Monday, December 22, 2008

[T h Э   U n Ф 0 r g 0 t t a б л e...] 1 New Entry: ချဉ်ပေါင်ကြော်

ချဉ်ပေါင်ကြော်


နေမကောင်းတော့ လူက ဟိုဟာလေးစားချင်သလို ၊ ဒီဟာလေး စားချင်သလို ချင်ခြင်းတပ်နေတော့ ဈေးဝယ်ထားပြီး လက်တည့်စမ်းချင်နေတဲ့ ချဉ်ပေါင်ကြော်ကို မလုလုဆီက နည်းယူပြီး ကျော်စားကြည့်လိုက်တယ်။ ကောင်းလဲမကောင်းဘူး။
ချဉ်ပေါင်ရွက်တွေကဘဲကြမ်းပြီး ရင့်ထော်နေလို့ လား ၊ ကြော်တဲ့သူကပဲ အသုံးမကျတာလားမသိ ဖွယ်တယ်ကြီးနဲ့ စားလို့ မကောင်းဘူး၊ ဆီတွေကလဲများသွားတယ်။ ပြီးတော့ ချဉ်ပေါင်ရွက်တွေလည်း ကျွမ်းနေသလိုဘဲ ။ မကောင်းသော်ငြားလဲ လက်တည့် စမ်းပြီး ပထမဦးဆုံးကြော်ထားတဲ့ ချဉ်ပေါင်ကြော်ကို အားလုံးကို မြည်းကြည့်ဘို့ တင်ပေးထားတယ်။ ကြိုပြောထားတယ်နော် လုံးဝမကောင်းဘူး။

မကောင်းတဲ့ချဉ်ပေါင်ကြော်လေးကိုဘဲ ငါးရံခြောက်ဆီဆမ်းလေးနဲ့ ထမင်းဖြူလေးနဲ့ စားလိုက်တယ်။ နည်းနည်းတော့ အာသာပြေသွားသလိုလို ။

You received this email because you are subscribed to the real_time feed for http://amhattaya.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.