Monday, December 22, 2008

[Sai Wunna] 1 New Entry: နှစ်သုံးဆယ်ထက်မနည်း

နှစ်သုံးဆယ်ထက်မနည်း

နှစ်သုံးဆယ်ထက်မနည်း

အရာရာ ပြောင်းပြန်ဖြစ်
ဗူးတောင်းရေနစ်၊ ဇောင်ကြမ်းပေါ်တဲ့ ခေတ်လေ
လက်နက်မဲ့ ကျောင်းသားက သောင်းကျန်းသူ
လက်နက်ကိုင် လူရမ်းကားက ငြိမ်းချမ်းရေးသမားတဲ့
ဘိန်းမှောင်ခို ဝိသမသမားက ဇောတိက
အမျိုးသား ဓနရှင်က မာဒင်္ဂဖြစ်
ကောင်းလိုက်တဲ့ ခေတ်စနစ်
သွေးစွန်းလက်က ပုတီးကိုင်
သူခိုးက ဘဏ္ဍထိန်း
မုဒိမ်းသမားက ကျောင်းဒကာ
အထက်ဆင်က ခေါင်းစည်းဖြစ်
ဦးပြည်းကို စည်းလိုစည်း
သိုးဆောင်းက ဆရာလုပ်
ယင်းသို့ သရုပ်တွေနဲ့
ချင်း (ဒင်း) တို့ဖြစ်အင် အခါခါလွဲ
နှစ်သုံးဆယ်ထက်မနည်း ကြာမယ်နော်—။
အောင်ဟိန်း (မုံရွာ)
ရက်စွဲ။    ။ ၁၄ရက်၊ ဒီဇင်ဘာ၊ ၂ဝဝ၈
ခက်ဆစ်-
ဗူးတောင်း- ဗူးခါးသီး အခြောက် (ရေထဲနှစ်လျှင် မမြုပ်သည့် အခြောက်)
ဇောင်ကြမ်း- ဇောင်ကြမ်းသား
ဝိသမသမား- တရားမဲ့ စီးပွားရှာသူ
ဇောတိက- သူဌေးတယောက်၏ အမည် (နအဖ ခေတ်တွင် ဘိန်းမှောင်ခို၍ ကြီးပွားလာသူများကို ဇောတိကဘွဲ့ပေးနေ)
မာဒင်္ဂ- မာဒင်္ဂဇာတ်တွင် ဘုရားလောင်း သူတို့သား၏ အမည်
ဦးပြည်း- ကတုံး (ဦးခေါင်းရိတ်ထားသူ)
သိုးဆောင်း- အနောက်တိုင်းသား မျက်နှာဖြူ
ချင်း- ဒင်းနှင့် အဓိပ္ပါယ်တူ ( ယဉ်ကျေးအောင် ချင်းလို့ သုံးသည်)

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.