Monday, January 19, 2009

[နံနက်ခင်းကဗျာ] 25 New Entries: ကလေးများနေ့

ကလေးများနေ့


ကလေးများနေ့ အခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင်၊ တကွာပါမြို့နယ်၊ ခိခပ် ထိုင်းစာသင်ကျောင်းတွင် ၂၀၀၉၊၀၁၊၁၀ နေ့က ပြုလုပ်သွားပါသည်။ ထိုအခမ်းအနားကို တကွပါမြိုနယ် အတွင်ရှိ ခိခပ်၊ ဘန်နိယင်း၊ ပါဝိစသည့် ထိုင်းကျောင်းများမှ ဆရာ၊ဆရာမများနဲ့ ကျောင်းသား၊ ကျောင်းသူများ။ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန (Grassroots-HRE) မှဖွင့်လှစ်ထားသည့် စာသင်ကျောင်းများမှ ဆရာ၊ဆရာမများ နဲ့ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပြီး ဆောင်ရွက်သွားပါသည်။
၎င်း အခမ်းအနားတွင် ကလေးငယ်များအတွက် ဉာဏ်စမ်း မေးဖြေများ၊ သရုပ်ဖော်အကများ၊ ပန်းချီဆွဲ၊ ရုပ်ပုံဆေးချီ၊ ကံစမ်းမဲနှိပ်၊ ဆုလက်ဆောင်ပေး စသော အစီအစဉ်များပါဝင်ပြီး မနက်၈း၃၀မှ ညနေ ၃း၀၀အတွင်း ကလေးများနဲ့အတူ ပျော်ရွှင်စွာ ပြုလုပ်သွားပါသည်။

ဆန္ဒ

မွေးဌာနီ ရွှေပြည်မြန်မာ ဗိမာန်နန်းဆီသို့
အတွေးလွှာစီ နေခြည်အဖြာ စိတ်မှာမှန်းရွယ်ဆ
တမ်းတကာ လွမ်းစာဖွဲ့ပို့ ကဗျာ
သြော် ကျန်းမာရဲ့ တို့မြန်မာ။

တပါးမြေမှာ အနေကြာသော်လည်း
သွားလေရာမှာ မြန်မာအရေးဆို
မနားမနေပါ အခါ မရွေးပါဘု
ဆွေးနွေးမယ် ဘယ်မှာငြင်းပါလိမ့်
သွေးချင်းယှက်ဖြာ။

အလှဝေဆာ စိမ်းလန်း နုသစ်စေတဲ့
မြန်မာ့ပြည်မှာ ငြိမ်းချမ်းဆုအနှစ်တွေကို
ထုဆစ်ကာ ပေးလိုက်ချင်ရဲ့
ဘေးဘယာတွေ ဝေးကွာစေကြောင်း
ဆုတောင်းရ အခါခါ
ကိုယ့်စိတ်မှာ မြေ့ချမ်း။
သာယာချင်ပါရဲ့

အာဏာရှင် စံနစ်ဆိုးတွေ ချုပ်ငြိမ်းလို့
ရုတ်သိမ်းရင် ဘယ်လောက်ကောင်းလိမ့်မလဲ
အနှုတ်လက္ခဏာ အပေါင်းကိုပြောင်း
အကျိုးဖြစ်စေတဲ့ အကြောင်းတရားကို
ပေါင်းစုကာ အခါမလင့်စေပဲ
အနာဂါတ် အခြေသာအောင်
ကမ္ဘာပတ် ဖွေရှာစမ်းလကွဲ့
မြန်မာ့ ဇာတ်ဝင်ခန်း။
မင်းထက်မိုး
(GHRE မှ ထုတ်ဝေသော အလင်းတိုက် ဂျာနယ်တွင် ဖော်ပြပြီး)

မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာ့စစ်ထောက်လှမ်းရေးနောက်ကွယ်မှ မသင်္ကစရာများ


၂၅၊ ၁၂၊ ၂၀၀၈ ညနေ အမည်မသိ လူတစ်စုတို့၏ ဖမ်းဆီးခြင်းခံရသည့် မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမားများကို ကူညီပေးနေသည့် ကိုရဲမင်းထွန်း နှင့် ၂၃၊ ၁၁ လပိုင်းတွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် NCGUB မှ လူကြီးများပြုလုပ်သည့် အစည်းဝေးတွင် သတင်းလာယူသည့် မြန်မာ့စစ်ထောက်လှမ်းရေးနှင့် ပတ်သတ်၍ ဆက်စပ်နေသည်ဟု သိရှိရသည်။အစည်းအဝေး အတွင်းမြန်မာ့စစ်ထေက်လှမ်းရေးကို ဖမ်းဆီးရမိချိန်တွင် ကိုရဲမင်းထွန်းနှင့် စစ်အစိုးရ ထောက်လှမ်းရေးဖြစ်သူ မျို:မြင့်မောင် တို့မှာတစ်ဦးနှင့်တစ်ဦး ပြင်းပြင်းထန်ထန် စကားအချေအတင် ပြောဆိုကြပြီး မြန်မာစစ်အစိုးရ ထောက်လှမ်းရေးဖြစ်သူ မျိုးမြင့်မောင်မှ မင်းတစ်နေ့ ငါ့အကြောင်း ကောင်းကောင်းသိမယ်ဆိုပြီး ခြိမ်းခြောက်ပြော ဆိုသွားသည်ဟု သိရှိရသည်။ ၄င်းအစည်းဝေး ပြုလုပ်ပြီး နောက်ပိုင်းအချိန်များတွင်လည်း စစ်ထောက်လှမ်းရေးမှ ကိုရဲမင်းထွန်းအား မကြာခဏ ဖုန်းဆက်ပြီး ခြိမ်းခြောက်ပြောဆိုသည်ဟု ကိုရဲမင်းထွန်းမှ တိုင်းရင်းသား ခေါင်းဆောင်တစ်ယောက် ကိုပြောပြပြီး သတိဖြင့် သွားလာနေထိုင်ရန် ပြောပြခဲ့ဖူးသည်။ အခုလိုကိုရဲမင်းထွန်း ပျောက်ဆုံးခြင်းမှာ မြန်မာ့စစ် ထောက်လှမ်းရေးသည် မလေးရှားနိုင်ငံရှိ ဂိုဏ်းစတား အဖွဲ့နှင့်ပူး ပေါင်းပြီး ကြံစည်လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု NCGUB အစည်းအဝေးတွင် အတူတူတက် ရောက်ခဲ့သည့် တိုင်းရင်းသားခေါင်း ဆောင်မှ ဝေဖန်သုံးသပ်သည်။ ဂိုဏ်းစတားအဖွဲ့ဆိုသည်မှာ မလေးရှားနိုင်ငံ အတွင်းနာမည်ကြီး လူဆိုးဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပြီး ငွေရလျှင် ဘာမဆိုလုပ်ပေးသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကာ မလေးအစိုးရတောင်မှ ဖျက်ဆီးချေမှုန်း နိုင်းခြင်းမရှိသည့် အဖွဲ့တစ်ဖွဲ့ဖြစ် သည်။ မည်သို့ပင်ဖြစ်စေ မြန်မာစစ်အစိုးရသည် အတိုက်ခံများကို နည်းပေါင်းစုံနှင့်ရှင်းလင်းသုတ် သင်နေသည့်အတွက် ဤနည်းလမ်းသည်လည်း မဖြစ်နိုင်ဟုထင်မှတ်လို့တော့မရပေ။ မှ...www.southernmigrant.co.cc

န.အ.ဖ ရဲ့ စေခိုင်းချက်


ဒီနေ့ ကျနော်မေးကို ဖွင့်စစ်တဲ့ အချိန်မှာ အကိုတစ်ယောက်ဆီမှ အမှတ်မထင် အထက်ပါ ထုတ်ပြန်ချက်စာတမ်းကို တွေ့လိုက်ရပါတယ်။ တကယ်တမ်း ပြောရရင်တော့ ဒီစာကို တင်လိုက်ခြင်းမှာ တစ်ဖက်သူကို ဒုက္ခပေးစေချင်လိုတဲ့စိတ်နဲ့ မဟုတ်ပါ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး များအတွက် အဖက်ဖက်မှ ပါဝင်ဆောင်ရွက်ပေးနေကြသော ပြည်ပရောက် မြန်မာလူမျိုးများအား သတိထားနိုင်စေရန် အသိပေးတင်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။
န.အ.ဖ စစ်အစိုးရကို တော်လှန်နေကြသော ညီအကိုမောင်နှမများခင်ဗျား..
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နေပါသည်ဟု ကြွေးကြော်နေသော န.အ.ဖ စစ်အအစိုးရသည် ပြည်တွင်းရှိနိုင်ငံရေးလှုပ်ရှားသူများကို နှစ်ရှည်ထောင်ဒါဏ်များချမှတ်ကာ ဒုက္ခပေးရုံမျှဖြင့် အားမရဘဲ၊ ပြည်ပတွင်နေပြီး စစ်အစိုးရကို တော်လှန်နေသော ညီအကိုမောင်နှမ များကိုပါ ဒုက္ခပေးရန်အာဏာရူးကြီးသန်းရွှေ၏ ခိုင်းစေချက်အရ ၀န်ကြီးမောင်ဦးမှ ပူးတွဲပေးပို့ သောအမည်စာရင်းပါ လူ(၂၀)ဦးအား ဒီဇင်ဘာ (၂၀) ရက်နေ့က မဲဆောက်သို့စေလွှတ်ခဲ့ပါသည်။ အထက်ပါလူများ၏ စာရင်းအား ညီအကိုမောင်နှမများ၏ ဘလော့ဂ်တွင်ဖော်ပြ ပေးကြပါရန် အသိပေးနိုးဆော်အပ်ပါသည်။ မှ ပို့ပေးသူ......။

နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ ဘန်ကောက်မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပ


နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို မဟာမဲခေါင်ဒေသတွင်း အန်ဂျီအိုများကွန်ယက် (MMN)က ဘန်ကောက်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
ဒီဇင်ဘာ(၂၁)ရက်နေ့က ကျင်းပခဲ့သော အခမ်းနားတွင် လူ့အခွင့်ရေးကော်မရှင် အိုင်အယ်လ်အိုမှ တာဝန်ရှိသူများ၊ အာဆီယံဒေသတွင်း အလုပ်သမားရေးရာ အကြံပေးအရာရှိ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၊ ထိုင်းနိုင်ငံဒေသပေါင်းစုံမှ နိုင်ငံတကာအင်ဂျီအိုအဖွဲ့စုံ၊ အလုပ်သမား အရေးဆောင်ရွက်သော သမဂ္ဂများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တစ်ထောင် ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။
ဤအခမ်းအနားတွင် ထိုင်းနိုင်ငံလူ့အခွင့်အရေး မဟာမင်းကြီးတစ်ဦးဖြစ်သူ မစ္စက် ခွန်ဆူနီက "ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝ တိုးတက်မြင့်မားလာအောင် ဝိုင်းဝန်းလုပ်ဆောင်သွားမယ် အချင်းချင်းအချိတ်အဆက်မိမိ ဆောင်ရွက်သွားရင် မဖြစ်နိုင်စရာမရှိပါဘူး"ဟု ပြောဆိုသွားခဲ့ပြီး ရောက်ရှိလာသော မြန်မာအလုပ်သမားများကို တွေ့ဆုံနူတ်ဆက် အားပေးစကားများ ပြောကြား သွားခဲ့သည်။

ဒီမှာနှိပ်ပါ**ghre.org**

နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများနေ့


ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင် တကွာပါမြို့ ဘန်စပ်ရွာတွင်၊ နိုင်ငံတကာရွှေ့ပြောင်း အလုပ်သမားများ အတွက်၊ အထိမ်းအမှတ်ဂုဏ်ပြုသော အခမ်းအနားကို သေဒခံ ပြည်ပရောက် မြန်မာ (NGO) အဖွဲ့အစည်းများမှ ၀ိုင်းဝန်းပြီး။ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများကို ဖိတ်ကြားကာ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားများနေ့ကို-
2008-12-18 နေ့က ပြုလုပ်သွားပါသည်။ ထိုအခမ်းအနားကို ရွှေ့ပြောင်းမြန်မာ အလုပ်သမား ကိုယ်စားလွယ်များ တက်ရောက်ပြီး လက်ရှိနေထိုင်ရာ ကိုယ့်ဒေသ အသီးသီးတွင် ဖြစ်ပေါ်နေသည့် အခွင့်အရေး ချိုးဖောက်မှုခံနေရခြင်း အကြောင်းအရာများကို တင်ပြရင်း ကိုယ်ကြားသိနေရတဲ့ ပြဿနာများကိုလည်း အပြန်အလှန် ဆွေးနွေးတိုင်ပင် သွားခဲ့ကြသည်။ ထို့နောက် (NGO)များမှလည်း လူ့အခွင့်အရေးနဲ့ နိုင်ငံတကာရွှေ့ပြောင်း အလုပ်သမားများနေ့ ဖြစ်ပေါ်လာရခြင်း အကြောင်းနဲ့ အလုပ်သမားများမှာလည်း ကိုယ်ရပိုင်ခွင့် အခွင့်အရေးတွေ ရှိတယ်။ အဲဒါကို ကိုယ်တစ်ယောက်တည်း သိထားလို့ မဖြစ်ဘူး။ အခွင့်အရေးဆိုတာလည်း တစ်ဦးတစ်ယောက်တည်း လုပ်ရုံမျှနဲ့ အကျိုးသက်ရောက်မှု ရှိလာမှာ မဟုတ်ဘူး။ ကိုယ်သိထားသလို သူများတွေကိုလည်း အသိပေးဖို့ စည်းစည်းလုံးလုံးနဲ့ ကိုယ်ရပိုင်ခွင့် အခွင့်အရေးတွေကို တညီတညာတည်း တောင်းဆိုကြမယ်ဆိုရင် ရနိုင်ပါမည်။ ထို့ကြောင်း အခမ်းအနားကို ရောက်ရှိလာကြတဲ့ ပုဂ္ဂိုလ်များအနေနဲ့ နီးစပ်ရာလူထုများကို ပြန်လည် ပြောကြားပေးရန် လိုအပ်ပါသည် စသည်ဖြင့် နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့ ကြသည်။ ၎င်းအခန်းအနားကို နေ့လည် (၁)နာရီအချိန်တွင် စတင်ပြုလုပ်ပြီး ညနေ (၅)နာရီကျော်ခန့်တွင် ပြီးဆုံးသွားကြောင်း သိရပါသည်။

ထိုင်းဘုရင်မွေးနေ့ အထိမ်းအမှတ်


ထိုင်းဘုရင်မင်းမြတ်၏ အသက် (၈၁) မြောက်မွေးနေ့ ဖြစ်သည့် ၂၀၀၈.၁၂.၀၅ ရက်နေ့တွင် ဘုရင်မင်းမြတ်ကို ဂုဏ်ပြုပြီး၊ မြန်မာလူငယ်များ စည်းလုံးညီညွတ်မှု ရှိစေရန်နှင့် ခင်မင်ရင်းနှီးမှု များပြားလာစေရန် ရည်ရွယ်ပြီး အားကစား ဘော်လုံးပြိုင်ပွဲကို အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာနဖြစ်သည့် G-hre မှ ဦးစီးပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင်၊ ကော့ကလွိုင် မြို့နယ်တွင် ပြုလုပ်သွားပါကြောင်း သိရှိရပါသည်။
ထို အားကစား ဘော်လုံးပြိုင်ပွဲ ကျင်းပသည့် ဒေသတွင် ယခင်က မြန်မာလူမျိုးများ အနေနဲ့ အားကစား ပြိုင်ပွဲအခမ်းအနား ကျင်းပခြင်း မရရှိခဲ့ပါ၊ ယခုပြုလုပ်သော အားကစားပြိုင်ပွဲသည် ပထမဆုံးအကြိမ် ဖြစ်ပါသည်။ နောင်ကိုလည်း အမြဲတမ်း ပြုလုပ်သွားစေချင်ကြောင်း ဒေသခံလူငယ်များက ပြောကြားပါသည်။ ၎င်း အားကစား ဘော်လုံးပြိုင်ပွဲကို ပြည်ပရောက် မြန်မာလူငယ်များစွာ ပါဝင်ပြီး အားကစားစိတ်ဓာတ် အပြည့်အ၀နှင့် ယှဉ်ပြိုင်သွားရာတွင် တပင်ရွှေထီး အသင်းမှ ပထမဆုကို ရရှိသွားကြောင်း သိရှိရပါသည်။

ထိုင်းငါးဖမ်းလှေမှ မြန်မာရေလုပ်သား(၉)ဦး ထွက်ပြေးလွတ်မြောက်

ကိုကျော်သောင်း
Wednesday, 03 December 2008.
ယနေ့ နေ့လည်က ထိုင်းနိုင်ငံတောင်ပိုင်း ထိုင်းရေပိုင်နက် (ခနုန်နှင့်စူရ)တွင် အုပ်စုလိုက် ထွက်သော လှေပေါ်မှ မြန်မာရေလုပ်သားများ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
ထွက်ပြေးလွတ်မြောက်လာသူများထဲမှ ကိုငယ်က "ကျနော်တို့ ဘန်ကောက်မြို့အနီး မဟာချိုင်က စီလန်ကရို့ လှေနံပါတ်(၇)နဲ့ လွန်ခဲ့တဲ့ နှစ်လနဲ့ ၂၃ ရက်ကစပြီး ထွက်လာခဲ့ပါတယ်။ လှေစထွက်တုန်းက တစ်လ တစ်ကြိမ် ကမ်းကိုကပ်မယ်ပြောပေမယ့် ခုထိမကပ်ဘူး။ လှေပေါ်မှာ ကျနော်တို့ တစ်နေ့ကို နာရီနှစ်ဆယ်လောက် အလုပ်လုပ်ရပေမယ့် ငါးရေလုံပြုတ်နဲ့သာ စားရပါတယ်။ ကျနော်တို့နဲ့အတူ အလုပ်လုပ်တဲ့ (တနင်္သာတိုင်း၊ ပလောမြို့ နယ်တိုးရွာမှ) အသက်၄၅နှစ်အရွယ်ခန့် ကိုယာဘန်းဆီ ဆိုသူကို နေမကောင်းလို့ ခဏနားနေစဉ် ရေချူးက ခြေထောက်နဲ့ ကန်သဖြင့် နှာခေါင်းသွေးယိုနေစဉ် အရှင်လတ်လတ် ပင်လယ်ထဲသို့ ကန်ချခဲ့ပါတယ်"လှေစထွက်စက မြန်မာ၁၅ယောက်ပါခဲ့သော်လည်း လှေနံပါတ်(၁၂)သို့ ရေလုပ်သား(၄)ဦး လွှဲပြောင်းလုပ်စေခဲ့သည်။ ယနေ့နံနက်(၁၀)နာရီက ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေဆိပ်ကမ်းသို့ လှေသမားများကို တစ်ယောက်စီ ဘတ်၅၀၀ ပေး၍ လိုအပ်သည်များ ဈေးဝယ်ရန် ခွင့်ပြုစဉ် ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်သည်။
ထွက်ပြေး လွတ်မြောက်လာသူများမှာ ကိုမျိုးသက်၊ ကိုသန့်ဇင်၊ ကိုသိန်းအောင် (ပုလောမြို့နယ် ရှန့်ပုန်ကျေးရွာ) ဦးငယ်၊ ထိုက်ငယ်၊ ကိုလှဦး (ပလောမြို့ နယ် ပလပ်ရွာ)၊ ကိုကျော်၊ ကိုဇေါ်(ဘုတ်ပြင်းမြို့နယ် အလယ်မန်ရွာ)ပသျှူးလူမျိုးတို့နှင့် ကိုမြင့်ဝေ (ရန်ကုန်၊ သာကေတ(၈)ရပ်ကွက်)တို့ ဖြစ်ကြသည်။ ထွက်ပြေး လွတ်မြောက်လာသော မြန်မာ ရေလုပ်သားများတို့သည် အာဟာရချို့တဲ့မှုများကြောင့် နေထိုင်မကောင်း အနည်းငယ်ဖြစ်နေကြ ရကြောင်းနှင့် လှေအုပ်စုများ ပြန်လည်တွေ့ရှိသွားမည်ကို စိုးရိမ်နေကြသည့်အပြင် အတူတကွ လိုက်မပြေးရဲပဲ ငါးဖမ်းလှေတွင် ကျန်နေခဲ့သော လုပ်ဖေါ်ကိုင်ဖက်နှစ်ဦးတို့ အတွက်လည်း စိုးရိမ်နေကြကြောင်း ပြောကြသည်။ထိုင်းနိုင်ငံ၏ ပင်လယ်အစားအစာ ထုတ်လုပ်မှု လုပ်ငန်းများသည် တိုင်းပြည်၏ စီးပွားရေးတွင် အဓိလုပ်ငန်းတစ်ခု ဖြစ်သော်လည်း တစ်ရက်ကို နာရီနှစ်ဆယ်ခန့် အလုပ်လုပ်ရသော ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ အတွက် ရောင်းစားခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ လုပ်အားခမရရှိခြင်းများ အမြဲရှိနေကြဆဲ ဖြစ်သည်။ မြန်မာရေလုပ်သားများ အတွက် လုံလောက်သော အကာအကွယ် ယနေ့တိုင်မရှိသေးပေ။
(ghre.org မှ ကူးယူ ဖော်ပြပါသည်)

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရန် တိုက်ဖျက်ရေးနေ့


၂၅၊၁၁၊၂၀၀၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရန် တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငါခရိုင်၊ တကွာပါမြို့နယ်၊ ဘန်နမ့်ခင်းကျေးရွာတွင် ပြုလုပ်ကျင်းပ သွားပါသည်။ ဘန်နမ့်ခင်းကျေးရွာရှိ ရွှေ့ပြောင်းမြန်မာ လူမျိုးများမှာ လှေအလုပ် သမားများဖြစ်ကြပြီး ယခုလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး အခမ်းအနားတစ်ရပ်ကို လာရောက်ပြုလုပ် ကျင်းပပေးသည့် အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၊ ခွဲခြားဆက်ဆံခြင်းများ မပြုလုပ်သင့်ကြောင်းကို ၎င်း ဒေသတွင် နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦးမှ ပြောကြား သွားပါသည်။ ၎င်း အခမ်းအနားဖြစ်မြောက်ရန် ဒေသဆိုင်ရာ ထိုင်းလူကြီးမင်းများ၊ ပြည်ပရောက်မြန်မာ အဖွဲ့အစည်းများနဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများတို့ ပါဝင်ဆောင်ရွက် သွားကြောင်းလည်း သိရှိရပါသည်။ ထိုအခမ်းအနားတွင် အမျိုးသမီးများ အပေါ် အကြမ်းဖက်ခြင်း လျော့နည်းလာစေရန်နဲ့ ပပျောက်သွားစေရန် ရယ်ရွယ်သော အားဖြင့် ဖဲကြိုးဖြူများကို တပ်ဆင်ခြင်း၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ဆိုင်ရာဓာတ်ပုံများ၊ ရုပ်ပုံ ပန်းချီကားချပ်များ ချိတ်ဆွဲခြင်း၊ ပိုစတာ စာစောင်များ ဖြန့်ဝေခြင်း၊ ကျပန်းစကားပြော ပြိုင်ခြင်း၊ ဗွီဒီယို၊ ပြဇာတ်၊ တေးသရုပ်ဖော်ပြသခြင်နဲ့ နောက်ဆုံး အိမ်ပြန် လက်ဆောင်များအဖြစ် အကြမ်းဖက်မှုဆိုင်ရာ မေးခွန်းများ မေးခြင်း၊ မှန်ကန်စွာ ဖြေဆိုနိုင်သူများအား ဆုလက်ဆောင် အသီးသီး ချီးမြှင့်သွားပါကြောင်း သိရှိရပါသည်။

ချွေးရနံ့ လှိုင်၍ တွဲလက် ခိုင်စေ

"မိန်းမဆိုတာ
ဆောင်းလေပမာအညီ
အတွင်းသဘော ဘယ်မတည်
ပြောင်းလဲတတ်သည်။"
ဒီသီချင်းမျိုး
တိုးတိုးလေးပင် မကြားချင်ဘူး
(အထူးသဖြင့်)
စာဆိုရှင်ကို စိတ်နာတယ်။

"ဣတ္ထိဝင်္ကံ နဒီဝင်္ကံ "
"ယောက်ျားပြောတော့ သတင်း
မိန်းမပြောတော့ အတင်း"
"ကြက်မ တွန်လို့ မိုးမလင်း" တဲ့
ကဲ… သူငယ်ချင်းတို့ စဉ်းစားကြည့်ကြ
ဖိုမ သဘာဝ
ကွဲပြားမှုဗေဒကို
ခွဲခြားလို့ဆက်ဆံ၊ တလွဲခံယူ
နလံ မထူအောင်
သူသူ ငါငါက
'မ' ဆိုတဲ့ သတ္တဝါဟာ
နိမ့်ကျတဲ့ မျိုးနွယ်ရယ်လို့
ယိုးမယ်ဖွဲ့ စကားတွေနဲ့
ဝေဝေဆာဆာ။
'ကျား' အတ္တ ဗဟိုပြု
အရိုးစွဲ ယဉ်ကျေးမှု
အယူသီး လွန်ကဲမှုကို
ပြုပြင်ကာ နှိုင်းညှိထား
လူသားတစ်ဦးရဲ့ ဂုဏ်သိက္ခာ
ဘာတစ်ခုမှ မကွဲပြား
ကျား မ ဆိုတာ လူတွေပဲမို့
တန်းတူတဲ့ အခွင့်အရေး
မနှေးအမြန် ရရှိမှာ ဧကန်ပေါ့
ဝေဖန်တဲ့ စကားဖျင်းတွေကို
အံတင်းကာ ဖောက်ကာခွင်း။
မင်း… မြင်အောင်ကြည့်
မင်း… သိအောင်တွေး
ဟိုး… အဝေးက ဓူဝံကြယ်
တို့လည်း ဆွတ်လွယ်နိုင်ပ
အပယ်ခံ ဘဝဆိုတာ
အတိတ် ရာစုနှစ်များစွာမှာ
လက်ပြကာ ကျန်ခဲ့ပြီမို့
ခေတ်နှင့် အညီတွေးခေါ်ရင်း
ညီညွှတ်ခြင်း စွမ်းအား
ယုံကြည်ချက် မြင့်မားစွာနဲ့
အနာဂတ် အမျိုးသမီးထုအတွက်
တို့ ရဲ့ ပန်းပျိုးလက်တွေ
တွဲယှက် ခိုင်ခိုင် မြဲစေနော်
ချွေးရနံ့ လှိုင်လှိုင် မွှေးစေသော်၊၊
လှကျေးမြတ်
(GHRE မှ ထုတ်ဝေသော အလင်းတိုက် ဂျာနယ်တွင် ဖော်ပြပြီး)

ဘုရားဂုဏ်တော်(၉)ပါး


ဣတိပိသော ဘဂ၀ါ
အရဟံသမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏ သမ္ပန္နော
သုဂတော လောက၀ိဒူ
အနုတ္တရောပုရိသ ဒမ္မသာရထိ
သတ္တာဒေ၀ မနုဿာနံ
ဗုဒ္ဓေါ ဘဂ၀ါ။

အရဟံ - လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်ပေသော မြတ်စွာဘုရား။

သမ္မာသမ္ဗုဒ္ဓေါ - ပရမတ် ပညတ် အရပ်ရပ် တရားအလုံးစုံကို အကုန်အစင်သိမြင်တော်မူထိုက်ပေသော မြတ်စွာဘုရား။

ဝိဇ္ဇာစရဏသမ္ပန္နော - ၀ိဇ္ဇာ(၃)ပါး၊ ၀ိဇ္ဇာ(၈)ပါး၊ စရဏတရား ၁၅ပါးတို့နှင့် ပြည့်စုံတော်မူပေထသော မြတ်စွာဘုရား။

သုဂတော - ကောင်းသော စကားကိုသာပြောဆိုတော် မူပေတတ်သော မြတ်စွာဘုရား။

လောက၀ိဒူ - သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက တည်းဟူသော လောကသုံးပါးကို အကြွင်းအရှိ သိမြင်တော်မူတတ်ပေသော မြတ်စွာဘုရား။

အနုတ္တရော ပုရိသ ဒမ္မသာရထိ - လောဘ၊ ဒေါသ၊ မောဟ၊ ကိလေသာ အညစ်အကြေးကြောင့် မလိမ္မာ မယဉ်ကျေး သော လူနတ်ဗြဟ္မာ သတ္တ၀ါတို့ကို ကိလေသာကင်းစင်၍ လိမ္မာယဉ်ကျေးအောင် ဆုံးမတတ်သော မြတ်စွာ ဘုရား။

သတ္တာဒေ၀ မနုဿာနံ - လူနတ်ဗြဟ္မာ သတ္တ၀ါတို့ကို နိဗ္ဗာန်သို့ပို့ဆောင်ရာ ဆရာအစစ်၊ ရှေ့သွားဦးစီးယာဉ်မှူးကြီး ဖြစ်ပါပေသော မြတ်စွာဘုရား။

ဗုဒ္ဓေါ - သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် သိမြင်တော်မူသည့်အပြင် သူတစ်ပါးကိုလည်း သိနိုင်အောင် ဟောကြားတော်မူပေသော မြတ်စွာဘုရား။

ဘဂ၀ါ - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

သြော်… ဖြစ်သလိုစားခြင်း ဆိုပါလား….?

ဟိဟိ…. ကျနော်က မတက်ပဲ နေမလို့ပါပဲ ဒါပေမယ့်လည်း (အဒေါ်ကြီး ချင်းချင်းလေးက) မတက်သေးဘူးလား ဆိုပြီး လာအော်နေလို့ အားနာပါးနာနဲ့ တက်ဖြစ်သွားတယ် ဆိုပါတော့ဗျာ.. ဟုတ်တယ် ဟုတ်။ ဆိုလိုချင်တာကတော့ ကျနော့်ကို ခင်မင်စွာဖြင့် လာတက်ထားပေးတဲ့ အဒေါ်ကြီး ချင်းချင်းလေး မျက်နှာကို အိုးမဲမသုတ်ရဲလို့ပါဗျာ… တကယ်သုတ်လို့လဲ မရပါဘူး အဒေါ်ကြီး ချင်းချင်းလေးက ဘယ်မှာနေမှန်း ကျနော်မှ မသိတာကိုး။

သေချာတာတစ်ခုက ကမ္ဘာမြေကြီးရဲ့ တစ်နေရာရာမှာတော့ ရှိနေလိမ့်မယ်လို့ ထင်ထားတာပဲ ဖြစ်နိုင်တယ်နော်..?။ အင်း ထားပါတော့ လူကြီးက တက်ဆိုတော့လည်း တက်ရတော့မှာပေါ့လေ။ အေး တက်မယ့် နေရာလိုက်ရှာတာ ရှာရှာလည်နေပြီ တံခါးတွေ အကုန်လုံးလည်း ပိတ်ထားပါလား ဘယ်ဖက်က တက်ရပါမည်နည်း၊ ကျနော်တက်မှာကို ကြိုသိထားပုံရတယ်။ မထူးတော့ပါဘူးလေ အိမ်နောက်ဖက်ကဘဲ သွားတက်တော့မယ် လူရှင်းတာပေါ့.. ဟဟ။ အိမ်နောက်ဖက်က တက်လို့ လူဆိုးထင်သွားမှာ ကိုလည်း စိုးရိမ်တဲ့စိတ်က ဖြစ်နေသေး၊ တက်နေပြီးမှ ပြန်ဆင်းရမယ့် အဖြစ်ကိုလည်း မလိုလား ဖြစ်ချင်သလို ဖြစ်ပါစေ တက်ပြီဗျာ။ ဟော့ ဒါပေမယ့် ကျနော် ကံကောင်းသွားတယ်ဗျာ၊ ကျနော်တက်လာတဲ့ အချိန်မှာပဲ အိမ်မှာရှိတဲ့ လူကြီးတွေက အိပ်ပျော်နေကြတယ် အိပ်ယောင်ဆောင်နေတော့ မဖြစ်နိုင်ပါဘူး၊ တကယ် အိပ်ပျော်နေကြတာပဲ ဖြစ်ရမယ်… အိပ်ပျော်နေတာ ဟုတ်မဟုတ် သိရအောင်လို့ ကျနော့်မှာပါလာတဲ့ လက်ပါတ်နာရီကို အသာလေး ကြည့်လိုက်သေးတယ်ဗျာ၊ အချိန်က ည ၁ နာရီကျော် ၂နာရီ ထိုးခါနီးနေပြီ ဆိုတော့ သေချာသွားပြီလေ၊ ဒီလောက်ထိ အချိန်ကုန်ခံပြီး စောင့်မနေလောက်ပါဘူး။ ၀မ်းသာအားရစွာ ဆာလောင်နေတဲ့ ညနေစာအတွက် စားပွဲခုံကို ဖွင့်လိုက်တဲ့ အချိန်မှာ >> ဓာတ်ပုံ ဆာလောင်နေတဲ့ စိတ်အာရုံ စားသောက်ချင် အာဟာရ စက္ကန်ပိုင်းလေးမှာပဲ နောက်ပြန်လည်သွားပါတယ်။
ကျနော့်ဘ၀တစ်လျှောက်မှာ ဒီလိုထမင်းစားပွဲ မကြုံဘူးဆိုရင်လည်း မမှားပါဘူး။ ခဏလေးစဉ်းစားလိုက်ပြီးမှ ခုံပေါ်မှာအဆင်သင့်ရှိနေတဲ့ ငရုတ်သီးတွေကိုယူပြီး ထမင်းပုဂံထဲသို့ ကောက်ထည့်ပြီး >> ဓာတ်ပုံ ဖြစ်သလို စားလိုက်ရတယ် ဆိုပါတော့ ဒါက ကျနော့်ရဲ့ ဖြစ်သလိုစားခြင်းပါ မိတ်ဆွေတို့။ (ထမင်းမစားခင်မှာ.. ကျနော်ခဏလေး စဉ်းစားလိုက်တာ ကတော့ ကျနော့်မိဘတွေဟာ ဆင်းရဲပေမယ့်လည်း ကျနော့်ကို ဒီလိုမျိုးတခါမှ မကျွေးဖူးပါဘူး၊ သြော်.. သိပြီ။ ဒီတစ်ခါတော့ အချိန်အခါ မဟုတ်သည့် အပြင် အိမ်နောက်ဖက်က ခိုးတက်လာတဲ့ ရလာဒ်သာ ဖြစ်လိမ့်မယ်လို့ ခံယူရင်း ဖြစ်သလိုစားခြင်းကို နိဂုံးချုပ်လိုက်ပါတယ် မိတ်ဆွေတို့ ။ (..…ရွှင်လန်းချမ်းမြေ့မှု ရှိကြပါစေ…..)

ဘ၀ရဲ့ရသ

ခေါင်မိုး မလုံ

ထရံ ပေါက်ပြဲ

ကြမ်းခင်း မခိုင်

အိမ်တိုင် ယိုင်နဲ့


ဗလာ နတ္ထိ

ဘာမှ မရှိလဲ

ပုဆိုး ခြုံကွေး

နွေးနေဆဲပါဘဲ။

မလိခ ပြည်စုံ
(GHRE မှ ထုတ်ဝေသော အလင်းတိုက် ဂျာနယ်တွင် ဖော်ပြပြီး)

ပင်လယ် ငိုသံ


အမေ ….
အထင်ကြီး အမြင်ကြီးခဲ့တဲ့ နိုင်ငံကြီးမှာပေါ့
ရေဆန်ကစီး လှိုင်းကကြီးနဲ့
နေ့ညမရှောင် မိုးမှောင်မှောင်မှာ
အဏ္ဏဝါလှေကြီးနဲ့ ငါးဖမ်းထွက်ရတာ ရင်မောစရာပါ။
အခုတော့ … အမေ
အထင်ကြီး အမြင်ကြီးခဲ့တဲ့ သားရဲ့စိတ်တွေ
ဘယ်ပေါက်လို့ ဘယ်ရောက်ကုန်ပြီလဲ မသိတော့ပါဘူး။

နေပူမရှောင် မိုးရွာမရှောင်နဲ့
သေအောင်လုပ်ရ သူ့ကျွန်ဘဝမို့
ပြုသမျှ နုနေရတယ်အမေ။
အမေ …
ရခဲလှတဲ့ လူ့ဘဝ
ရောက်ခဲလှတဲ့ တိုင်းတပါးမှာ
စားရတာက ရေလုံပြုပ်
လုပ်ရတာက မိုးချုပ်နေဝင်
ရင်နာစရာ ထွေပြား
ဒါလားအမေ နိုင်ငံခြား
မြင်တွေ့ရတာက ရေနဲ့ ငါးမို့
စိတ်အားကငယ် မျက်ရည်ကပင်လယ်
တကယ်ဆို ပင်လယ်ထဲက ငိုသံတွေ
အမေကြားရင် ရင်ကွဲမှာပါ။
ဒါကြောင့်မို့ …
တိတ်တဆိတ်ပဲ ငိုပါရစေ အမေ။
အမေ …
လက်ဝေခံ လှေသားဘဝမှာ
မရပ်မနား လုပ်ရတာက ဓမ္မတာပါ
သေရင် ငါးမန်းစာ
ရှင်နေရင်လည်း သခင်အတွက်မို့
ကမ်းမမြင် လမ်းမမြင်တဲ့ ပင်လယ်ပြာပြာထဲမှာ
ကယ်ပါ ကူပါ အသံကုန်အော်လည်း
ကယ်သူမရှိ ကျနော့်ဘဝ နတ္ထိပါ အမေရယ်။
လွှမ်းမိုးနိုင် (ဓညဝတီ)
(GHRE မှထုတ်သော အလင်းတိုက် ဂျာနယ်တွင် ဖော်ပြပြီး)

မမေ့နိုင်တဲ့ အမေ


အမေ"ဆုံး"ပြီတဲ့
ဒီစကား ကြားခဏ၊ ရင်မှာနင့်မော
နှမျှောတမ်းတ၊ လွမ်းဆွေးရပါတယ် "အမေ"၊၊
ပြည်သူများ "မသိ" မရှိ ရလေအောင်
အမေ့ရဲ့ စာပေလက်နက်နဲ့
အသိပညာ လမ်းဖွင့်ပေး
တဖက်က သားဇာနည်များ မွေး
သမိုင်းပေးတာဝန် ကျေပွန်ပါတယ် "အမေ"၊၊

ဒီမိုကရေစီ တိုက်ပွဲခေါ်သံ
ပြင်းထန်တာ သိလျက်
ထက်မြက်တဲ့ ကလောင်နဲ့
အာဏာရှင်တွေရဲ့ အယုတ်တမာ ဝါဒ
ပီပြင်အောင် ထုတ်ဖော်ပြခဲ့
အမေ့ရဲ့ မျိုးချစ်စာပေ
ပြီးတော့ 
မပြောင်းလဲတဲ့ ဇာနည်စိတ်နဲ့
နအဖရဲ့ သြဇာကို မမှု
စာပေနဲ့ အံတု
မာန်ပြုလို့ ဟစ်ကြွေးခဲ့တဲ့
အမေ့ရဲ့ အလင်္ကာ
ဒါတွေဟာ့ 
သားသမီးတို့အတွက် ရှင်သန်ခြင်း
အလင်းရောင် အားအင်တွေပါအမေ။
(ပိတောက်ပန်း)

မြေခွေးနှင့် ၀ံပုလွေ

တစ်နေ့သ၌ မြေခွေးတစ်ကောင်သည် ရေတွင်းတစ်ခုထဲသို့ လိမ့်ကျသွား၏။ ရေထဲ၌ သူသည် နစ်မြုပ်အံ့ဆဲဆဲ တစ်ယောက်သောသူရှိပါက ကူညီရန်လာရောက်စိမ့်သောငှါ ကျယ်လောင်စွာ အော်ဟစ်၍ အကူအညီ တောင်းနေ၏။
ထိုအော်သံကို ၀ံပုလွေတစ်ကောင်သည် ကြားလေရာ ရေတွင်းရှိရာသို့ သိလိုဇောဖြင့် အမြန်ပြေးလာ ကြည့်၏။ ထိုအခါ မြေခွေးက ῝အဆွေဝံပုလွေ၊ ကျေးဇူးပြု၍ သင်၏လက်ကို လှမ်းပါ။ ကျွန်ုပ်ကို အပေါ်သို့ တက်ရောက်နိုင်အောင် ကူညီပါ။ သို့မဟုတ်ပါက ကျွန်ုပ်သည် မုချ ရေနစ်၍ သေဆုံးရပါလိမ့်မည်῎ ဟု ဆိုလေသည်။
ဝံပုလွေလည်း ကြင်နာသော အမူအရာဖြင့် ῝အို-သနားစဖွယ် ကောင်းလှသော မြေခွေး၊ သင်၏အဖြစ်ကို မြင်ရသည့်အတွက် ကျွန်ုပ် အလွန်တရာ ၀မ်းနည်းလှပါသည်။ ဤရေတွင်းထဲ၌ သင်ရောက်ရှိနေသည်မှာ အဘယ်မျှကြာပြီနည်း။ အဘယ့်ကြောင့် သင်ဤသို့ လိမ့်ကျသွားရပါသနည်း။ ရေသည် အလွန်အေးမြပါသလား။ လွန်စွာလည်း နက်ရှိုင်းပါသလား῎ စသည်ဖြင့် မေးမြန်းလေ၏။
ထိုအခါ မြေခွေးက ῝အို- ၀ံပုလွေ၊ ယခုအခါသည် မေးမြန်းစစ်ဆေးနေရန် အချိန်မဟုတ်ပါ။ ရှေးဦးစွာ ကျွန်ုပ်ကို ရေတွင်းထဲမှ လွတ်မြောက်ရန်သာ ကယ်တင်ပါလော့။ ထို့နောက်မှ အကြောင်းစုံကို သင့်အား ကျွန်ုပ် ပြောပြပါအံ့῎ ဟု ဆိုလိုက် လေသတည်း။
(မှတ်ချက်။ ။အီစွတ်ပုံပြင်မှ ကူးယူဖော်ပြသည်)

ဦးဦးမဟုတ်သော သားသား Tag ပြီဗျာ

မီးမီး Dreamတို့က ဆီဗုံးကနေ ရွာလူကြီး အစည်းအဝေး ခေါ်သလို တစ်အိမ်တစ်ယောက် မတက်(Tag)မဖြစ် တက်ရမယ် မတက်ရင် ဒဏ်ငွေသုံးသိန်းဆောင်ရမယ် ဆိုတော့ "ဦးဦးလည်း ဒဏ်ဆောင်ရမှာကြောက်လို့ Tagလိုက်ပြီ မီးမီးတို့" ဦးဦးတက်တာ လာထောက်ခံတဲ့သူတွေ သတိတော့ထားနော့် ဦးဦးက တက်ပြီဆို ဆင်းဖို့ မစဉ်းစားတော့ဘူး။ ဒါမှလည်း နေရာကောင်းကောင်းရမယ်လေ ဟုတ်တယ် ဟုတ်……?
ကိုင်ပြောရင်းနဲ့ တက်ပြီဟ……….

ဦးဦးရဲ့ နာမည်က ~~~~~ ခိုင်ဘိုဘို

ဦးဦးကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ် ~~~~~ ဘိုဘို၊ ဗိုလ် ၊ ဗိုလ်ကြီး၊ (အရူး ၊ အပေါ)

ဦးဦး ဒီမှာနေတယ် ~~~~~ မြန်မာနိုင်ငံရဲ့ အနီးဆုံးတစ်နိုင်ငံ

ဦးဦးဆီ ဖုန်းဆက်ချင်ရင် ~~~~~ (၁၉၉) +66895924563

" ဦးဦးရဲ့အကြိုက်ဆုံးတွေက "

အရောင်ဆိုရင် ~~~~~ အနက်ရောင်

အ၀တ်အစားဆိုရင် ~~~~~ ဂျိမ်း (ထူထူ)

အစားအစာဆိုရင် ~~~~~ အသားဆို အမဲ၊ အသောက်ဆို အရက်၊ အသုတ်ဆို လက်ဖက်။

ပစ္စည်းဆိုရင် ~~~~~ ကိုယ့်အတွက် အသုံးဝင်တဲ့ ပစ္စည်း။ (သေနတ်တို့ ကွန်ပျူတာတို့)

သီချင်းဆိုရင် ~~~~~ ခရီးဆုံးထိလျှောက်
(လေးဖြူ)

စာရေးဆရာဆိုရင် ~~~~~ ခိုင်ဘိုဘို ( အခုတော့မရှိတော့ပါဘူး၊ သေသွားတာကြာပြီ )

စာအုပ်ဆိုရင် ~~~~~ အတွေ့ကြုံရစေတဲ့ ဟာသ စာအုပ်တွေ (အီစွတ်ပုံပြင် လိုမျိုးစာအုပ်တွေ)

လိုက်ဖ်စတိုင်လ် ~~~~~ လွတ်လပ်သော ဘဝ

ကိုယ့်ရဲ့ဝါသနာ ~~~~~ တွေးတိုးတာ၊ ဥာဏ်ကစားတာ၊ ကလိတာ၊ စမ်းသပ်တာ

အလိုချင်ဆုံး လက်ဆောင် ~~~~~ မိဘမေတ္တာ

ကိုယ့်ရဲ့ အချစ်ဆုံးသူက ~~~~~ မိမိကိုယ် ကို

ကိုယ့်ရဲ့ အလေးစားဆုံးသူက ~~~~~ ဂတိတည်၊ သစ္စာရှိသော သူတွေ

ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းက ~~~~~ မရှိသေး

ကိုယ့်ကို အများဆုံး နားလည်မှုပေးနိုင်သူက ~~~~~ မိဘ (ထင်တာပဲမသေချာဘူး)

ကိုယ့်ရဲ့ အမုန်းဆုံးသူက ~~~~~ အစိုးရ (နောက်တာ အမုန်းဆုံးသူမရှိဘူး)

ရင်အခုန်ဆုံး အချိန် ~~~~~ ကိုယ်မသိတဲ့ ပုစ္ဆာကို ဖြေရမယ့်အချိန်

အကြောက်ဆုံး အချိန် ~~~~~ နှစ်ဦးကြား စကားဆိုရမယ့်အချိန် (တရားသူကြီးတော့ မဟုတ်ဘူး)

အပျော်ဆုံး အချိန် ~~~~~ ရှင်သာမဏေ ၀တ်တဲ့ အချိန်

အမှတ်တရနေ့ ~~~~~ ၁၉၈၉ မေလ ၂ ရက်နေ့

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု ~~~~~ မနောဟာရ ဆု

အချစ်ဆိုတာ ~~~~~ တဏှာ- ၅၂၈+၁၅၀၀= ၂၀၂၈ (အမုန်းရဲ့ ဆန့်ကျင်ဘက် ထင်တာပဲ)

အမုန်းဆိုတာ ~~~~~ အချစ်ရဲ့ ဆန့်ကျင်ဘက် (အပြုံးမဟုတ်သော မျက်နှာ)

အလွမ်းဆိုတာ ~~~~~ ပရိဒေ၀ ( အိပ်မပျော်တဲ့ သန်းခေါင်ယံ ည)

သံယောဇဉ်ဆိုတာ ~~~~~ ဥပါဒါန် (သနား ကြင်နာခြင်း)

ဘ၀ဆိုတာ ~~~~~ ဘ+၀ ( ဖြစ် ပျက်)

သူငယ်ချင်းဆိုတာ ~~~~~ သူငယ်ချင်း (တိုင်ပင်ဖက်)

ချစ်သူဆိုတာ ~~~~~ ကိုယ့်ကိုချစ်တဲ့သူ

ကိုယ့်ကိုကိုယ် ဒီလိုထင်တယ် ~~~~~ အရူး ၊ ရူးသလို ပေါသလို ကြောင်နေသလို
( ရူးတာလည်းကောင်းတယ် အပြစ်ယူလို့ မရဘူး ဟိဟိ)

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ~~~~~ အနစ္စ ဒုက္ခ အနတ္တ

အပြောချင်ဆုံး စကားတစ်ခွန်း ~~~~~ ပြောတာကို လုပ်၊ လုပ်တာကို မလုပ်နဲ့

မနေ့က တစ်ညလုံး မအိပ်ဖြစ်လို့ ခပ်ပေါပေါ ဖြစ်နေတဲ့အခိုက် စိတ်ထင်ရာ တက်ပေးလိုက်တာ
ဟိ- (စိတ်တိုတိုနဲ့တက်ပေးတာ မဟုတ်ဘူးနော်) စိတ်ရှည်ရှည်နဲ့တက်တာပါ။ တက်တော့ တက်တာပဲ
ဘယ်အထိရောက်သွားတယ်ဆိုတာ ကိုယ်ကိုတိုင် မသိဘူး(နတ်ပြည်ထိတော့ ရောက်ဘူးထင်တယ်နော့်)

ကဲ... Tagလိုက်ပြီးပြီဗျာ။ အပေါ်သို့။

ဟန်-(သို့မဟုတ်)

စိတ်ကူး တောင်ပံကလေးတွေ တပ်ဆင်ပြီး

သောက ဝေဟင်တစ်လျှောက်

ချစ်သူဆီ အရောက်ပျံသန်ခဲ့တဲ့

လမိုက်ည များစွာဟာ

ငါ့အတွက်တော့ သာယာနေဆဲပါ။

အဲဒီလို . . .

အတွေး အံဖတ်တွေနဲ့

ကဗျာရေးတဲ့ ညတစ်ည

မိုးပေါ်က လမင်းကို

ငါ မျိုချလိုက်မိတယ်။

အမေနေ့ (วันแม่)













2008/08/12 အင်္ဂါနေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင် တကွာပါမြို့နယ်တွင် ရှိသော ပါဝိထိုင်း စာသင်ကျောင်းနှင့် ခိခတ်ထိုင်း စာသင်ကျောင်းတို့တွင် ထိုင်းကျောင်းသား/သူများနှင့် မြန်မာပြည်မှ ရောက်ရှိနေသော ထိုင်းကျောင်းနေ မြန်မာကလေး ကျောင်းသားတို့အား အမေနေ့ (วันแม่) အထိမ်းအမှတ်အဖြစ် ရဟန်း သံဃာတော်များကို ပင့်ဖိတ်ကာ ဆွမ်းနှင့်တကွ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ သရဏဂုဏ် သုံးပါးနှင့် ငါးပါးသီလ ခံယူခြင်း၊ သားသ္မီးများမှ မိဘများကို ကန်တော့ခြင်း၊ စသော အစီအစဉ်များကို ပြုလုပ်သွားပါသည်။


၎င်း အခန်းအနားတွင် တစ်ချို့သော ကလေးငယ်များသည် မိဘကို ကန်တော့ရာ၌ မိဘရဲ့ရင်ခွင်ကို ခိုဝင်ပြီး ၀မ်းနည်းကြေကွဲကာ မျက်ရည်စက်များ စီးဆင်း သွားခဲ့သည်။ တစ်ချို့သော ကျောင်းသား/ သူများမှာလည်း အမေနေ့ကို ဂုဏ်ပြုသောအားဖြင့် အမေနဲ့ ပတ်သတ်တဲ့ သီချင်းများကို သီဆိုရင်း ထိုင်းရိုးရာ အကများနဲ့ ဖျော်ဖြေသွားကြသည်။ ကျနော်သည် မြန်မာပြည်တွင်း၌ နေထိုင်တုန်း ယခုလို အမေနေ့ကို တစ်ရံတစ်ခါမှ မကြုံခဲ့ဘူးပါ။ အမေနေ့ရှိတယ်လို့လည်း မသိခဲ့ပါ။ ထိုင်းနိုင်ငံရောက်မှဘဲ ကိုယ်မတွေ့ကြုံဘူးတဲ့ အမေနေ့ အခန်းအနားကို တွေ့ရလို့ သတင်းဖလယ်တဲ့ အနေဖြင့် မိတ်ဆွေများသိအောင် တင်ပေးလိုက်ခြင်း ဖြစ်ပါသည်။

ဝိညာဉ်သွေးဖြင့် ရေးသည့်ကဗျာ

သမိုင်းကို သွေးနဲ့ရေး
အသက်တွေ စတေးခဲ့ပေမယ့်
မသေ သေးတဲ့ ၀ိညာဉ်များ…..

(၁)
သွေးစွန်းသက္ကရာဇ်
ရှစ်ဆယ်ရှစ် ကထဲက
အမာရွတ်ထင်ကျန် နှလုံးသားများ….

နေလောင်တိမ်တိုက်တွေလို
နီရဲရဲ နာကျည်းမျက်နှာများ…..

သံမဏိလို ခိုင်မာတဲ့ စိတ်ဓာတ်များ….

ခံပြင်းမှုနဲ့ အံကြိတ်လို့
ကျစ်လစ်အောင် ဆုပ်ထားတဲ့
ခင်းဗျားတို့ရဲ့ တော်လှန်လက်သီးများ…
အားလုံးကို….
ကျနော် ဦးညွှတ်ဂုဏ်ပြုတယ်။


(၂)
လ တွေကြာ နှစ်တွေပြောင်းခဲ့ပြီ
ဒါပေမယ့်
ဒီမိုကရေစီ တိုက်ပွဲတုန်းက
ကျဆုံးသူတွေရဲ့သွေးတွေ
အဓိပတိ လမ်းမပေါ်မှာ
မြို့လယ် လမ်းမတွေပေါ်မှာ
ခုထိ ရွှဲရွှဲစိုနေဆဲ…
သွေးညှီနံ့ သင်းသင်းကို
မြစ်လေညှင်းတို့က သက်သေခံနေတယ်။

(၃)
စစ်ခွေးဘီလူး
အာဏာရူးတွေရဲ့ လက်ကိုင်တုတ်
ယုတ်မာသူတို့ရဲ့လူသတ်လက်နက်များ
စက်သေနတ်တွေကြား
စစ်ဖိနပ်တွေကြား
ရက်စက် ရိုင်းစိုင်းမှုတွေရဲ့အောက်မှာ
ကျောင်းသားလူငယ်တွေရဲ့ နှလုံးသွေးစက်တွေ
ပြည်သူတွေရဲ့ အသက်တွေ
ပြီးတော့…မျက်ရည်တွေ
ဒါဟာ…အမိမြေ လွတ်လပ်ဖို့
အမိမြေ ငြိမ်းချမ်းဖို့
ပေးဆပ်ခြင်း သင်္ကေတတွေ ဆိုပေမယ့်
အားလုံးနဲ့ထပ်တူ ကြေကွဲဆို့နင့်စွာ…။

(၄)
တောက်….
သစ္စာဖောက် သဘောက်သားတွေ
လမ်းမှားကိုလိုက် ကမ်းကုန်အောင်မိုက်လို့
ရမ်းကားချင်တိုင်း ရမ်းကား
လူတန်းစား လက်တစ်ဆုပ်စာကို ကိုယ်စားပြု
လူထု အခွင့်အရေးကို လစ်လျူရှု
ပြည်သူ့ ဘဏ္ဍာစား
ပြည်သူကို စော်ကား
နိုင်ငံ့အားကို လက်နက်နဲ့တည်ဆောက်
နိုင်ငံကို နွံအောက်ရောက်အောင်လုပ်
စုတ်ပြတ်တဲ့ အရည်အချင်းတွေနဲ့
မင်းလုပ် အုပ်ချုပ်နေတာ
အံ့ပါရဲ့…အံ့ပါရဲ့ဗျာ.။

(၅)
သေနတ်ကို အားကိုး
အမျိုးမချစ် မျိုးမစစ်
ဆိုးညစ်တဲ့ လုပ်ရပ်တွေနဲ့
သက်မဲ့ ခန္ဓာတွေပေါ်
အာဏာ ထူထောင်လိုသူတွေ…
ဒင်းတို့ကို ဒဏ်ခတ်
အပြစ်ဒဏ် အထပ်ထပ်ချဖို့
တိုက်ပွဲဝင် ၀ိညာဉ်တွေက
တရားစီရင်လိမ့်မယ်
သေမင်းက အဆင်သင့်စောင့်နေလျက်ပဲ။

(၆)
တိုင်းပြည်အိမ်မက်ဆိုးတွေထဲ
ခမ်းခြောက်နေတဲ့ ဒီမိုကရေစီ
မမျှတနိုင်သေးတဲ့ လူ့ဘဝ
မလှပနိုင်တဲ့ ကောင်းကင်
မမြင်ရသေးတဲ့ အာရုဏ်ဦး
မငြိမ်းချမ်းဖူးတဲ့ အမိမြေအတွက်
မပြီးဆုံးသေးတဲ့ တိုက်ပွဲကို
လက်ချင်းယှက် အသက်နှင်းဆက်လို့
ဆက်လက်ချီတက် ဆင်နွှဲကြပါစို့။

သမိုင်းကို သွေးနဲ့ရေး
အသက်တွေ စတေးခဲ့ပေမယ့်
လွတ်လပ်ရေး ကြွေးကြော်သံတွေနဲ့
မသေ သေးတဲ့ ၀ိညာဉ်များ
သူတို့ရဲ့အား…
ညီညွှတ်ခြင်းစွမ်းအား…
အားလုံးနဲ့ အတူတူ
အောင်လံထူမယ့် နေ့သစ်ဆီသို့။

မင်းထက်မိုး (GHRE)
မှတ်ချက်။ >> အစ်ကိုမင်းထက်မိုးဘလော့မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

မြင်းမိုရ်သို့

အမေ

ဝေဒနာတွေ ကြားမှာ

သေရွာလားမှာ မကြောက်

ဒူးထောက်လို့ အညံ့မခံ

အမေ့မာန် အမေ့အကြံနဲ့

ရန်မှန်သမျှ တွန်းလှန်

ကြမ္မာကံ မျက်နှာသာ မပေးလည်း

စွေးစွေးရဲ အမေ့နှလုံးသွေး

နွေးထွေးဆဲ အပြုံးလေးတွေက

အဆုံးမဲ့ ဂရုဏာရှင်ပမာ။

ဆိုလဖာရီနို ၀ိဥာဉ်

မီးအိမ်ရှင် နိုက်တင်ဂေးလ်

အယ်လဗေးနီးယန်း အဂ္ဂနီ

ဘွတ်ကာတီ ၀ါရှင်တန်

လူသားဆန် ၀ါဒီများ

အမေ့ အနားမှာ

အမေ့အားတွေပါ အမေ။

အကြင်နာတွေ ဖြန့်ကျက်

အမေ့ရဲ့ မေတ္တာကွန်ယက်ထဲမှာ

ပြည်သူအသက် အိုးအိမ်စည်းစိမ်တွေ

တည်ငြိမ်လို့ ချမ်းမြေ့စေ

စမ်းပမာအေး ပန်းကမ္ဘာမွှေးစေ…

အော်… စေတနာ ဝေဖြာတဲ့အမေ

မြေကမ္ဘာ မကြေငြာလည်း ဝေ..

အမေ..သက်တော် ရာကျော်ရှည်ပါစေ။

(ပို့ပေးသူ - မင်းထက်မိုး)

ဒါနတော ဘောဂ၀ါ

ဒါနတော ဘောဂ၀ါ၊ သီလတော သုခိတာ၊ ဘာဝနာတော နိဗ္ဗူတာ။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းသည် ဥစ္စာဓန ပေါကြွယ်ဝခြင်းနှင့် ပြည့်စုံနိုင်ပေ၏၊ သီလဆောက်တည်ခြင်းသည် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ပေ၏၊ ဘာဝနာ ပွါးများခြင်းသည် သောကငြိမ်းရာ မြတ်နိဗ္ဗာန်သို့ ရောက်စွမ်းနိုင်ပါပေ၏ ဟု-စာဆိုရှိသည့်ကြောင့် မြန်မာသက္ကရာဇ် ၁၃၇၀၊ ၀ါဆိုလ္ဆုပ် (၃)ရက်၊ တနင်္ဂနွေနေ့။ ကျွန်တော်တို့နေထိုင်သော ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင် တကွာပါမြို့နယ်တွင် လာရောက်နေထိုင် လုပ်ကိုင်နေကြသော ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အနေနဲ့ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံးနေကြသော ရဟန်းသံဃာတော်များ အတွက် မိမိတို့တက်စွမ်းနိုင်သမျှ အလှူငွေများဖြင့် ပါဝင်ဆောင်ရွက်ကာ ၀ါဆိုသင်္ကန်းများကို ဆက်ကပ်လှူဒါန်း သွားပါသည်။ ထိုသို့ လှူဒါန်းရာတွင် မြန်မာလူမျိုး ဖြစ်သော ဦးဇင်းတစ်ပါးမှ ၀ါဆိုသင်္ကန်း လှူဒါန်းရခြင်းနဲ့ ပတ်သက်တဲ့ တရားတော်ဖြစ်သည့် သင်္ကန်းလှူဒါန်းရခွင့် အစ ဆရာဇီဝကမှ၊ ၀ါဆိုသင်္ကန်း လှူန်းဒါန်းရခွင့် အစ ၀ိသကာ ဒါယကာမကြီးမှ စသော နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို နှုတ်တော်မှ ထုတ်ဖော်ဟောကြားရင်း ယခုလို မြန်မာလူမျိုး အချင်းချင်း ဆုံတွေ့ပြီး မွန်မြတ်သောကုသိုလ် ဒါနကို ပြုလုပ်နိုင်ကြသည့် အတွက် ၀မ်းသာပီတိဖြစ်သောစိတ်နဲ့ သာဓုခေါ် ကြည်နူးနေသည်ကို ဒါယကာ၊ ဒါယကာမများဖြစ်ကြသော ကျွန်တော်တို့သည် ကြည်ညိုသော နှလုံးနဲ့ ရွှင်ပြုံးကာ လက်အုပ်ချီမိုး ဦးချ ကန်တော့လိုက်ကြပါသည်။

(ကျွန်တော်ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့သည့် အချက်အလက်များကို သတင်းဆောင်းပါးအဖြစ် တင်ပေးလိုက်ခြင်း ဖြစ်ပါသည်။)

ဘ၀င်မြင့်သော မြည်း

တစ်ခါသော် လူတစ်ယောက်သည် ဘုရားရုပ်တု တစ်ဆူကို မြည်းတစ်ကောင်၏ ကျောပေါ်၌တင်လျက် မြို့တွင်းရှိ ဘုရားကျောင်းတစ်ခုသို့ ယူဆောင်သွား၏။ ထိုအခါ လမ်းဝယ်ဖြတ်သန်း သွားလာလျက်ရှိသော လူအပေါင်းသည် ဘုရားရုပ်တုကို ကြည်ညိုသောအားဖြင့် ရှိခိုးအရိုအသေပြုကြ၏။

ဤသို့ဘုရားရုပ်တုကို အရိုသေပြုကြသည်ကို မြည်းက သူ့ကိုအရိုအသေပြုသည်ဟု ထင်မှတ်ကာ ဟိတ်ဟန်ထုတ်၍သွားလေ၏။ ထိုမျှမက နောက်ဆုံ၌ သူသည် အလွန်ဘ၀င် မြင့်သွားလေသည်။ မည်သည့်အရာမဆို သူသဘောကျပြုလုပ်နိုင်သည် ဟူ၍ ယူဆလိုက်၏။

ထို့ကြောင့် သူသည် ဘုရားရုပ်တုကို သယ်ဆောင်ခြင်း မပြုလိုတော့ပေ။ ရှေ့သို့ ခရီးဆက်၍မသွားဘဲ မြေသို့ဝပ်ချလိုက်၏။ ဤတွင် သခင်ဖြစ်သူသည် သူ့ကို တုတ်ဖြင့် ပြင်းစွာရိုက်နှက်လျက် "အို-ဉာဏ်မဲ့သည့် သတ္တ၀ါမိုက်၊ မြည်းကိုလူက အရိုအသေပေးရိုး ရှိသည် ဟူ၍ သင်သည် မည်သည့်အခါက ကြားဖူးပါသနည်း"ဟု ဆဲဆို မေးမြန်းလိုက်လေ၏။

<အီစွတ်ပုံပြင်မှ ကူးယူဖော်ပြပါသည်>

Never say....

Never say....

When I meet you in a short time period,

never say I love you.

Despite you show me your love,

never say I interest you.

Never talk about feelings,

even though, I miss you.

Never hold your hands,

if you are gonna break my heart.

Never say I'll die for you,

if your love is not true love.

Never look into your eyes,

if all you do is lie.

Never think about you,

if you really don't care.

Never say you are the once,

i love the most.

Never say hi again,

if you really say goodbye.

…..love……

…….if you really mean forever......

Written by: Mr. Kayahphen

သီးလေးသီနဲ့ ဖျော်ဖြေမည်



သီးလေးသီးနဲ့ ဆေးရောင်စုံအငြိမ့်ကို စိတ်ဝင်စားသော မိတ်ဆွေများအတွက် အပေါ် Menu Bar ၌ရှိတဲ့ သီချင်းများသို့ နေရာမှာ ၀င်ကြည့်နိုင်ပါသည်။

You received this email because you are subscribed to the real_time feed for http://nannetkhinkabyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.