Monday, January 19, 2009

[ကွန်ပျူတာ ဒိုင်ယာရီ] 17 New Entries: Running Multiple Instances of Google Talk

Running Multiple Instances of Google Talk


သင့်မှာ Gmail Address နှစ်ခု ရှိတယ်ဆိုကြပါဆို့။ ဒါပေမဲ့ GTalk မှာ ချက်တင် ၀င်တဲ့အခါ Primary mail နဲ့ပဲ ၀င်နေရတယ်။ နောက် mail adress တစ်ခုနဲ့ပါ တပြိုင်နက် (polygamy) ထပ်ဝင်ပြီး အားရပါးရ ချက်ချင်သေးတယ်ဆိုရင် ဒီတိုင်းလုပ်ပေးလို့ ရပါတယ်။
၁။ Destkop ပေါ်က GTalk icon ကို right click လုပ်ပါ။၂။ Properties ကိုရွေးပါ။၃။ Target(location of file) ဆိုသောနေရာကို ရှာပါ။



၎။ ထို့နောက် Target Address ၏နောက်ဆုံးတွင် space ခြားပြီး /nomutex ဆိုသော စာသားလေးကို ရိုက်ထည့်ပေးလိုက်ပါ။


၅။ ထို့နောက် Apply ကို Click လုပ်ပါ။ ပြီးလျှင် သင်၏ primary gamil address နှင့် GTalk သို့ Login လုပ်ပါ။ဒုတိယအကြိမ်ဝင်ရန်အတွက် Desktop ပေါ်တွင်ရှိသော GTalk icon ကို Click နှိပ်ပြီး secondary gmai address နှင့် username ကိုထည့်ပါ။ ဒါဆို သင့်တွင် GTalk window နှစ်ခု ပေါ်လာပြီး လက်မညောင်းမချင်း ချက်နိုင်ပါပြီ

Post From notes4pc.blogspot.com

ကိုယ့်ကိုယ်ကို သစ္စာရှိပါ


Personality အကောင်းဆုံးလူတစ်ယောက် ဖြစ်လာဖို့ဆိုတာ ကိုယ့်မှာရှိသမျှ ဖြစ်နိုင်တဲ့အခြေအနေ ဖြစ်နိုင်တဲ့ အလားအလာရှိသမျှကို အကောင်းဆုံးပေါ်ထွက်လာအောင် လုပ်လိုက်တာပါပဲ။
Personality ဆိုတာထဲမှာ ဖီးလိမ်းပုံ၊ ပြင်ဆင်ပုံ၊ ရုပ်ရည်ရူပကာယလည်း ပါသလို၊ ဆံပင်အနေအထား၊ အင်္ကျီအ၀တ်အစားလည်း ပါတယ်နော်။ ပြောပုံဆိုပုံ၊ ၀တ်ပုံစားပုံ၊ လုပ်ပုံကိုင်ပုံ ဒါတွေလည်းပါတယ်။ ဒါတင်မကသေးဘူး၊ စိတ်နေသဘောထားနဲ့အသိဥာဏ်၊ လူအများနဲ့ ဆက်ဆံရေးဆိုတာတွေလည်း ပါတယ်နော်။ Personalityဆိုတာ လူတစ်ယောက်မှာ ဖြစ်နိုင်သမျှ အကုန်လုံး အကောင်းဆုံးဖြစ်အောင် လုပ်တာလို့ အဓိပ္ပါယ် ကောက်ထားပြီးပြီ ဆိုတော့ ဘာမှမကျန်တော့ဘူး။
ဒါကြောင့် ပေါ့ပေါ့တန်တန် မနေဘဲနဲ့ ကိုယ့်ကိုယ်ကို အမြဲတမ်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်နေအောင် ကြိုးစားရမယ်။ ရုပ်ရည်လည်းသန့်သန့်ပြန့်ပြန့်၊ အ၀တ်အစားလည်း သန့်သန့်ရှင်းရှင်း၊ စိတ်ကလည်း သန့်သန့်ပြန့်ပြန့်လေး သန့်သန့်ရှင်းရှင်းလေး ကြည်ကြည်လင်လင်လေးဖြစ်နေအောင် အမြဲတမ်းကြိုးစားရမယ်။

The development of personality means fidelity to the law of one's being.

ကိုယ့်ရဲ့ Personality တိုးတက်ဖွံ့ဖြိုးအောင် အစွမ်းကုန် ကြိုးစားတာဟာ ကိုယ့်ကိုယ်ကို သစ္စာရှိတာပါပဲ။

ဆရာတော် ဦးဇောတိကစာအုပ်ထဲက ကြိုက်လို့ သူငယ်ချင်းများကို တင်ပြထားတာပါ။

ကိုယ့်ဓာတ်ပုံတွေ သူများမကြည့်စေချင်ရင်

ကွန်ပျူတာဖိုင်များတွင် Header code တွေပါတယ်။ အဲဒီ Header code တွေက Hex number တွေဖြစ်ပါတယ်။
Hex number ဆိုတာက 0 to F (0.1.2...9,A,B....F) တွေဖြစ်ပါတယ်။ အဲဒီ Header code တွေကို ပြောင်းလိုက်ရင်
အဲဒီဖိုင်ကို ဖွင့်မရတော့ပါဘူး။ အဲဒီယူဆချက်ကိုသုံးပြီးတော့ jpeg ဖိုင်တွေရဲ့ Header code ကိုပြောင်းရင်
အဲဒီ JPEG ဖိုင်ဟာ ဖွင့်မရတော့ဘူးလေ။ သူများမမြင်စေချင်တဲ့ ကိုယ့်ဓာတ်ပုံတွေကို ဒီနည်းလမ်းသုံးပြီး
ဘာ software မှမလိုပဲ ဖျောက်လို့ရပါတယ်။

1. Start ကနေ Run ကိုသွားပါ။ cmd လို့ရိုက်ထည့်ပါ။
2. အနက်ရောင် Command Prompt Window ပွင့်လာပါလိမ့်မယ်။
3. debug "Your Picture File Location" လို့ရိုက်ထည့်ပါ။ ဥပမာ. သင့်ပုံက D:\ ထဲမှာရှိပြီး File name က
mypic.jpg ဆိုရင် debug D:\mypic.jpg လို့ရိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။
4. e 100 လို့ရိုက်ပြီး Enter ခေါက်ပါ။
5. ။ ဥပမာ- 1381:0100 FF. လို့ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ FF. ဆိုတာ မူရင်း Header code ဖြစ်ပါတယ်။
အဲဒါကို သေချာမှတ်ထားပါ။ ပြီးတော့ AA လို့ရိုက်ပြီး Enter ခေါက်ပါ။
AA လို့မရိုက်ချင်လည်း 00,11,22,....,FF ထဲကနေ ကိုယ်ကြိုက်တာကိုရိုက်ပါ။
ဒါပေမဲ့ မူရင်း Header code ကိုတော့ ရိုက်လို့မရဘူးနော်။
6. w လို့ရိုက်ပြီး Enter ခေါက်ပါ။
7. Writing xxxxx bytes ဆိုပြီး ပေါ်လာပါလိမ့်မယ်။ ဥပမာ Writing 0B586 bytes
8. q လို့ရိုက်ပြီး Enter ခေါက်ပါ။
9. ပြီးရင် Exit လို့ရိုက်ပြီး Enter ခေါက်လိုက်ရင် Command Prompt ကနေထွက်သွားပါလိမ့်မယ်။

ဒါဆိုရင် ပြီးသွားပါပြီ။ ကြိုက်တဲ့ Picture Viewer နဲ့ကြည့်ပါ။ လုံးဝမရပါဘူး။

ဖြည်နည်း

1. အပေါ်ကအဆင့်ကအတိုင်း အဆင့် ၄အထိသွားပါ။
2. အဆင့် ၅မှာ မူရင်း header code ကိုပြန်ထည့်ပေးပါ။ ပြီးရင် ကျန်အဆင့်တွေအတိုင်း လုပ်ဆောင်ပါ။


ဒီpostက ကိုသူရိန်ဆီက တောင်းထားတာပါ....

What is That Files


ကိုယ့်မှာ ရှိနေတဲ့ ဖိုင်တစ်ခုရဲ့ အမျိုးအစားကို မသိဘူးဆိုရင် ဒီဆိုဒ်မှာ သွားရောက် စစ်ဆေး ကြည့်ရှု နိုင်ပါတယ်။ အလွန်အသုံးဝင်တဲ့ ဆိုဒ်တစ်ခု ဖြစ်ပါတယ်။ ဥပမာ ကိုယ်က .pdf ဆိုတဲ့ ဖိုင်အမျိုးအစားကို စစ်ဆေးကြည့်မယ် ဆိုရင် Adobe Acrobat ဖိုင်ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ [Link]

Registry တွေကလိကြည့်ရအောင်

Specifying Programs to run every time Windows Start

If you want to start programs every time windows runs, but would like to hide them from users by not having the listed in the Startup Folder or the WIN.INI file, you can have load them through the registry.

1.Start Regedit
2.Go to
HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Run or Runonce
3.Right click on the right panel
4.Pick NEW/String Value
5.Type it any name
6.For the value, enter the path and executable for the program you want to run

Removing the Shortcut Icon Arrows

1.Start Regedit
2.Open the Key_HKEY_CLASSES_ROOT_
3.Open the Key LNKFILE
4.Delete the value IsShortcut
5.Restart Window

Viewing File Extensions in Windows

1. Start Regedit
2. Go to HKEY_CLASSES_ROOT
3. Right click on .exe and click New\String Value
4. Name it AlwaysShowExt

Adding an Application to the Right Click on Every Folder

Here is how to add any application to the menu when you right click on any folder. This could be useful if there is an app you always available and don't want to go through the Start menu

1. Start Regedit
2. Go to HKEY_CLASSES_ROOT\Folder\Shell
3. Add a key Your App. (Allow any word)
4. Putting a "&" in front of a character will allow you to use the keyboard shortcut.(eg. &command)
5. Go to HKEY_CLASSES_ROOT\Folder\Shell\Your App
6. Add a key Command
7. Give it the full path of your application as default value. (e.g. C:\windows\command.exe)

Creating a Network Logon Banner

If you want to create a Network Logon Banner
1. Start Regedit
2. Go to HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Winlogon
3. Create a new String Called LegalNoticeCaption
4. Enter the text for your banner

Removing Programs Listed from the Control Panel's Add/Remove Programs Section

1. Start Regedit
2. Go to HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Uninstall
3. Delete any program here.

This will only delete them from the list, not delete the actual programs.

Automatic Screen Refresh

When you make changes to your hard drive and use Explorer, the changes are not usually displayed until you press the F5 key. To make the updates automatic;

1. Start Regedit
2. Go to HKEY_LOCAL_MACHINE\System\Current ControlSet\Control\Update
3. In the UpdateMode Modify the value between 1 and 7
4. Restart Windows

blog တွင် မြန်မာပြက္ခဒိန် ထည့်သွင်းနည်း

မြန်မာ ပြက္ခဒိန် ကို ဘလော့ သမားများ အတွက် RSS version နဲ့ ထပ်ထုပ်ပေးလိုက်တယ်။ RSS Feed: http://samerss.myanmarcalendar.com
blogger.com ရဲ့ New version သုံးတဲ့လူတွေအတွက် နမူနာ
1) blogger.com တွင် Login ၀င်ပါ။
2) "Manage Your Blog" တွင် Layout ကိုနှိပ်ပါ။
3) Side bar ဘက်တွင် "Add Page Element" ကို နှိပ်ပါ။\
4) Feed တွင် "Add To Blog" ကို နှိပ်ပါ ("Feed"-Add content from an RSS or Atom feed to your blog.)
5) "Feed URL" တွင် http://samerss.myanmarcalendar.com ကို ထည့်သွင်းပါ။ "Continue" ကိုနှိပ်ပါ။
6) Title ကို သင်နှစ်သက်သလိုပြင်လို့ရပါသည်။ ပြီးလျှင် "SAVE CHANGES" ကို နှိပ်ပါ။
နေ့စဉ်နေ့တိုင်း မြန်မာပြက္ခဒိန်မှ ရက်စွဲများ အလိုအလျှောက် ပြောင်းလဲနေပါလိမ့်မည်။


From kowunnako

နယ်ခြား

> နွေဦးသစ်ရွက်တွေလိုမျိုး
တဖြုတ်ဖြုတ်ကြွေကျနေလိုက်တာ
ကျောင်းသားအဖြစ်ရဲ့လက်ကျန်နေ့ရက်တွေကုန်တော့မယ်.....။

> လွမ်းတတ်မယ်ဆိုရင် ပြောပါတယ်
မိုင်တိုင်တွေဘယ်လောက်
နာရီလက်တံတွေ ဘယ်နှစ်ခေါက်
(သူငယ်ချင်းတွေ)
တစ်ယောက်ကိုတစ်ယောက်
ဝေးသွားကြမှာတုန်း.....။

> နေ့စွဲနဲ့လုပ်ထားတဲ့ နယ်ခြား
ဖြတ်သန်းရလုပေါ့
စိတ်ရှိလက်ရှိနှမြောပစ်ခဲ့ပါတယ်.....။

ဂျောက်ဂျက်(မကွေး ကွန်ပျူတာ)

MP3 Playerမှာသီချင်းစာသားပေါ်အောင်လုပ်နည်း


အခုနောက်ပေါ်တဲ့ MP3 Player တွေမှာ သီချင်းနားထောင်နေရင်း သီချင်းစာသားပေါ်အောင်လုပ်လို့ရနေပါပြီ။ နည်းကလွယ်လွယ်လေးပါ။ ပထမဆုံး သီချင်းဖိုင်ကို MP3 ထဲထည့်ပါ။ ဥပမာ- M2M-Pretty Boy ဆိုပါတော့။သီချင်းစာသားဖိုင်ကို
http://www.lrcdb.org/ ကနေ ရယူပါ။ ပြီးတော့ MP3 ထဲထည့်ပါ။သတိထားရမှာက စာသားဖိုင်နဲ့ အသံဖိုင်နဲ့ ဖိုင်အမည်ခြင်း တူရပါ့မယ်။ဒါဆိုရင် စနားထောင်လို့ ရပါပြီ။MP3 ကိုဖွင့်၊ နားကျပ်ကိုတပ်၊ သီချင်းဖွင့်၊ သီချင်းလာပြီဆိုတာနဲ့ MP3က Mode ခလုတ်ကိုသုံးစက္ကန့်လောက်နှိပ်လိုက်ရင်သီချင်းစာသားလေးတွေ ပေါ်လာပါလိမ့်မယ်...
ကိုသူရိန်ဆီက ရတာပါ။

ကျွန်တော်နှင့် သနပ်ခါး ပွင့်ကလေး


စစ်မက်ပြိုင်မိုး
ကြယ်ကလေးတွေ စီးချင်း မထိုးကြပါနဲ့

မိုးချုပ်အိမ်ပြန်
လမင်းကိုပန်တဲ့ မိန်းကလေး
ငြိမ်းချမ်းရေးနဲ့ အိပ်စက်နေလို့ ပါကွယ်။

တာရာမင်းဝေ

မြန်မာ Blogs ရေးချင်ရင်

Myanmar Blogs ရေးရအောင်
တော်တော်လေးပြည့်စုံတဲ့ Ebook ကလေးပါ.......
ကိုစေတန်ဆီက ရတာပါ...
Download EBook

အဝေးကချစ်သူ


ပင်လယ်ကြီးမှ မဟုတ်ပါဘူး...
ကော်ဖီခွက်မှာလည်း လှိုင်းရှိပါတယ်.....
အမြင့်မှာမှ မဟုတ်ပါဘူး
အမြင့်နှစ်ခုကြားမှာလည်း လေတိုက်တာပါပဲ.....
စိမ်းသွားတယ်လို့ မယူဆပါဘူး...
အပြာနဲ့အ၀ါရဲ့တိုက်ဆိုင်မှုလို့ မှတ်ယူပါ့မယ်.....
ပိုင်ဆိုင်ရမှ မဟုတ်ပါဘူး...
မြိုသိပ်ထားရတာလည်း ခံယူတတ်ရင်လှတာပါပဲ.....
ဒါကြောင့်မို့
တံခါးပေါက်တွေလည်း ဖွင့်ထားပါတယ်.....
ငှက်ကလေးရေ မြင့်မြင့်ပျံပါ.....
အိပ်မက်တွေကိုလည်း မျိုချလိုက်ပါပြီ.....
လှိုင်းလိုခုန်တဲ့ရင်ကိုလည်း
လိုက်ကာလို ဆွဲသိမ်းလိုက်ပါပြီ.....
ချစ်ခွင့်ရမှ မဟုတ်ပါဘူး...
အဝေးကလရောင်ကလည်း ကမ္ဘာမြေအထိ အေးပါလိမ့်မယ်......

ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း အေးငြိမ်းအောင်ရေးတာပါ။

ဖန်ခွက်အလွတ်


မင်းရှေ့မှာ ချထားတဲ့
ဖန်ခွက်အလွတ်ထဲကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ

ရေခဲသေတ္တာတံခါးကို ပိတ်လိုက်ပါ
သူတို့က ချိုမြိန်တယ်လို့ ပြောပေမဲ့
အဲဒီဖျော်ရည်တွေကို
ငါမသောက်ချင်ဘူး
မင်းရှေ့မှာ ချထားတဲ့
ဖန်ခွက်အလွတ်ထဲကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ

စားပွဲပေါ်က ၀ိုင်ပုလင်းတွေ
ပြန်ပြီးသိမ်းထားလိုက်ပါတော့
အိပ်မက်တစ်ခုထက်တောင်
ယစ်မူးစရာ ကောင်းတယ်ဆိုပေမဲ့
ငါတို့နှစ်ယောက် အတွက်တော့
ဒါတွေကိုလည်း မလိုအပ်ပါဘူး

မင်းရှေ့မှာ ချထားတဲ့
ဖန်ခွက်အလွတ်ခွက်ထဲကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ

သူတို့ရဲ့ ဖန်ခွက်တွေကတော့
တစ်စုံတစ်ခုနဲ့ အမြဲတမ်းပြည့်ဝလို့
မော့သောက်လိုက်ကြတဲ့အခါ
ကမ္ဘာတစ်ခုလုံး လောက်ပိုင်ဆိုင်သွားကြတယ်
ချစ်ခြင်းမေတ္တာကလွဲလို့ပေါ့

မင်းရှေ့မှာ ချထားတဲ့
ဖန်ခွက်အလွတ်ထဲကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ

ငါတို့သောက်လိုက်ကြမယ်
ဖန်ခွက်အလွတ်တွေကို ပြိုင်တူမော့လို့
ငါတို့သောက်လိုက်ကြမယ်
ငါတို့ နှစ်ယောက်စလုံး
ဖန်ခွက်အလွတ်တွေလို
ကြည်လင်သန့်စင်သွားတဲ့အထိပေါ့။

ရှင်ကွဲ


ငါတို့ရှေ့မှာ
ရထားဟာ ခါတိုင်းထက် ပိုမိုရှည်လျား
ဥသြဆွဲသံများကလည်း
ဖွာရာရ ထစ်ချုန်း ပြတ်တောက်ကျနေခဲ့

နှုတ်မဆက် မိရင်လည်း အကောင်းသား
နှုတ်ဆက်လိုက်ကြတော့
ဘူတာဟာ
အ၀ါရောင်ဖျော့ဖျော့နဲ့ ဂူသင်္ချိုင်း ဆန်လာ

ကံကြမ္မာက
မျဉ်းတစ်ကြောင်းတည်းပေါ်မှာ
ခွာလေးဘက် မရပ်နိုင်ခဲ့ဘူး

ဘယ်သူ့ကိုမှ မပြောနဲ့
ဘယ်သူ့စကားကိုမှ နားမထောင်ဘူး
မြေလို ပင်လယ်လို အက္ခရာ တစ်လုံးနဲ့
ငါတို့ ဆက် ချစ် နေကြဦးမယ်

မမေ့ဘူးကွယ်
ဘယ်တော့မှ မမေ့ပါဘူး
ရက်စက်သွယ်ပြောင်းတဲ့
မီးခိုးလက်ချောင်းတွေက
ငါတို့ကို အပွင့်ခူးချိန်

ရထားဟာ
လောကလူရိုင်းရဲ့ မှုတ်ပြောင်းဝကနေ
အဆိပ်တွေနဲ့
တုန်ယင်စွာ လူးလွန့် ထွက်ခွာခဲ့ရပေါ့။

တာရာမင်းဝေ

ဥယျာဉ်


နဂါးတွေကသာ
တကယ်တမ်း ကပြမယ်ဆိုရင်တော့
ကိုယ်ကြည့်ချင်စိတ်ရှိပါတယ်။

ဒါပေမယ့်
မျက်နှာအရေပြား တွန့်တွန့်ကြီးနဲ့ လူတွေက
နဂါးနှဲမှုတ်ပြီး လူးလွန့်ပြရင်တော့
သူတို့အစား..
ကိုယ်က ပင်ပန်းပျင်းရိနေတတ်တယ်။

အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုးတွေက တိတ်တာတောင် ကိုယ်ကရွာတုန်း။

သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ ကြိုးစားဆဲမှာ
သစ်ပင်က ကြွေကျလာခဲ့။
ကိုယ်လို ပေကပ်ကပ်ကောင်ကတော့
ကျောက်တုံး တွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့။

ကောင်မလေးရေ..
တကယ်ဆို ကိုယ်ဟာ ဥယျာဉ်တစ်ခုပါပဲ
မြေပြင်မှာ ဘာမှ မပွင့်သေးတာက လွဲရင်ပေါ့။

တာရာမင်းဝေ

ချစ်သူ


မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကိုမြင်နေရပါသည်။

အလွန်ဝေးကွာသည့်အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားမည့် အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။

တာရာမင်းဝေ

ပန်းလေပြေ

ရင်ခွင်တစ်ခုလုံး ဖွင့်ပြပြီးမှ
မင်း ယုံမယ်ဆိုရင်
ငါရင်ခွဲပြချင်တယ်။

ငါ့ အသည်းတစ်ခုလုံး စုတ်ပြတ်သွားအောင်
ဒဏ်ရာတွေ ပေးခဲ့ချင်တယ်ဆိုရင်
ငါ လက်ခံပါ့မယ်။

ငါ့ရင်ခွင်မှာ မိုးရွာနေတာ
မင်းကြောင့်ဆိုတာ လက်မခံရင်နေ
ငါချစ်နေတာ
မင်းသိရင်
ငါကျေနပ်တယ်။

Microsoft TestKing 2003

Latest Microsoft TestKing from MCP, MCSA to MCSE 2003 (+ Messaging & Security)

Microsoft 70 270
Installing, Configuring and Administering Microsoft Windows XP Professional
Q&A with explanations
Version 37.0
Download : TestKing.Microsoft.070-270.Exam.Q.And.A.v37

Microsoft 70-284
Installing, Configuring, and Administering Microsoft Exchange 2003 Server
Q&A with explanations
Version 35.0
Download : TestKing.Microsoft.070-284.Exam.Q.And.A.v35

Microsoft 70-285
Designing a Microsoft Exchange Server 2003 Organization
Case Study with explanations
Version 18.0
Download : TestKing.Microsoft.070-285.Exam.Q.And.A.v18

Microsoft 70-290
Managing and Maintaining a Microsoft Windows Server 2003 Environment
Q&A with explanations
Version 53.0
Download : TestKing.Microsoft.070-290.Exam.Q.And.A.v53

Microsoft 70-291
Implementing, Managing, and Maintaining a Microsoft Windows Server 2003 Network
Infrastructure
Q&A with explanations
Version 52.0
Download : TestKing.Microsoft.070-291.Exam.Q.And.A.v52

Microsoft 70-293
Planning and Maintaining a Microsoft Windows Server 2003 Network Infrastructure
Q&A with explanations
Version 34.0
Download : TestKing.Microsoft.070-293.Exam.Q.And.A.v34

Microsoft 70-294
Planning, Implementing, and Maintaining a Microsoft Windows Server 2003 Active Directory
Infrastructure
Q&A with explanations
Version 33.0
Download : TestKing.Microsoft.070-294.Exam.Q.And.A.v33

Microsoft 70-297
Designing a Microsoft Windows Server 2003
Active Directory and Network Infrastructure
Version 19.0
Download : TestKing.Microsoft.070-297.Exam.Q.And.A.v19

Microsoft 70-298
Designing Security for a Microsoft Windows Server 2003 Network
Case Study with explanations
Version 16.0
Download : TestKing.Microsoft.070-298.Exam.Q.And.A.v16

Microsoft 70-299
Implementing and Administering Security in a Microsoft Windows Server 2003 Network
Q&A with explanations
Version 14.0
Download : TestKing.Microsoft.070-299.Exam.Q.And.A.v14

You received this email because you are subscribed to the real_time feed for http://khaingzaw.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.