Monday, December 22, 2008

[                 ရင်မှ ခံစားမှုများ] 1 New Entry: နောက်ဆုံးတော့လည်း

နောက်ဆုံးတော့လည်း

အမျိုးမျိုးလည်း ပြောပြပြီးပြီ၊ အမျိုးမျိုးလည်း ရှင်းပြပြီးပြီ။ "လှေနံ ဒါးထစ်"ဆိုတဲ့ စကားပုံအတိုင်း ဒီတစ်ခုကိုမှ ဒီတစ်ခုကိုပဲ စွဲစွဲမြဲမြဲ မပြီးနိုင်မစီးနိုင် ဝေဖန်နေကြတဲ့လူတွေကို ကြည့်ပြီး ကျမတော့ သံဝေဂရတယ်။ Blog မပိတ်မချင်း သူတို့မှာလည်း အမြဲစောင့်ကြည့် ဝေဖန်နေရအုန်းမှာဆိုတော့ သူတို့ရဲ့အချိန်တွေကို သူတို့အစား နှမြောပါတယ်။ Blog မပိတ်မချင်း ဒေါသတွေနဲ့ ပူလောင်စွာ စောင့်ကြည့်နေမယ့်လူတွေကို ဒေါသတွေဆီက လွတ်ငြိမ်းသွားအောင် ၊ ခဏခဏ ဆဲနေရလို့ ငရဲမကြီးအောင် အကောင်းဆုံး အကြံတစ်ခုစဉ်းစားမိလိုက်ပါပြီ။

ဟိုတစ်နေ့က Blog ပိတ်မယ်ဆိုတုန်းက မပိတ်ပါနဲ့......လို့ လာအားပေးပြောကြားပေးကြတဲ့ ကျမရဲ့ မိတ်ဆွေစစ်၊ သူငယ်ချင်းကောင်းတွေကို အားနာ၊ သူတို့စေတနာကို လေးစားပြီး ဘယ်သူတွေ ဘာလာပြောပြော မပိတ်တော့ဘူးလို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် ၊ ဘယ်လိုမှကို နားမလည်ပေးနိုင်၊ ရန်စောင် ရန်ရှာနေတဲ့လူတစ်စုကို ကျမအတွက်နဲ့ မစ္ဆရိယစိတ်မများစေချင်တဲ့အတွက် ကျမစဉ်းစားမိတဲ့ အကောင်းဆုံးအကြံကို အကောင်အထည်ဖော်ပါတော့မယ်။

Blog ရဲ့ Permissions ကို "Only people I choose" ပေးလိုက်ပါတော့မယ်။

ကျမက ဘာမှ မဟုတ်ပါဘူး။ ကျမရေးတဲ့ စာတွေကလည်း ဂန္တဝင်မြောက် စာဖွဲ့လောက်အောင် ကောင်းမနေပါဘူး။ ဒါပေမယ့်၊ Blog ရဲ့ Permissions ကို "Only people I choose" ပေးပါတော့မယ်။

အရမ်းကြီးကျယ်ရာရောက်နေမှန်းသိပေမယ့် လက်ရှိအခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းက ဒါပဲရှိလို့ပါ။ မကြီးကျယ်ချင်ပေမယ့် ကြီးကျယ်ရပါတော့မယ်။

Blog မြန်မြန် ပိတ်စေချင်သော လူများအတွက်၊ Blog မပိတ်ရန် အချိန်ရှိတိုင်း လာရောက်အားပေးနေသော ကျမအား ချစ်ခင်မြဲ ချစ်ခင်နေတဲ့ သူငယ်ချင်းကောင်း၊ မိတ်ဆွေစစ်များအတွက် "ပိတ်ပေမယ့် မပိတ်ဘူး "ဆိုတဲ့ သဘောနဲ့ Blog ရဲ့ Permissions ကို "Only people I choose" ပေးပါတော့မယ်ရှင်။

အကယ်၍များ ကျမစာတွေကို ဖတ်ချင်ကြသေးတယ်ဆိုရင် yomitaihitodake@gmail.com ကို

စာဖတ်သူ၏ နာမည်နဲ့ E-Mail Address သာ ပို့ပေးလိုက်ပါရှင်။

ရှောင်ပြေးခြင်း မဟုတ်ဘဲ အကောင်းဆုံး နည်းလမ်းကို မိတ်ဆွေများနဲ့ တိုင်ပင်ပြီးရွေးချယ်ခဲ့ခြင်းပါ။

မကြာမီ ကာလအတွင်းမှာ "Only people I choose" အစီအစဉ်ကို အကောင်အထည်ဖော်မယ်လို့ စီစဉ်ထားပါတယ်ရှင်။


စကားချပ်

ကိုအိမ်မက်ရှင်ဆီမှ Mail ဝင်လာပါတယ်ရှင်။

ညီမငယ် မိဂုမိရဲ့ ပိုစ့်လေးများကို ဆက်လက်ဖတ်ရှုချင်မိပါသည်။

အိပ်မက်ရှင်
.......................တဲ့။

နောက်တစ်စောင်က ကိုရှင်ရဲထွတ်ကြီး ရဲ့ Mail ပါ။

"ကျွန်တော် ရှင်ရဲထွတ် မဂုဂုရဲ စာဖတ်မယ်ဗျို့
"....................တဲ့။

အခုလို အားပေးလို့ ကျေးဇူးအရမ်းတင်ပါတယ်ရှင်။ Invite လိုက်ပါပြီ။


စကားမစပ်၊

ကျမနာမည်နဲ့ Cboxမှာ လိုက်ဆဲနေသူများ ရှိနေပါသဖြင့် မမမသက်ဇင်လိုပဲ ကျမလည်း နောက်ဆို ဘယ် Cbox မှာမှ မရေးတော့ပါ။ Cbox မှာအရမ်းနှုတ်ဆက်ချင်ပေမယ့် အခြေအနေအရ Cboxမှာတောင် နှုတ်ဆက်ခွင့်မပေးတဲ့၊ အညှိုးတကြီးနဲ့ လိုက်နှောင့်ယှက်ရက်တဲ့လူတွေကြောင့် နောက်ဆို ဘယ်Cbox မှာမှ မနှုတ်ဆက်တော့ပါဘူး။ {အခုလောလောဆယ်တော့ မိတ်ဆွေ၊ သူငယ်ချင်း တွေရဲ့ Cbox တွေကို သွားနေပါသေးတယ်။}

Permission ပေးပြီးတဲ့နေ့ကစ၍ ကျမနာမည်ကို Cbox မှာ တွေ့ရတော့မှာ မဟုတ်ပါ။ အဲဒီအတွက် အနူးအညွတ်တောင်းပန်ပါတယ်။


ကျမနာမည်နဲ့မှ ဝင်လို့ရတဲ့ Comment ပဲရေးပေးပါတော့မယ်။

နားလည်ပေးတဲ့အတွက်အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

အားလုံးပဲ စိတ်ချမ်းသာကြပါစေ။

ပူလောင်ခြင်းမှ ကင်းဝေးကြပါစေ။

မစ္ဆရိယစိတ်ထားခြင်း၊ ရန်လိုခြင်း၊ ရန်ဆောင်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

ကိုယ်ချင်းစာတရားရှိကြပါစေ။

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.