Monday, January 19, 2009

[ခပ်ရင့်ရင့် အတွေး သံစဉ်များ] 25 New Entries: အချစ်နဲ့ လူ တစ်ယောက်ရဲ့ အကြောင်း

အချစ်နဲ့ လူ တစ်ယောက်ရဲ့ အကြောင်း


ပြောင်းလဲမှုကို မြတ်နိုးတဲ့ "ကောင်" တဲ့ ……။

ဆူးတစ်ချောင်းက နွယ်ဖြစ်ချိန်

နှိုးစက် နာရီက ချောက်ချက်မြည်မှ

အိပ်ယာဝင်ဖို့ ပြင်ဆင်ရ။



ပြောင်းလဲမှုကို မြတ်နိုးတဲ့ "ကောင်" တဲ့ ……။

မြစ်တစ်စင်းက မျက်ရည်ခမ်းချိန်

အားလုံး အိမ်ကို ပြန်လာချိန်မှ

အိမ်မက်တွေကို နှင်ထုတ်ပြီး

ပြန့်ကျဲနေတဲ့ သံစဉ်တွေကို လိုက်ကောက်နေရ။



ပြောင်းလဲမှုကို မြတ်နိုးတဲ့ "ကောင်" တဲ့ …..။

ရာစု အဟောင်းက လူမသိ သူမသိ

တမ်းတမှုတွေနဲ့ အသားကျပြီး

ရင်ထဲက ဆူးကို စိုက်ပျိုးဖို့

ပုစ္ဆာဟောင်း တစ်ပုဒ်ကို တွက်ရင်း

ပုံသေနည်းတကျ "အချစ်" သစ်ပင် စိုက်ဖို့ကြိုးစားရင်း

ရေလောင်း ပေါင်းသင်နေရတယ်။

ခပ်ရင့်ရငိ့အတွေးသံစဉ်များ

ah-pauk: ငါ....သတိရပါတယ်..

ah-pauk: ငါ....သတိရပါတယ်..


page 15 - Lay phyu

လက်ခုပ်နဲ့ ပြည့်တဲ့မိုး












မင်း ရဲ့  အသံ နေရာအနှံ့
ပဲ့တင်သံထပ် နေသလို
ငါ့နောက်လိုက်နေပြန်ပြီ။

တွေးရင်း ကြွေကျ မျက်ဝန်းတစ်စုံမှ
မှုံဝါးဝါး မှန်တစ်ချပ် ဘောင်ခတ်ခြင်းမပါဘဲ
မြင်လိုက်ရပြန်ပြီ။

တ၀ဲဝဲလည်နေတဲ့ မင်း ပုံရိပ်က
ရိုးအီနေပြီဖြစ်တဲ့ နာကျင်မှုကို
အကန့်အသတ်မရှိ တူးဆွနေပြန်ပြီ။

မိုးဒေ၀ါကလည်း လျှို့ ဝှက်ဆန်းကြယ်စွာ
ငါ့ညတွေကို ပိန်းပိတ်အောင် အရောင်ခြယ်နေပြန်ပြီ။

သိမ်ငယ်စွာနဲ့ အရုဏ်ကို ဖိတ်ခေါ် ပြန်လည်း
အပြာရောင်အလင်းတောင် မထွန်းနိုင်တဲ့
ပိုးစုန်းကြူးဘ၀ ငါ... ဖြစ်ရပြန်ပြီ။

အညှိတက် ကြေးဝါဖန်တံခါးရွက်က
မစဲတဲ့မိုးနဲ့အပြိုင် လှောင်ပြောင်နေသလို
သံစုံတီးဝိုင်း ဖန်တီးနေပြန်ပါပြီ။

ယိုင်နဲ့နဲ့ ငါလည်း အားကျမခံ ရုန်းထ
ရင်ဘတ်က ဆွဲထုတ်လိုက်တဲ့အခါ
လက်ခုပ်နဲ့အပြည့်ပါလာတဲ့ မိုးစက်တွေ
ရော့ .....အချစ်.... ဒါ....
မင်းဖန်ဆင်းပေးထားတာလေ။

source & idea : flickr, bravejournal

Blog Day 2008

စကားချီး

ဘလော့ဂါဆိုတာ
ဗလာဂေါ်မဟုတ်
စာဖော်သရုပ်နဲ့
မြန်မာရုပ်ကို
အဟုတ်မည်စေ
ဝဿုန်မြေ။

----

ငါတို့ငယ်ငယ် ကလေးအရွယ်က
ဝလုံးတွေဝိုင်း စာသင်ခိုင်းပြီး
ကျောက်သင်ပုန်းထက် သင်အံကျက်ခဲ့ကြတယ်။
စာပေတန်ဖိုး လူ့တန်ဖိုးကို
လေ့လာရင့်ကျက် တို့ဘလော့ဂါတွေရဲ့ လက်တွေ..

တွဲဆက်မြဲမြံ
တိုင်းပြည်ကျိုးပြု လူထုအတွက်
သယ်ပိုးရွက်စို့ ခက်လို့နေသလား
အပျော်စကားတွေနဲ့
ဖော်များသဟာဆွေအပေါင်း
စကားတွေဖောင်ဖွဲ့
ယောင်ယဲ့လို့ မနေကြပဲ
(ပို့စ်တွေလည်းတင်ယင်း)
အမျိုးမျိုးခင်းကျင်းလို့
အပေါင်းအသင်းတို့ရေ......
တို့တိုင်းပြည် ကောင်းစားအောင်လို့
ဘလော့ဂါတို့ရဲ့ လက်တွေနဲ့ပို့။

ရှေ့တစ်လှမ်းတိုးဖို့
နောက်ကို တစ်ခဏ
လှည့်ကြည့်မိတဲ့အခါ
မနှစ်က ဒီလိုအချိန်ကို ငါပြန်မြင်မိ...။
ငါ့ဘေး၊ ငါ့အနားမှာ
ငါ့လက်တွဲဖေါ်တွေ အနည်းစုရယ်လေ...။

ခုတော့ဝေဆာ
တို့မြန်မာ ဘလော့ဂါများ
ပေါင်းဆုံရာ MBSနဲ့
တစ်နှစ်ကို ရှေ့ဆက်
သွေးမပျက်ခဲ့ ငါတို့တွေ...။

သွေးမပျက်ဆို
နေ့ညမရွေး ငါတို့တွေအချိန်ပေး
ရေးသားခဲ့တဲ့ ပို့စ်တွေ
အလေးထားရတဲ့ ကွန်မန့်တွေ
တစ်ယောက်က တစ်ယောက်ကိုအားပေး
လူချင်းမနီးပေးမယ့် နှလုံးသားချင်း နီးနေခဲ့ကြတယ်။
ခံစားမှုတွေမတူညီ ယုံကြည်ချက်တွေကွဲပြား
အယူအဆတွေကွာခြား အရောင်တွေများနေပေမယ့်
တို့တွေ တစ်ညီတစ်ညွတ်တည်း
လက်ခံယုံကြည်ထားကြတာက
ငါတို့ဟာ Blogger များ ဖြစ်တယ်။
အားလုံးအတူတူ ပေါင်းစုရင်း
အလွှာမခွဲခြား
ညီညာစွာ စိတ်ကိုထား၍
လက်တွဲ မဖြုတ်စတမ်း
ပျှော်ရွှင်စွာ ဘလော့ကြတယ်။

ဖြစ်တည်လာခဲ့
ငါတို့ဘလော့အဖွဲ့
အောင်မြင်မှုကို ရှေးရှုရင်းနဲ့
ပညာ သုတ ရသ စုံစွာ
အခက်အခဲများကို စုပေါင်းဖြေရှင်း
တတ်နိုင်သမျှ ပေးစွမ်းရင်းနဲ့
ဆက်လက်ချီတက်သွားကြမယ်.....

နှောင်တွယ် သွေးချင်း
တို့ အမျိုးရင်းတွေ..
ရင်းနှီးချစ်ခင်
တိုင်ပင်နှီးနှော
မေးမြန်းပြောဆို
ဘလော့ဒေး မှသည်
အဓွန့်ရှည်တည်
လက်တွဲသွားမည်.....MBS ဆီ...........။

MBS
မြန်ပြည်တစ်လွှား
ပြိုင်စံရှားစေ
ခက်ခဲကျော်လွှား
ဘလော့ဂါများသည်
ကြိုက်သလိုစမ်း
ကျော်ဖြတ်သန်းကာ
ဘလော့ခဲ့ကြ
Second ဆီမီနာတိုင်ခဲ့ပြီ။
ပေါင်းဆွေသဟာ
ကျောင်းဒကာတို့
သေဖော်ညှိလည်း
ပျော်ရွှင်ရယ်မော
ဆက်ဘလော့မည်။

စားလဲဒီစိတ် နားလဲဒီစိတ်
အတွေးတို့ အထွဋ်အထိပ်နဲ့
ငါတို့ ရင်ဘတ်တွေနဲ့ဘလော့တယ်။

တခါတလေ တွေးရင်းဘလော့
ကဗျာတွေ ရေးရင်းဘလော့
ဖတ်တဲ့သူမရှိလဲ ဆက်ဘလော့
ဒိုင်ယာရီသဘောမျိုး ငါ့ဘလော့
ခေါင်းမော့ရင်ကော့ (ငါတို့တွေ) ဆက်ဘလော့မယ်။

တစ်ချို့က..အချစ်အတွက် ဘလော့
တစ်ချို့က.. အပြစ်ဖွဲ့ဖို့ ဘလော့
တစ်ချို့က..၀ါသနာအတွက် ဘလော့
တစ်ချို့က..ပညာအတွက် ဘလော့
တစ်ချို့က..ယုံကြည်ချက်အတွက် ဘလော့
တစ်ချို့က..ရင့်ကျက်မှုတွေနဲ့ ဘလော့
ငါတို့တွေ…
လက်ချင်းမြဲမြဲ ဆက်ထားမယ်။

တို့တွေ ဆုံတွေ့ရာ
အွန်လိုင်းပေါ်မှာ...
တစ်ယောက်နဲ့တစ်ယောက်
ဗဟုသုတဖလှယ်ရာ
ဘလော့ပေါ်မှာ...

ဘလောဂ့်ရင်းနဲ့ ချစ်ခင်တွယ်
သံယောဇဉ်နှောင်ကြိုး ထပ်ထပ်တိုးလို့
Network တစ်ခုကိုဖက်တွယ်
Global ခေတ်ကို အမှီပြုရင်း
စည်းလုံးစွာ ဘလောဂ့်ကြမယ်
ဇွဲမလျှော့နဲ့ သူငယ်ချင်းတို့။

ရဲရင့်ပါ၏။
ပြတ်သားပါ၏။
နူးညံ့ပါ၏။
မာကျောပါ၏။
သွေးစက်အားလုံး
နီရဲပါ၏။
သွေးကြောများစွာ
စီးဆင်းပါ၏။
ဆုံဆည်းပါသည်။
ပျော်ခြင်းရွှင်ခြင်း
ငိုခြင်းရီခြင်း
ဖလှယ်ကြသည်။

ရင်ဘတ်ကိုဖောက်ချ.....
တစ်စစနဲ့....နစ်ဝင်ခဲ့ရ...
ဒီ ဘလော့လောက....
အမှတ်တရတွေ များလှသည်။

သွေးချင်းရယ်မို့
တူတူခံစား
တူတူကျော်လွှား
နေ့ရက်များကို
ကဗျာလေးနဲ့
လာအတူတူ
သွားစို့လားကွယ်။

ဘလော့ဂါ ဘာလဲ ဘယ်လဲ။
အတွေးနယ်ချဲ့
ရေးမယ်ကွဲ့ လို့အားတင်း
အချင်းချင်းအမြင်မတူ
အမြင်မတူတော့ ခေါင်းစဉ်ကွဲ
မတူတဲ့အမြင်
မထပ်တဲ့အရေး
အမျိုးမျိုးသော အတွေးတွေကို ပေါင်းစုလိုက်တော့
ရောင်မျိုးစုံတဲ့သက်တံ့ကြီးပါတကား။
တွေးမြဲတွေးပါ...
ရေးမြဲရေးပါ...
တို့ .. တွေက ဘလော့ဂါတွေပဲ
ရောင်စုံလို့အသွင်ကွဲ
လွဲသွားတော့ဘာဖြစ်လဲ
ဘလော့ဂါ .. ဒီမြစ်တစ်စင်း
စီးဆင်းရင်းနဲ့။

-----

ဘလော့တခုပိုင်ရုံနဲ့ ဘလော့ဂါလို့ ပြောချင်လဲ ပြောပေါ့...
မခေါ်ချင်လဲ ရပါတယ်...
အနုပညာဆိုတာ ဖန်တီးသူရဲ့ နှလုံးသွေးစုတ်ချက် .....
ကောင်းခြင်း၊ ဆိုးခြင်းဆိုတာ ဖန်တီးသူရဲ့ အလုပ်မဟုတ်ဘူး...
ကျွန်တော့်တို့ စုတ်ချက်တွေ ၀ိဥာဉ်ရှိသ၍ ခြယ်မှုန်းနေကြအုံးမှာပါပဲ....
စကားလုံးပန်းချီတွေ ဟောဒီ့ရှေ့မှာ သွန်မှောက်ချပြနေအုံးမှာပါပဲ...
တခါတရံ ကာရံညီချင်ညီမယ်...၊ တခါတရံ သံစဉ်မဲ့နေမယ်..
တခါတရံလဲ ထော်လော်ကန့်လန့် ဖြစ်ချင်ဖြစ်နေမယ်....
အားပေးသူရှိချင်ရှိမယ်....၊ ရှိချင်မှလဲ ရှိမယ်.....
ဟုတ်ကဲ့ ကျွန်တော် ဘလော့တခု ပိုင်ဆိုင်ပါတယ်....
ဒါပေမယ့် ဘလော့ဂါ ဖြစ်ချင်မှ ဖြစ်မယ်.....
ဟုတ်ကဲ့......

ကျွန်တော့် မှာ ဘလော့တခုပိုင်ဆိုင်ပါတယ်။
----
(၂၀၀၈ခုနှစ် MBS Seminar အတွက် ဘလော့ဂါအများ ပေါင်းစပ်ရေးသားသည်။)

Memorable Bagan

Breath-Taking photo shots of Bagan.

Photobucket

Photobucket

Photobucket

Photobucket

Photobucket

Photobucket

ပေးဆပ်ခဲ့ရခြင်း

အလွမ်း

ပန်းကလေး
အလှမ်းဝေးလွန်းတယ်
အလွမ်းချစ်
ပန်းအဖြစ် ပွင့်ခဲ့ရင်တောင်
မနမ်း ဝံ့ ပါဘူး။

မြစ်တစင်းထဲ
ချစ်ခြင်းတွေ အပြည့်တင်
ဘယ်သောင်ပြင် ကပ်ရမယ် မသိ
ဖြတ်မရသည့် သံယောဇဉ်ကြိုး
တိုးလို့ နှောင်မိ။

ဒီ ဘဝမှာတော့
ညီမျှမှ တော်ရာကျမှာမို့
တေးသီခါ ဖေါ်ကာပြချင်ပေမယ့်
အဝေးဆီသာ မျှော်ကာတရတယ်
အချစ်ရယ် ...
တော်ရာကပဲ လွမ်းနေမယ်။

ဒဏ်ရာတွေနဲ့ ငှက်


နင် ရက်လုပ်ထားတာ မဟုတ်ပေမယ့်

ငါ ဝတ်ဆင်နေရတဲ့ အကြွေရက်တွေထဲ

ပိတ်လှောင် မွန်းကျပ်နေတဲ့

သံယောဇဉ်နေ့ရက်တွေရှိတယ် ….


တောင်ပံတွေ ညောင်းတဲ့အထိ

ကူးခတ်မှုတွေ အရာမရောက်ခဲ့ဘူး

ကိုယ်တိုင်ထွင်းဖောက်ခဲ့ရတဲ့

တလမ်းသွားလမ်းကြောင်းလေးမှာ

ဆူးဒဏ်ရာနဲ့ အက်ကြောင်းတွေထပ်လို့….


နင် မသွယ်ဆင်းပေမယ့်

ငါ့ အရိုးခံစိတ်နဲ့ တူးဖေါ်ထားတဲ့

စမ်းချောင်းလေး လူလားမြောက်ခွင့် ရခဲ့ပါပြီ…

ရင်ထဲက ကျောက်စာ

အလွမ်းတွေနဲ့ ဖွဲ့သီတဲ့ကြိုး

a lwan

Happy Birthday Naruto and Ko Zeyar!

Happy 29th Birthday for Naruto and 26th birthday for Ko Zeyar

Image Hosted by ImageShack.us


May you two be healthy and long life from now on!
May you two be happy in your lifes with the ones you love!
May you two be fufill with the wiasjes you want!
May all your dreams come true!


With the best of best wishes!
Pinkgold

မိုးပြာရောင်




ဟား……. ကောင်းကင်ကြီးကို ကြည့်လိုက်စမ်း….. ပြာ…. နေတာပဲ….။
ဘေးပတ်လည်မှာလည်း မျက်စေ့တစ်ဆုံး မြက်ခင်းပြင်ကြီး…။ တစ်ကိုယ်လုံးကို ဖြေလျော့ပြီး
ပက်လက်လှန်ပြီး ကြည့်လိုက်စမ်း…။ ဘယ်လောက် အေးချမ်းသွားလဲ…။





တိမ်တွေကို တစ်ခုချင်း လိုက်ကြည့်…။ ဖြေး…..ဖြေးလေး ရွေ့နေတာ…။
အပူအပင်တွေ ဘာ…. မှ မတွေးနဲ့။ ကံကောင်းရင် သက်တန့် လေးတွေပါ တွေ့ရတတ်တယ်…။





အားရင် အားသလို မြက်ခင်းပေါ်မှာ လှဲပြီး တိမ်တွေကို
ကြည့်နေရရင် သိပ်ကောင်းမှာပဲ။ ကျောင်းစာလား….။ လုပ်မနေနဲ့ အချိန်တန်ရင်
အောင်သွားလိမ့်မယ်….။ ဘွဲ့ရရင် ခေါင်းမသုံးရတဲ့ အလုပ်တစ်ခုလုပ်။ အလုပ်မှာ ပြတင်းပေါက်
ကျယ်ကျယ်ရှိရင် ပိုကောင်းတယ်…။ တိမ်တွေကို ကြည့်လို့ရတာပေါ့။





စည်းစိမ်တွေ… ရည်မှန်းချက်တွေ… ဆုံးဖြတ်ချက်တွေ…. ဘာ….မှ
မလိုဘူး…။ ဘ၀မှာ ဘာများထူးပြီး အဓိပ္ပါယ် ရှိမှာလဲ…။ အချိန်တန်ရင် သူ့ဟာသူ
အဆင်ပြေသွားလိမ့်မယ်…။ အခု ဒီလိုနေ….. နေတာကိုက စည်းစိမ် မဟုတ်လား…။





အရွယ်ရောက်ပြီဆိုတော့ မိန်းမတစ်ယောက်လောက် ယူအုံးမှပါ။ သိပ်ချော
သိပ်လှ သိပ်ထက်မြက်စရာ မလိုဘူး။ တော်ရုံသင့်ရုံဆို ရပြီ။ သာမာန် အိမ်ရှင်မ ဆို
ရပြီ…။ ကလေးလား…။ သုံးယောက်လောက်တော့ ယူမယ်…။ အားတဲ့အချိန် မြက်ခင်းပေါ်လာပြီး….
တိမ်တွေရွေ့…. နေတာ ကြည့်မယ်…။ ဟား…. လောကကြီးက အေးချမ်းလိုက်တာ…။





အသက်ကြီးလာရင် စောစော ပင်စင်ယူပြီး ကလေးတွေလုပ်ကျွေးတာ
ထိုင်စားမယ်…။ အချိန်ပိုတွေမှာ… မြက်ခင်းပေါ်လာပြီး အေးအေးဆေးဆေး တိမ်ကြည့်မယ်…။
တဖြည်းဖြည်းနဲ့ အချိန်ဖြုန်းရင်း အသက်ကြီးမယ်…။





ဟား…. သာယာလိုက်တာ… ကောင်းကင်ကြီးက… ပြာ… နေတာပဲ…။



Comapny Workers and Their Expected Salary!

ကျွန်မ အခုတစ်လော အပျူထင်းနေတယ်ရှင့်။ အပျူထင်းတာ သိကြလား။ အပျင်းထူတာလေ.. စာရိုက်ရမှာ အပျင်းထူးတာနဲ့ သူများပိုစ့်တွေနဲ့ လုပ်စားနေတာ တော်တော်လေးတော့ များနေပြီ။ အဲတော့ မဖြစ်သေးပါဘူးလေ.. သူများတွေကိုလည်း အားနာစရာ ကောင်းနေပြီ.. ပြီးတော့ ရေးခိုင်းထားတဲ့ ပိုစ့်လေးတစ်ခုကိုလည်း မရေးရသေးတာနဲ့ ပျင်းတာကို ခဏနားပြီး စာရိုက်ဖို့ ပြင်ရတော့တာပေါ့။ ကျွန်မ 100 မြောက်ပိုစ့်ကို တင်တုန်းက ကိုကြီးစေးထူးက ကွန်းမန့်လေး ရေးသွားတာပါ။ အဲတုန်းက ကျွန်မက အင်တာဗျူး ပုံစံလေး တစ်ခုကို ရေးခဲ့ပြီး ၀မ်ထန်းတွေရဲ့ မျှော်မှန်းလစာကိုပါ အင်တာဗျူးမှာ မေးတတ်ကြတော့ အဲဒါလေးနဲ့ ပတ်သက်ပြီး သူကရေးခိုင်းတာပါ။

ကလိုစေးထူး Said: မျှော်မှန်းလစာ ဆိုတာကို တွေ့ဖူးနေ၊ ကြားဖူးနေတာတော့ ကြာပြီ။ သိချင်တာက အဲဒီလိုမျိုး အလုပ်လျှောက်သူက သူ့မျှော်မှန်းလစာကို တင်ပြတဲ့အခါ ကုမ္ပဏီတွေက ဘယ်လိုအခြေအနေကို မူတည်ပြီးတော့ လစာကို ပြန်သတ်မှတ်လဲ ဆိုတာပါပဲ။ ဆိုကြပါစို့၊ လူတယောက်က သိပ်တော်ပေမယ့် တောင်းတဲ့ လစာက သိပ်နည်းနေရင်ရော `ဒါတော့ မဖြစ်သင့်ဘူး´ ဆိုပြီး သူ့ပညာနဲ့ ထိုက်တန်တဲ့ လစာမျိုး တိုးပေးတာမျိုး၊ ပြီးတော့ မတန်တဆ လစာတောင်းတယ်လို့ ယူဆရတဲ့ အခါမှာရော လစာကို ဘယ်လိုပြန်ညှိယူသလဲဆိုတာ ကို ဗဟုသုတအနေနဲ့ ဖြစ်ဖြစ် သိချင်ပါတယ်။ ညီမ အချိန်ရရင် ရေးပေးဖို့ တောင်းဆိုပါရစေ။ အဲ…၊ ရေးဖြစ်ရင်လည်း လက်လာတို့ပါအုံး။ :D


မျှော်မှန်းလစာ ဆိုတာကို တွေ့ဖူးနေ၊ ကြားဖူးနေတာတော့ ကြာပြီ။ သိချင်တာက အဲဒီလိုမျိုး အလုပ်လျှောက်သူက သူ့မျှော်မှန်းလစာကို တင်ပြတဲ့အခါ ကုမ္ပဏီတွေက ဘယ်လိုအခြေအနေကို မူတည်ပြီးတော့ လစာကို ပြန်သတ်မှတ်လဲ ဆိုတာပါပဲ။ ဆိုကြပါစို့၊ လူတယောက်က သိပ်တော်ပေမယ့် တောင်းတဲ့ လစာက သိပ်နည်းနေရင်ရော `ဒါတော့ မဖြစ်သင့်ဘူး´ ဆိုပြီး သူ့ပညာနဲ့ ထိုက်တန်တဲ့ လစာမျိုး တိုးပေးတာမျိုး၊ ပြီးတော့ မတန်တဆ လစာတောင်းတယ်လို့ ယူဆရတဲ့ အခါမှာရော လစာကို ဘယ်လိုပြန်ညှိယူသလဲဆိုတာ ကို ဗဟုသုတအနေနဲ့ ဖြစ်ဖြစ် သိချင်ပါတယ်။ ညီမ အချိန်ရရင် ရေးပေးဖို့ တောင်းဆိုပါရစေ။ အဲ…၊ ရေးဖြစ်ရင်လည်း လက်လာတို့ပါအုံး။ :D
ဟုတ်ကဲ့ပါ.. ကျွန်မမတို့တွေက အင်တာဗျူးရင် ပဲ ဖြစ်ဖြစ် ကျွန်မတို့ကို အင်တာဗျူး ခံရရင် ပဲဖြစ်ဖြစ် မျှော်မှန်း လစာကို မေးတတ်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကုမ္ပဏီ တစ်ခုမှာ Pay Scale တစ်ခုကို သတ်မှတ် ထားလို့ပါပဲ။ မန်နေဂျာ level ကတော့ ဘယ်လောက်၊ Supervisor level ကတော့ ဘယ်လောက်၊ ရိုးရိုး staff တွေကတော့ ဘယ်လောက် စသည်ဖြင့် သတ်မှတ်ထားတာကို အားလုံးလည်း သိကြမှာပါနော်။ အဲတော့ ကျွန်မတို့ သတ်မှတ်ထားတဲ့ လစာနဲ့ အင်တာဗျူး လာဖြေသူ တစ်ယောက် လိုချင်တဲ့ လစာကို ချိန်ရတယ်။ ကိုယ်ပေးထားတဲ့ Pay Scale တွင်းမှာ ၀င်ရင်တော့ အိုကေ ပြသနာမရှိဘူး။ ကိုယ်ကဗျူးလို့ ကြိုက်ရင်ခန့်ထားလိုက်ရုံပဲ။ သူလိုချင်တဲ့ လစာက သူ့ level အရ ကုမ္ပဏီက သတ်မှတ်ထားတဲ့ လစာထက် များနေတယ် ဆိုရင် လစာညှိုနှိုင်း တာမျိုးတွေ ဘာတွေ လုပ်ရတော့မယ်။ ကျွန်မတို့ရဲ့ သတ်မှတ်လစာက ဒီအဆင့်အတွက်ဆိုရင် ဒီလောက်ရှိတယ်။ အမတောင်းထားတဲ့ လစာက နည်းနည်းတော့ များနေတယ်။ အဲတော့ ကျွန်မတို့ Probation အနေနဲ့ 3 လလောက် ခန့်မယ်။ ကာလကျော်သွားလို့ အမရဲ့ လုပ်ရည်ကိုင်ရည်၊ လုပ်နိုင်မှု စွမ်းအား အပေါ်မှာ မူတည်ပြီး လစာတစ်ခု သတ်မှတ်ပေးမယ်။ တောင်းထာသလောက်လည်း ဖြစ်ရင် ဖြစ်မယ်။ တောင်းထား တာထက်လည်း များရင် များမယ်.. ဒီလို ညှိုနှိုင်းမှု လေးတွေ လုပ်ရတာတာပေါ့။

တစ်ချို့လူတွေရှိတယ်။ လုံးဝကို အညှိုမခံဘူး။ ငါတော်တယ် ငါတတ်တယ်။ ဒီလောက်မှ ငါ့ကို မပေးနိုင်ရင် နိုးပဲ။ အဲလို ခံယူထားတဲ့ လူမျိုးတွေရှိတယ်။ အဲတော့ ပြန်စဉ်းစားရတယ်။ ကိုယ့်က ဒီလူကို သူတောင်းသလောက် လစာ အများကြီးပေးပြီး အရဲစွန့် ခန့်မှာလား။ သူက တော်တယ် တတ်တယ်သာ ပြောနေတာ။ ဒါကို ကိုယ်က ခန့်ကြည့်မှ သိမှာလေ။ ဒါမှမဟုတ် သူ့ထက် မလျော့တဲ့ နောက်တစ်ယောက်ကို Probation ကာလပေးပြီး သူ့ရဲ့ အစွမ်း အစအပေါ် မူတည်ပြီး လစာပေးမလား။ အဲလိုမျိုးတွေကို ယှဉ်ပြီး စဉ်းစားကြတဲ့အခါ ငါမှ ငါဖြစ်နေတဲ့ လူမျိုးတွေက တော်ရက်သားနဲ့ ကျန်ခဲ့တာ မျိုးတွေ ဖြစ်တတ်တယ်။ နည်းနည်းလေးလောက် စောင့်ပြီး သူလိုချင်တဲ့ လစာကို စောင့်ယူမလား။ ဒါမမဟုတ် နောက်တစ်နေရာနဲ့ ပြောင်းချိတ်မလား ဆိုတာကတော့ သူတို့ရဲ့ ရွေးချယ်ပိုင်ခွင့်ပေါ့လေ။ ကုမ္ပဏီတော်တော် များများကတော့ ၀န်ထမ်းခန့်ရင် လစာနည်းနည်းနဲ့ တော်တဲ့ သူမျိုးကို လိုချင်တတ်ကြတာ ချည်းပါပဲ။ မြန်မနြိုင်ငဲမှာ တော်တဲ့ သူကို ထိုက်သင့်တဲ့ လစာပေးပြီး ခေါ်တဲ့ နေရာ နည်းနည်းတော့ ရှားတယ်ရှင့်။ Foreign realted companies တွေကတော့ ပေးပါတယ်။ တော်တော်လေးကို ပေးပါတယ်။ အဲတော့ အဲလိုနေရာ မျိုးမှာ လျှောက်တဲ့ သူတွေ တန်းစီနေတတ်တာလည်း မဆန်းပါဘူး။

နောက်တစ်ခုက လစာတောင်တဲ့ အချိန်မှာ ကိုယ်လျှောက်တဲ့ Organization ရဲ့ အခြေအနေကိုလည်း ကြည့်ရပါမယ်။ မြန်မာနိုင်ငံမှာ Dielthem & Co Ltd ဆိုရင် တော်တော်လေးကို လစာကောင်းပါတယ်။ Nivea. Doru, Glorin, Ovaltine စတဲ့ ပစ္စည်းတွေကို ဖြန့်ချီရေး လုပ်တဲ့ ကုမ္ပဏီပါ။ အဲဒီမှာ ဆိုရင် Marketing Executive တစ်ယောက်ရဲ့ လစာတောင် 3 သိန်း ပတ်ဝန်းကျင်မှာ ရှိပါတယ်။ တစ်ခြား ကုမ္ပဏီက Marketing Executive တွေထက် ထူးပြီး အလုပ်များတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ Organization က နိုင်ငံခြားသား အုပ်ချုပ်တယ်၊ Image ကောင်းတယ်၊ ၀န်ထမ်းတွေကို Facility အပြည့်ပေးထားတယ်။ အဲတော့ အဲလိုနေရာမျိုးမှာ အလုပ်လျှောက်ချင်တဲ့ သူတွေများတယ်။ သူက အလုပ်ခေါ်ရင်လည်း နီးစပ်ရာပဲ အသိပေးပြီး ခေါ်တဲ့အတွက် သူ့ဆီမှာ အလုပ်ခေါ်တာကို သိဖို့လည်း သိပ်တော့ မလွယ်လှပါဘူး။ ကိုယ့်မှာ အသိတစ်ယောက်လောက်ရှိမှ ဖြစ်နိုင်မယ့် အရာမျိုးပါ။ အဲလို နေရာတွေမှာ တော်တဲ့သူတွေ တန်းစီနေတတ်တယ်။ တစ်ကယ့် အရည်အချင်းရှိတဲ့သူတွေကို Pay ကောင်းကောင်းပေးပြီး ခန့်ထားတော့ ကုမ္ပဏီရဲ့ အနာဂတ်ဟာလည်း လှပေနေတော့မှာပေါ့။ ၀န်ထမ်းတွေ အနေနဲ့လည်း လုပ်ရတာ ပျော်တယ်လေ။ ဘာကြောင့်လဲ။ နေရာတိုင်းမှာ အလုပ်တိုင်းမှာ Work Load, Pressure, Stress ဆိုတာ ရှိစမြဲပါ။ ၀မ်ထန်းတွေ ပြောင်းဂ ရွှေ့ရတဲ့ အကြောင်းရင်းက သူ့ထက်သာတဲ့ နေရာကို တွေ့လို့ပါပဲ။ ကျွန်မပြောချင်တာ လစာပါ။ ၀မ်ထန်း တစ်ယောက်ဟာ ကုမ္ပဏီ တစ်ခုမှာ မြဲတယ်။ ဘာကြောင့်ပါလဲ။ အကြောင်းရင်းက နည်းပါတယ်။ လစာကောင်းလို့၊ ကိုယ့်ရဲ့ Worksphere သည် လစာမကောင်းသော်လည်း ၀မ်းထန်းတွေ စုစုစည်းစည်းနဲ့ ပျော်စရာ ကောင်းလို့ ဆိုတဲ့ အချက်တွေဟာ အဓိက အချက်တွေပဲလို့ ကျွန်မထင်ပါတယ်ရှင်။

နောက်တစ်ခုက ကိုစေးထူး ပြောထားတဲ့.. လာလျှောက်တဲ့ ၀န်ထမ်းက တော်တယ်။ ဒါပေမယ့် သူ လစာနည်းနည်းပဲ တောင်းတယ်။ မဖြစ်သင့်ဘူးဆိုပြီး တိုးပေးမလား။ ဟုတ်ကဲ့ ဒါမျိုးက ဖြစ်ခဲပါတယ်။ သူ့ရဲ့ Resume မှာတော့ Experience and Qualifications တွေ ရေးထားတယ်။ ဒါပေမယ့် သူတစ်ကယ် တော်မတော် ဆိုတာကိုတော့ ခိုင်းကြည့်မှ သိနိုင်မှာလေ။ အဲတော့ သူ့ကို ကိုယ့်ရဲံ Pay Scale အတိုင်းပဲ ပေးပြီး ခန့်တာ များပါတယ်။ နောက်တော့မှ သူ့ရဲ့ Performance ကိုကြည့်ပြီး လစာတိုးပေးတာဟာ မြန်မာပြည်မှာတော့ ထုံးစံ တစ်ခုလို ဖြစ်နေတယ် ထင်ပါတယ်။ ပြီးတော့ ကျွန်မ စောစောက Dielthem & Co. Ltd ကို ဥပမာ ပေးပြီး ပြောခဲ့လို့ သူတစ်ခုထဲပဲ ကောင်းတယ် မထင်ပါနဲ့နော်။ ဒီလို ကောင်းတဲ့ Organization တွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်။ ဒါပေမယ့် ၀န်ထမ်းတစ်ယောက် တော်တဲ့ အကြောင်းက သတင်းမွှေးတယ်၊ တော်တယ်ဆိုတာကို နောက် Organization ကလည်း သိနေတယ် ဆိုရင်တော့ ကိုယ်တောင်းတဲ့လစာကို ပေးပြီး ခေါ်တတ်ကြပါတယ်။ ဥ့ပမာ.. ရွှေထက်က Blazon မှာ လုပ်ရည်ကိုင်ရည် ရှိတယ်၊ တော်တယ် ဆိုပါစို့..(ဟဲဟဲ) သူ Blazon ကများ အလုပ်ထွက်သွားရင် City Mart, Sein Gay Har Supercenter စတာတွေက သူတို့ဆီမှာ လုပ်ဖို့ ကိုယ်လိုချင်တဲ့ လစာကိုပေးပြီး ဦးဆောင်ဖို့ လာခေါ်တယ် အဲလိုမျိုးပေါ့နော်။ (အလုပ်တော့ ထွက်ထားတယ်.. ဘယ်သူမှတော့ အဲလို အလုအယက် လာမခေါ်ဘူး.. အဲလိုတော်တာ ရွှေထက်တို့.. အဟိ)

ဒီနေရာမှာ ကျွန်မကြားဖြတ် ပြောချင်ပါတယ်။ ပိုစ့်လည်း ရှည်နေပြီထင်တယ်။ သည်းခံဖတ်ပါနော်။ ကျွန်မကတော့ အလုပ်တစ်ခုက ထွက်လာပြီးရင် ကိုယ်ထွက်လာတဲ့ အလုပ်နဲ့ ပုံစံတူ နေရာတစ်ခုမှာ ၀င်မလုပ်ချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Information တွေက တစ်နည်းနည်းနဲ့ ပေါက်ကြားမှာ စိုးလို့ပါ။ ဥပမာ.. Blazon ကနေ အလုပ်ထွက်ပြီ. စိန်ဂေဟာမှာ အလုပ်ဝင်တယ် ဆိုပါစို့.. Blazon မှာ တရုပ်နှစ်သစ်ကူးဆို ဘယ်လိုပွဲမျိုးတွေ လုပ်နေကျလဲ.. သူတို့ကတော့ မေးမှာပါပဲ... ကိုယ်ကလည်း သိနေတော့ ပြောပြမိမှာပါပဲ.. အဲတော့ အလုပ်ထွက်လာတယ် ဆိုပေမယ့် ကိုယ်က အဲမှာ ရှိနေတုန်းက သူများပေးတဲ့ လစာကို ယူပြီး လုပ်လာတာ ဖြစ်တဲ့အတွက် သတင်းတွေကို အလဟသ ပေးမိတာမျိုးတော့ မဖြစ်ချင်ပါဘူး။ ကိုယ်လုပ်လို့ ကိုယ်ရတာလို့ ဘယ်လိုပဲ ပြောပြော ဒါဟာ စောင့်ထိန်းသင့်တဲ့ Ethic တစ်ခုလို့ မြင်ပါတယ်ရှင်။ ပုံစံတူ မဟုတ်ဘူး. ကိုယ်လုပ်လာတဲ့ အလုပ်နဲ့ Nature ချင်းတူးတဲ့ Trading Company စတဲ့ နေရာ တစ်ခုခုမှာဆိုရင်တော့ အိုကေပါတယ်။

နောက်တစ်ခုက လစာ ကောင်းကောင်းလိုချင်ရင် ကိုယ်လျှောက်မယ့် ကုမ္ပဏီက ဘယ်လိုအရည်အချင်းမျိုးရှိရင်၊ ဘယ်လို ဘွဲ့မျိုးရှိရင် ကြိုက်တတ်လဲ ဆိုတာကို သိထားရင်လည်း ကောင်းပါတယ်။ ကျွန်မ အလုပ်လုပ်ခဲ့ဖူးတဲ့ Blazon တို့၊ စက်မှု (1) ၀န်ကြီး ဦးအောင်သောင်းရဲ့သား လုပ်တဲ့ အောင်ရီဖြိုး ကုမ္ပဏီတို့ ဆိုရင် MBA ဘွဲ့ရတွေကို သိပ်ကြိုက်ပါတယ်။ အဲတော့ အတွေ့အကြုံ ရှိရှိ၊ မရှိရှိ MBA တွေကို လစာ ကောင်းကောင်း ပေးပြီး ခေါ်ပါတယ်။ (အလုပ်ထွက်တာတောင် မကြာသေးဘူး.. ရွှေထက်တို့ ကောင်းကောင်းဖွနေပြီ အဟိ...) အဲတော့ ကိုယ်လျှောက်မယ့်နေရာနဲ့ ကိုယ်ရဲ့ အရည်အချင်း ကိုက်လား မကိုက်လား၊ သူတို့လိုအပ်ချက်နဲ့ ကိုယ့်မှာ ရှိနေတာ ကိုက်လား မကိုက်လား ဆိုတာကို အရင်သိထားရင်လည်း ကောင်းပါတယ်ရှင်။ တစ်ချို့ကုမ္ပဏီတွေဆို အင်တာဗျူးဝင်ရင် စီဗီတောင် မကြည့်ဘူး Certificate တွေ ဘာတွေပါလဲ အရင်ပြပါ ဆိုတာမျိုး လုပ်တတ်ကြပါတယ်။ သူတို့လိုချင်တာ အရည်အချင်းလား၊ လက်မှတ်တွေလားတော့ မသိဘူးပေါ့နော်။ တစ်ကယ်တမ်းကြတော့ မြန်မာပြည်မှာ လက်မှတ်သာရှိပြီး ပညာမရှိတဲ့သူတွေ တစ်ပုံကြီးပါ။ အဲတော့ ကျွန်မ ပြောချင်ပါတယ် မြန်မာပြည်မှာ အလုပ်ကောင်းကောင်းရချင်ရင် တစ်ခါ တစ်လေမှာ အရည်အချင်းထက် လက်မှတ်တွေက အရေးကြီးတယ်ရှင့်။ :P

အိုကေ.. ကျွန်မရေးတာ နည်းနည်းလေးလဲ ရှည်သွားပြီ။ ပြည့်စုံသွားပြီလို့လည်း ထင်ပါတယ်။ ကျွန်မ မှားနေတာတွေ ရှိခဲ့ရင်လည်း ထောက်ပြပေးပါနော်။ ဘာကြောင့်လဲဆိုတော့ ကျွန်မလည်း ကျောင်းပြီးကတည်းက အလုပ်သာလုပ်ခဲ့တာ.. တစ်နေရာတည်းမှာပဲ ဇောက်ချ လုပ်ခဲ့လို့ပါ။ Blazon မှာ 3 နှစ် တိတိလုပ်ခဲ့တာပါ။ အဲတော့ ကျွန်မရဲ့ အမြင်တွေ၊ အကြားတွေကို ပေါင်းစပ်ပြီး ရေးရတာမို့ မှားနေတာ လိုနေတာတွေလည်း ပါပါလိမ့်မယ်။ ခုတော့ အပြောင်း အလဲလေး လုပ်ချင်လို့ အလုပ်က ထွက်လိုက်ပြီး အိမ်မှာ နားနေပါတယ်။ နောက် အလုပ်မရှာခင် အားပြန်မွေးတာပေါ့။ သြော်ပြီးတော့ ကုမ္ပဏီ ၀န်ထမ်းတွေရဲ့ လစာကို အကြမ်းဖျဉ်း သိသလောက်လေး တစ်ချက် ရေးပြမယ်နော်။

Operation Manager

Basic Salary.... 300,000
Requirements..... At least 3 yrs experiences in Rlated Field, Good English, Good Knowledge of Computer, Internet and Email, Master Degree Holder (MBA, MPA, ME.. etc.. in accordance with the work)

Admin Manager/Merchandising Manager/ Front-Office Managers

Basic Salary...... 150, 000
Requirements: At least 3 yrs experiences in related fields, Good English, Good Knowledge of computer, internet and email, Degree Holer (Any Degree)

Executives/ Supervisors/ In-Charge

Basic Salary.... 70,000 to 100,000
Requirements: At least 1 yrs experiences in related fields, Good English, Good Knowledge of computer, internet and email, Degree Holer (B.Com, B.A, B.E,etc.. in accordance with the work )

Chief Accountant

Basic Salary...... 150, 000 to 200, 000
Requirements: At least 3 yrs experiences in related fields, Good English, Good Knowledge of computer, internet and email. Degree Holer (B.Com, CPA, ACCA )

Accountant

Basic Salary....... 50000 to 70000
Requirements: At least 1 yrs experiences in related fields, Good English, Good Knowledge of computer, internet and email. Degree Holer (B.Com, LCCI Level-3 )

Office Staffs

Basic Salary..... 35000 to 50000
Requirements: At least 1 yrs experiences in related fields or No Experience. Degree Holer (B.A, B.Sc etc)


ဒါကတော့ ကျွန်မ သိသလောက်လေး မျှဝေပေးထားတာပါရှင်။ ကုမ္ပဏီတွေ အလိုက်ပေးကြတဲ့ Travelling Allowance, Daily Snack Fees, Attendence Fees စတဲ့ အရာတွေ အပေါ်မှာ မူတည်ပြီးတော့ Total Salary တွေ နည်းတတ် များတတ်ပါသေးတယ်ရှင်။

The History of an Uniform

ဝတ်ရုံတစ်ခုကို ၀တ်လိုက်တယ်…အဲဒီ့မှာ ဘ၀တွေ စပြီး ပြောင်းလဲသွားခဲ့တယ်….!

ဘယ်လို ၀တ်ရုံမျိုးလဲ သူတို့ဝတ်ဆင်လိုက်တာလဲ…?? သေသေချာချာတော့ မသိပေမယ့် အဲ့ဒီ့ဝတ်ရုံက သူတို့ဘ၀ကို အသေအချာကြီးကို ပြောင်းလဲစေခဲ့တာတော့ အမှန်ပဲ…။ အဲဒီ့ဝတ်ရုံထဲမှာ မင်းသားယောင် ဆောင်ထားတဲ့ ဘီလူးတစ်ကောင်ရဲ့ မျက်နှာဖုံးပါတယ်…သိုးရေခြုံထားတဲ့ ၀ံပုလွေ တစ်ကောင်ပါ တယ်…ပြည်စောင့်နတ် ဟန်ဆောင်ထားတဲ့ မာရ်နတ်တစ်ထောင် ပါတယ်..။

အဲ့ဒီဝတ်ရုံက လူတစ်ယောက်ရဲ့ အနာဂတ်ကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင်လုပ်နိုင်ရုံတင်မကဘူး အဲဒီ့လူတစ်ယောက်ရဲ့ အတိတ်ကိုလည်း ကောင်းကောင်းကြီးကို ဖုန်းအုပ်ပြစ်လိုက်နိုင်တယ်…။ဘယ် လိုဝတ်ရုံမျိုးလဲ ငါ့တို့ဘ၀တွေရဲ့ လှပခဲ့တဲ့ အတိတ်တွေကို သွေးစိမ်းရှင်ရှင် အနာဂတ်တွေနဲ့လဲခဲ့တာ?

ဒီဝတ်ရုံက ဘယ်ဘ၀ရဲ့ ဆုတောင်းတွေ ကောင်းခဲ့လို့လဲတော့မသိဘူး…။ အသံကြား ကျိန်ဆဲခံရပါစေ၊ ရုပ်မြင် စောင့်ကန်ခံရပါစေ ဆိုတဲ့ဆုတောင်းတွေနဲ့ အရမ်းပြည့်တယ်…။ နောက်တစ်ခုရှိသေးတယ် ဒီဝတ်ရုံရဲ့ ထူးခြားချက်က…။ ဒီဝတ်ရုံကို ၀တ်လိုက်တဲ့သူတိုင်း အဖြူ၊ အမဲ မခွဲခြားခံရတော့ဘဲ တံတွေး ခွက်ထဲ ပက်လက်ကလေး မြောခွင့်ရခြင်းဘဲ..။လူမပြောနဲ့ ခွေးတောင်ဒီဝတ်ရုံကို မြင်ရင်ဟောင်တယ်။

ဒီဝတ်ရုံကို ၀တ်ထားရင် အကုသိုလ်ကို အခမဲ့ဝယ်လို့ရတယ်။ ငရဲပြည်ကို VISA မပါဘဲ အချိန်မရွေး သွားလို့ရတယ်(ပြန်လာလို့တော့မရဘူးနော်…မေ့နေမှာစိုးလို့)။ လူပေါင်းများစွာရဲ့ မျက်ရည်တွေကို မိုးတွေ တ၀ုန်းဝုန်းရွာရွာသွန်းသလို ရွာကျအောင် လုပ်လို့ ရတယ်။အသိပညာ အတတ်ပညာရဲ့ အဖူးအပွင့်တွေကို လောင်တိုက်သွင်းပြီး ပြာချခွင့်ရှိတယ်။ကုန်ကုန်ပြောရရင် ငါးပါးသီလကို တရားဝင် ချိုးဖောက်ခွင့်ရှိတယ်။ ကောင်းလိုက်တဲ့ ၀တ်ရုံ…! လိုချင်ရင်ပြော အပိုတွေအများကြီးရှိသေးတယ်..။

အရင်ကတော့ဒီလိုဝတ်ရုံမျိုးကို လူတွေဈေးကြီးပေးဝယ်ပြီး အရမ်းတန်ဖိုးထားခဲ့ကြဖူးတယ် ပြောတယ်။ ဟုတ်တော့လည်း ဟုတ်လောက်ပါတယ်။ ဒီဝတ်ရုံ ပေါ်ပေါက်လာတဲ့ သမိုင်းကလည်း သိပ်ကိုကြီးမြတ် ခဲ့တာကိုး..။ အခုတော့လည်း ပုံပြင်တစ်ပုဒ်လိုပါဘဲ။ ဒီဝတ်ရုံကြီးကို ယက်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးသာ မြင် ရင် သူများတောင် သတ်စရာလိုလိုက်မှာ မဟုတ်ဘူး..။ အခုဆို ဒီဝတ်ရုံမှာ သွေးတွေစွန်းကုန်ပြီ..။ စွန်းနေတဲ့သွေးတွေကို ဘယ်လိုဆေးကြမလဲ?? ၀မ်းနည်းဖို့ကောင်းတယ်.. သမိုင်းတွေ ခြစားကုန်ပြီ။

ယုံကြပါဗျာ..။ ဒီဝတ်ရုံက အရမ်းကို တန်ဖိုးရှိခဲ့တာပါ..။ အခုချိန်မှာ လည်းတန်ဖိုးရှိနေပါသေးတယ်..။ အနာဂတ်အတွက်လည်း တန်ဖိုးမဖြတ်နိုင်လောက်အောင် မရှိမဖြစ် အရမ်းလိုအပ်တဲ့ ၀တ်ရုံတစ်ခုပါ..။ ရှင်တို့ ယုံမယ်ဆိုရင် ပြောပြပါရစေ..။ ဒီဝတ်ရုံထဲမှာ သူရဲကောင်းတွေရဲ့ ၀ိဥာဉ်တွေ ကိန်းအောင်းနေ ကြပါသေးတယ်..။ ဒီဝတ်ရုံဟာ သူရဲကောင်းတစ်ယောက်ရဲ့ အမြင့်မြတ်ဆုံး သင်္ကေတပါ။ ဒီဝတ်ရုံဟာ သူရဲကောင်းတစ်ယောက်ရဲ့ အလှပဆုံး အိပ်မက်တစ်ခုပါ။ အနာဂတ်ရဲ့ သူရဲကောင်းတိုင်း ခုံမင်စွာတပ်မက်တဲ့ မျှော်လင့်ချက်တစ်ခုပါ..။ အသုံးပြုတဲ့ သူတွေအပေါ်မူတည်နေလို့သာ တန်ဖိုးတွေ ကျဆင်းနေတာပါ..။

အခုအချိန်မှာ ဒီဝတ်ရုံရဲ့ တန်ဖိုးကို ပြန်လည်မြှင့်တင်ဖို့ လိုအပ်နေပါပြီ..။ ဒီဝတ်ရုံအပေါ် ယုံကြည်စိတ် ချမှုတွေ..၊အားကိုး တန်ဖိုးထားမှုတွေ ပြန်လည်မြင့်မားလာအောင် ကြိုးစားကြဖို့ အချိန်ရောက်ပါပြီ…။ စွန်းထင်းခဲ့တဲ့ အတိတ်ဆိုး၊ အရိပ်ဆိုးတွေကို လက်တွေ့ကျတဲ့ ကြိုးစားမှုတွေ၊ လုပ်ဆောင်မှုတွေနဲ့ ကျရာနေရာကနေ သက်သေပြကြဖို့လိုအပ်နေပါပြီ…။ ဒီလိုမှမဟုတ်ရင်တော့ ဒီဝတ်ရုံရဲ့တန်ဖိုးဟာ အခုအတိုင်းပဲ ရေစုန်မှာ ဆက်မြောနေပါလိမ့်အုန်းမယ်..။

အမှန်တရားနဲ့ သစာတရားကို သူတော်ကောင်းတွေ ချီးကျူးဂုဏ်ယူ ကြပါလိမ့်မယ်။ စောင့်ရှောက်ကြ ပါလိမ့်မယ်..။ အမှန်တရားကို ရဲရဲရင့်ရင့်လက်ခံပါ..။ ခိုအောင်းနေတဲ့ သူရဲကောင်းတွေရဲ့ ၀ိဥာဉ်တွေကို သစာစောင့်သိပါ..။ ဒီဝတ်ရုံကို ယက်လုပ်ခဲ့သူရဲ့ အဓိကရည်ရွယ်ချက်နဲ့ ဦးတည်ချက်ကို အမြဲနှလုံး သွင်းပါ..။ ဒီလိုဆိုရင် ဒီဝတ်ရုံရဲ့ တန်ဖိုးနဲ့ အရေးပါမှုကို ပြန်လည်ပြီး လက်ခံနားလည် လာကြပါလိမ့် မယ်။ ခံယူချက်ရှိရှိနဲ့ ရှေ့ကိုဆက်ရှောက်ပါ..။ နောင်တရစရာမလိုပါဘူး..။

ဘာကြောင့်လဲဆိုတော့ ဒီဝတ်ရုံဟာ လောက၏ မြင့်မြတ်သော၊စွန့်လွှတ် အနစ်နာခံနိုင်ဆုံးသော သူရဲကောင်းများသာ ၀တ်ဆင်ခဲ့ကြတဲ့၊၀တ်ဆင်နိုင်စွမ်း ရှိတဲ့ တစ်ခုတည်းသော ၀တ်ရုံတစ်ခု ဖြစ်သော ကြောင့် တန်ဖိုးထားသင့်ပါကြောင်း…….။ ။

မှတ်ချက်။ ။ ဒီဝတ်ရုံအား စတင်ယက်လုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အား ဒီ Post ဖြင့် ဂုဏ်ပြုအပ်ပါသည်။

မူရင်းပို့စ်ကို ရေးသားသူမှာ Blackdream21 ဖြစ်ပါတယ်။

To Nay phone Latt.....!!

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေလန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူအစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီးရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောကအကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကိုအပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခုဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ်ဆိုရင်သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီးစောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်အားလုံးက စောင့်မျှော်နေဆဲပါ ..။ ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကိုကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့အတွက်ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

မမေ့ချင်သော အဖြစ်အပျက်များ ........................

ကျွန်တော်တော်တော်မေ့တတ်တာဗျာ့ ...... ငယ်ငယ်ကတည်းကပဲ ...... အရမ်းကိုမေံတတ်တာ ... ဘယ်လောက်ထိမေ့လဲဆိုရင် ငယ်ငယ်တုန်းက အကြောင်းတွေကို ကောင်းကောင်းမမှတ်မိတော့ဘူး ... ဖတ်ဖူးတဲ့စာအုပ်တွေ ..... ရုပ်ရှင်ကားတွေကို နာမည်သာမှတ်မိတာ ..... ဘာဇာတ်လမ်း .... ဘာတွေလဲဆိုတာ မမှတ်မိတတ်ဘူး ...... ဒါပေမယ့် စူးစမ်းချင်တဲ့စိတ်ကတော့ မောင်မိုးတိမ်တစ်ယောက် ပြင်းပြတယ် ...... တစ်ကယ် ... တစ်ခါတုန်းက ကျောင်းမြေအောက်ခန်းမှာ သူငယ်ချင်းတွေခိုးဝင်တုန်းကဆိုရင် သူငယ်ချင်းတွေက ... ဟာ .. ဟိုရှေ့မှာ မည်းမည်းအပေါကကြီး .. ဘာကြီးလဲမသိဘူးလို့ ပြောရုံရှိသေး .... မောင်မိုးတိမ်က ရှေ့ရောက်ပြီးသား .... ပြီးတော့လက်လေးနဲ့ ပေါက်ကိုနှိုက်ကြည့်တယ် ..... ချွဲကျိကျိနဲ့ .... ဟင်း ... ဒါဆိုရင်သေချာပြီ ............. အဲ့ဒါဟိုဒင်းပဲ ........................................................ ရေပိုက်အပေါက်ပြောပါတယ် .... ဟီး .. (တော်သေးတာပေါ့ ရေပိုက်ကယ်ပေလို့ ...) အခန်းကမှောင်နေတော့ ရှင်းရှင်းလင်းလင်းမမြင်ရဘူးလေ ..... ဟိ ... အဲ့ဒီလောက်ထိကို စူးစမ်းတာ .... မေ့တတ်တဲ့အကြောင်းတွေရေးနေတာ အကြောင်းရှိတယ် ..... ခုတစ်လော အင်တာနက်မသုံးဖြစ်တော့ ... စကားပြောဖြစ်နေကျ သူငယ်ချင်းတွေနဲ့ ဝေးရပြီလေ ..... တစ်ချို့ဆို အလုပ်တွေဘာတွေပြောင်းဆိုတော့ ပြန်တွေ့ဖို့က မလွယ်ဘူးလေ ...... အွန်လှိုင်းပေါ်မှာတွေ့တဲ့၊ ခင်မင်တဲ့သူငယ်ချင်းတွေ၊ အကိုတွေ၊ အမတွေ၊ ဆရာတွအများကြီး .... သူတို့နဲ့ပြောခဲ့တာတွေ၊ ပျော်ခဲ့တာတွေကိုတော့ မမေ့ပစ်ချင်ဘူး ... မမေ့အောင်လည်း ထိန်းသိမ်းသွားမယ် ... ချစ်သူငယ်ချင်းတို့ရေ .......

မိတ်အင်ဒီတင်

ဒီနေ့တစ်မနက်လုံး ကိုဘောက်ဖက်တစ်ယောက်ပျောက်ချက်သားကောင်းနေသည်။ အိမ်တံခါးလည်းသော့ခတ်ထားလို့ ..... ဘယ်ကိုသွားလဲမသိ။ ကိုဂျောက်ဂျက်တစ်ယောက် အိမ်ရှေ့လေသာဆောင်မှာထိုင်ရင်း တရားငိုက်နေသည်။ အမှန်က ငိုက်နေခြင်းဖြစ်သည်။ လူကြားကောင်းအောင် တရားထည့်လိုက်ခြင်းဖြစ်လေသည်။ ရွာဦးကျောင်းမှာလည်း ဒီလိုငိုက်နေကျ .. ဟီး ......
ဂျောက်ဂျက် - "၀ါး .... အိပ်ချင်လိုက်တာ ...."
ပါစပ်ကသာ အိပ်ချင်လိုက်တာလို့ပြောတာ ... နှစ်ရေးလောက်အိပ်ပြီးသွားပြီ။
ဂျောက်ဂျက် -"ကိုဘောက်ဖက် ဘယ်ကိုသဝေထိုးနေပါလိမ့် .... ဟိုက် ... ၄ နာရီတောင်ထိုးနေပြီဟ .... ညနေစာ ထမင်းလေးချက်လိုက်ဦးမယ် ..... အင်း .. မီးကလည်း ခဏခဏလာနေတော့ .... မီးမွှေးရဦးမယ် ..."
အိမ်နောက်ဖေးသို့ ယိုင်တိယိုင်တိုင်ဖြင့် ထွက်သွားလေသည်။ ခဏအကြာ .... ကိုဂျောက်ဂျက်တို့အိမ်မှ မီးခိုးငွေများ အူ၍ထွက်ပေါ်လာသည် ... သေချာသည်က ကိုဂျောက်ဂျက်တစ်ယောက် ထမင်းချက်ဖို့ မီးမွေးနေခြင်းဖြစ်သည်။ မီးသွေးမရှိလို့ ...... အိမ်နံရံစည်းရိုးများချိုး၍ မီးမွေးနေသည်လားမသိ ......
ဂျောက်ဂျက် - "ဟင်းနော် ..... ရွာမှာနေတုန်းကပေါလိုက်တဲ့ထင်းတွေ ... ခုတော့ မီးသွေးကို ဈေးကြီးပေးဝယ်ရပြီး ထင်းလောက်တောင် မီးကမတောက်ပါလား ... လူတွေများ ... ကြောက်ဖို့ကောင်းလိုက်တာ ... ပိုက်ဆံရဖို့ဆိုရင် နည်းမျိုးစုံနဲ့ ညှာပြီးရောင်းနေပါလား ... အေးလေး ... ဖြစ်သင့်ပါတယ် .... သူခိုးကြီးအောက်က သူခိုးလေးတွေပါပဲ ..."
"ဗျို့ .... ကိုဂျောက်ဂျက် .... တစ်ရပ်ကွက်လုံးကို မီူးခိုးမှိုင်းတိက်နေတာလား ...... မွန်ထူနေတာပဲ ... လမ်းထိပ်က မီးသတ်စင်ကတောင် ခင်ဗျားအိမ်ကို တက်ကြည့်နေတယ် ... ကြည့်လုပ်ဦးကိုယ့်လူ ..."
ဂျောက်ဂျက် - "ဟား .... ကိုဘောက်ဖက်ပါလား ... ခင်ဗျား ... ဘယ်တွေသွားနေတာတုန်း .. တစ်မနက်လုံး မတွေ့ပါလား ...... ခု ဘယ်ကပြန်လာတာတုန်းဗျာ့ ...."
ဂျောက်ဂျက် - "အေးဗျာ ... မနက်တုန်းက မြို့ထဲသွားနေတာ .... ခင်းဗျားကို လှမ်းကြည့်သေးတယ် .. မရှိလို့ မခေါ်တော့တာ ...... ပစ္စည်းလေးတွေလိုလို့ သွားဝယ်တာ ....."
ဘောက်ဖက် - "အေးဗျာ .. မနက်တုန်းက ကျူပ်ဈေးထဲသွားပြီး မီးသွေးသွားဝယ်နေတာဗျာ့ ..... ဘာပစ္စည်းတွေ ၀ယ်လာတာတုန်း ... ပြစမ်းပါဦး ..."
ဂျောက်ဂျက် - "ဒီမှာ ...... ထမင်းပေါင်းအိုးနဲ့ ဖန်ခွက်တွေဝယ်လာတယ် ... စက်မှုစွမ်းအား ပြည်ထွန်းကားတဲ့ဗျာ ... မြန်မာနိုင်ငံကထုတ်တာ .... စက်မှုတစ်က ထုတ်တာဗျာ .. ဈေးသက်သာတယ် ... ၀င်းသူဇာက ၀ယ်လာတာ .. ဟဲ .. ဟဲ .. "
ဘောက်ဖက် - "အမ် ... ပြစမ်းပါဦး ...... ဟိုက် .. ခင်ဗျားအထုပ်က ပေါ့လှချည်လား .... ပြောတော့ ထမင်းပေါင်းအိုးပါတယ်ဆို .. ပြီးတော့ဖန်ခွက် ... ခင်ဗျားအထုပ်က စက္ကူထုပ်ကျနေတာပဲ ... ပေါ့ပေါ့လေး .."
ဂျောက်ဂျက် - "ဖွင့်ကြည့်ပါဦးဗျာ့ .... ဒါတောင် ကျွတ်ကျွတ်အိတ်နဲ့ စက္ကူအိတ်က အပြင်က၀ယ်ပြီးထည့်လာတာ ... ၀င်းသူဇာကမပေးဘူး ....."
ဘောက်ဖက် - "အိမ် ... ခင်ဗျားဟာကလည်း ... ဒီလောက်ပစ္စည်းတွေရောင်းနေတာတောင် အိတ်မပေးဘူးလား ... "
ဂျောက်ဂျက် - "ဟုတ်တယ် .. မပေးဘူး .. သူတို့ အင်္ကျီချုပ်ဝတ်လို့ ကုန်သွားတယ်ထင်ပါ့ .. "
ဘောက်ဖက် - "အေးဗျာ .. ကျူပ်လည်း ထမင်းပေါင်းအိုးဝယ်ဦးမှပဲ ... မီးမွေးရတာမသက်သာပါဘူးဗျာ ..... ခင်ဗျား အရင်သုံးကြည့်ပါဦး ... ကောင်းရင်ပြော .. ကျူပ်လည်းဝယ်မယ်ဗျာ ... "
ဂျောက်ဂျက် - "ဟုတ်ပါပြီ .. ကျူပ်အရင်စမ်းသုံးကြည့်ပါဦးမယ် .... သွားပြီဗျို့ .... ပေါင်းအိုးအသစ်နဲ့ ထမင်းသွားချက်လိုက်ဦးမယ် .... မီးကခဏခဏလာနေတာမလား ..."
ဘောက်ဖက် - "ကောင်းပါပြီဗျာ ..... ခဏနေမှ ခင်ဗျားဆီလာဦးမယ် .. ကျူပ်လည်း စားဖို့သောက်ဖို့ လုပ်လိုက်ဦးမယ်ဗျာ ..."
ဂျောက်ဂျက် - "သွားပြီဗျို့ ...."
ဘောက်ဖက်တစ်ယောက် မီးခိုးတွေကြား တစ်ဝမ်းစာအတွက် လုံးပမ်းနေခဲ့တယ်။ ချက်ပြုတ်ပြီးတော့ မီးခိုးနံ့၊ ဟင်းနဲ့တွေနဲ့ အီနေတာမို့ ထမင်းစားချင်စိတ်မရှိတော့သလိုကိုဖြစ်သွားတယ်။ ဒါနဲ့ပဲ လူလန်းသွားအောင်လို့ ရေမိုးလေးချိုးလိုက်တယ်။ "အား .. ခုမှပဲလန်းဆန်းသွားတော့တယ် ... ထမင်း၊ ဟင်းတစ်ခါချက်တာ .... တိုက်ပွဲဝင်ရတာကျနေတာပဲ ...... ခုလောက်ဆို ကိုဂျောက်ဂျက်တစ်ယောက် ဇိမ်နဲ့ထမင်းစားနေရောပေါ့ .... ကောင်းလိုက်တာ .. ငါလည်း ထမင်းပေါင်းအိုးတစ်လုံးလောက်ဝယ်မှဖြစ်မယ် .. ဒီပုံစံနဲ့ဆိုရင် မလွယ်ဘူး .... သူ့ဆီသွားလိုက်ဦးမှ အခြေအနေလေးဘာလေးသိရအောင်"ဆိုပြီး ကိုဂျောက်ဂျက်အိမ်ဘက်ကို ကူးခဲ့ပါရော။ အိမ်ရှေ့ရောက်တော့ ကိုဂျောက်ဂျက်တစ်ယောက် မှေးလေးထောက်ပြီး မှိုင်ထွေထွေနဲ့ ငုတ်တုတ်လေးဖြစ်နေတာတွေ့လိုက်တော့
ဘောက်ဖက် - "ဟိုက် ...ဘယ်လိုဖြစ်တာတုန်း .... စားပြီးသောက်ပြီးလို့ စားပို့နှင့်နေတာလား .... "
ဂျောက်ဂျက် - "မပြောချင်ပါဘူး .. ကိုဘောက်ဖက်ရာ .. စိတ်ညစ်လို့ ..... "
ဘောက်ဖက် -"ပြောစမ်းပါဦး ... ဘာတွေစိတ်ညစ်နေတာတုန်း ... "
ဂျောက်ဂျက် - "ဒီလိုဗျာ ..... ကျူပ် ၀င်းသူဇာက ၀ယ်လာတဲ့ပစ္စည်းတွေကြောင့် စိတ်ညစ်နေတာ ......  ၀ယ်လာတဲ့ဖန်ခွက်လေးနဲ့ အမောပြေရေလေးသောက်ရအောင် ရေဇလုံထဲထည့်ဆေးလိုက်တာ .. ဖန်ခွက်ကို ပြန်ရှာမရတော့ဘူး .... အပျောက်ပဲ ......"
ဘောက်ဖက် - "အမ် .... ဒီလောက်တောင်ထူသလားဗျာ .. ဖန်ခွက်က ..."
ဂျောက်ဂျက် - "ဟုတ့်ပါ့ .. ကျန်သေးတယ် ...... ထမင်းပေါင်းအိုးနဲ့ ထမင်းချက်တာ ....... ခုတော့ .. ခုတော့ .."
ဘောက်ဖက် - "ဘာဖြစ်တာတုန်း .. ပြောပါဦး "
ဂျောက်ဂျက် - "ထမင်းကမကျက်ဘဲ ... ပေါင်းအိုးက ကျက်သွားလို့ဗျာ့ ................ ဟီး ................ "
ဘောက်ဖက် - "ဟေး ............................................. ဗုဓ်ဒေါ ......................"
ကဲ .............. သုံးချင်ပသေးလား .. မြန်မာဖြစ် ..... နှိမ်တာမဟုတ်ဘူးနော် .. တစ်ကယ်ဖြစ်နေတာ ....

Who the hell is spreading the bad news?

ကျွန်မတို့နိုင်ငံမှာ သတင်းတွေ လွတ်လပ်စွာ စီးဆင်းခွင့် မရှိဘူး။ အမှန်တရားကို သိချင်ရင် နိုင်ငံခြား မီဒီယာတွေကို အားကိုးရတယ်။ မနေ့က ဖြစ်တဲ့ ကိစ္စဟာ ကျွန်မတို့တွေ အတွက်တော့ တုန်လှုပ်စရာ အကြောင်းတစ်ခုပါ။ ဒါပေမယ့် ဒီလိုဖြစ်သွားတဲ့ အတွက် ဘယ်သူကမှလည်း လိုက်လံဖြေရှင်းပေးလို့ မရသလို ကျွန်မတို့လည်း ဘာမှဖြေရှင်းပေးနိုင်တာ မဟုတ်ပါဘူး။ ကိုနေဘုန်းလတ် မဖမ်းခံရလား မခံရလားဆိုတာ ကျွန်မတို့လည်း သေချာ မသိပါဘူး။ သူ့အိမ်ကို ရဲတွေ ၀ိုင်းထားတယ်ဆိုတာလည်း လူတွေရဲ့ ချဲ့ကား ပြောဆိုခြင်း မျှသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာကြောင့် လူတွေဟာ သတင်းတွေကို လက်လွတ် စပယ်ဖြန့်နေရတာလည်း။ သာမန်လူတွေအတွက်တော့ ဘာမှ မပြောပလောက်ပေမယ့် တစ်ခုသော နာမည်ကြီး မီဒီယာ တစ်ခုမှာ ဘာမှ မရေရာ မသေချာသေးတဲ့ ကိုနေဘုန်းလတ်ရဲ့ သတင်းကို လုံးဝ သေချာနေသလိုမျိုး ရေးထားတယ်။ အချိန်နဲ့ နေရာကအစ မမှန်ပဲ သေသေချာချာကို ရေးထားတယ်။ ထားပါတော့ ဒီကိစ္စရဲ့ သတင်းတွေကလည်း ပြန့်နေတာကို။ နောက်ဆက်တွဲ သတင်းတက်လာတယ်။ သူ့ရဲ့ သူငယ်ချင်း ဘလောဂ့်ဂါတွေတောင် ထွက်ပြေးတိမ်းရှောင်နေရတယ်တဲ့။ ဒီဘက်က အခြေအနေကို သေချာ မသိပဲ ဘာကြောင့် အဲလို ရမ်းလုပ်တာလည်းတော့ ကျွန်မလည်း မသိပါဘူး။ ဒီဘက်မှာ အားလုံး အိုကေပါတယ်။ ဘယ်သူကမှလည်း ထွက်ပြေးမနေသလို၊ ကျွန်မတို့တွေဟာ ဘာမှလည်း မဟုတ်တာ လုပ်တဲ့သူတွေ မဟုတ်ကြပါဘူး။ အားလုံးဟာ လွတ်လပ်စွာ blogging လုပ်နေကြတာပါ။ ဂျီတော့မှာလည်း 10 ယောက်အထက်သော လာမေးသူတွေကို လက်မလည်အောင် ဖြေရှင်းရတယ်။ စိတ်ပိန်တယ် ဆိုတာကလွဲရင် ဘာမှ ပြောစရာအကြောင်း မရှိပါဘူး။ မသေချာ မရေရာတဲ့ သတင်းတွေကို ဘယ်သူက ဖြန့်နေတာလဲ။ မသေချာ မရေရာတဲ့ သတင်းတွေကို ဘာကြောင့်ရော တင်ပေးနေရတာလဲ။

Me and My Names!

တစ်ခါတစ်လေ တော့လည်း ဘလောဂ့်ရေးရတာ စိတ်ပျက်စရာ တော့ကောင်းသားရှင်။ တစ်ခြားတော့ မဟုတ်ပါဘူး။ ရေးစရာ အကြောင်းလေးတွေကို ရှာဖွေရတာ ပြောပါတယ်။ ခုလည်း ဘာရယ် ညာရယ်တော့ မဟုတ်ပါဘူး ကျွန်မကို ဘလောဂ့်ဂါတော်တော်များများက ပင့်ကူလေး ပင့်ကူလေး ခေါ်ခေါ်နေတော့ ကျွန်မရဲ့ တစ်ကယ့် နာမည်တွေရယ်၊ ကျွန်မကို နောက်ပြောင်ခေါ်တဲ့ နာမည်တွေရယ်ကို ပြန်တွေးကြည့်တာ ကျွန်မလည်း နာမည် တော်တော် များသားရှင့်။ ငယ်ငယ်တုန်းကတည်းက တစ်ယောက် တစ်မျိုး ခေါ်ကြတဲ့ နမည်ကလည်း အများကြီးပဲလေ။ အဲဒီ နာမည်တွေများ မသိချင်ကြဘူးလားဟင် (စကား ခေါ်ကြည့်တာ ဟီး) တစ်ကယ်တော့ မသိချင်ဘူးပြောလည်း ရေးမှာပါပဲ။ ကျွန်မ ငယ်ငယ်ကတည်းကနေ ခုချိန်ထိ အခေါ်ခံရတဲ့ နာမည်တွေကို ပြန်ပြောင်းတွေးကြည့် ရသော်………………

ကျွန်မက မွေးတုန်းက တော်တော် ချစ်စရာ ကောင်းတာရှင့်။ ၀၀ကစ်ကစ် ဖြူဖြူ ဖွေးဖွေးလေးပေါ့။ ခုချိန်မှာတော့ ပိန်ပိန် ညိုညို ရုပ်ဆိုးဆိုးလေးပေါ့လေ။ အဖေကတော့ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းကို သိပ်ချစ်လို့ ဆိုပြီးတော့ ကျွန်မကိုလည်း အဲဒီ အမကြီးရဲ့ နာမည် အတိုင်း ထက်ထက် လို့ နာမည်ပေးခဲ့ပါတယ်။ နောက် အသက်ကလေးလဲ နည်းနည်း ကြီးလာတော့ အသက် တစ်နှစ် နှစ်နှစ် အရွယ်လောက်မှာ တော်တော် အကျင့်ပုတ်တယ် ဆိုပဲ။ လူတွေ လုပ်ကြံပြောကြတာတော့ မဖြစ်နိုင်ဘူးနော် တစ်ကယ် ပုတ်ရင်လည်း ပုတ်မှာပေါ့ (ဟိ) ။ အဲတော့ ကျွန်မကို နာမည်လေးများ လှလှလေး ပေးလိုက်ကြတာ အပုတ်လေး တဲ့ (အင့် ဟင့် ဟင့် တူများကိုနော်).. ဒါပေမယ့် ကျွန်မက ငယ်ငယ်တုန်းက တော်တော် ချစ်စရာ ကောင်းတယ်လို့ ပြောဖူးတယ် မဟုတ်လား။ မျက်နှာဝိုင်းဝိုင်းလေးနဲ့ပေါ့။ အဲတော့ တစ်ချို့တွေက ခေါ်ကြတယ် အ၀ိုင်း တဲ့။ ကျွန်မ အဖေက ကျောင်းဆရာလေ။ အဖေတို့ကျောင်းက ကျောင်းအုပ်ဆရာမကြီးဆို ကျွန်မကို ခေါ်တာများ လပြည့်ဝန်း တဲ့။ ခုချိန်ထိ ခေါ်တုန်းနော်။ သြော် ချစ်စရာ ကောင်းတာ မယုံကြဘူးပေါ့လေ။ မယုံရင် *ဒီမှာကြည့်လိုက်*။ ၀ိုင်းဝိုင်း ၀န်းဝန်းလေးကို တွေ့သွားရစေ့မယ်။

နောက် အဖေက ရွာတစ်ရွာမှာ အလယ်တန်းပြ ဆရာအနေနဲ့ တာဝန် ကျတုန်းကတော့ အဲဒီ ရွာက လူတွေက ခေါ်ကြတာက မလေး တဲ့။ ခုချိန်ထိ ခေါ်တာနော်။ သူတို့တွေက ချစ်စရာ ကောင်မလေးတွေကို မလေးလို့ ခေါ်လေ့ရှိတယ်တဲ့။ နောက် ကျွန်မလည်း အသက်ကြီးလာ၊ 10 တန်းအောင်ပြီး တက္ကသိုလ် တက်တော့ တစ်ရက်လည်း ကျရော ကောင်လေး တစ်အုပ် အနောက်ကနေ လိုက်ပြီး နာမည်မေးတာ။ အမြင် ကပ်ကပ်နဲ့ ပြောထည့်လိုက်တာ စနိုး လို့။ ခေါ်လိုက်ကြသေးတယ် တစ်လလောက်။ အဲနာမည်ကိုလေ။ ပြီးတော့ ကျွန်မက မွေးရာပါ ပဲများတယ်ရှင့်။ ပဲများပြီး မွေးလာတာတော့ မဟုတ်ဘူး။ ပြောရရင် ကျွန်မ လမ်းလျှောက်တဲ့ ပုံစံကြောင့် တော်တော် များများက ပဲများတယ် ထင်ကြတာလေ။ Model တွေ catwalk လျှောက်သလိုပဲ (နောက်တာ မဟုတ်ဘူး၊ မယုံရင် လိုက်မေးကြည့်ပါလား။ လိမ်ဖယ်ဖယ်လေး လျှောက်တာ) အဲတော့ ကျွန်မ သူငယ်ချင်း တစ်ချို့ ခေါ်ကြတာက ရွှေပဲ တဲ့။ ကျွန်မကလည်း ခေါ်တိုင်း အခေါ်ခံတဲ့သူ။ ဘယ်တော့မှ စိတ်မဆိုးဘူး။ ဘယ်လိုခေါ်ခေါ် အေးဆေး။ ဈေးထဲမှာ ရွှေပဲသီးတွေ အော်ရောင်းတာတောင်မှ ကျွန်မ တစ်ခါ ကိုယ့်ကို ခေါ်တယ်ထင်ပြီး လိုက်မေးဖူးသေးတယ်။

နောက် Blazon မှာ အလုပ်ဝင်တော့ အဲဒီကလူတွေ ခေါ်ကြတာက ရွှေထက်။ အခု လူတော်တော် များများ ခေါ်တဲ့ နာမည်လေးပေါ့။ ကျွန်မလည်း ကြိုက်ပါတယ်။ နောက်တော့ နာမည်ဘယ်သူလဲ မေးရင် ရွှေထက်ပဲ ပြောဖြစ်တာ များပါတယ်။ Planet မှာ ဖိုရမ် ၀င်ရေးတော့ နာမည်က လော်ရာ (Laura)။ ပလန်းနက်က သူငယ်ချင်းတွေဆို အပြင်မှာတွေ့လည်း လော်ရာပဲ။ နောက် မြန်မာတီးရှောပ့် ပေါ်လာတော့ နာမည်ပြောင်းရေးတယ် PinkGold။ သေချင်တဲ့ကျား တောပြောင်းဆိုတာ မှန်တယ်။ ဆိုင်မဆိုင်တော့ မသိဘူး။ အဲမှာတင် နာမည်က တော်တော် ပေါသွားတာ။ ကဒေါင်းညင်သာက စခေါ်တယ်။ ပန်းရွှေတဲ့။ နောက်တော့ ကိုတက်ဆလာတို့၊ စိန်မျောက်မျောက်တို့၊ ကိုထိုက် တို့ ခေါ်ကြပြန်တယ် ရွှေပန်း တဲ့ (ဆိုးတယ်နော)။ တစ်ချို့တွေက လာကြသေးတယ် ပန်းရောင်ရွှေတဲ့။ အဲ ဘလောဂ့်လည်း ရေးရော PinkGold ဆိုတဲ့ နာမည်နဲ့ပါပဲ။ တစ်ရက် စီမီနာ ကိစ္စ အစည်းအဝေးလေး တက်ဖြစ်ပါတယ်။ ကိုညီလင်းဆက်ကနေ စခေါ်လိုက်တာ ပင့်ကူတဲ့။ လူအဖြစ်ကနေ တိရစ္ဆာန်ဘ၀ကို လုံးလုံးရောက်တော့တာပဲ။ ခုချိန်ထိလည်း ဘလောဂ့်ဂါ တော်တော် များများက ပင့်ဂိုလ်းတောင် မခေါ်ကြတော့ဘူး။ ပင့်ကူလေး၊ မမပင့်ကူ စသဖြင့် ခေါ်ကြတာပေါ့နော်။

ကျွန်မက နာမည်သာ ပေါတာ မဟုတ်ဘူး။ ကာရံကလည်း ရှိသေးတယ်
အဖော်မပါတဲ့ လော်ရာ
အတော်ရိုးတဲ့ မယ်ပင့်ဂိုလ်း
အနေခက်တဲ့ ဒေါ်ရွှေထက်

အဲလို အဲလို ကျွန်မမှာ လူက မချမ်းသာ ပေမယ့်၊ နာမည်ကတော့ ပေါများ ချမ်းသာကြောင်း ပိုစ့်တင်ပြီး ကြွားလိုက်ရ ကြောင်းပါရှင်။ သြော် ကျွန်မရဲ့ နာမည်အရင်းကော သိကြလား။ မသိရင် ပြောပြမယ် တင်မြတ်ထက် တဲ့။ အဖေပေးတဲ့နာမည်။

The Benefits of an Online Relationship!

ကျွန်မ ဘလောဂ့်လောကနှင့် အွန်လိုင်းအချစ်အကြောင်းကို ရေးဖို့ ကြိုးစားခဲ့ပေမယ့်.. ဘာကြောင့်လဲ မသိဘူး အဲဒါရေးမယ်လို့ ပြောတိုင်းကို ထောက်ခံတဲ့သူကနည်းနည်း တားတဲ့ သူကများနေတာကြောင့် မရေးတော့ ပါဘူးလေ ဆိုပြီး မရေးပဲ နေခဲ့ပါတယ်။ ကျွန်မ အကောင်းဘက်ကနေ တွေးပြီးရေးဖို့ စိတ်ကူးတာပါ။ ဒါပေမယ့် ကျွန်မကလည်း ကျွန်မရှင့်။ စိတ်ထဲမှာ တစ်ခုခုကို လုပ်ချင် နေပြီဆိုရင် မလုပ်ရရင် ဘယ်လိုကြီးမှန်းကို မသိ။ လူတွေကိုသာ ဖွင့်မပြောတာ စိတ်ထဲမှာတော့ တစ်နုံ့နုံ့နဲ့ပေါ့။ တစ်ကယ်တော့ Online Relationship အကြောင်းကို ကျွန်မ အကောင်းဘက်ကနေ တွေးပြီးရေးမှာပါ။ အင်တာနက် ဆိုတာကြီး ခေတ်စားလာတဲ့ အချိန်မှာ အွန်လိုင်းဆိုတာလည်း လူတွေရဲ့ ဘ၀ တစ်စိတ် တစ်ဒေသ ဖြစ်လာတယ်ဆိုတာ အားလုံးလည်း လက်ခံပြီးသားပါ။ ဒီတော့ အွန်လိုင်းမှာ သံယောဇဉ်ဖွဲ့ကြတာ မဆန်းပါဘူး။ ဖြစ်လည်း ဖြစ်သင့်တဲ့ အရာတစ်ခုပါ။ အားအား ယားယားတော့ လျှောက်မကျူကြနဲ့ပေါ့ရှင်။ အွန်လိုင်းကို မှန်မှန် ကန်ကန် သုံးတဲ့သူတိုင်းဟာလည်း အလဟသ မဟုတ်တစ်ရုတ်တွေနဲ့ အချိန်ကုန် နေကြတာ မဟုတ်ပါဘူး။ အဲတော့ ကျွန်မ ပြောချင်တယ် အွန်လိုင်း relationship က ဘာတွေ ကောင်းလဲပေါ့လေ။ ကျွန်မလည်း တစ်အားကြီး လေ့လာ ထားတာတော့ မဟုတ်ပါဘူး။ ဟိုရှာ ဒီဖွေနဲ့ သူများတွေ ပြောစကားကို လိုက်မှတ်သားရင်း ရလာတဲ့ အချက်ကလေးတွေပါ။ ကျွန်မပြောတာတွေ မှားရင်လည်းမှားမယ်၊ မှန်ရင်လည်း မှန်မယ်.. Anyway ပါ.. ရေးချင်တာတော့ရေးမှာပဲ..(ကွိကွိ… Amazon ဒေသက လာတာ မဟုတ်ပါ။ ဘာညာ့ဆီက ကူးတာ)

သြော် ကျွန်မပြောမှာက အွန်လိုင်း ချစ်သူအကြောင်းပဲ မဟုတ်ဘူးနော်။ အရမ်းကို ခင်သွားကြတဲ့ သူငယ်ချင်းတွေအကြေင်းလည်း ပါပါတယ်တဲ့ရှင်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ ကိုယ်တိုင်တောင် အွန်လိုင်းမှာ အချစ်ဆုံး သူငယ်ချင်းတွေ ကိုယ်စီရှိကြပြီး သူတို့တွေများ အွန်လိုင်းတက်မလာခဲ့ရင် နေမထိ ထိုင်မသာ ဖြစ်ပြီး လွမ်းလွမ်း ဆွေးဆွေးလေး ခံစားတတ်ကြသေးတယ် မလား။ အိုကေ ပေရှည်တာနားပြီး ပြောချင်တာ ပြောတော့မယ်။ ကျွန်မပြောမှာက သူများစကားတွေကို လိုက်စုဆောင်းထားတဲ့ အချက်ကလေး နည်းနည်းထဲပါ။

  1. "အွန်လိုင်းမှာ ချစ်ကြတာတွေရဲ့ အကောင်းဆုံးအချက်ကတော့ လူနှစ်ယောက်ဟာ လူချင်း မတွေ့ပဲတောင် သူတို့တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေနဲ့ သံယောဇဉ် နှောင်ဖွဲ့မိကြပြီး နောက်ပိုင်းမှာ စိတ်ချင်းဆက်သွယ် ချစ်မိသွားတာပဲလို့ ကျွန်မယုံကြည်ပါတယ်။ သူတို့တွေဟာ တစ်ယောက်အကြောင်းကို တစ်ယောက် နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်လာတယ်။ ဒီလို နားလည်လာခြင်းဟာ ချစ်ခြင်းရဲ့ အဓိကကျတဲ့ အရာပဲ မဟုတ်လားရှင်" -Mary Sammons
  2. "ဘာပဲ ဖြစ်ဖြစ်ပါ. နောက်ဆုံးမှာတော့ လူချင်းတွေ့ကြတာ အကောင်းဆုံးပါပဲ" -Sandy
  3. "နှစ်ယောက်သားသာ တစ်ယောက်တစ်နေရာစီမှာ နေနေကြတယ်။ ဝေးတာပဲ ဖြစ်ဖြစ် နီးတာပဲ ဖြစ်ဖြစ်ပေါ့။ အဲတော့ တစ်ယောက်က တစ်ယောက်ကို လွှမ်းမိုးတာမျိုး မရှိတော့ဘူး။ အပြင်လောကကြောင့် တစ်ယောက်ကို တစ်ယောက် စိတ်ပျက်စရာ မျိုးတွေလည်း မကြုံရတော့ဘူး" -Charlene
  4. " ကျွန်တော်တို့ စကားပြောရင်းနဲ့ပဲ တစ်ယောက်အကြောင်း တစ်ယောက် အများကြီး သိလာကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ မသိတဲ့ လျှိုထားတဲ့ အကြောင်းအရာတွေလည်း ရှိအုံးမှာပါပဲ။ အဲဒါတွေကတော့ နောက်ပိုင်း ဆက်ဆံရေးမှာ နည်းနည်းတော့ စိတ်ရှုပ်စရာလေးတွေ ဖြစ်လာနိုင်တာပေါ့" -SAK
  5. "အွန်လိုင်းမှာ ချစ်ကြတာက ပိုပွင့်ပွင့် လင်းလင်းရှိတယ်၊ ပိုပြီးတော့ ရိုးရိုးသားသား ပြောလို့ရတယ်။ ကိုယ့်အကြောင်းကို အားမနာတမ်း ပွင့်လင်းစွာ ပြောနိုင်တယ်" -Allison
  6. " ကျွန်တော်တို့ တစ်ယောက်အကြောင်းကို တစ်ယောက် လေ့လာနိုင်တယ်ဗျာ။ လူချင်းတွေ့လို့ မပြောဖြစ်တဲ့ ရင်ထဲက ခံစားချက်တွေကိုတောင် အွန်လိုင်းမှာ ရင်ဖွင့်လို့ သိပ်ကောင်းတယ်" -Rachel
  7. "အွန်လိုင်း ဆက်ဆံရေးမှာ ကျွန်မ တွေ့ရတဲ့ အဓိက အားသာချက်ကတော့ communication skill တိုးတက်လာတာပဲရှင့်။ ကိုယ့်ရဲ့ ခံစားချက်ကို စကားလုံးတွေနဲ့ ဘယ်လို ဖော်ပြရမလဲ ဆိုတာ ကောင်းကောင်း သိလာတယ်။ အပြင်မှာ ချိန်းတွေ့စရာလည်း မလိုတဲ့အတွက် သူ့အတွက် အထူးရွေးချယ်ပြီး အ၀တ်တွေ ၀တ်ရတာမျိုးတို့၊ သူကြိုက်တဲ့ ရုပ်ရှင်ကို ရွေးကြည့်ရတာမျိုးတော့ စတာတွေနဲ့ နပန်းလုံးစရာ မလိုတော့ဘူးပေါ့" -Melissa Vladar
  8. "ကျွန်မတို့ ချိန်းတွေ့တဲ့ အခါလည်း sex နဲ့ပတ်သတ်တဲ့ pressure တွေ၊ လက်ပွန်းတတီး ရင်နှီးထွေးပွေ့ မှုတွေ စတာတွေကို ကြောက်စရာမလိုဘူးလေ။ အွန်လိုင်းမှာ အဲလိုကိစ္စ အရှုပ်အထွေးတွေ ဘာမှ မရှိပါ ဘူး။ " -Adena
  9. " အွန်လိုင်းမှာ ချစ်ကြတာရဲ့ ကောင်းတဲ့ အချက် တစ်ချက်က ကျွန်မတို့ရဲ့ ရုပ်ရည်ရူပကာ ပယောဂကြောင့် မဟုတ်ပဲ ဒီလူကို ချစ်တာ၊ ဒီလူရဲ့ စိတ်ဓတ်ကို ချစ်တာ အဲဒါပါပဲရှင်" -S. Mazingo
  10. "တစ်ကယ်လို့ အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲကြမယ်ဆိုရင်တောင် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ (ဥပမာ..ပါးရိုက်တာ ဘာညာ) မျိုးတွေ မဖြစ်စေပဲ စကားလုံး သက်သက်နဲ့ ရပ်စဲလို့ရတယ်လေ။" -Yewande Fasoranti
  11. "အွန်လိုင်း ဆက်ဆံရေးမှာ အားသာချက်တစ်ခု ရှိတာက လူတစ်ဘယ်လို ရုပ်ရည်ရူပကာ ရှိတယ်ဆိုတာတွေကို ထည့်တွက်စရာမလိုပဲ အဲဒီလူရဲ့ စိတ်နှလုံးနဲ့ စရိုက်ကို လေ့လာနိုင်ဖို့ အခွင့်အရေးတွေ ရှိလာတာပဲပေါ့။ စိတ်လှတဲ့ သူတစ်ယောက်ကို ချစ်ရတာဟာ ချစ်ခြင်းတွေထဲမှာ အလှပဆုံး ချစ်ခြင်းတရားပဲ မဟုတ်လား" -Debra Williams
  12. "သူတို့တွေ ကိုယ့်အိမ်နားမှာ နေတာထက်ကို သူတို့အကြောင်း လေ့လာရတာ ပိုလွယ်တယ်ဗျ။ သူတို့တွေရဲ့ ကိစ္စအ၀၀တွေ၊ စိတ်ဝင်စားတဲ့ အရာတွေ ပြောဖို့ အခွင့်အရေးတွေ အများကြီးရတယ်ဗျ" –Manny
  13. "Online relationship မှာ ကျွန်မတို့တွေဟာ နားထောင်မှု စွမ်းရည်နဲ့ စကားပြောစွမ်းရည်တွေ တိုးတက်လာ တယ်လေ" -Sandy

  1. "သံယောဇဉ်တွေ တဖြည်းဖြည်းတိုးလာတာ။ အွန်လိုင်းမှာ ဆိုရင် လက်တွေ့ပြဿနာတွေနဲ့လည်း ကင်းဝေးနေတယ် အဆင့်အတန်းတွေ ဘာတွေလည်းမရှိဘူး ပြောရတာလည်း မျက်နှာချင်းဆိုင်မဟုတ်တော့ ပိုပြီး သက်တောင့်သက်သာ ရှိတယ် ကိုယ်နဲ့ မကိုက်ရင်လည်း ရှောင်တိမ်းရလွယ်တယ်လေ"- Kaung Kin Ko

ဒါတွေကတော့ အွန်လိုင်း ဆက်ဆံရေးနဲ့ ပတ်သက်ပြီး လူတော်တော်များများ ပြောပြကြတဲ့ အချက်ကလေးတွေပေါ့။ ကျွန်မရေးတာဟာ Benefits တွေကိုပဲ ရေးတာ ဖြစ်လို့ အွန်လိုင်းမှာ မကောင်းတဲ့ အချက်တွေကို ထည့်မရေးထားပါဘူး။ မကောင်းကြောင်းသာ ပြောရရင်တော့ A-4 နဲ့ 15 မျက်နှာလောက် ရှိလိမ့်မယ်။ ဖတ်ကြမလား ရေးပေးမယ်လေ..အဟိ။ ပြီးတော့ အားအား ယားယား အချိန်ပေါတိုင်း မိန်းကလေးတွေကို လိုက်ကျူ၊ ယောင်္ကျားလေးတွေကို လိုက်အီစီကလီ ရိုက်နေတဲ့ မိန်ကလေးမျိုး တွေအတွက် မဟုတ်ပဲ အမှန်တစ်ကယ် ချစ်ကြ ခင်ကြတဲ့ သူတွေအတွက်သာ ရည်ရွယ်ကြောင်းပါရှင်။

24th Birthday

အချိန်တွေ အချိန်တွေ.. ဘယ်လို ဘယ်လို အကုန်မြန်နေမှန်းကို မသိဘူး.. 23 နှစ်မြောက်မွေးနေ့ဟာ မနေ့တစ်နေ့ကလိုပဲ စိတ်ထဲမှာ ပူနွေး မှတ်မိနေသေးတယ်.. ဟော 2008 ဆိုတဲ့ နှစ်သစ်ကြီးကိုလည်း ရောက်လာရော ကျွန်မလည်း အသက်တစ်နှစ်ကြီး လာပြန်သလို 24 နှစ်မြောက် မွေးနေ့ကို ရောက်လာပြန်ပြီ ပေါ့လေ။ ဟုတ်တယ် ဒီနေ့ ဇန်န၀ါရီလ 19 ရက်မှာ ကျွန်မ အသက် 24 နှစ်ပြည့်ပြီ။ လူတစ်ယောက်ရဲ့ သက်တမ်းဟာ 75 နှစ်ဆိုရင် ကျွန်မဟာ လူ့သက်တမ်းရဲ့ သုံးပုံ တစ်ပုံ နီးနှီးကို ဖြတ်သန်းပြီးပြီ။ ဘုရားရေ.. ကျွန်မလေ ကျွန်မ ဘာမှလည်း မဖြစ်သေးပါလား။ 24 နှစ်လုံးလုံး ကျွန်မ ဘာတွေ လုပ်နေခဲ့သလဲ၊ 24 နှစ်အတွင်းမှာ ကျွန်မ ဘာတွေ ဖြစ်ဖြစ်မြောက်မြောက် ရှိခဲ့လဲ၊ 24 အတွင်းမှာ ကျွန်မရဲ့ အမှတ်ရစရာလေးတွေက ဘာတွေဖြစ်မလဲ။ ရှေ့ဆက်ပြီးတော့ကော ကျွန်မ လောကကို ဘယ်လို လျှောက်လှမ်းမလဲ။ ဟုတ်တယ် ဒါတွေဟာ မတွေးချင် ပေမယ့် တွေးရမယ့် အရာတွေ။ အတိတ်ဆိုတာ မေ့ချင်ပေမယ့် မှတ်မိနေတဲ့ အရာတွေ။ ကျွန်မ ဘာတွေ လုပ်ပြီးပြီလဲ တစ်ချက်လောက် ကိုယ့်ကိုကိုယ် Self Evaluation လုပ်ကြည့်ချင်တယ်။ Ok.. တစ်ခုချင်းစီ လုပ်ကြည့်လိုက်မယ်…။

ပညာရေး။ ။ B.Com ဆိုတဲ့ စီးပွားရေးဘွဲ့ (ရသာရတာ ဘာမှမတတ်.. အလုပ်ဝင်မှ ပြန်လေ့လာယူရတယ်) တစ်လုံး ရထားတာကလွဲရင် ကျွန်မဟာ ဘာကောင်မှ မဟုတ်ပါဘူး။ သင်တန်းတွေ တက်ဖို့တော့ အမြဲ Plan တွေချဖူးတယ်..ဘယ် တက္ကသိုလ်က ဘာ ဒီပလိုမာကို လှမ်းဖြေမယ် ပေါ့လေ။ နောက်ဆုံးတော့ ပင့်ဂိုလ်းဆိုတဲ့ ကျွန်မရဲ့ စကားသံတွေဟာ သင်္ကြန်အမြောက်လိုပါပဲတဲ့ရှင်။ တက်ချင်ပါတယ်။ သူတို့တွေက ကြေးကြီးတာကိုလို့။ နေအုံး ဒေါ်လာရှာလိုက် အုံးမယ်။ တစ်လကို ဒေါ်လာ 500 လောက်ရှာနိုင်တဲ့ အချိန်မှာ တက်ချင်တာ အကုန်တက်မယ်ကွ။ ခုတော့ MBA ဆိုတဲ့ ဘာဆိုလည်း မသိပါဘူး ဘိဇီးနက်ကို စီမံတာဆိုလား ဘာဆိုလားကို တက်ဖို့ကြိုးစား နေတယ်။ လုပ်ဖြစ် မလုပ်ဖြစ်ကိုတော့ 25 နှစ်ကျရင် ပြန်ပြောမယ်နော်။

အလုပ်အကိုင်နှင့် စီးပွားရေး။ ။ အင်း တပ်ထားတဲ့ ခေါင်းစဉ်လေးကတော့ နည်းနည်း ကြီးကျယ်သလို လှလည်း လှတယ်ရှင့်။ ကျွန်မကို အထင်တွေ မကြီးကြနဲ့အုံးနော်။ ကျွန်မ ဘာစီးပွားရေးမှ မလုပ်ပါဘူး။ Company တစ်ခုမှာ မဖြစ်စလောက် လစာလေးနဲ့ အလုပ်လုပ်နေတဲ့ သာမန်မိန်းကလေး တစ်ယောက်ပါ။ 23 နဲ့ 24 ကြားမှာ Brand Executive ဆိုတဲ့ ရာထူးတစ်ခုကို ရခဲ့တာက လွဲရင် စုမိ ဆောင်းမိတာ မှန်သမျှဟာ ဗိုက်ထဲမှာ ပါပဲရှင်။ စားလိုက် သောက်လိုက် ပျော်ပါးလိုက်နဲ့ ဘာဆို ဘာမှ အဖြစ်မရှိတဲ့ ပင့်ဂိုလ်းပါ။ ဒါပေမယ့် ကျွန်မ လုပ်ငန်း အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ ပညာတွေ အများကြီး လေ့လာခဲ့ရတယ်။ စဉ်းစား တွေးခေါ်ပုံတွေနဲ့ နပန်လုံးခဲ့ဖူးတယ်။ အလုပ်တွေအများကြီး ပြီးမြောက်အောင် လုပ်ခဲ့ဖူးတယ်။ တော်ပါသေးရဲ့ရှင်…. ဒါလေးတွေ ငါတတ်ခဲ့ပါလား.. ဆိုတာလေးနဲ့ ဖြေတွေးစရာလေးတွေ ရှိနေပါသေးတယ်နော်။

လူမှုဆက်ဆံရေး။ ။ ကျွန်မဟာ အရင်တုန်းက တော်တော်လေးကို လူကြောက်တဲ့ သူတစ်ယောက်ပါ။ လူတော မတိုးရဲဘူး။ လူတွေရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီး စကားမပြောရဲဘူး။ ရည်းစား စကားလိုက်ပြောတာ ခံရရင်တောင် ထွက်ပြေးတတ်တဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် ဒီနှစ်တွေ အတွင်းမှာ ကျွန်မ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး အရမ်းကို တိုးတက်လာခဲ့တယ်။ စကားတွေကို လှလှလေး ပြောတတ်လာသလို မရင်းနှီး မသိသေးတဲ့ လူတွေနဲ့လည်း ပေါင်းသင်းဖို့ ရဲလာခဲ့ပါတယ်။ Blog လောကကို ၀င်မိတာကြောင့် သိပ်ချစ်စရာ ခင်စရာ ကောင်းတဲ့ သူငယ်ချင်းတွေကိုလည်း ရရှိခဲ့ပြီး team work ဆိုတဲ့ စကားလုံးရဲ့ အဖိုးတန် အသုံးဝင်ပုံတွေကို လက်တွေ့ကျကျ သိခဲ့ရတယ်။ တစ်ကယ်ပါ ကျွန်မဟာ မချစ်တတ် မခင်တတ်တဲ့သူလို့ ကိုယ့်ဟာကိုယ် မှတ်ယူခဲ့ပေမယ့် ဒီနှစ်တွေမှာ ကျွန်မသိပ်ချစ်တဲ့ သူငယ်ချင်းတွေကို တွေ့ခဲ့ရတယ်။ ကျွန်မ အရမ်းဝမ်းသာပါတယ်။ ဘုရားပေးတဲ့ ဆုအနေနဲ့ မှတ်ယူပါတယ်။ နောက်တော့ ကျွန်မ လူတွေရဲ့ စိတ်နေသဘောထားတွေကို အရင်ကထက်ပို ပြီသိခဲ့ရတယ်။ ရှေ့ကွယ်တစ်မျိုး နောက်ကွယ်တစ်မျိုး လုပ်တတ်တဲ့သူတွေ၊ လုပ်ငန်းခွင်ထဲမှာ အတို့အထောင် လုပ်တတ်တဲ့ သူတွေ၊ သူများ ပျက်စီးရာ ပျက်စီးကြောင်း သေချာစောင့်ကြည့်လေ့လာပြီး အမှားတွေ့တာနဲ့ ချက်ချင်းကို ကောက်ကာ ငင်ကာ တိုင်တောတတ်တဲ့ သူတွေ။ လူတွေ လူတွေ ကောင်းတဲ့သူတွေ၊ မကောင်းတဲ့သူတွေ။ ဒီနှစ်ထဲမှာမှ တော်တော်လေးကို ကြုံခဲ့ရတာပါ။ ကျွန်မ လူတွေကို ပိုသတိထား တတ်ခဲ့တယ်။ လူတိုင်းဟာ မယုံရဘူးဆိုတာ လက်တွေ့ကျကျ နဖူးတွေ့၊ ဒူးတွေ့တွေ့ခဲ့ရပါတယ်။ ဘာပဲပြောပြော အားလုံးဟာ ကျွန်မတွက် အကောင်းလို့ပဲ မှတ်ယူပါတယ်ရှင်။

အချစ်ရေး။ ။ မပြောဘူး။ အသေသတ်။ စကား လာမအစ်နဲ့။ လည်ပင်းလာမညှစ်နဲ့။ ပြောဘူးဆို ပြောဘူးပဲ။ (သိပ်လည်း အထင်မကြီးကြပါနဲ့.. ပြောစရာ မရှိလို့ပါ.. ဟီး)

အခြားအရာများ။ ။ ဒါတွေဟာလည်း ကျွန်မအတွက် အရေးကြီးတဲ့ အရာတွေပါ။ 88 တုန်းက.. ပိစိကွေးလေးတုန်းက ခပ်ရေးရေးသာ သိခဲ့ မြင်ခဲ့ဖူးတဲ့ တော်လှန်ရေးဆိုတာကြီးကို စက်တင်ဘာမှာ ကျွန်မ မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရတယ်။ သတ်တာတွေ၊ ဖြတ်တာတွေ ပစ်တာ ခတ်တာတွေ၊ ရိုက်နှက်တာတွေ အားလုံးဟာ မမြင်ချင်မှ အဆုံးပဲ။ အိပ်မက်ထဲထိတောင် လိုက်လိုက် နှိပ်စက်နေခဲ့တယ်။ စက်တင်ဘာမှာပဲ Blog Seminar ကြီးကို Blogger တွေနဲ့ပေါင်းပြီး စည်းစည်းလုံးလုံးနဲ့ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်။ ကျွန်မအတွက် အပျော်ဆုံးနဲ့ မေ့မရနိုင်တဲ့ အဖြစ် အပျက်တွေပဲပေါ့။ ကျန်ပါသေးတယ်။ ပြောစရာတွေ ကျန်ပါသေးတယ်။ မပြောတော့ပါဘူး..

ဒီနေ့ ကျွန်မ ဘလောဂ့်လေးကို လာလည်သူတိုင်းကို ခါတိုင်းထက်ပိုပြီး ကျေးဇူးတင်ပါတယ်။ ကျွန်မ မွေးနေ့လေးမှာ ပျော်ပျော် ရွှင်ရွှင်နဲ့ e-food တွေကို သုံးဆောင် သွားကြပါနော်။ အားလုံး အဆင်ပြေပါစေ။ ပျော်ရွှင်ကြပါစေ။


Photobucket

Photobucket

Photobucket

ကော်ဖီတွေလည်း သောက်ကြပါ အုံးးးးး

Photobucket

coffee

Photobucket

ဒါကတော့ လက်ခံရရှိတဲ့ လက်ဆောင်လေးတွေပါ။ မွေးနေ့ မတိုင်ခင် ကတည်းကကြိုပေးထား ကြတာပေါ့

ဘန်ကောက်က ချစ်ဆုံးသူငယ်ချင်း ပို့လိုက်တဲ့ wallet

Photobucket

Demo ပေးတဲ့ အရုပ်ကလေး

Photobucket

မဂျစ် ပေးတဲ့ ဖိနပ်လေး

Photobucket

Pinkgold ကို ပန်းရောင်လေးတွေပဲ ပေးကြတာ ထူးခြား မနေဘူးလား။ အားလုံးကို ကျေးဇူး အရမ်းတင်ပါတယ်ရှင်။

ရင်တွင်း ကဗျာ

100th Post of My Blog

ကျွန်မရဲ့ ဘလောဂ့်လေး (www.cuttiepinkgold.info) ကို 2007 ခုနှစ် August လရဲ့ နေ့တစ်နေ့မှာ စတင်ရေး သားခဲ့ပါတယ်။ ဘယ်နေ့ရယ် လို့တော့ ကျွန်မသေချာ မှတ်မထားမိပါဘူး။ ပို့စ်စတင်တဲ့ရက်ကို ပြန်လိုက်ရင် ရပေမယ့်လို့ ကော်နက်ရှင် အခက်အခဲကြောင့် ကျွန်မလည်း ပြန်ရှာ မနေချင်တော့ဘူးရှင့်။ ထားပါတော့လေ။ ဟုတ်ကဲ့ အဲဒီအချိန်လေးက နေပြီး ကျွန်မဘလောဂ့်ရေး ဖြစ်ခဲ့တာ ခုဆိုရင် 6 လနီးပါးတောင် သက်တမ်းကြာရှည်နေပြီး ဒီပိုစ့်လေးဟာ ကျွန်မရဲ့ ပိုစ့် 100 မြောက်ရေးသား ချက်လေးပဲ ဖြစ်ပါတယ်။ မှတ်မှတ်ရရလေး အနေနဲ့ ကျွန်မ ထူးထူးခြားခြားလေး ရေးပေးချင်ပါတယ်။ ဒါပေမယ့် ကျွန်မပဲ စိတ်ကူး စိတ်သန်း ညံ့ဖျင်းတာလားတော့ မသိဘူးရှင့် ဘာအကြောင်းကို ဘယ်လို သီကုံးရမယ်ဆိုတာ ကျွန်မစဉ်းစားလို့ မရခဲ့ပါဘူး။ ဘာပဲ ဖြစ်ဖြစ်ပါ ပိုစ့်100 မြောက် အနေနဲ့တော့ ကျွန်မ တစ်ခုခုကို ကြိုးစားရေးပေးမှာပါ။

စစချင်း အနေနဲ့တော့ ဒီဘလောဂ့်လေးကို ရှင်သန်အောင် အသက်သွင်းပေးခဲ့တဲ့ ကိုယ့်ဟာကို ကျေးဇူးတင်ပါတယ်။ (အမ်.. မယ်ပင့်ဂိုလ်း.. တစ်မျိုးပါလား ဟိ)။ နောက်တော့ ကျွန်မရဲ့ ဘလောဂ့်ဖတ် ပရိတ်သတ်တွေ၊ ပုံမှန် အားပေးနေကျ ဘလောဂ့် လောကမှ သူငယ်ချင်းတွေကို ကျေးဇူး တင်ပါတယ်။ သူတို့တွေသာ မဖတ်ရင် ကျွန်မ ဘယ်လောက်ရေးရေး ဒီဘလောဂ့်လေး အသက်ဝင်လာမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်မကို နည်းပညာပိုင်းမှာ ကူညီပေးခဲ့ကြသော သူငယ်ချင်းများ၊ ဘလောဂ့်လောကမှ စီနီယာ များကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မလေးစား အားကျ အတုယူရတဲ့ ဘလောဂ့်များ ဖြစ်တဲ့ ကိုရန်အောင်၊ မလေးအိမ့်၊ ကိုညီလင်းဆက်၊ ကိုကောင်းကင်ကို၊ ကိုမင်းတစေ၊ မမမယ်လိုဒီ၊ ကိုနေဘုန်းလတ် စတဲ့ ဘလောဂ့်ဂါတွေကိုလည်း လေးစား ကျေးဇူးတင်ကြောင်း ပြောပါရစေရှင်။ ကျွန်မရဲ့ ဘလောဂ့်လေးကို ကျွန်မဂျီကျတိုင်း တစ်ခုခုပြောင်းလဲ လုပ်ချင်တိုင်းမှာ မညည်းမညူ ပြုပြင် ပြောင်းလဲပေးခဲ့ကြသော ကိုထိုက်၊ ကိုဇေယျာ၊ မိုးတိမ် စတဲ့ ချစ်သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ရှင်။ MBS မှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားပေးတဲ့ ဘလောဂ့်ဂါ သူငယ်ချင်းတွေကိုတော့ ပြောစရာ မလိုလောက်အောင် ကျေးဇူးတင်ပါတယ်။ အဲ.. စာရေးဖို့ အိုင်ဒီယာ မရတိုင်း ကျေးဇူးပဲ လိမ့်တင်နေတာ ခုတော့ အတွေးတစ်ခု ထွက်လာပြီရှင့်..

Yo Yo!

ကျွန်မဟာ ကုမ္ပဏီတစ်ခုမှာ Brand Executive တစ်ယောက် အနေနဲ့ တာဝန်ထမ်းဆောင် နေတာပါ။ Brand Leader တစ်ယောက် ဖြစ်သည်နဲ့ လျော်ညီစွာ Staff Interview များကိုလည်း မကြာခဏ ဆိုသလို လုပ်ပေးရလေ့ ရှိပါတယ်။ ကျွန်မတို့ အင်တာဗျူးလုပ်တာကတော့ များသော အားဖြင့် Sales Staff  ပိုစ့်တွေ အတွက်ပါ။ အဲတော့ ကျွန်မ အင်တာဗျူးလုပ်သမျှမှာ ကြုံတွေ့ရတဲ့ စိတ်ညစ်စရာ အဖြစ်အပျက်လေးတွေကို ရေးသားပါရစေနော်။

 

အင်တာဗျူး တစ်ခုထဲတော့ မဟုတ်ပါဘူး.. လူတော်တော် များများ ဖြေကြတဲ့ အကြောင်းအရာလေးတွေကို တစ်ခုထဲ အနေနဲ့ ရေးပေးလိုက်တာပါရှင်။

သမီး နာမည်ဘယ်လို ခေါ်လဲ

***** ပါရှင့်

သမီးက ဘယ်ကနေ လာတာလဲ။ ကားစီးလာရတာကော အဆင်ပြေရဲ့လား သမီး။ ဘယ်မြို့နယ်က လာတာလဲဟင်

ဟုတ်၊ ပြေါပါတယ် မမ. မြောက်ဥက္ကလာ ကပါရှင့်

အိုကေပါ.. သမီးက ဒီအလုပ်ကို ဘယ်လိုသိပြီး လာလျှောက်တာလဲ

Opportunity Journal မှာကြော်ငြာတွေ့လို့ပါ အမ

ဟုတ်လား၊ သမီးက အရောင်းဝန်ထမ်း လာလျှောက်တယ် ဆိုတော့ ဒီအလုပ်ကို တော်တော် စိတ်ဝင်စားမယ့် ပုံပဲနော်

ဟုတ် စိတ်ဝင်စားပါတယ် မမ၊ သမီး အရောင်း သမားတစ်ယောက် ဖြစ်ချင်ပါတယ်။

သမီးရဲ့ ပညာအရည် အချင်းလေး ပြောပါအုံး

သမီး 10 တန်းကို ဆက်မဖြေတော့ပါဘူး အမ

ဘယ်လို ဘယ်လို၊ သမီးရယ် ဘာကြောင့်များ ဆက်မဖြေချင်တော့တာလဲ.. အခု အသက်ဘယ်လောက်ရှိပြီလဲ

သမီး 21 နှစ်ပါ အမ

ငယ်ငယ်လေး ရှိသေးတာပဲ သမီးရယ် ဘာလို့များ ဆက်မဖြေချင်ရတာတုန်း ဆယ်တန်းအောင်ဖို့ မခက်ခဲပါဘူး

ပညာရေးကို စိတ်မ၀င်စားတော့ လို့ပါအမ

အဲတော့.. ပညာရေးကို စိတ်မ၀င်စားဘူး ဆိုရင် သမီးဘ၀ကို ဘယ်လိုရှေ့ဆက်မှာတုန်း

ကြီးလာရင်တော့ စီးပွားရေး တစ်ခုခုလုပ်မှာပေါ့ အမရယ်.. အရောင်း အ၀ယ် ဖြစ်ဖြစ်ပေါ့နော်။ နေပါအုံး ဒီအလုပ်က 10 တန်းအောင်မှ ခန့်တာလား

ဘယ်အလုပ်ရယ် မဆိုပါ။ ကိုယ့်ကုမ္ပဏီက ၀မ်ထန်းတစ်ယောက်ကို အလားအလာရှိတဲ့ တက်လမ်းရှိတဲ့ သူတစ်ယောက်တော့ ဖြစ်စေချင်ကြတာပဲလေ

သမီးကတော့ စာကို စိတ်မ၀င်စားတော့ဘူး အမရဲ့

အမကတော့ သမီးကို ဆယ်တန်းအောင်အောင် ဖြေစချင်တယ်။ ပြီးတော့ ဘွဲ့တစ်ခုရအောင် ကြိုးစားစေချင်တယ်။ သူများနိုင်ငံမှာ ဘွဲ့ရဖို့ အရမ်းခက်တယ်။ အမတို့ မြန်မာပြည်မှာ အဝေးသင်ဆိုရင် တစ်နှစ်ကို 10 ရက်လောက် ကျောင်းတက်ရုံနဲ့ ဘွဲ့ရဖြစ်တယ်။ ဒီလောက် ပေါလောနေတာ သမီးရယ် မြန်မာပြည်မှာ နေမယ့်သူ တစ်ယောက်ဟာ မြန်မာပြည်ရဲ့ အသိအမှတ်ပြု ဘွဲ့တစ်ခုလောက်တော့ ရထားသင့်တာပေါ့ မဟုတ်ဘူးလား

ဟုတ်.. အဲဒါတော့ အဲဒါပေါ့

ထားပါတော့လေ.. သမီးရဲ့ မိဘတွေကကော ဘာလုပ်ကြလဲ.. မောင်နှမရော ဘယ်နှစ်ယောက် ရှိလဲဟင်

အဖေကတော့ ကုန်သည် လုပ်ပါတယ် အမ။ အမေကတော့ ဒီအတိုင်းပဲ အိမ်မှာ နေပါတယ်။ အကိုတစ်ယောက်ကတော့ မလေးရှားမှာ အလုပ်လုပ်နေပါတယ်။

သြော်.. သမီးကရော မလေးရှားတွေ ဘာတွေ ထွက်ဖို့ စိတ်မကူးဘူးလား..

လောလော ဆယ်တော့ မထွက်ဖြစ်သေးပါဘူး.. အဲမှာလုပ်တော့ ပင်ပန်းမှာပေါ့..

အဲတော့ အလုပ်လုပ်ရတာ သက်သာတယ် များထင်နေလားဟင်.. ဒီမှာလည်း အရောင်းသမား တစ်ယောက်ဟာ တစ်နေကုန် ကောင်တာမှာ မတ်တပ်ရပ်ပြီးရောင်း၊ customer တွေကို အာပေါက်အောင် ပြောပြီးရောင်းရတာပဲလေ

အင် တစ်နေကုန်ကြီး မတ်တပ်ရပ်ရတာလား ထိုင်လို့ ရဘူးပေါ့ ဟုတ်လား

အမတို့မှာ စည်းကမ်းရှိတယ် သမီး. ဘယ်အရောင်း သမားကိုမှ ထိုင်ခွင့် မပေးဘူး.. သူဟာ အမြဲတမ်း sweet ဖြစ်နေရမယ်.. ကြည့်လိုက်ရင် Uniform ကလည်း သပ်သပ်ရပ်ရပ် ရှိပြီး အမြဲ smart ဖြစ်နေရမယ်လေ.. ပြီးတော့ အမတို့ရဲ့ customer တွေက မြန်မာတွေချည်းပဲ မဟုတ်ဘူး နိုင်ငံခြားသားတွေလည်း လာတော့ အင်္ဂလိပ်လိုတွေလည်း ပြောပြီးရောင်းရတယ်.. အဲတော့ အမတို့က ပညာအရည်အချင်း မပြည့်စုံတဲ့ သူတစ်ယောက်ကို ခန့်လို့ သင့်တော်ပါ့မလား သမီး လည်း ပြန်စဉ်းစားကြည့်လေ။

သြော် .. ဒါကတော့ သင်ရင်တတ်ပါတယ်

သင်ရင်တော့ တတ်တာပေါ့။ ပြီးတော့ သမီးရဲ့ လုပ်ရည်ကိုင်ရည်ကြောင့် အမတို့က Promotion ပေးလိုက်ပြီပဲထား။ သမီးအောက်က ဘွဲ့ရပြီး အလုပ်လုပ်နေတဲ့ အငယ်တွေက 10 တန်းတောင် မအောင်တဲ့ ကိုယ့်ရဲ့ အထက်လူကြီးကို ဘယ်လောက်များ ရိုသေနိုင်မှာတဲ့လဲဟင်… ငယ်ပါသေးတယ် သမီးရယ် 10 တန်းလေးတော့ အောင်အောင် ဖြေလိုက်ပါနော်။

ဟီးဟီး… ( သူရယ်နေတာပါ)

ထားပါတော့လေ.. သမီး အားလပ်ချိန်တွေကို ဘယ်လို အသုံးချလဲ

စာဖတ်ပါတယ် အမ၊ ဗဟုသုတ ရစေမယ့် စာမျိုးတွေပေါ့

ဟုတ်လား တော်လိုက်တာ ဘယ်လိုစာအုပ်မျိုး ဖတ်တာလဲဟင်

လွန်းထားတား တို့ မီကိုဇူးဇင်တို့ ရှင်မိုး တို့ရဲ့ ၀တ္ထုတွေကို ဖတ်ပါတယ် အမ

အဲတော့.. သူတို့ ၀တ္ထုတွေ ဖတ်တော့ သမီး ဘာဗဟုသုတ တွေများ ရပါသလဲ

သူတို့တွေရေးတဲ့ မင်းသမီး မင်းသားတွေက မိုက်တယ် အမရဲ့.. တစ်ချို့ကျတော့လည်း ဆင်းရဲတယ် တစ်ချို့ကျတော့လည်း ချမ်းသာပြီး ကုန်တိုက်ကြီးတွေ ပိုင်ကြတယ်.. မင်းသမီးနဲ့ မင်းသား မာနတွေပြိုင်ကြတာ မိုက်တယ် အမ..

အမလေး အမလေးနော်.. နောက်ရော ဘာစာတွေ ဖတ်သေးလဲ

အိမ်က အမေကတော့ ဖတ်စရာ စာအုပ်တွေပေးပါတယ်.. ချစ်စံဝင်းဆိုလား ဘာဆိုလား မသိပါဘူး.. ပျင်းတယ် မဖတ်ချင်ဘူး…

သြော် ထားပါတော့လေ.. သမီးရဲ့ အနာဂတ် ရည်မှန်းချက်က ဘာလဲ

ဘယ်လိုပြောရမလဲ.. လောလော ဆယ်တော့ ဘာလုပ်ရမယ်မှန်း မသိသေးပါဘူး.. နောက်တော့မှ ပေါ့ .. အရောင်း အ၀ယ်တော့ လုပ်ချင်ပါတယ်.

ဟုတ်လား ဘယ်လို အရောင်း အ၀ယ်မျိုး လုပ်ချင်တာလဲ ဟင်

အရောင်းအ၀ယ်ဆိုမှ အရောင်းအ၀ယ်ပဲပေါ့

( လျှာရှည် မိတာ ကျွန်မ အပြစ်.. ကျွန်မ ဆက်ရှည်လိုက်ပါသေးတယ်)

အရောင်းအ၀ယ်က အမျိုးမျိုးရှိတယ်လေ.. စားသောက်ကုန်လား၊ ကားရောင်းမှာလား၊ အလှကုန်တွေလား

အင်း အလှကုန်တွေတော့ စိတ်ဝင်စားသား.. မသိသေးပါဘူး လုပ်တော့မှ ကြည့်လုပ်ရမှာပေါ့လေ

သြော် အရင်တုန်းကရော အလုပ်တွေဘာတွေ လုပ်ဖူးလား ဘာအတွေ့အကြုံတွေ ရှိလဲဟင်

ဟုတ် လုပ်ဖူးပါတယ် အမ.. အထည်ချုပ်စက်ရုံမှာလည်း အထည်တွေ ညှပ်ဖူးပါတယ်။ ပြီးတော့ နောက်တစ်ခုမှာလည်း ၀ါယာကြိုးတွေ ဖြတ်ရ ပတ်ရတဲ့ အလုပ်လုပ်ဖူးပါတယ်

အင်း..ပေါ့ သမီးရယ်. သမီးသာ 10 တန်းမအောင်ဘူးဆိုရင် သမီးရဲ့ ဘ၀က နောက်ပိုင်းမှာ ဒီလိုအလုပ်တွေနဲပဲ စခန်းသွားနေမှာပါပဲ.. မြန်မာပြည်ထဲမှာ နေအုံးမယ်ဆိုရင်တော့ ပညာကို ဆက်သင်စေချင်တယ်.. ဒါမှ အလုပ်ကောင်းကောင်း ရမှာပေါ့ မဟုတ်ဘူးလား

ဟုတ်ကဲ့

အင်း သမီးရဲ့ မျှောမှန်း လစာကကော

35000- 40000 လောက်ဆိုရင် ဖြစ်ပါတယ် အမ

အိုကေလေ အမတို့ ဖုန်းပြန်ဆက်ပေးမယ်နော်.. သမီးပြန်လို့ရပါပြီ

ဒီလို အဖြေတွေ ဖြေသွားတဲ့ လူတစ်ယောက်ကို ကျွန်မ အလုပ်ခန့်ဖို့ စိတ်မကူးပါဘူး။ ဒါပေမယ့် ကျွန်မ စကားတွေ ဆက်များနေမိတယ်.. အင်တာဗျူးနဲ့ မဆိုင်တဲ့ မေးခွန်းတွေ မေးနေမိတယ်။ ကျွန်မကတော့ သူတို့ကို အားပေးချင်တာပါ။ ပညာဆက်သင်စေချင်တာပါ။ တစ်ချို့တွေဆို ကိုယ်က စိတ်ဝင်စားပါလျက်နဲ့ မိဘဆင်းရဲလို့၊ ကျောင်းလခ မတတ်နိုင်လို့ ကျောင်းဆက်မတက်ရတဲ့ သူတွေရှိပါတယ်။ ဒီလို လူမျိုးတွေဟာ ကျွန်မတို့ မြန်မာပြည်ထဲမှာ အများကြီးရှိနေပါတယ်။ ကျောင်းနေအရွယ် ကလေးလေးတွေ ပညာမသင်နိုင်ပဲ ၀မ်းစာရေး အတွက် လုံးပန်းနေရတာလည်း အများကြီးပါပဲ။ တစ်ချို့တွေကတော့ ကိုယ်ကိုယ်တိုင်ကကို စိတ်မ၀င်စားလို့ မိဘက အားပေးပါလျက်၊ ကျောင်းလခ တတ်နိုင်ပါလျက် လေနေတာမျိုးတွေပေါ့။ ဒီလိုလူမျိုးတွေ များသထက် များလာနေတဲ့ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ဟာ ဘယ်လိုများ ရှိနေမှာပါလဲ။ တစ်ချို့တွေဆို ကျွန်မထက် အသက်ကြီးတယ် 25၊ 26 တောင် ဖြစ်နေပြီ။ ဘ၀ကို ပေါ့ပေါ့တွေးနေကြတုန်းပဲ။ အသက်ကြီးတဲ့ လူတွေကို အင်တာဗျူးရတာ တော်တော်တော့ ကသီလင်တ ဖြစ်ပါတယ်။ အသက်ကြီးချင်ဟန် ဆောင်ပြီး ခပ်တည်တည်ဗျူး ရတာပေါ့လေ။ ကျွန်မလည်း အရမ်းတော်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မ ရင်မောမိပါတယ်။

ကျွန်မ လမ်းမှာ အမှိုက်တွေ လိုက်ကောက်တဲ့ စည်ပင်သာယာက ၀န်ထမ်းတွေကို အားအား ယားယား မေးဖူးပါတယ်။ အန်တီတို့ တစ်ရက်ဘယ်လောက် ရလဲလို့။ တစ်ရက်ကို 1500 ရပါတယ်တဲ့။ အိမ်မှာလည်း ယောင်္ကျားနဲ့ ကလေးတွေ ရှိနေပါတယ်တဲ့။ တစ်နေ့ကို ယောင်္ကျားရော အန်တီပါ လုပ်လို့ 3000 လောက်ရမှ စားလောက်တယ် အမလေးရေတဲ့။ ကျွန်မတို့ Company တွေမှာ အောက်ခြေ၀န်ထမ်း တစ်ယောက်ရဲ့ လစာက 35000 ပါ။ သူသာ ဒီပိုက်ဆံကို တစ်ယောက်ထဲ သုံးမယ်လို့ စဉ်းစားကြည့်ပါ။ ထမင်းဖိုး တောင် မလောက်ပါဘူးရှင်။ အ၀တ် အစားတွေ ၀ယ်ဝတ်ရဖို့ မဆိုထားနဲ့။ ဒီလိုနဲ့ပဲ Company တစ်ခုမှ Resign Turnover တွေ အရမ်းများလာရတယ်။ သူဌေးကလည်း သူ့အတွက်ပဲ စဉ်းစားသလို၊ ၀န်ထမ်းတွေကလည်း ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့နေကြရတယ်။ ဒီလိုပြောင်ရွှေ့မှုတွေ များနေတဲ့ Company တွေနဲ့ ၀န်ထမ်းတွေရဲ့ အနာဂတ် ဘယ်လိုရှိမလဲ။

သေချာတာကတော့ ၀န်ထမ်းတွေဟာ လုပ်နေစဉ်ကာလအတွင်းမှာ လစာနည်းနည်းနဲ့ သူဌေးအတွက် များများ ပေးဆပ်ရတယ်။ သူဌေးတွေကတော့ လစာတိုးပေးဖို့ကို သေမလောက်စဉ်းစားကြပြီး ၀န်ထမ်းတွေဆီက အကျိုးအမြတ်တွေ ယူကြတယ်။ နေရာတိုင်းကို ကျွန်မ မဆိုလိုပါဘူး။ ဒီလို ဒီလို ဖြစ်နေတဲ့ Company တစ်ချို့နဲ့ ၀န်ထမ်း တစ်ချို့ကို သာ ဆိုလိုကြောင်းပါရှင်။

Love Story

 တွေးချင်ရာတွေး၍ ရေးချင်ရာရေးသည်။

မြူတွေအုံးဆိုင်းနေတဲ့ ချစ်စရာ မြို့ကလေးက ကျွန်မရဲ့ မြင်ကွင်းမှာ တစ်ဖြေးဖြေးနဲ့ ပျောက်ကွယ်လု နီးပြီ။ မနက်စောစော ချမ်းအေးလှတဲ့ ဒဏ်တွေရယ်၊ ခပ်ပြင်းပြင်း တိုက်ခတ်လာတဲ့ လေစိမ်းတွေရယ်က ကျွန်မရင်ထဲက ခံစားချက်ကို ပိုမိုအောင် လှုံ့ဆော် ပေးနေတယ်။ ခွဲခွာခြင်းဆိုတဲ့ အသိတွေ၊ လွမ်းရတော့မယ် ဆိုတဲ့ ခံစားချက်တွေကြောင့် ဒီနှစ်ဆောင်းဟာ ကျွန်မအတွက် ပိုအေးတော့မှာပေါ့။ အရှိန်ပြင်းပြင်းနဲ့ ခပ်မြန်မြန် ပြေးနေတဲ့ ကားကလေးက မြို့နဲ့ ဝေးရာဆီသို့ ကျွန်မကို အချိန်နဲ့အမျှ ခေါ်ဆောင်သွားနေတယ်။ ကားပေါ်က ခရီးသည်တွေကတော့ ဘယ်လိုအတွေးတွေ ဘယ်လိုစိတ်ကူးတွေနဲ့ ကားပေါ်မှာ ငေးမောတွေးတော နေတယ် မသိဘူး။ ကျွန်မကတော့ ကျွန်မသိပ်ချစ်တဲ့ သူ ရှိရာ မြို့ကလေးဆီကို မှန်းဆ လွမ်းမောရင် ခရီးဆက်လာ ခဲ့ပါတော့တယ်။

"ကို"

ဟုတ်တယ်.. ကို ဆိုတာ ကျွန်မသိပ်ချစ်တဲ့ သူ့ ကို ကျွန်မရင်ထဲက ခေါ်တဲ့ စကားလုံးလေးပါ။ ဒါပေမယ့် ကျွန်မသူ့ကို တရားဝင် ခေါ်ခွင့်ရခဲ့တာတော့ မဟုတ်ဘူးရှင့်။ ကျွန်မရင်ထဲက တိတ်တခိုးလေး စွဲလမ်းရတဲ့ သူ့ ကို တမ်းတမ်းတတနဲ့ ခေါ်တဲ့ နာမည်လေးပါ။ ကျွန်မလေ တစ်သက်မှာ ဒီတစ်ယောက်ထဲကိုပဲ မြတ်မြတ်နိုးနိုး ချစ်မိတာပါ။ ဒါပေမယ့် ကျွန်မ အချစ်ကံခေလို့ပဲလား ကျွန်မရဲ့ သတ္တိမရှိမှု ကြောင့်ပဲလား.. သူ့ရဲ့ မ၀ံ့မရဲ နိုင်မှု ကြောင့်ပဲလား.. ကျွန်မချစ်တဲ့သူကို ကျွန်မ ပွင့်ပွင့် လင်းလင်း ချစ်ခွင့် မရခဲ့ပါဘူး။ တိတ်တခိုးနဲ့ ဖွင့်မပြောရဲတဲ့ အချစ်တွေ၊ မျက်လုံးလေးနဲ့ အဓိပ္ပာယ် ဖော်ပြခဲ့ရတဲ့ အချစ်တွေ၊ သူလာရာလမ်း မှန်းဆငေးခဲ့ရတဲ့ နေ့ရက်တွေဟာ ကျွန်မ အတွက်တော့ ဘယ်လိုမှ ဖျက်မရတဲ့ မှတ်တမ်းတွေပါ။

သူနဲ့ ကျွန်မ စတွေ့တဲ့ အချိန်ဟာ ဒီလိုဆောင်းရာသီရဲ့ မြူတွေဆိုင်းနေတဲ့ မနက်ခင်း တစ်ခုမှာပေါ့။ ၀တ္ထုတွေ၊ ရုပ်ရှင်တွေ ထဲကလို ခပ်ဆန်းဆန်းနဲ့ ဇတ်လမ်းဆန်ဆန် တွေ့ခဲ့ကြတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ မနက်ခင်းကို ကျွန်မ သတိရနေတယ်။ မနက်စောစော ထလမ်းလျှောက်ရင်း သူ့ကို ကျွန်မ အမှတ်မထင် လှမ်းတွေ့ခဲ့တာပါ။ မြူနှင်းတွေကြားမှာ သူပေါ်လာတာဟာ ကျွန်မအတွက်တော့ လင်းလက်တဲ့ နတ်သား တစ်ပါးအလား ထင်မှတ်မှားစရာပါပဲ။ လမ်းလျှောက်နေရင်း ရှေ့ကနေ ဘွားခနဲ ပြေးထွက်လာတဲ့သူ့ကို မြင်ရချိန်မှာ ကျွန်မရင်တွေ တစ်ဒိတ်ဒိတ် ခုန်နေခဲ့တယ်။ ဘုရားရေ.. မြင်မြင်ချင်း ချစ်တယ်ဆိုတာ ဒါမျိုးလားဟင်… နောက်တော့ သူ့ကိုတမ်းတတဲ့ စိတ်တွေ၊ ထိမ်းချုပ်မရအောင် တွေ့ချင်နေတဲ့ စိတ်တွေနဲ့ အိပ်မရ ညပေါင်းများစွာကို ကျွန်မ ကျော်ဖြတ်ခဲ့ရတယ်။ အိပ်မက်တွေရဲ့ အခါခါ နှိပ်စက်မှု ဒဏ်တွေကို ကျွန်မ ခါးစည်း ခံခဲ့ရတယ်… "ကို" .. ကျွန်မကို နောက်တစ်ခါလောက်တော့ ဆုံခွင့်လေးပေးပါ ကို ရယ်….

မနက် မနက် လမ်းထလျှောက်မှာ ပျင်းတဲ့ ကျွန်မ ခုတော့ သူလာရာလမ်းကို မှန်းဆရင်း မြူတွေကြားမှာ တိုးဝှေ့နေတတ်ပြီ… စစတွေ့ချင်းလို မြူတွေကြားမှာ သူပေါ်လာလေမလား မျှော်လင့်ရင် မိနစ်တွေကို ရေတွက်တတ်လာ ခဲ့ပြီ.. အင်း ကံကြမ္မာရယ်.. ဘာကြောင့်များ ကျွန်မကို နှိပ်စက်ချင်ရတာတုန်း… ဒီလိုနဲ့ မတွေ့တဲ့ ရက်တွေများလာတော့ ကျွန်မပဲ လက်လျှော့လိုက်ရတော့ တာပေါ့.. အင်း.. အိမ်မှာပဲ စောင်ခြုံကွေးပြီး အတွေးနယ်ချဲ့တာ ကောင်းပါတယ်လေ….

*******************************************************************************

"မမေပုလဲ ဆိုတာ ဒီအိမ်မှာ နေပါသလား ခင်ဗျာ" …

တစ်ရက် ကျွန်မ ရုံးသွားခါနီး အိမ်ရှေ့က အော်သံကြောင့် ဘယ်သူများ ပါလိမ့်ဆိုတဲ့ အတွေးနဲ့ အိမ်ရှေ့ကို ထွက်လာခဲ့မိတယ်… အလို.. ဘုရားရေ.. ကျွန်မရင်ထဲက သူ.. ကျွန်မ သိပ်ချစ်မိနေတဲ့ သူ.. ကျွန်မ အမြင်များ မှားသလားလို့ မျက်လုံးကို သေချာ ပွတ်ပြီး ကြည့်လိုက်မိတယ်။ သေချာပါတယ် သူမှ သူအစစ်ပါ.

" မေပုလဲ ဆိုတာ ကျွန်မပါရှင့်.. ဘာကိစ္စများ ရှိပါသလဲဟင်"

" ဟုတ်ကဲ့ ညီမဆီကို လူကြုံရောက်လာလို့ လာပေးတာပါ ခင်ဗျာ"

" ရှင်.. အကိုက ဘယ်သူများ ပါလိမ့်ရှင်.. ဖေဖေတို့ ပေးလိုက်တဲ့ လူကြုံများလား"

" ကျွန်တော်က ဒေါ်မီမီရဲ့ တူပါ ခင်ဗျာ.. ပြန်ရောက်တာ တစ်ပတ်လောက်ပဲ ရှိပါသေးတယ်.. ဒါကြောင့် ညီမ မသိတာနေမှာပါ"

" သြော် အန်တီ မီမီ တူလား.. ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင်"

အန်တီမီမီ ဆိုတာ ကျွန်မ မေမေရဲ့ အချစ်ဆုံး သူငယ်ချင်း.. ဒီမြို့မှာ တာဝန်လာကျတဲ့ ကျွန်မကို စောင့်ရှောက်ပေးနေတဲ့ အန်တီပေါ့။ ကြည့်ပါအုံး သူတို့အိမ်ကို တစ်ပတ်လောက် မသွားပဲ နေချိန်မှာ ကျွန်မရဲ့ ရင်ခုန်သံလေးတွေ အဲမှာ ရောက်နေလိမ့်မယ် ဆိုတာ ကျွန်မ ထင်တောင် မထင်ထားမိပါလား… အဲ.. ဘုရားရေ ကျွန်မ သတိမထား မိလိုက်တဲ့ အချိန်မှာ ကျွန်မရဲ့ မသိစိတ်က ညနေရုံးဆင်းရင် အန်တီတို့အိမ်ကို ၀င်ဖို့တောင် အစီအစဉ် ချပြီး ပါပကောလား.. ကောင်းရော !

နောက်တော့ သူနဲ့ ကျွန်မ ရုပ်ရှင်တွေထဲကလို ခင်မင် ရင်းနှီးခဲ့ကြပါတယ်။ သူ့ရင်ထဲမှာတော့ ဘယ်လိုနေမလဲ မသိဘူး။ ကျွန်မရဲ့ သံယောဇဉ်တွေကတော့ ထပ်ထပ်တိုးကာ သူနဲ့တွေ့လေတိုင်း ရင်ခုန်သံတွေ မြန်နေတတ်တော့တာပေါ့။ တစ်ကယ်ပါ.. ယုံပါ ကို.. အိပ်ပျော်နေတဲ့ ကျွန်မ နှလုံးသားဟာ ကို့ကို တွေ့မှ ၀ုန်းဒိုင်းကျဲပြီး နိုးထ လာခဲ့ရတာပါ။ တည်ငြိမ်နေတဲ့ ရင်ခုန်သံတွေကို လှိုင်းထအောင် လုပ်ခဲ့တာဟာလည်း ကိုလို့ ကျွန်မ တိတ်တခိုး ခေါ်ရတဲ့ ရှင်ပဲပေါ့လို့။ ကျွန်မလေ..ကို့ အကြောင်းတွေးရင်း ညပေါင်းများစွာကို ဖြတ်ကျော်တတ်နေပြီ။ အိပ်မက်တွေကို ဇတ်လမ်းဆင်တတ်နေပြီ။ အသက်ရှုသံတွေကို ဘာသာပြန်တတ်နေပြီ.. ဒါပေမယ့် ကျွန်မ မလုပ်တတ်တာ တစ်ခုတော့ ရှိခဲ့ပါတယ်။ ဒါကတော့ သူ့ရဲ့ အကြည့်တွေကို ဘယ်လိုမှ အဓိပ္ပာယ် ဖော်လို့ မရတာပဲပေါ့။

*******************************************************************************

"ပုလဲ ဘာဖြစ်နေတုန်းကွ ရွှင်ရွှင်လန်းလန်းလည်း မရှိပါလား"

"မနက်က အိမ်က ဖုန်းလာလို့ အကိုရဲ့.. မေမေ နေမကောင်းဘူးတဲ့.. စိတ်အရမ်းပူတာပဲ"

"ဟုတ်လား..ဘာဖြစ်တာတဲ့လဲ.. သိပ်လည်း စိတ်မပူပါနဲ့ ကောင်းသွားမှာပါ"

"မေမေက နေမကောင်းဖြစ်ခဲတယ်.. ခု  ဘာဖြစ်တာလဲ မသိဘူး.. စိတ်မပူပဲ နေလို့ ရမလား"

"သြော် ပူမနေနဲ့ကွ ညီမလေးရေ.. ပူတာ မကောင်းဘူး လူဦးရေတိုးတယ်.. ဒီလောက် ကုန်ဈေးနှုန်းတက်နေတာ လူဦးရေတိုးတော့ ဘယ်ကောင်းမလဲကွ ဟားဟား"

"အာ လူဆိုးးးးး စိတ်ညစ်တာကို စစရာလား.."

ကျွန်မ စိတ်ညစ်နေချိန်တွေမှာ အဲလိုပျော်လာအောင်လည်း လုပ်ပေးတတ်သေးရဲ့။ သူ့ရဲ့ အပြောလေးတွေ၊ သူသုံးတဲ့ စကားလုံးလေးတွေ သူကျွန်မကိုကြည့်တဲ့ ရီဝေေ၀ အကြည့်တွေအောက်မှာ ကျွန်မဟာ အချိန်နဲ့အမျှ ကျဆုံးခဲ့ရတာပါ။ ကျွန်မအားငယ် နေချိန်တွေမှာ အမြဲအားပေးတယ်.. မေမေတို့ကို လွမ်းနေချိန်တွေမှာ စကားလုံးတွေနဲ့ နှစ်သိမ့်ပေးတယ်.. ကျွန်မပျော်နေချိန်တွေမှာ ကျွန်မနဲ့အတူ လိုက်ပျော်ပေးတယ်။ အရာရာတိုင်းဟာ ကျွန်မအတွက်တော့ ရူးမတတ်ပျော်ရွှင် ခဲ့ရတဲ့ အချိန်ပေါ့။ ကျွန်မရဲ့ အထီးကျန် ဘ၀လေးထဲကို သူ့ကို ရောက်လာစေတဲ့ လောကပါလ နတ်မင်းကြီးများကိုလည်း ကျေးဇူးတင်မိပါရဲ့။ သူနဲ့ဆုံအောင် ဖန်တီးပေးတဲ့ ကံကြမ္မာကိုလည်း ကျေးဇူးတင်မိပါရဲ့။ ဒါပေမယ့် ကျေးဇူး မတင်မိတာ တစ်ခုက ကျွန်မ သူ့ အပေါ်မှာ ထားတဲ့ သဘောထားတွေကို နည်းနည်းလေးမှ ရိပ်မိအောင် လုပ်မပေးတာကိုပေါ့. ဒါမှ မဟုတ် တမင်များ မသိချင်ယောင် ဆောင်နေလေသလား ကို ရယ်.. ကျွန်မကို ရူးအောင်တော့ မလုပ်ရဘူးလေ နော်..

*******************************************************************************

" အမ် ဘာဖြစ်နေတာလဲ ပုလဲရ ကြည့်လှ ချည်လား ဘာလဲ ဒီနေ့ ကျွန်တော် တော်တော် ချောနေလို့လား"

" ဘာမှ မဟုတ်ပါဘူး.. တစ်ချိန်ချိန်များ အကိုနဲ့ ဝေးသွားခဲ့ရင် ဆိုတာကို တွေးနေတာပါ"

" အဲ ဝေးရတာကတော့ လူတိုင်းပါပဲ ညီမလေးရယ်.. တွေ့နေချိန်မှာ ပျော်ပျော်နေပေါ့"

" ပုလဲလေ.. အကိုနဲ့ တစ်သက်လုံး ဒီလိုပဲ နေသွားချင်တယ် အကိုရယ်.. တစ်ခါ တစ်လေ အကိုနဲ့ ဝေးရမှာကို ကြောက်တယ်"

"ဟဲ့ ကောင်မလေး ဘာတွေ ပြောနေတာတုန်း အကိုက သေမှာ မို့လို့လား ကျန်းမာရေး ကောင်းပါသေးတယ်ကွ.. ဒီမှာ ပုလဲ အကို့ကို ပုလဲ ခင်တာ အကိုသိပါတယ်ကွ.. အကိုလည်း ပုလဲကို အရမ်းခင်ပါတယ်.. စိတ်ချ အကို့တစ်သက် ပုလဲကို ဘယ်တော့မှ မမေ့ဘူးနော်."

ခင်တယ်တဲ့.. သူက ကျွန်မကို ခင်တယ်ဆိုပါလား။ ကျွန်မရဲ့ အကြည့်တွေကို မရိပ်မိဘူးလား ကို ရယ်။ မိန်းကလေး တစ်ယောက်ရဲ့ ပြောရခက်တဲ့ သဘောထားတွေကို နားမလည်ပေးနိုင် ဘူးလားဟင်။ ကျွန်မလေ အကို့ကို ခင်တာမဟုတ်ဘူး ချစ်တာ.. ရင်ထဲက မြတ်မြတ်နိုးနိုးကို ချစ်နေတာပါ… အစဉ်အလာတွေကြားမှာ နေနေရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဖွင့်မပြောရဲတဲ့ အဖြစ်တွေ၊.. ခံစားချက်ကို မျက်လုံးနဲ့ သရုပ်ဖော်ရတဲ့ အခြေအနေတွေကို အကိုသိလျက်နဲ့ မသိချင်ယောင် ဆောင်နေရက်တယ်.. ဒါမှမဟုတ် သူ့မှာ ချစ်သူများ ရှိနေလို့လား.. ဘုရားရေ.. မဟုတ်ပါစေနဲ့.. သူချစ်တဲ့သူဟာ ကျွန်မပဲ ဖြစ်ပါစေ.. ကျွန်မလေ သူ့ကို တစ်သက်လုံး ချစ်ချစ်ခင်ခင် ပြုစုပါ့မယ်.. နားလည်ပေးပါ့မယ်.. အရှင်ဘုရား သူ့ကိုလေ ကျွန်မကို ချစ်လာအောင် အင်အားတွေ ပေးသနားတော် မူပါ မြတ်စွာ ဘုရားရယ်…

ချစ်တယ်ဆိုတဲ့ ခံစားချက်ကို လူတိုင်းကြုံဖူး ကြမှာပါ။ ရှင်တို့တွေ ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုကြပါသလဲ.. ကိုယ်ကချစ်သလောက် ကိုယ့်ကို ပြန်ချစ်တဲ့သူမျိုးနဲ့ ရော ရှင်တို့တွေ ကြုံဖူးကြပါသလား.. တစ်ဖက်သတ် အချစ်ကိုရော ရှင်တို့တွေ နားလည်ကြပါသလား… တစ်ကယ်တော့ ကျွန်မရင်ထဲမှာ ဖြစ်တည်နေတဲ့ အချစ်တွေဟာ ဖော်ပြရခက်တဲ့ တစ်ဖက်သတ် အချစ်တွေပါ.. ကျွန်မလေ သူ့ကို ချစ်တဲ့အချိန်ကစပြီး သူ့ကို စိတ်ချမ်းသာစေချင်ခဲ့တယ်.. သူ့အကြောင်းတွေးနေရရင် စိတ်ထဲက အလိုလိုပျော်တယ်.. သူတစ်ခုခုကို အလိုမကျမှာကို ကြိုတင်တွေးပူရင် သူ့အတွက် ကြိုတင်ပြင်ဆင် နေထိုင်ပေးခဲ့တယ်.. တိုက်ဆိုင်တဲ့ အချိန်တိုင်း သူ့ကို သတိရတတ်သလို မတိုက်ဆိုင်ပဲလဲ ကြံဖန် လွမ်းတတ်လာတယ်.. တစ်ကယ်တော့ ပြန်တွေးကြည့်ရင် ဒါတွေဟာ ကိုယ့်ဟာကို ရှာတဲ့ ဒုက္ခတွေပါ.. ဒါပေမယ့် ရှင်တို့သိကြလား ဒီဒုက္ခတွေက ချိုမြိန်တယ် ဆိုတာကိုလေ။ တစ်ခါတစ်လေတော့ ရင်ထဲမှာ ပူလောင်တာပေါ့… သြော် ရှင်တို့ကလည်းနော် မြတ်စွာဘုရား တောင်ဟောထား သေးတာပဲ 1500 ကိလေသာတဲ့.. ကိလေသာတွေက ပူတယ်လေ.. ပူထုဇဉ်မှန်ရင်တော့ ခံကြအုံးပေါ့ရှင်.. ပါးပါးလေးပါ.. ဟုတ်တယ်ဟုတ်!

"အကို ဒီဘ၀မှာ ဒီအတိုင်းပဲ နေတော့မှာလား ဟင်"

" ဟေ ဒီအတိုင်း မနေလို့ ကင်းမြီးကောက် ထောင်နေရမှာလား ကွ"

"   ဟုတ်ဘူးလေ အကိုရဲ့ မိန်းမလေး ဘာလေး ယူဖို့ မစဉ်းစား တော့ဘူးလား.. ချစ်တဲ့သူရော မရှိဘူးလား ဟင်"

" ဟားဟား ငါ့ညီမလေးက သူ့အကိုကို အိမ်ထောင် ချပေးချင်တာကို.. တစ်ကယ်တော့ ပုလဲရယ် အိမ်ထောင်ဆိုတာ လွတ်လမ်း မရှိတဲ့ထောင်ပါ.. ကိုယ်ဒီထောင်ထဲတော့ မ၀င်ပါရစေနဲ့နော်"

" အင် အကို့အတိုင်းသာဆို အကို့ကို မွေးမိတဲ့ အကို့ အဖေနဲ့ အမေတော့ ဒုက္ခပဲနော်.. ဘာကြောင့်များ အဲလိုတွေးရတာပါလိမ့် အကိုကလဲ"

" အင်း စတာပါ ပုလဲရယ်.. အကိုတစ်ယောက်ထဲပဲ နေချင်တယ်.. တစ်ယောက်ထဲနေတာတောင် ဘ၀က ဒီလောက်ရှုပ်တာ.. နှစ်ယောက်သုံးယောက်ဆို ပိုရှုပ်တော့မှာပေါ့.. အကို ဒီအတိုင်းလေး အေးချမ်းနေပါတယ် ညီမလေးရယ်.. အကိုဝါသနာပါတဲ့ သစ်ပင်စိုက်တဲ့ အလုပ်ကို ခုလုပ်နေရပြီ.. ဒီမြို့လေးမှာ အေးအေးလေး နေ နေရပြီ.. အကို့အတွက် ဘာမှမလိုပါဘူး ညီမလေးရယ်"

" အင်း အကိုကလည်းနော် အသက်ကြီးတော့ အထီးကျန်လာမှာပေါ့ အကိုရယ်.. ဒါမှမဟုတ် အကို့မှာ အတိတ်ဆိုးတွေများ ရှိနေတာလားဟင်"

" တစ်ကယ်တော့ အထီးကျန်တယ်ဆိုတာ လူတွေရဲ့ သတ်မှတ်ချက်တွေပါ ညီမလေးရယ်.. ကိုယ်နေတတ်ရင် လောကဟာ ကျေနပ်စရာကြီးပါကွာ.. အတိတ်ဆိုးဆိုတာကရော ဘယ်လို သတ်မှတ်မလဲ.. သူကဆိုးနေပေမယ့် ကိုယ်က နေတတ်ရင်.. ကိုယ့်အတွက်ဖြေသိမ့်တတ်ရင် ထင်သလောက် မဆိုးတော့ပါဘူး.. နောက်ပြီး ဒီတစ်သက် အကို့ကို ချစ်တဲ့ မိန်းကလေးလည်း တွေ့တော့မယ် မထင်ပါဘူးကွာ"

" အင် အကိုကလည်း ဘယ်ပြောလို့ရမလဲ.. အကို့နားမှာ အကိုမသိပေမယ့် ချစ်နေသူတွေ ရှိရင်ရှိမှာပေါ့.. နောက်တစ်ခါလောက် ပြန်မချစ်ကြည့်ချင် တော့ဘူးလားဟင် အကို"

" ဟားဟား ငါ့ညီမလေးက သူ့အကိုကို တော်တော် မိန်းမပေးစားချင်နေတာပဲ.. ညည်းလေးသာ ရှာ..ကြားလား"

" ရှာချင်တယ် အကိုရေ.. ဒါပေမယ့် သူက မသိချင်ယောင် ဆောင်နေတော့ ခက်တယ်ရှင့်"

အွန့်.. သူ့အနားမှာ ဒီလောက်ချစ်စရာ ကောင်းတဲ့ ကောင်မလေး ရှိနေတာ မသိပဲတော့ နေမှာ မဟုတ်ပါဘူးနော်.. ထားပါတော့လေ ကျွန်မထိုက်နဲ့ ကျွန်မကံပေါ့.. ဒီရေခဲတုံးကြီးကိုမှ ကျွန်မက ချစ်နေမိတာကို… အင်း ကိုရယ်. ကို့အနားမှာ နေခွင့်ရတာလေးကိုပဲ ကျေနပ်လှပါပြီ.. ဒါပေမယ့် ဒါပေမယ့်လေ.. ကံကြမ္မာက ကျွန်မကို ဒီအတိုင်း မထားဘူးရှင့်.. ကျွန်မကို ကိုနဲ့ဝေးရာကို ပို့မယ့် ကံကြမ္မာက ကျွန်မဆီ နောက်တစ်ခေါက် လာခဲ့ပြီလေ..

" သမီးရေ ပုလဲ.. သမီးတော့ ၀မ်းသာစရာပဲ.. သမီး မေမေလည်း တော်တော် ၀မ်းသာနေမှာ မဟုတ်ရင် တစ်ရက် တစ်ရက် သမီး အဆင်ပြေလား ဖုန်းဆက်မေးရတာ အမော"

" ဘာကြောင့်လဲ အန်တီရဲ့"

" သမီးတင်ထားတဲ့ ပြောင်းရွှေမိန့်လေ ရောက်လာပြီ သမီးရဲ့.. သမီးနေတဲ့မြို့ကို ပြောင်းရမယ့် Transfer Order ကျလာပြီလေ.. ဒီတော့ ပြောင်းဖို့သာ လုပ်ထားတော့ သမီးရေ..ညည်းပဲ ဒီမြို့မှာ ပျင်းတယ်ဆိုပြီး တင်ထားခဲ့ ပြီးတော့.. အန်တီတို့ကတော့ သမီးလို တော်တဲ့သူကို ဆုံးရှုံးရမှာ နှမြောတာပေါ့"

ကျွန်မရုံးက ကျွန်မရဲ့ အထက်လူကြီး လာပြောတော့ ကျွန်မ ၀မ်းသာရမှာလား ၀မ်းနည်းရမှာလားဟင်.. ကျွန်မဒီမြို့လေးကို ရောက်စတုန်းက ဒီနေရာလေးက ခေါင်လို့၊ ပျင်းစရာ ကောင်းလို့ဆိုပြီး ရောက်ပြီး သိပ်တောင် မကြာလိုက်ဘူး.. ပြောင်းရွှေ့ဖို့ လျှောက်လွှာ တင်ခဲ့တယ်.. ဟောခု ဒီနေရာလေးမှာလည်း ပျော်ရော.. ကျွန်မချစ်တဲ့သူကိုလည်း တွေ့ရော.. ကျွန်မကို သူနဲ့ဝေးရာကို ခေါ်ထုတ်ဖို့ ကံကြမ္မာက စေခိုင်းပြန်တယ်.. ကျွန်မ ဘယ်လိုလုပ်ရမလဲ.. ဒီတစ်ခါ ထွက်သွားရရင် နောက်တစ်ခေါက် ပြန်ဆုံဖို့ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စရှင့်။ မေမေတို့ကလည်း ဇွတ်.. ကျွန်မကို ဒီထိလာကြိုမယ် တဲ့လေ.. သူ့သူငယ်ချင်းကိုလည်း တွေ့ချင်ရှာမှာပေါ့… ကျွန်မကို ဒီနေရာလေးမှာပဲ ပြန်ထားပေးပါ ပြောရအောင်လည်း ဒါက ကလေးကစားပွဲ တစ်ခု မဟုတ်ပြန်ဘူး။ ဘုရားရေ… ကျွန်မ ဘာလုပ်ရမလဲ.. ကျွန်မကို အချစ်နဲ့ ဆုံဆည်းခွင့်ကို ဘယ်တော့မှ မပေးကြတော့ဘူးလား.. ကျွန်မကို ကယ်ကြပါ.. ကျွန်မလေ လွမ်းရမှာကို အရမ်းကြောက်နေမိလို့ပါ။

နောက်ရက် နည်းနည်းလောက်ကြာတော့ မေမေတို့ ရောက်လာကြတယ်.. ကျွန်မလည်း မတတ်သာတော့တဲ့ အဆုံး အပြောင်းအရွေ့ကိစ္စနဲ့ အလုပ်များနေရတယ်။ မပြန်ခင် တစ်ရက်မှာ အန်တီမီမီတို့က ကျွန်မရယ် မေမေရယ်ကို ထမင်းဖိတ်ကျွေးတယ်.. ဒါဟာ ကျွန်မနဲ့သူ နောက်ဆုံးတွေ့ရတဲ့ အခိုက်အတန့်လေးပါ။ ဒီလိုဝေးလံလှတဲ့ နေရာကို ကျွန်မအနေနဲ့ နောက်တစ်ခေါက် ပြန်ရောက်နိုင်စရာ အကြောင်းရှိခဲလှသလို.. သစ်ပင်စိုက်ပြီး ဘ၀ကိုမြှပ်နှံချင်တဲ့ သူကြီးကရော ကျွန်ကို တစ်ကူးတစ်က လာတွေ့မယ်တဲ့လား… ကျွန်မ ရင်မောရပါတယ်.. အဲဒီနေ့က ကျွန်မနဲ့သူ စကားပြောဖြစ်ကြတယ်..

" ညီမလေး လမ်းမှာ ဂရုစိုက်သွားနော်"

" ဟုတ်ကဲ့ပါ အကို.. ကျွန်မကတော့ အကို့ကို လွမ်းရတော့မှာပေါ့"

" ဟားဟား ဒီလို မပြောပါနဲ့ကွ ဟိုကိုရောက်တော့ မေ့သွားမယ့် သူကများနော်"

" မဟုတ်ဘူးအကို ကျွန်မလေ အကို့ကို တစ်သက်လုံး သတိရနေမှာ သိလား"

" အင်းပါ ပုလဲရယ်.. ကိုယ်လည်း သတိရနေမှာပါ"

" အကို ကျွန်မကို ပြောစရာ စကားလေးများ မရှိဘူးလားဟင်"

ကျွန်မလေ ဘယ်လိုမှ ထိမ်းချုပ်လို့ မရတော့ဘူး.. သူနဲ့ စကားပြောနေတဲ့ အချိန်မှာ မျက်ရည်ဝဲတက်လာတယ်.. ကျွန်မသူ့ကို စကားတွေ အများကြီး ပြောချင်နေတယ်.. ဒါပေမယ့် ကျွန်မ ဘာလုပ်ရမလဲ.. ကျွန်မ ဘာမှ ပြောမထွက်ဘူ.. သူ့ဆီကလည်း တစ်ခုခုကြားချင်နေတယ်.. ကျွန်မလေ မျှော်လင့်ချက်တွေ ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို စိုက်ကြည့်နေမိတယ်.. ရှာလိုက်ပါကို..ကိုရှာတတ်ရင် ချစ်ရည်ရွှန်းလဲ့နေတဲ့ မျက်လုံးအစုံကို တွေ့ရမှာပါ.. ကိုသာ နားလည်တတ်ရင်.. ကိုသာ လျစ်လျူမရှုတတ်ခဲ့ရင် သိပ်ကောင်းမှာ. .ခွဲခွာရချိန်ထိ ကျွန်မကို နေမထိ ထိုင်မသာ ဖြစ်အောင် လုပ်အုံးမလို့လားဟင်…! ကျွန်မ စိတ်ကျေနပ် စေတဲ့ စကားလေး တစ်ခွန်းလောက်တော့ ကျွန်မကို နှစ်သိမ့်တဲ့ အနေနဲ့ ဖြစ်ဖြစ် ပြောပေးပါကို.. ဟော ကိုပြောတော့မယ်.. သူဘာပြောမလဲ… ကျွန်မ ရင်တွေခုန်နေခဲ့တယ်…ပြောပါ.. ပြောလိုက်စမ်းပါ ကိုရယ်…

" ကျန်းမာရေးကို ဂရုစိုက်ပါ.. ဘုရား တရားလည်း မမေ့နဲ့ပေါ့ ပုလဲရယ် နော်" တဲ့.. သေပြီဆရာ..သေလိုက်တော့ မေပုလဲရေ…ဒီတစ်သက် နင်တော့ သူ့ကို မျှော်လင့်မနေနဲ့တော့..

ဘာပဲ ဖြစ်ဖြစ်ပါ.. ကျွန်မ ဘ၀မှာ ကျွန်မချစ်တဲ့သူကို တွေ့ခဲ့ရတဲ့ နေရာလေးကို တော့ ကျွန်မ ဒီတစ်သက် မေ့တော့မှာ မဟုတ်ပါဘူးရှင်.. မျှော်လင့်ချက် မရှိတော့တဲ့..ဗလာကျင်းနေတဲ့ ရင်ဘတ်အစုံနဲ့ ကျွန်မခွဲခွာခြင်းကို စတင်ရတော့မှာပေါ့။ နောက်ဆုံးတော့ ကျွန်မ တိတ်ကလေး ဆုတောင်း မိပါတယ်.. ကျွန်မကို ချစ်ပါလို့လဲ သူ့ကို မတောင်းဆိုချင်တော့ပါဘူး… ကျွန်မလည်း သူ့ကို မုန်းမေ့ဖို့ မကြိုးစား ချင်တော့ပါဘူး.. သူ့နှလုံးသားရဲ့ တစ်နေရာမှာ ကျွန်မကို ထည့်ထားပေးပါ ကိုရယ်.. မေပုလဲ ဆိုတဲ့ မိန်းကလေး တစ်ယောက်ကို သတိရနေပေးပါ…။၊

 

You received this email because you are subscribed to the real_time feed for http://rhythm-of-thoughts.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.