Monday, December 22, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 5 New Entries: PROSPECT BURMA SCHOLARSHIP PROGRAMME 2009

PROSPECT BURMA SCHOLARSHIP PROGRAMME 2009

APPLICATION GUIDELINES FOR COURSES IN ALL COUNTRIES OTHER THAN INDIA
 
Copies of the application form and these notes may be downloaded from our website: www.prospectburma. org
 
APPLICATION DEADLINE
 
Applications must be submitted to the correct address shown below by 31 March 2009
 
ELIGIBILITY
 
You may qualify for an award if you are of Burmese origin and have been accepted for, or enrolled in a degree course at an accredited college or university, and are:
¨      Accepted for and/or enrolled in a first degree (undergraduate) course at a college or university;
¨      Already studying, or accepted for, a Master's degree course;
¨      A postgraduate student who has already started on a Doctorate, or has a confirmed offer of a place to read for a Doctorate.
 
We give preference to applicants studying one of the following subjects:
 
¨      Agriculture¨      Engineering
¨      Civil Society¨      Human Rights
¨      Development¨      Nursing
¨      Ecology/Conservatio n¨      Public Administration
¨      Education/Teacher Training¨      Public Health
¨      Economics¨      Science subjects
 
While we do not exclude any subjects entirely, we do not give any priority to the following subjects:
 
¨      Business Administration/ Management¨      Political Science
¨      Computer Science¨      Medicine ( at first degree level)
¨      Finance/Banking/ Marketing¨      Fine & Performing Arts
¨      History¨      Religious studies
 
We give preference to students at educational institutions in South-East Asia or South Asia.
 
 
CRITERIA & CONDITIONS
 
We announce a competition each January for awards for the forthcoming academic year. Awards are for one year only, and students must apply again for subsequent years
 
We help students who have a good academic record, who can demonstrate financial need, and who are committed to return eventually to Burma to help the democratic rebuilding of the country. Our awards are intended as a contribution to tuition fees, academic course materials and living expenses including accommodation and food. We do not contribute to international travel, computer equipment or debts. We do not make a contribution to the costs of dependants (spouses, partners, children).
 
We require successful applicants to sign a grant letter and to observe the conditions of the award.  If a student fails to observe the conditions, they will be liable to repay the money and will not be eligible for future awards.
 
Decisions on awards are made by Prospect Burma's Scholarship Committee and are final.
 
INSTRUCTIONS FOR COMPLETING THE APPLICATION FORM
 
Answer all questions fully in English. Write your name in the top right hand corner of each page.
It helps to speed matters up if we can contact you and your referees by e-mail or fax.
 
We require the following supporting documents (in English or with a translation) :
 
¨      Proof of enrolment at a university or college
¨      Copy of any letter giving other awards
¨      Copy of recent academic records and any existing academic references you may have
¨      Copy of the personal details page of your passport or travel document
¨      Any additional information you feel supports your case.
¨      If we funded you last year, we need a full report on your year of studies with grade transcript
 
 
SUBMITTING APPLICATIONS
 
A) Completed application forms for courses in the following countries – Thailand, Cambodia, Laos, Vietnam, Malaysia, Singapore, Indonesia, the Philippines, and Hong Kong  - should be sent by email or hard copy to:
 
Education Project Coordinator
P O Box 8, Mae Ping PO
Chiang Mai 50301
Thailand
E-mail: bpeoshona@gmail. com
 
B) Completed application forms for courses in all other countries should be sent in hard copy (emailed copies will not be accepted) to:
 
Prospect Burma
Porters' Lodge,
Rivermead Court,
Ranelagh Gardens,
London SW6 3SF
United Kingdom
 
 
WARNINGS
 
We do not acknowledge receipt of applications, nor do we send rejection notices. If you have not heard from us by 31 July you should assume that your application was unsuccessful.
 
Anyone sending false documents, making untrue statements or failing to disclose all relevant information will NOT receive a grant this year or in the future.
 
If we have given you a grant in the past, we will only consider a new application if you have fulfilled the conditions set out in your grant letter and supplied us with a full report on your studies.

Yaba (သို့မဟုတ်) ယာဘ

 This video is re-distributed from National Geographic.

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,20th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )လူမှုရေးအကူအညီ ဒေါ်လာ ၅၈ သန်း ပံ့ပိုးဖို့ အီးယူဆုံးဖြတ်

( 2 )ကားတိုက်ခံရသူတွေကို ဆေးရုံပေါ်ကနှင်ချ ( 3 )ထောင်ပြောင်း နိုင်ငံရေးအကျဉ်းသား ဥပဒေရပိုင်ခွင့် ဆုံးရှုံး

( 4 )2010 ရွေးကောက်ပွဲ ၀င်သင့်မ၀င်သင့် အပစ်ရပ်အဖွဲ့များ ဆွေးနွေး

( 5 )မြန်မာအစိုးရ ရွေးကောက်ပွဲ ဥပဒေကို လွတ်လပ်ရေးနေ့တွင် ကြေငြာဖွယ်ရ

( 6 )ဥရောပသမဂ္ဂက စာနာထောက်ထား အကူအညီအဖြစ် ယူရို သန်း ၄ဝ ခွဲ မြန်မာကို ပေးမည်

( 7 )ရွှေလီမြစ် လျှပ်စစ်စီမံကိန်း လယ်ယာ၊ သဘာဝသစ်တောပျက်ဆီး ဒေသခံများ မီးမရ

( 8 )Early Christmas cheer for kids

( 9 )Kazuo Nakamura, soldier who inspired 'The Burmese Harp' novel, dies

( 10 )Myanmar nabs 19 N. Koreans

( 11 )စက်မှု( ၁ ) ၀န်ကြီးဌာနပိုင် ဓါတ်ငွေ့စက်ရုံ၌ ပေါက်ကွဲမီးလောင်

( 12 )Myanmar arrests 19 North Korean defectors

( 13 )Myanmar receives extra €40m in EU aid

ညီမျှခြင်းပွဲတော်

နာဂစ်အပြီး (၇) လကြာ ဧရာဝတီမြင်ကွင်း

NEJ ဖျာပုံနယ်အတွင်း အိမ်ရာအခက်အခဲရှိနေဆဲ

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး (၇) လကြာပြီဖြစ်သော်လည်း မုန်တိုင်းသင့်ဒေသများဖြစ်သည့် ဧရာဝတီတိုင်းရှိ နာဂစ်သင့်မြို့နယ်များအတွင်း မြို့ပေါ်နေထိုင်သူများနှင့် ကျေးရွာနေပြည်သူများ အစိုးရအကူအညီ မရသည့်အတွက် နေထိုင်ရန် အခက်အခဲများ ရှိနေဆဲဖြစ်သည်။ အဆိုပါအခက်အခဲများကို အစိုးရက ဖြေရှင်းမပေးသော်လည်း စေတနာရှင်များက ဧရာဝတီတိုင်းသို့ ကိုယ်တိုင်ဆင်း၍ နေအိမ်အခက်အခဲရှိသူများအတွက် နေအိမ်ဆောက်လုပ် လှူဒါန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။( ဆက်ဖတ်ရန် ) "ကျနော်တို့ ဖျာပုံမှာ ရပ်ကွက်ပေါင်း (၁၈) ရပ်ကွက် ရှိပါတယ်။ အဲဒီမှာ အမှတ် (၁၈) ရပ်ကွက်ဟာ အတော်လေး ဆင်းရဲပါတယ်။ အဲဒီမှာ အခုဆိုရင် မုန်တိုင်းတိုက်ခတ်ပြီး နောက်ပိုင်း လုံးဝကိုဆောက်မယ့်ငွေမရှိလို့ အခက်အခဲဖြစ်နေတဲ့ အိမ်ခြေ စုစုပေါင်း (၇၀) ကျော်လောက် ကျန်နေသေးတယ်။ အဲဒါကို အခု အလှူရှင်တွေ လာပြီး ကြည့်နေကြတယ်။ ဆောက်ပေးမယ့် အနေအထားရှိတယ်ဗျ။ အစိုးရကတော့ ဘာမှ လာကြည့် တာ မဟုတ်ပါဘူးဗျာ။ သူတို့က အိမ်တွေကို ဓာတ်ပုံရိုက်ဖို့အတွက် တီဗီထဲပါဖို့အတွက်ပဲ လူမြင်သာတဲ့နေရာတွေမှာ ဆောက်ပေးတာဗျ" ဟု ဖျာပုံမြို့ပေါ်နေပြည်သူတဦးက ပြောသည်။ ဖျာပုံကမ်းနားမြင်ကွင်းများ ၎င်းအပြင် ဖျာပုံခရိုင်အတွင်းရှိ သောကြာကျေးရွာအုပ်စု ရေပလုံဂွေ့ကျေးရွာက ပြည်သူတဦးက "အလှူရှင်တွေ လာပြီးတော့ လှူသွားတာပါ။ အခုလို အိမ်ဆောက်ပေးတာကို ကျေးဇူးတင်မိတယ်။ ဒါပေမယ့် လှူတဲ့သူတွေက ဘယ်ကလဲတော့ မသိရဘူး။ အမေရိကားကလို့တော့ ပြောတာပဲ။ ဘာပဲဖြစ်ဖြစ် သူတို့လို လူတွေရှိနေလို့ အိမ်နဲ့ ပြန်နေရတာလေ။ အစိုးရက လုပ်ပေးတာတော့ ဒီမှာတော့ မတွေ့ရပါဘူး။ အဘွားတို့လည်း အစိုးရဆိုတာကို မသိပါဘူးကွယ်" ဟု အသက် (၆၀) ၀န်းကျင် အမျိုးသမီးကြီးတဦးက ပြောသည်။ အဆိုပါကျေးရွာတွင် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် အိမ်ခြေ စုစုပေါင်း (၈၆) အိမ်ကျော်တွင် (၅၀) ကျော်မှာ လုံးဝနေထိုင်၍မရလောက်အောင် ပျက်စီးသွားသည့်အတွက် အလှူရှင်များ အလာကို မျှော်ခဲ့ရသေးကြောင်း၊ အလှူရှင်များက ပြီးခဲ့သည့်လတွင် လာရောက်ကာ အိမ်တည်ဆောက်ပေးသွားကြောင်း သိရသည်။

နေအိမ်များ လိုအပ်ချက်ရှိနေသေးသော ဒေသများကို လက်လှမ်းမီသရွေ့ စုံစမ်းသိရှိချက်အရ သောကြာကျေးရွာအုပ်စုရှိ ကျုံလှ၊ ဂွေးချောင်း၊ မြစိမ်းကန်၊ တမံစု၊ ငှက်ချောင်း၊ ကျုံလွှတ်တမံ၊ ဇီးဖြူချောင် စသောကျေးရွာများတွင် နေအိမ် အခက်အခဲရှိနေသေးကြောင်း၊ အဆိုပါကျေးရွာများမှာ ဒေးဒရဲမြို့နယ် အပိုင်ကျေးရွာများဖြစ်ကြောင်း၊ ဖျာပုံခရိုင်တွင် ပါဝင်ကြောင်း သိရသည်။ "ဒီကျေးရွာအုပ်စုမှာက ကျေးရွာပေါင်း (၁၂) ရွာရှိတယ်။ မုန်တိုင်းတိုက်ပြီးနေလို့ရဖို့နေရာ တနေရာရှာရတာ အခုထိကို အတည်မရှိသေးဘူး၊ ကိုယ့်အိမ်မြေနေရာကိုတောင် မပြန်ချင်တော့လောက်အောင် စိတ်ပျက်မိတယ်။

အခု မြင်တဲ့အတိုင်းပဲ။ အမိုးကို တာပေါ်လင်တွေလာပေးတဲ့သူတွေဆီက ရတာတွေကို တမိုးတော့ အသုံးပြုပြီး ပါပြီ။ နောက်နှစ်အတွက်တော့ ဘယ်လို လုပ်ရမလဲ၊ ဘယ်လို ဆောက်မှာလဲ ဆိုတာတွေကို မတွေးရဲလောက် အောင်ပါပဲ" ဟု ဂွေးချောင်း ကျေးရွာသားတဦးက ၎င်း၏ ခံစားမှုကို ပြောသည်။ ဒေးဒရဲမြို့ နယ်တွင် ကျေးရွာအုပ်စုပေါင်း (၉၃) အုပ်စုရှိပြီး အများစုမှာ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ဘောက်(လက်လုပ်လက်စား) အလုပ်လုပ်သူများနေထိုင်ကြသည်။ ဖျာပုံမြို့တွင်နေထိုင်သူ စီးပွားရေးလုပ်သူတဦးက "ဖျာပုံမြို့ပေါ်မှာတင် နေဖို့ အခက်တွေ့ နေသူတွေ အများကြီး။ တနေ့က (International Organization for Migration ) IOM က အိမ်ဆောက်ပေးဖို့အတွက် လာကြည့် တယ်ဗျ။

 သူတို့ဆောက်မှာက (၆ တောင် ၊ ၁၂ တောင်) လို့ ပြောတယ်။ ဒါပေမယ့် အိမ်လိုတဲ့သူတွေက အဲဒီအိမ်အတွက် လက်သမားခ၊ အိမ်ရိုက်သံ၊ ထရံအကာ၊ အခင်း အုတ်ဖိနပ် စတာတွေအတွက် ကျခံရမယ်တဲ့။ IOM က အိမ်ရုပ်လုံးကို သစ်သားတွေနဲ့ ဖော်ပေးသွားမယ်ဆိုတဲ့ သဘောပေါ့။ တန်ဖိုးကို တွက်ကြည့်ရင် အိမ်နေသူတွေဘက်က ပေးရမယ့် တန်ဖိုးဟာ ကာလပေါက်ဈေးနဲ့တွက်ရင် တသိန်းခွဲကျော်လောက်တော့ ကျတယ်။ ပေးနိုင်သူတွေက ပေးမယ်ပြောတယ်။ မပေးနိုင်တဲ့သူတွေကတော့ ဒီအတိုင်းပဲ ကြည့်နေရမှာပေါ့" ဟု ပြောပြသည်။ ယခုပုံစံအတိုင်း လာရောက်လှူဒါန်းသော အိမ်အလှူရှင်များလည်းရှိကြောင်း၊ မည်သည့် တန်ဖိုးမှ ပေးရန် မလို အပ်ဘဲ တည်ဆောက်ပေးနေသော စေတနာအလှူရှင်များလည်း ဒေးဒရဲ မြို့နယ်၊ ဖျာပုံမြို့နယ်တို့တွင် ရောက်ရှိနေကြကြောင်း မြို့ခံများက ပြောသည်။

ဒေးဒရဲမှာ လာမည့်ဝါတွင်း ၀ါဆိုရန် အခက်အခဲ ရှိမည

အရှေ့ဘက်မှ ထောက်တိုင်များ ထောက်ထားကာ အနောက်ဘက်မှ ကြိုးများဖြင့် ဆွဲချည်၍ အုန်းပင်များနှင့် တုတ်နှောင်ထားသော ဘုန်းကြီးကျောင်းတကျောင်းကို ဒေးဒရဲမြို့နယ်အတွင်းက ကျုံလွှတ်တမံရွာတွင် တွေ့ရခြင်းဖြစ်သည်။ ဘုန်းကြီးကျောင်းဝင်းသည် ခြံစည်းရုံးမရှိ၊ သို့သော် ခြံစည်းရိုးရှိခဲ့သည့် အနေအထားများ တွေ့ရသည့်အတွက် နာဂစ်မုန်တိုင်းကြောင့် ဖြစ်မည်ဟု တပ်အပ် သိစေခဲ့သည်။ အဆိုပါကျောင်းပေါ်သို့ ခြေကို ဖော့ကာတက်သွားခဲ့ရာ ကျောင်းပေါ်တွင် အသက် (၅၀) ကျော်အရွယ် ကျောင်းထိုင်ဆရာတော်ကို တပည့်ဒါယိကာ (၅) ဦးခန့်နဲ့ ထိုင်နေသည်ကို တွေ့ရသည်။ ဧည့်သည့် ရောက်လာခြင်းကို အားနာနေပုံရသည်။

ကျောင်းပေါ်တွေင် ဘုရားဆင်းတုတဆူ၊ ပလ္လင်နှင့် ပဋိကပ်စာအုပ်များ ဖရိုဖရဲကို တွေ့ရသည်။ ဘုန်းကြီးကို အရိုအသေပြုလက်အုပ်ချီကန်တော့အပြီး အပေါ်သို့ မော့ကြည့်ရာ ၀ါးများဖြင့် ရက်လုပ်ထားသော မျက်နှာကြက်များ စုတ်ပြတ်ပေါက်ပြဲနေပြီး ကျောင်း၏ ဘုံပိတ်ကို တာပေါ်လင်အမိုးပြာများဖြင့် မိုးထားသည်ကို ဖောက်ထွင်း တွေ့နေရသည်။ "ဒီကျောင်းက မြင်တဲ့အတိုင်းပဲ။ ဒီနှစ်မိုးတွင်တော့ ပြီးပြီ။ လာမယ့် ၁၃၇၁ ခုနှစ်အတွက် ၀ါဆိုဖို့ အခက်ရှိတယ်။ မိုးယိုမယ်။ ကျောင်းကလည်း ဒီနေ့ ၀ုန်းကနည်း ပြိုမှာလား၊ မနက်ဖြန် ၀ုန်းကနည်း ပြိုမှာလား မပြောတတ်ဘူး" ဟု ကျောင်းထိုင်ဆရာတော်က မိန့်သည်။ "မုန်တိုင်းဖြစ်ပြီး (၁) လလောက်ကြာတော့ (၆၆) တပ်က ဗျူဟာမှူးဆိုသူက ဘုန်းကြီးကျောင်းတကျောင်းကို သွပ်အချပ် (၁၀၀) နှင့် ငွေ (၂) သိန်း ပေးတယ်ဆိုလို့ သွားတာမရဘူး။

စုစုပေါင်း (၄) ခေါက်တိတိသွားတယ် မရခဲ့ဘူး။ ဒေါက်တာ အရှင်ဦးဥာဏိဿရကတော့ သွပ်အချပ် (၁၀၀) ပေးတာ ရတယ်။ အဲဒီသွပ်ကို ဘာမှမကျန်ခဲ့တဲ့ ဘုရားသိမ်ကို ဦးစားပေးပြီး မိုးတယ်" ဟု ဘုန်းတော်ကြီးက ရှင်းပြပြောဆိုသည်။ ဖျာပုံ၊ ဒေးဒရဲ မြို့နယ်များအတွင်း ဘုန်းကြီးကျောင်းများသာမက ဘုရားပုထိုးစေတီးများပါ ပျက်စီးခဲ့ရသည်များ ရှိကြောင်း၊ ဘုရားပုထိုး စေတီများ ပြန်လည်ပြုပြင်ရန်ထက် ဘုန်းတော်ကြီးကျောင်းများမှာ အရေးကြီးကြောင်း၊ လာမည့် ၁၃၇၁ ခုနှစ်အတွက် ၀ါဆိုကြမည့် ရဟန်းသံဃာများ၏ ဘုန်းကြီးကျောင်းများ အမိုးအကာ လိုအပ်ချက်များ ရှိနေသေးကြောင်း သိရှိရသည်။ "ဒေးဒရဲမြို့နယ်မှာ ဘုန်းကြီးကျောင်းတွေ (၂၅၀) ကျော်ရှိမယ်။ အချို့ကျောင်းတွေက မုန်တိုင်းကြောင့် အားလုံးပြိုတယ်။ အချို့က အမိုးအကာ လန်တယ်။

အချို့က အောက်ခြေကပဲ ယိုင်သွားတာရှိတယ်" ဟု ဒေးဒရဲမြို့နယ်ရှိ သာသနာရေးဆိုင်ရာ တာဝန်ရှိသူက ပြောသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၏ တရားဝင်ထုတ်ပြန်သော စာရင်းများအရ ဧရာဝတီတိုင်းတွင် ဘုရား စေတီ (၃,၀၇၄) ဆူ၊ ဘုန်းကြီးကျောင်း (၁,၉၃၈) ကျောင်း၊ သီလရှင်ကျောင်း (၇၃) ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း (၁၈၂) ကျောင်း၊ မွတ်စလင်ဝတ်ပြုကျောင်း (၂၅) ကျောင်း၊ ဟိန္ဒူဘုရားကျောင်း (၂၂) ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်းကျုံလွှတ်တမံ ဘုန်းကြီးကျောင်းမှာ အောက်ခြေအုတ်ဖိနပ်များ ယိုင်သွားကာ လုံးဝဖျက်၍ ပြန်လည်တည်ဆောက်ရမည့်အခြေအနေတွင် ရှိသော်လည်း ဒကာဒကာမများ နွမ်းပါးသည့်အတွက် လာမည့်နှစ် ၀ါဆိုရန် မည်သို့ဆောင်ရွက်ရမည်ကို ဘုန်းတော်ကြီးက တွေးတော ကြံဆမှုများ ပြုလုပ်နေရသည်။ "ဒီဒေသတ၀ိုက်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေ ကိုယ်တိုင်ပြန်ဆောက်ကြတာချည်းပဲ။ အမှန်တော့ အစိုးရဟာ ဒီနာဂစ်မုန်တိုင်းတိုက်ပြီး အချိန်ကြာလာလေလေ ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဒီနှစ်ကုန်လို့ နောင်နှစ်မှာ ဘယ်လိုဖြစ်လာမယ်ဆိုတာတွေကို လုံးဝ မေ့ထားပြီထင်ပါတယ်" ဟု ဖျာပုံမြို့မှ အငြိမ်းစား သမ၀ါယမ၀န်ထမ်းတဦးက သူ၏ခံစားထင်မြင်မှုကို ပြောပြသည်။ ဒေးဒရဲုမြင်ကွင်း ကျုံလွှတ်တမံရွာ၏ ဘုန်းကြီးကျောင်း ယိုင်နဲ့နေသည်ကိုကြည့်၍ ဘုန်းတော်ကြီးက "လုံးဝပြိုသွားတာကမှ ကောင်းအုံးမယ်။ အခုမြင်တဲ့အတိုင်းပဲ အားလုံးပြန်ဖြိုပြီးမှ ဆောက်ရမယ့်အနေအထားလေ။ လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်က ဒီကျောင်းကို ဆောက်ခဲ့တာ။ ရပ်ရွာခံဒကာတွေ ချို့တဲ့လို့ သစ်အကောင်းမ၀ယ်နိုင်ခဲ့ဘူး။ အခုလို အနေအထားဖြစ်သွားတော့လည်း ပြန်ဆောက်နိုင်မယ့်အခြေအနေ မတွေ့ဘူး။ ဒေါက်တွေထောက်၊ ကြိုးတွေနဲ့တုတ်ပြီးတော့ နေတာ ဘယ်နေ့ပြိုကျမလဲဘဲ တွေးနေရတယ်" ဟု အဆိုပါ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးဝိမလက မိန့်ကြားသည်။

စာသင်ကျောင်းများတည်ဆောက်ရန် နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများတွင် စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ရန် လိုအပ်ချက်များ ရှိနေကြောင်း ဒေးဒရဲမြို့ခံတဦးက ပြောသည်။ "ဒေးဒရဲမှာ ကျေးရွာအုပ်စုပေါင်း (၉၃) အုပ်စုရှိတယ်။ အဲဒီမှာ မူလတန်းကျောင်း (၁၉၀) ကျော် ပျက်စီးသွားတယ်။ အခုပြန်လည်တည်ဆောက်ရတာ ကျောင်း (၃၀) ကျော်လောက်ရှိမယ်။ အစိုးရက အမိုးလန်တာ၊ ယိုင်နဲ့သွားတာတွေကိုတော့ လာလုပ်တာတွေ့တယ်။ ဒါပေမယ့် လုံးဝပြိုပျက်သွားတဲ့ ကျောင်းတွေကို တည်ဆောက်မှုလုပ်တာနည်းတယ်။ ဒါကြောင့် ဒီဒေသခံတွေက အလှူရှင်ကိုပဲ မျှော်ရတာလေ။ အလှူရှင်လာတဲ့အခါ မြို့နယ်ပညာရေးမှူးဆီမှာ ခွင့်ပြုချက်ယူပြီးမှ ဆောက်ရတာ ဖြစ်တယ်" ဟု ဒေးဒရဲမှ အငြိမ်းစားကျောင်းဆရာတဦးက ပြောသည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၏ စာရင်းများအရ ပညာရေးကဏ္ဍအတွက် သုံးစွဲရန် ငွေကြေးသီးသန့်မထားရှိကြောင်း၊ ဧရာဝတီတိုင်းတွင် မူလတန်းကျောင်း (၁,၅၀၄) ကျောင်း၊ အလယ်တန်း ကျောင်း (၁၃၉) ကျောင်း၊ အထက်တန်းကျောင်း (၆၉) ကျောင်း ပျက်စီးခဲ့မှုကို ပြန်လည်တည်ဆောက်မှုမှာ (၉၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ "အစိုးရကတော့ ပြောနေတာပဲ။ တချိန်လုံး တယ်လီဗေးရှင်းက ကြားနေရတာ။ တကယ်တမ်းကျတော့ မုန်တိုင်းဖြစ်တဲ့ဒေသတွေကို ဆင်းကြည့်မှ ပိုသိရတာ။ အခု (၇) လရှိနေပြီ။ စာသင်ကျောင်းတွေ သူတို့ပြောသလို ပြီးစီးတာမတွေ့ရပါဘူး။ အခုအလှူရှင်တွေကလာပြီး ဆောက်တာတွေ့တယ်" ဟု ပြီးခဲ့သည့် ရက်ပိုင်းက ဧရာဝတီတိုင်းကို သွားရောက်ခဲ့သူတဦးက ပြောသည်။

ဒေးဒရဲမြို့နယ်ရှိ ရွာပေါင်း (၁၂) ရွာရှိသော သောကြာကျေးရွာအုပ်စုရှိ ကျုံလွှတ်တမံကျေးရွာ ရွာခံတဦးက "မုန်တုန်းတိုက်တော့ ကျနော်တို့ရွာက စာသင်ကျောင်းဟာ လုံးဝ ပြိုသွားပါတယ်။ ကလေးတွေ ကျောင်းဘယ်လိုတက်ရမလဲဆိုတဲ့အသိ ၀င်တိုင်း စိတ်မချမ်းသာဘူး။ ဇူလိုင်လလောက်မှာ ယူနီဆက်က ဒီစာသင်ကျောင်းကို ယာယီလာဆောက်သွားတယ်" ဟု ယူနီဆက်အမှတ်တံဆိပ်နှင့် တာပေါ်လင်အဆောက်အအုံကိုကြည့်၍ ပြောသည်။ ၎င်းရွာ၏ မူလတန်းကျောင်းကို ယခုအခါ ရန်ကုန်မှ ဘုန်းတော်ကြီးတပါးက ဦးဆောင်ကာ ၂၀၀၉-၂၀၁၀ ပညာရေးနှစ်အတွက် တည်ဆောက်နေကြောင်း၊ လက်ရှိယာယီကျောင်းတွင် ကျောင်းသားဦးရေ (၆၈) ဦးရှိကြောင်း၊ ဆရာမ (၂) ဦးနှင့် ဆရာတဦးရှိကြောင်း သိရသည်။ "ရန်ကုန်က ဆရာတော်က ဒီလိုစာသင်ကျောင်းတွေ ဒီနယ်တ၀ိုက်မှာ (၉) ကျောင်းဆောက်ပြီး လှူမှာပါ။

တကျောင်းကို သိန်းပေါင်း (၅၀) ကျော်ကုန်မယ်လို့ တွက်ထားကြတယ်။ ဆရာတော်ရဲ့ဒကာတွေနဲ့ အလှူရှင်တွေ ပါဝင်တယ်" ဟု ၎င်းကျောင်းကို တည်ဆောက်ရန် တာဝန်ယူထားသူ ဒေးဒရဲဒေသခံက ပြောသည်။ မုန်တိုင်းကြောင့် အဆိုပါ ရွာမှ ကျောင်းသား (၁၀) ဦးခန့် အသက်ဆုံးရှုံးခဲ့ရကြောင်း ရွာခံတဦးကပြောသည်။ "ပညာရေးကို ဦးစားမပေးတဲ့ဒေသဖြစ်နေတဲ့အတွက်၊ ဗဟုသုတနည်းပါးတဲ့အတွက် ကျနော်က ကလေးတွေအတွက် ရင်လေးခဲ့ရတယ်။ စာသင်ကျောင်းသာ ပြန်မဆောက်နိုင်ဘူးဆိုရင် နဂိုကမှ စာပေဗဟုသုတနည်းရတဲ့အထဲ ဘာတွေဖြစ်ကုန်မလဲလို့ပေါ့ဗျာ။ အခုတော့ ဘုန်းကြီး ဦးဆောင်တည်ဆောက်တဲ့ ဒီစာသင်ကျောင်းကို မြင်တွေ့ရတော့ စိတ်ထဲမှာ ပြောမပြတတ်အောင်ပါပဲ" ဟု အသက် (၄၀) ၀န်ကျင်း ရွာသားတဦးက ပြောသည်။

စပါးအထွက်နှုန်း တ၀က်ကျ နာဂစ်မုန်တိုင်းတိုက်ပြီး (၂) လခန့်ကြာမှ စိုက်ပျိုးခဲ့ရသော ဧရာဝတီတိုင်းမှ လယ်သမားများ ပြီးခဲ့သည့် မိုးစပါးများ ရိတ်သိမ်းပြီးစီးလု ဖြစ်နေကြရာ အထွက်နှုန်းများ ပြီးခဲ့သည့်နှစ်ကထက် ထက်ဝက်ခန့် လျော့ကျကြောင်း သိရသည်။ "အထွက်နှုန်း လျော့ကျတယ်ဆိုတာ မျိုးကြဲတဲ့ အချိန်ကွာတာရယ်၊ မျိုးမရလို့ အဆင်ပြေတဲ့ မျိုးတွေကို သုံးရတာရယ်၊ ကဏန်းကိုက်လို့ မျိုးမအောင်တာရယ် အဲဒါတွေကြောင့် ဖြစ်တာပါ" ဟု ဒေးဒရဲမြို့နယ် ရေပလုံကွေ့ ကျေးရွာသားတဦးက ပြောသည်။

"ဒီဒေသမှာမှ မဟုတ်ဘူး၊ နာဂစ်တိုက်သွားတာ ခံရတဲ့ ဧရာဝတီတိုင်းက ကျေးရွာတွေအားလုံးမှာ ဒီပုံစံအတိုင်းပဲ" ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့်နှစ်က တဧကလျှင် တင်း (၅၀) ခန့် ထွက်သောစပါးများသည် ယခုနှစ်တွင် တင်း (၃၀) ခန့်သာ ထွက်ရှိကြောင်း ဒေသခံများက ပြောသည်။

"အစိုးရက လယ်သမားတဦးကို မျိုး (၂) တင်းပေးတယ်။ လယ် (၁) ဧကစာပေါ့။ ဒီရွာမှာက လယ်သမားတဦးစီပိုင်ဆိုင်မှုဟာ အများဆုံးဧက (၄၀) ကနေ အနည်းဆုံး ဧက (၂၀) ထိရှိတယ်။ ပေးတဲ့မျိုးက မအောင်မြင်၊ ဒီတော့ အပြင်က ရှာပြီး ပြန်ကြဲရတာပေါ့။

အဲဒါကြောင့် အထွက်နှုန်းကျတာ" ဟု လယ်သမားတဦးက ပြောသည်။ ရေပလုံကွေ့ရွာတွင် အိမ်ခြေ (၆၀) ကျော်ရှိပြီး လယ်သမား (၁၇) ဦးခန့်ရှိကာ လယ်ဧက (၂၈၅) ဧကပိုင်ကြောင်း သိရသည်။

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.