Monday, December 22, 2008

[ဒီဇင်ဘာနှင်း] 2 New Entries: အတင်းမပြောပါ

အတင်းမပြောပါ

ဘ၀မှာ လူတွေဟာ ကိုယ်ဝါသနာပါရာကို လုပ်တတ်ကြပါတယ်။ သီချင်းဆိုတာကို ၀ါသနာပါတဲ့လူက သီချင်းတွေရေးပြီး ဆိုချင်နေတတ်တယ်။ သူ့ပတ်ဝန်းကျင်မှာတွေ့နေတာတွေ သူတစ်ပါးခံစားချက်တွေကို အငှားခံစားပြီး သီချင်းအဖြစ်စပ်ဆိုတတ်ကြတယ်။ စာရေးတာကို ၀ါသနာပါတဲ့သူကလဲ တစ်ခုခုခံစားရရင် တစ်ခုခုကို တွေးမိရင်ဖြစ်စေ စာအဖြစ်ချရေးတတ်ပါတယ်။ စာရေးတယ်ဆိုတဲ့နေရာမှာ ကိုယ်သန်ရာသန်ရာလိုင်းတွေကို ရွေးချယ်ပြီးရေးကြပါတယ်။ ဒါတွေကတော့ အဆင့်မြင့် စာရေးဆရာတန်းဝင်တွေ ရေးကြတာပါ။အခုလို ခေတ်တွေပြောင်းပြီး အဆင့်တွေမြင့်လာတော့ နှင်းတို့လို လူငယ်တွေ လွတ်လွတ်လပ်လပ်ရေးခွင့်ရတဲ့ ဘလော့ဂ်ဆိုတဲ့ နေရာလေးမှာ ကိုယ့်အမြင် ကိုယ့်ခံစားချက်တွေကို ရေးသားခွင့်ရလာပါတယ်။ ဒီလိုလေး ရေးခွင့်ရတဲ့အတွက် လူတစ်ဦးချင်းစီရဲ့ အမြင်တွေ အတွေးအခေါ်တွေ မတူညီတဲ့ ပတ်ဝန်းကျင်ရဲ့ အတွေ့အကြုံတွေကို သိခွင့်ရလာပါတယ်။ ကိုယ်က ဒီလိုလေးထင်မြင်ပေမယ့် နောက်တစ်ဦးရဲ့ မတူညီတဲ့အမြင်တွေပါ သိခွင့်ရတာဟာ ဗဟုသုတရစေပါတယ်။

နှင်းတို့တွေဟာ လူမှုပတ်ဝန်းကျင်မှာ နေနေတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်ကြုံရတဲ့ လူမှုအတွေ့အကြုံတွေကို ရေးသားတဲ့အခါမှာ တိုက်ဆိုင်မှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုရေးသားလိုက်တာဟာ ငါ့ကိုများပြောနေတာလား ငါ့ကိုများ စောင်းရေးတာလား ဆိုတဲ့အတွေးတွေနဲ့ မဖတ်စေချင်ပါဘူး။ ဒီလိုအဖြစ်မျိုး ဖြစ်ဖူးတဲ့လူတွေဟာ လောကမှာ ကိုယ်တစ်ယောက်ထဲ ရှိတာမှမဟုတ်တာ။ ကိုယ့်ရဲ့အတွေ့အကြုံကို မျှဝေချင်တာ တစ်ခုကလွဲလို့ ဘယ်သူဘယ်ဝါ ဘာဖြစ်ပါတယ်ဆိုတဲ့ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်တွေကို ဖော်ထုတ်ချင်တဲ့ လူတွေမှ မဟုတ်တာ။ ဒီလိုတွေ ဖော်ထုတ်ပြောဆိုချင်လို့ ဘလောဂ့်လုပ်ကြတာမှ မဟုတ်တာ။

နှင်းရှေ့မှာပဲ လူတစ်ယောက်က ပြောလိုက်ပါတယ်။ အွန်လိုင်းမှာ စာရေးတယ်ဆိုတော့ အတင်းပြောလို့ရတာပေါ့တဲ့။ ကြားကြားချင်းတော့ စိတ်ထဲမှာ တော်တော် ဒေါသထွက်မိတယ်။ ဒါပေမယ့်လည်း လူဆိုတာက အတွေးအမြင်မတူတတ်ကြတော့ သူ့ကို စိတ်ဆိုးနေလဲ အလကားပဲလို့ တွေးလိုက်မိတယ်။ ဒါပေမယ့်လည်း အခုလို အထင်လွဲပြီး ပြောနေတော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ။

GYEONGBOKGUNG PALACE






ညီလာခံသဘင်


ဒါကတော့ အဆောက်အဦးတစ်ခုချင်းစီရဲ့ရှေ့မှာ အခုလိုသံပြားလေးပေါ်မှာထွင်းထားပြီး လမ်းညွှန်ဆိုင်းဘုတ်လေးစိုက်ထားပေးပါတယ်။




Gyeongbokgung နန်းတော်ကို ၁၃၉၅ ခုနှစ်မှာ Gaeseong ကနေ Seoul ကိုပြောင်းရွှေ့ခဲ့ပါတယ်။ ၁၅၉၂ ခုနှစ်မှာတော့ ဂျပန်တွေ ကိုးရီးယားကို သိမ်းပိုက်လိုက်ပြီး နန်းတော်ကို မီးရှို့ဖျက်စီးခဲ့ပါတယ်။ အဲဒီအပျက်အစီးတွေကို ၁၈၆၈ ခုနှစ်အထိ မပြင်ဆင်နိုင်သေးပါဘူး။ နန်းတော်ကို ပြန်လည်ပြင်ဆင်တဲ့အလုပ်ကို ၂၀၀၉ ခုနှစ်မှ အပြီးသတ်နိုင်မှာပါ။ နန်းတော်ကို ပြင်ဆင်မွမ်းမံတယ်ဆိုပေမယ့် မူလအဆောက်အဦးဟာ ၄၀ ရာခိုင်နှုန်းလောက်သာကျန်ရှိပါတယ်။ အတတ်နိုင်ဆုံးဘာသာပြန်ထားတာပါ။ တကယ်လို့များ လိုအပ်တာများရှိနေခဲ့ရင်လဲ ပြင်ဆင်ပေးကြပါ။

You received this email because you are subscribed to the real_time feed for http://decemberhnin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.