်ဒေါင်ပဲလ် ဒင်ဒေါင်ပဲလ် ဒင်ဒေါင့်ဒင်ဒေါင့်ပဲလ်
ဒင်ဒေါင်ပဲလ် ဒင်ဒေါင်ပဲလ် ဒင်ဒေါင့်ဒင်ဒေါင့်ပဲလ်
ဒါဒါ့ဒါ့ဒါ့ဒါ . . . ဒါဒါ့ဒါ့ဒါ့ဒါ….. ဒါ့ဒါ့ဒါ့ဒါ့ဒါ


ဟိုက်. . . သောက်ပလုပ်တုပ် . . .
ဆန်တာကလော့ဘိုးဘိုးကြီးပါလား . . . အဲလေ လက်ဆန်းဝိဇ္ဇာကြီးပါလား

ဟဲဟဲ . . . လန်းတယ်မဟုတ်လား
ရာသီမသိ ပန်းနဲ့ ညှိတဲ့ . . . အဲလေ အ၀တ်အစားနဲ့ ညှိပေါ့ကွာ . . .
ခရစ်စမတ်ရာသီနဲ့ အညီ . . . ဆန်တာကလော့ဝတ်စုံချုပ်ဝတ်လာတာကွ


လန်းတယ်ဗျာ . . . သယ်ရင်းက အကောင်းစားလေး လန်းတယ်ဗျာ . . . လန်းတယ်

ဟီးဟီး . . . မင်းနဲ့ ပေါင်းမှပဲ ငါလည်း လူငယ်လေးတစ်ဦးပါလို့ ပြောရမလို ဖြစ်နေပြီ
ကောင်းတယ် . . . ကောင်းတယ်. . . အနာဂါတ်ဆိုတာ လူငယ်တွေ လက်ထဲမှာရှိတာ . . .


ဆိုလိုဂမ်ကလည်း လန်းတယ်ဗျာ . . . ဒါပေမယ့် . . . လူငယ်တွေက သူတို့ ခေတ်ကို သူတို့ တာဝန် မခံနိုင်ရင်တော့ . . . . အနာဂါတ်က ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး ဖြစ်လိမ့်မယ်နော်

အေးကွ . . . မင်းပြောတယ်လည်း ဟုတ်တုတ်တုတ်ပဲ . . . မျိုးဆက်ဆိုတာ သစ်ပင်မှာပဲဖြစ်ဖြစ် တိရိစ္ဆာန်မှာပဲဖြစ်ဖြစ် . . . လူမှာပဲဖြစ်ဖြစ် . . . တစ်ဆက်ပြီးတစ်ဆက် မျိုးဆက်အဆင့်အတန်း ပိုပြီး မြင့်မြင့်လာဖို့ လိုတယ်ကွ . . . မိဘလက်ထက်ကထက် သားသမီးလက်ထက်မှာ ပိုမြင့်မားလာဖို့ လိုတယ် . . . ဆရာလက်ထက်ကထက် တပည့်လက်ထက်မှာ ပိုပြီး တော်တတ်လာဖို့ လိုတယ်

ဒါပေမယ့် . . . အတ္တဟိတ ပရဟိတမျှတဖို့ တော့ လိုလိမ့်မယ်နော် ကိုယ်ကျိုးရှေ့ ရှုတဲ့စိတ်နဲ့ အကြောက်တရားကြီးစိုးတဲ့စိတ်တွေကို အခြေခံပြီး မြင့်မားတိုးတက်ဖို့ လုပ်နေကြပြီဆိုရင်တော့ ကိုယ့်မျိုးဆက်ကို သင်းသတ်သလို ဖြစ်နေမှာအမှန်ပဲ

အင်း . . . ဖရီးဒမ်းအစ်စ် နဲဗားဖရီးပေါ့ကွာ . . . မင်းပြောသလို တို့ တိုင်းပြည်အနာဂါတ်က မှုန်ဝါးဝါးဖြစ်နေပြီထင်ပါရဲ့ . . . ငါလည်း ၀ိဇ္ဇာတန်ခိုးနဲ့ မြေလျှိုးမိုးပျံပြီး ကမ္ဘာပတ်ကြည့်ခဲ့တာ သူများတွေက ဂြိုလ်တုဒုံးပျံခေတ်၊ ငါတို့ ရွှေပြည်ကြီးက လှည်းခေတ်လှေခေတ် တော်တော်ကို ကွာသွားပြီကွ

အာ . . . ၀ိဇ္ဇာကြီးကလည်းဗျာ . . . လူယောင်ဆောင်ပြီး လူတွေကြားထဲလိုက်သွားကြည့်ရင် ပိုပြီး နက်နက်ရှိုင်းရှိုင်း သိလာမှာပေါ့ဗျာ . . .

ငါ့ကောင်ရာ . . . ဘယ်နေပါ့မလဲ
ငါလည်း မြန်မာပြည်က ပတ်စ်ပို့ စ်အနီရောင်ကိုင်ပြီး ကမ္ဘာပတ်ကြည့်တာပေါ့ကွာ
ပြောရတာ အားမရှိပါဘူးကွာ . . . မြန်မာပတ်စ်ပို့ စ်ဆိုတာနဲ့ တရားခွင်ရှေ့ ရောက်သွားတဲ့ တရားခံလိုပါပဲကွာ . . . စုတ်ပြတ်သတ်နေအောင် မျက်နှာငယ်ရပါတယ် . . . တကယ်ပါ


တော်ပီဗျာ . . . ညစ်နေရတဲ့ကြားတဲ့ ၀ိဇ္ဇာကြီးက ကျနော့်ကို အဲဒီဘက်ပဲ ခေါ်ခေါ်သွားတယ်

မင်းခေါ်သွားလို့ ငါကလိုက်နေရတာပါကွာ . . . ငါလည်း မပြောချင်လှပါဘူး

ကဲ . . . ဒါဆိုဆိုင်တာပဲပြောတော့ဗျာ

အေး . . . အေး . . . တို့ နဲ့ ဆိုင်တာပဲပြောမယ် . . .
ဒီနေ့ ပြောပြမယ့်အကြောင်းကတော့ မင်းစိတ်ဝင်စားမှာပါကွာ


လက်ဆန်းဝိဇ္ဇာကြီး ပြောပြတာတွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ ကျနော်မတွေးဖူးတာတွေ တွေးပြစဉ်းစားပြ ဆက်စပ်ပြတာ ပညာတွေ တိုးတာပေါ့

ဒီလိုကွ . . .
ဆန်းဗေဒင်မှာ ဆန်းဂိုဏ်းနဲ့ အညီ သီကုံးဖွဲ့ ဆိုတာတွေရှိတယ်ကွ၊ ဣဌ ဆန်းဂိုဏ်းနဲ့ ညီအောင် ဖွဲ့ သီထားတဲ့ ဂါထာတွေ ပညတ်ချက်တွေက ပိုပြီးကောင်းကျိုးချမ်းသာ ပြည့်စုံစေတယ်လို့ ဆိုတယ်ကွ၊ ဒါကြောင့် ရှေးပညာရှင်ကြီးတွေက ဂါထာတွေကို ဆန်းဂိုဏ်းနဲ့ အညီ သီကုံးတယ်၊ အမည်ပညတ်ချက်တွေကိုလည်း ဆန်းဂိုဏ်းနဲ့ အညီ ပေးတယ်လေကွာ


အင်း . . . နည်းနည်းပါးပါးတော့ လေ့လာဖူးပါတယ်၊ စုတ်ဥပါဒ်ရွေးတာမျိုးကို ပြောတာမဟုတ်လား

အေး . . . ဟုတ်တယ် ဟုတ်တယ်
ဒါတင်မကသေးဘူးကွ . . . အာယုစန်းဗေဒင်မှာလည်း အာယုစန်းက ဘယ်ရာသီ ဘယ်ဘာဝကို ရောက်နေရင် ဇာတာရှင်အတွက် ကောင်းကျိုးလား ဆိုးကျိုးလား စုတ်လား ဥပါဒ်လားဆိုပီး ရွေးချယ်ရာမှာလည်း သုံးသေးတယ်ကွ


နောက်ပြီး . . . နေ့ တနေ့ ကို အခါပေးဖို့ အကောင်းအဆိုးရွေးရင်လည်း သုံးတယ်မဟုတ်လား

သိတ်မှန်တာပေါ့ကွာ . . . မင်းက တော်တော်လေးကို လေ့လာထားတာပဲ၊ ဒါဆိုရင် အဲဒီလကာင်္လေး ငါ့ကို ရွတ်ပြပြီး ရှင်းပြစမ်းပါကွာ

သီ . . . ကုံး . . . ပြည့် . . . အောင် . . . လ . . . တန် . . . ဆောင်
တနင်္ဂနွေဆိုရင် သီ၊ တနလာဆိုရင် ကုံး . . . အဲလို အစဉ်လိုက်ပေါင်းကိန်းတွေကို သက်ဆိုင်ရာ ကျတဲ့ နက္ခတ်နဲ့ ပေါင်းပြီး စုတ် ဥပါဒ် ရွေးပေးတာပေါ့ . . .
ဥပမာ . . . တနင်္ဂနွေ နေ့ မှာ နက္ခတ် ၁၅ လုံး ကျတယ်ဆိုရင် အဲဒီနက္ခတ်လုံးရေကို တနင်္ဂနွေအတွက် သီဆိုတဲ့ ၆ပေါင်းရင် ရလာဒ်က ၂၁ရမယ်၊ ရလာဒ် ၂၁ ကို ၇ နဲ့ စားရင် သုညကြွင်းတဲ့အတွက် ၀ရစုတ် မြင့်မြတ်မယ် ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်မယ်။

လန်းတယ်ကွာ . . . ငါ့ကောင်ကတော့ ဘာမှသာမဖြစ်တာ ရောသမမွှေ အကုန်လုံးတော့ တီးမိခေါက်မိရှိသားပဲ

ဟဲဟဲ . . . လူအထင်ကြီးအောင် ဟိုနည်းနည်း ဒီစပ်စပ်လေ့လာထားတာလေ

အင်း . . . ဟုတ်ပါပီကွာ
ဒါဆိုရင် . . . အဲဒီလကာင်္လေးဘယ်လိုဖြစ်လာလဲ၊ ရှင်းစမ်းပါဦး


အာ . . . ၀ိဇ္ဇာကြီးကလဲဗျာ၊ ရှင်းနေတာကို ဘာထပ်ရှင်းခိုင်းနေတာလဲ
စာအုပ်ထဲမှာ ဒီလိုပဲ ပြထားတာ ဒီအတိုင်းပဲ ယူသုံးယုံပေါ့ဗျ။

မင်းတို့ နဲ့ တော့ ခက်တော့တာပဲ၊ စာအုပ်ထဲကကို မထွက်တော့ဘူး
ပညာကို စာအုပ်ကွယ်ထားတာ မင်းမကြားဖူးဘူးလား


သိရင်လည်း ရှင်းပြစမ်းပါကွာ၊ ဝေ့၀ိုက်မနေပါနဲ့ ခေါင်းစားလွန်းလို့ ပါ။

မင်း အင်္ဂ၀ိဇ္ဇာတိုင်တွေမှာ မင်းကုသဆိုတဲ့ အထက်သုံးလုံး၊ စေတိယဆိုတဲ့ အောက်သုံးလုံးကို သိတယ်မဟုတ်လား၊
အေး . . . အဲဒီ မင်းကုသတို့ စေတိယတို့ ကို အင်းဝိဇ္ဇာပညာမှာ မိတ်အင်း ရန်အင်းတွေ စီရင်တဲ့အခါမှာ ဆိုင်ရာနေ့ သားအလိုက် အသုံးချတာကွ၊ ဆိုလိုတာက လက်ဆန်းပညာဟာ လက်ရိုးနက္ခတ်ပညာတွေ၊ ဂမ္ဘီရ၀ိဇ္ဇာဓရ ပညာတွေနဲ့ ဆက်နွယ်နေတယ်ဆိုတာကို သိစေချင်လို့ မင်းကို ရှင်းပြနေတာကွ


အင်း . . . ဆက်စမ်းပါဦးဗျ၊ စိတ်ဝင်စားဖို့ ပိုကောင်းလာပြီ

အထက်ဂြိုလ်ဖြစ်ဖြစ် အောက်ဂြိုလ်ဖြစ်ဖြစ် စီရင်တတ်ရင် ဣဌဖြစ်နိုင်သလို အနိဌလည်း ဖြစ်နိုင်တယ်ပေါ့ကွာ . . .

ဒါဆိုရင် . . . နည်းနည်းသိထားတာ ပိုဘေးထွက်ဆိုးကျိုးများတယ်ဆိုတာ မှန်နေပြီပေါ့၊ ဂဃနဏ မသိပဲ ဆရာအမည်ခံရင်တော့ ၇ရက်သားသမီးတွေ ပိုဒုက္ခများနိုင်တာပဲ။

မင်းတို့ အဆင့်ကတော့ ဒီအခြေခံတွေ သဘောပေါက်ပီးသားပါကွာ၊ သိတ်လည်းစိုးရိမ်မနေပါနဲ့ 
စောစောက သီကုံးပြည့်အောင်လတန်ဆောင်ကိစ္စ ပြန်ဆက်ရမယ်ဆိုရင် . . . တနင်္ဂနွေကို သီ ဘာလို့ ပေါင်းသလဲ၊ တနလာင်္ဆိုရင် ကုံး ဘာလို့ ပေါင်းသလဲ ဆိုတာ စဉ်းစားတတ်ရမယ်ကွ။

ကဲ . . . ကြည့်
တနင်္ဂနွေရဲ အထက်သုံးလုံးက ကြာသာပတေး၊ တနလာင်္၊ သောကြာ (၅+၂+၆) = ၁၃
တနလာင်္ရဲ့ အထက်သုံးလုံးက သောကြာ၊ အင်္ဂါ၊ စနေ (၆+၃+၇) = ၁၆
အင်္ဂါရဲ့ အထက်သုံးလုံးက စနေ၊ ဗုဒ္ဓဟူး၊ တနင်္ဂနွေ (၇+၄+၁) = ၁၂
ဗုဒ္ဓဟူးရဲ့ အထက်သုံးလုံးက တနင်္ဂနွေ၊ ကြာသာပတေး၊ တနလာၤ (၁+၅+၂) = ၈
ၾကာသာပေတးရဲ ့အထက္သံုးလံုးက တနလာၤ၊ သောကြာ၊ အင်္ဂါ ( ၂+၆+၃) = ၁၁
သောကြာရဲ့ အထက်သုံးလုံးက အင်္ဂါ၊ စနေ၊ ဗုဒ္ဓဟူး ( ၃+၇+၄) = ၁၄
စနေရဲ့ အထက်သုံးလုံးက ဗုဒ္ဓဟူး၊ တနင်္ဂနွေ၊ ကြာသာပတေး (၄+၁+၅) = ၁၀

ဒီတော့ . . .
အဲဒီပေါင်းရကိန်းတွေကို နေ့ ခုနှစ်နေ့ နဲ့ ပြန်စားကြည့်လိုက်ကွာ . . . ဒါဆိုရင်
သီ . . . ကုံး . . . ပြည့် . . . အောင် . . . လ . . . တန် . . . ဆောင်
၆ . . . ၂ . . . ၅ . . . ၁ . . . ၄ . . . ၀ . . . ၃ . . . ဆိုပြီး အကြွင်းတွေ ရမယ်ပေါ့ကွာ


ဟာ . . . တယ်ဟုတ်ပါလားဗျ . . . ကျနော် ဒါမျိုး တခါမှ မစဉ်းစားမိဘူး
. . . လက်ဆန်းဝိဇ္ဇာကြီးက ရေလည် လန်းတယ်ဗျာ

မင်းပြောလိုက်ရင် ဒီလိုချည်းပဲ၊ ကျနော်ဒါမျိုး တခါမှ မစဉ်းစားမိပါဘူး၊ ဒီလိုမျိုး တခါမှ မတွေးမိပါဘူးနဲ့ အဲဒီပုံစံခွက်ထဲကကို မထွက်တော့ဘူး။

ဟီး . . ဟီး

ဟီးဟီး ဟဲဟဲ လုပ်မနေနဲ့ ၊ ထပ်ပြောလိုက်ဦးမယ်
အဲဒီ . . . သီကုံးပြည့်အောင် လတန်ဆောင်ဆိုတာ သူကြီးပွဲအောင်လံထူစစ်ဆိုတဲ့
မဟာဘုတ်ကိန်းဖွဲ့ စည်းပုံပဲ . . . သေသေခြာခြာ မှတ်ထားပေတော့


ဘုရားရေ . . .
ဒါဆိုရင် ဗေဒင်အချုပ်မဟာဘုတ်ဆိုတာ အကျယ်ကနေ အကျဉ်းပြန်ချုပ်ထားတဲ့သဘော၊ ဋီကာ ကနေ သံခိတ်သဘောပေါ့၊ ကျေနပ်တယ်ဗျာ၊ လက်ဆန်းဗေဒင်ဆိုရင် အထင်သေးချင်နေကြတာ ကောင်းကင်ဂြိုလ်သွားနက္ခတ်ဗေဒင်နဲ့ ဆက်စပ်နေတာ သိရလို့ ဂုဏ်ယူမိတယ်ဗျာ၊

ကျေးဇူးတင်တယ်ဆိုရင်တော့ ငါချပြတဲ့အတွေးကို ဆက်တွေးဖို့ မမေ့နဲ့ ပေါ့ကွာ၊ အကျိုးအကြောင်း ဆီလျှော်မှုရှိတဲ့ တွေးခေါ်မှုတွေ ရှင်သန်နေမှ ပညာရပ်ဆိုတာ မျိုးဆက်အလိုက် တိုးတက်လာမှာပေါ့ကွ

ဒီနေ့ တော့ ဒီလောက်ပဲကွာ . . . ငါလည်း အဓိဌာန်ဝင်ရဦးမယ်
သွားပဟေ့ . . . သီကုံးပြည့်အောင်လတန်ဆောင်၊ နောင်ဆိုသည်ကားမြအလား
မသိသူကျော်သွား သိသူဖော်စား၊ ဗေဒင်ဟောမလား ဒန်တန့် ဒန်


ဇေယျာမောင်


You received this email because you are subscribed to the real_time feed for http://mmastrology.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.