Monday, January 19, 2009

[မောင်ကျော်ဇေယျ] 25 New Entries: စင်္ကာပူ ပညာရေးဆွေးနွေးပွဲ ကျင်းပရန်ရှိ.............

စင်္ကာပူ ပညာရေးဆွေးနွေးပွဲ ကျင်းပရန်ရှိ.............

Tyndale Education Groups (Singapore) နှင့် Overseas Studies Management Centre (Myanmar) တို့ ပူးပေါင်း၍ ပညာရေး ဆွေးနွေးပွဲအား 24.11.2008 တွင် မြေနီကုန်းရှိ OSM Centre တွင်၎င်း၊ 25.11.2008 တွင် မန္တလေးရှိ Informatics Centre တွင် ၄င်း ကျင်းပပြုလုပ်မည်ဟု သိရှိရပါသည်။ Tyndale Education Groups သည် Singapore နိုင်ငံရှိ Private Education Organizations (PEOs) မှ ပေးအပ်ချီးမြှင့်သော Edupoll 2007/2008 Institutional citations for Best in Engineering Studies Award ကို ရရှိထားသော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ TOFEL 550 နှင့် IELTS 5.5 ရှိသော ကျောင်းသားများ အတွက် International Foundation certificate (Business, Computing or Engineering) ကို စတင်တက်ရောက်နိုင်ပြီး ၄င်းမှ တဆင့် Diploma, Higher Diploma and Bachelor ကို ဆက်လက် တက်ရောက် ရယူနိုင်မည် ဖြစ်သည်။

Diploma ကို Tyndale Education Groups မှ ပေးအပ်မည်ဖြစ်ပြီး၊ Higher Diploma (BTEC Higher National Diploma) ကို UK နိုင်ငံရှိ Edexcel မှ တိုက်ရိုက်ချီးမြှင့်မည် ဖြစ်သည်။ Bachelor အား UK ရှိ University Of Sunderland မှ ပေးအပ် ချီးမြှင့်သော ဘွဲ့ကို ရရှိမည်ဖြစ်သည်။ Tyndale Education Groups သည် Singapore နိုင်ငံ၏ အကောင်းဆုံး Engineering ကျောင်းတစ်ကျောင်းဖြစ်ပြီး၊ အတော်ဆုံး Engineer များကို နှစ်စဉ်မွေးထုတ်ပေးလျက် ရှိသည်။

အသေးစိတ် သိရှိလိုပါက OSM Centre, 2nd Floor, မြေနီကုန်း ပလာဇာ၊ ဗားကရာလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်။ Tel: 01 525971, Mobile: 095150682, 098640995, သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။



နေဘုန်းလတ်.............

မနေ့က သတင်းတစ်ပုဒ် ဖတ်လိုက် ရတယ် သူငယ်ချင်း နေဘုန်းလတ် တစ်ယောက် ထောင်ဒဏ် အနှစ် (၂၀) တဲ့။ ဘာဖြစ်လို့လဲ ? ကျနော့် အထင်တော့ နောက်လူတွေကို ကြောက်လန့်အောင် နမူနာ အနေနဲ့ အပြစ်ပေးလိုက်တာ လို့ထင်တာပဲ။ ဒါပေမယ့် ဒါဟာ လုံးဝမတရားဘူး နေဘုန်းလတ်က သူတို့ ပြောတဲ့ ဥပဒေ တွေကိုလဲ ချိုးဖောက် တာ မရှိပါဘူး။ နိုင်ငံရေးလှုံ့ဆော်တာမျိုးလဲ သူမလုပ်ပါဘူး။ ကျနော်တို့နဲ့ ခင်မင် ပေါင်းသင်းလာတဲ့ ကာလ တစ်လျှောက် မှာ ဘယ်သူ့ကိုယ် ဘာလုပ်ပါလို့ တိုက်တွန်းတာမျိုး တစ်ခါမှ မလုပ်ခဲ့ပါဘူး။ အင်း အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်။ လူငယ်တွေ ရဲ့ အနာဂါတ်တွေကို သံတိုင်တွေ နောက်ကွယ် ကို ပို့ပစ်နေတာ များပြီ။ သူငယ်ချင်း နေဘုန်းလတ် အတွက်ရော၊ သူ့မိသားစုနဲ့ အတွက်ပါ စိတ်မကောင်းဖြစ်မိပါတယ်။

သူ့ရဲ့ ဘလော့ခ်မှာ မနေ့က ပို့အသစ်တင်တယ် - နေဘုန်းလတ်


YANGON, Myanmar - A court in military-ruled Myanmar sentenced a prominent blogger to more than 20 years in jail today for his Internet activities.

In another trial Monday, a court sentenced a poet to two years' imprisonment for concealing the text of an anti-government slogan in one of his works.

Blogger Nay Phone Latt, 28, was arrested in January this year and given 15 years under the Electronics Law, two years for "creating public alarm," and 3 1/2 years under the Video Act, said Aye Than, his mother. One of his offenses was possession of a banned video.

The government exercises strict control over all public media, so dissidents often use the Internet to circulate information.

Aye Than said she was not allowed to attend the trial and Nay Phone Latt was not represented by his defense lawyer, Aung Thein, who began serving a four-month prison sentence for contempt of court last Friday.

"My son is a computer expert and he has not violated any criminal law. It is very unfair that he was given 15 years' imprisonment under the Electronics Law for a crime he did not commit," said Aye Than.

A friend of Nay Phone Latt who was arrested with him was sentenced Monday to 2 1/2 years for creating public alarm, she said.

်မဇ္ဈိမ - ဘလော့ခ်ဂါ နေဘုန်းလတ် နှစ် ၂၀ ထောင်ဒဏ် ချခံရ



ရောက်တတ်ရာရာ ရဲ့ အစာအိမ်နာ...............

ဘလော့ခ်မှာ ပို့စ်အသစ်မတင်ဖြစ်တိုင်း ကိုယ့်ကိုကိုယ် အကြွေးတွေ များနေပြီလို့ ခံစားရတယ်။ ဗိုက်ထဲက အောင့်အောင့်နေတာ ကြာပြီ။ အစပထမတုန်းကတော့ လေအောင့်သလိုလို ဘာလိုလိုနဲ့ သိပ်မနာဘူး။ လေဆေး တွေ စားလိုက်ရင် ပျောက်သွားမှာပေါ့လို့ ခပ်အေးအေး ယူဆပြီး သိပ်အလေးမထားမိဘူး။ သုံးလ လောက်ကြာပြီး တဲ့ နောက်မှာတော့ ဗိုက်က ဘီယာအသောက်များလို့ စူထွက်လာသလို ဗိုက်ရွှဲ လာတယ်။ ဒါပေမယ့် အစာကို အများကြီး စားလို့ မရတော့ဘူး။ စားလိုက်တာနဲ့ ထိုင်လို့ မရတော့လောက်အောင်ကို ဗိုက်ထဲမှာ စူးခနဲဖြစ်ပြီး တော်တော် ဆိုးဆိုးရွားရွားကို အောင့်တော့တာ။ သူငယ်ချင်းတွေကတော့ အားပေး ကြပါတယ် "ဟေ့ရောင် မင်း ဘီယာ တွေ သိပ်မသောက်နဲ့တဲ့" ကိုယ့်ဘာသာကို အစာအိမ်ယောင်လို့ ယောင်မှန်း မသိ သေးဘူး။ အပေါင်း အသင်း တွေနဲ့ တွေ့ရင် "တစ်ခွက် တစ်ဖလား" လောက်တော့ ၀င်နွှဲ နေတုန်းပဲ။ ကံကောင်းလို့ မသေတာ အစာအိမ်နာ က အရက်နဲ့ လုံးဝ မတည့်ဘူး ဆိုတာ ဆရာဝန်ပြောမှပဲ သိတော့တယ်။ အမလေးလေး ဘုရား သိကြားမလို့ နောက်မို့ဆို ဒီအချိန် ကျော်ကြီး တစ်ကောင် ဗြဟ္မာပြည် များ ရောက်နေ မလား မသိနိုင်ဘူး။ ရိုက်လိုက်ရတဲ့ ဓါတ်မှန် ဆိုတာကလည်း နည်းတာ မဟုတ်ဘူး မရိုက်ခင် ခြောက်နာရီလောက် ကတည်းက ဘာအစာမှ မစားထားရဘူး၊ ရိုက်ခါနီးမှာ ဓါတ်မှန်ရောင်ခြည် ခံနိုင်အောင် ဆိုပြီးတော့ ဆေးတစ်လုံးထိုး၊ ပြီးတော့ နို့မှုန့်လို ဖြူဖြူတွေကို ရေဖျော်ထားတာတွေ သောက်ပြီးတော့ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက် ပုံစံမျိုးစုံနဲ့ ဓါတ်မှန် ကို ရိုက်ကြည့်တော့လဲ ဆရာဝန်က အနာတော့ မရှိပါဘူး ယောင်ယုံ ယောင်တာ ပါ ဆိုမှ သက်ပြင်းကို ဟင်းခနဲ ချနိုင်တော့တယ်။ တစ်ကယ်လို့ အနာရှိတယ်လို့ ယူဆရင် အို၊အီး၊စီ သွားပြီးတော့ မှန်ပြောင်းနဲ့ ကြည့်၊ တစ်ကယ် အနာရှိနေရင်တော့ ခွဲစိတ်မှ ပျောက်မှာလေ။ အခုတော့ ယောင်ယုံလေးတင် ဆိုတော့ တစ်ပါတ်လုံးလုံး ဆေးထိုး ဆေးသောက်၊ ဆန်ပြုတ်နေ့တိုင်းသောက်လိုက်တာ နည်းနည်းတော့ နေရထိုင်ရ သက်သာလာပါပြီ။ ဆေးရုံ ရောက်ပြီး မခွဲ မစိတ်လိုက်ရတာကို အရမ်းဝမ်းသာ နေမိတယ်။ နောက်မို့ဆို ပိုက်ဆံလဲ ထပ်ကုန်ဦးမယ်။ လူလည်း နာဦးမယ်။ ခွဲစိတ်ရမှာကို ကြောက်မိပါတယ်။ အဲဒါကြောင့် သူငယ်ချင်းတို့ရေ ကျော်ဇေယျ တစ်ယောက် ကို အခုတစ်လော သောက်ဖို့စားဖို့ သိပ်မခေါ်ကြပါနဲ့ဦးနော်။ ဘလော့ခ်မှာ ပို့စ်အသစ် မတင်နိုင်တဲ့ အတွက် အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်။ အလုပ်ကိစ္စနဲ့လည်း မန္တလေးကို သွားစရာ ရှိပါသေးတယ်။ အဲဒီ့ အကြောင်းကို နောက်တော့ တင်ပါ့မယ်။ အခုတော့ ဆန်ပြုတ်သောက်ပြီး အိပ်လိုက်ဦးမယ်ဗျာ........................


ကျနော် မရေးချင်တဲ့ ကျနော့်အကြောင်း

မရေးမကောင်း ရေးမကောင်း ထဲမှာ အဲဒီ့ ဘလော့ခ်ဂါတွေရဲ့ Tag Game ဆိုတာ ပါတယ်ဗျ။ မရေးပြန်ရင်လဲ ကြီးကျယ်ရာ ကျဦးမယ်။ ရေးပြန်ရင်လဲ ကိုယ့်ကိုကိုယ်ဖော် မသူတော်လေ သိတယ်မဟုတ်လား။ ကဲရေးလိုက် ပါပြီ ကိုမိုးကြယ်နှင့်မဗေဒါတို့ရေ (လုပ်ထားဦးပေါ့ ရှင်တို့က ရဲတွေကိုး ဟတ် ဟတ် ဟတ်) ဟာ ဟ သူပြီးတော့ နာအလှည့် ပေါ့ ဘာရမတုန်းကွ လာထား ထိုက်ထိုက်အောင်(ခ)ဘာညာ(ဘလာဘလာဘလာ ဆရာတော် ဘုရားကြီး၏ အိပ်မက်အရ Tag Game ကို ဖြန့်ဝေလိုက်သည်။ မစ်(စ်)သွန်းသွန်း ဟု ခေါ်သော မဒီကညာ သည် ဂရုမစိုက်၊ ထီမထင်ဟန် မရေးပဲ နေမိသဖြင့် Singapore Bloggers Gathering တွင် ကြက်ကင်ခိုးစား၍ လူမိသွားသည်။ အနှီ ဘလော့ခ်ဂါ သည် ထပ်မံ သောက်ဂရု မစိုက်ပဲ နေမိသဖြင့် စင်္ကာပူရ ဟုခေါ်တွင်သော ခြင်္သေ့နှင့်ရေသူမ မဖြစ်ညစ်ကျယ် ဆက်ထားသော ကျွန်းကလေး ပေါ်တွင် တယောက်တည်း အလွမ်းဇာတ်တွေ ခင်းနေရ၏။ နောင် သတိထားမိ၍ ရေးလိုက်သော အခါတွင်မှ အိပ်ပျော်စားဝင် လန်းဆန်းခြင်း အဖြစ်သို့ ရောက်ရလေ၏) အကျွန်ုပ်၏ ခင်လှစွာသော အသင် မိတ်ဆွေ သည်လည်း ထိုအဖြစ်သို့ မရောက်ရလေအောင် သင်၏ အကြောင်းအား မချွင်းမချန်ရေးသားရန် တာဝန်ရှိပေ၏။


ကျွန်တော့်အမည် ----------ကျော်ဇေယျ

ကျွန်တော့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ---------- ကိုကြီးကျော်(သိပ်မမူးပါဘူး :P)၊ အိုဖီဆင်းတဲ့ (ကိုယ့်ဘာသာကိုကြွားတာ ဘာဖြစ်လဲ ဘာဖြစ်လဲ) ဂျိမ်းစ်ကျော်ကြီး(မှားတဲ့အခါလည်းမှားပေမပေါ့)

ကိုယ်ဒီမှာနေတယ် ---------- အမိုးနဲ့ကြမ်းပြင်အကြား နံရံတွေ ပြတင်းပေါက်တွေ၊ တံခါးတွေနဲ့ ကာရံထားတဲ့နေရာမှာ (ဟဲ ဟဲ တလွဲမတွေးနဲ့နော် ထောင်တော့ ဟုတ်ဘူးဗျ...)

ကိုယ့်ဆီဖုန်းဆက်ချင်ရင်---------- ဖုန်းခဈေးကြီးတယ်ခေါ်နဲ့

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက-

အရောင်ဆိုရင် ---------- အဖြူ၊ အပြာ၊ အနက်

အ၀တ်အစားဆိုရင် -------- လွတ်လွတ်လပ်လပ်ရှိတဲ့ အ၀တ်အစားဆို အကုန်ဝတ် (ပြောင်ပြောင်တော့ မနေရဲပါဘူးဗျာ :p)

အစားအစာဆိုရင် --------- မုန့်ဟင်းခါး၊ မူဆာဘိုင်ရဲ့ကြက်သားသုပ်

ပစ္စည်းဆိုရင် ---------- အီလက်ထရောနစ်ပစ္စည်းတွေကိုစွဲလမ်းမိနေပြီ။

သီချင်းဆိုရင် ---------- အေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး (ပလေးဘွိုင်းသန်းနိုင်မဟုတ်ပါ :p)

စာရေးဆရာ ---------- သာဓု၊ ဂျူး၊ တာယာမင်းဝေ၊ မြသန်းတင့်၊ သုမောင်

စာအုပ် ----------- ဘာလာလာ

Life style ---------- ပျော်အောင်နေဖို့ကြိုးစားတယ်၊ လက်ရှိလဲ ပျော်ပျော်နေဆဲပဲ

ကိုယ့်ရဲ့ဝါသနာ ----------စာဖတ်တယ်၊ ဘောလုံးပွဲကြည့်တယ်၊

အလိုချင်ဆုံးလက်ဆောင်----------မိသားစုနဲ့အိုးမကွာ၊ အိမ်မကွာ နေချင်တယ်။

ကိုယ့်ရဲ့ အချစ်ဆုံးသူက ---------- အမေ

ကိုယ့်ရဲ့ အလေးစားဆုံးသူက ---------- လီယိုတော်စတွိုင်း

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ---------- ခင်လို့ ရသလောက်အကုန်ခင်တယ်

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ---------- ဘယ်သူမှမရှိဘူး

ကိုယ့်ရဲ့ အမုန်းဆုံးသူက ---------- ရှိရဲ့သားနဲ့မလှူသူ

ရင်အခုန်ဆုံးအချိန်----------အိပ်ပြန်နောက်ကျချိန် (မိဘတွေ မသိအောင် တံခါးဖွင့်ရတာ ဘယ်လောက် ခက်တယ် မှတ်လဲ ဟွန့်)

အကြောက်ဆုံးအချိန် ----------အဖေ၊ အမေလို့ ခေါ်စရာမရှိတော့မယ့် အချိန်

အပျော်ဆုံးအချိန် ---------- ဒါမှ ငါ့သားလို့ အမေ ကြွေးကြော်ခဲ့တဲ့အချိန်

အမှတ်တရနေ့ ---------- အစားသောင်းကျန်းလွန်းလို့ ဆေးရုံတက်ရတဲ့နေ့ကိုအမှတ်ရဆုံးပဲ ဟတ် ဟတ် ဟတ်

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ---------- ဖြစ်လေရာဘ၀တိုင်းမှာ ဒီမိ ဒီဖ၊ ဒီညီ အစ်ကို မောင်နှမ၊ ဒီသူငယ်ချင်းများနဲ့ အမြဲတွေ့ဆုံပြီး အချစ်ဆုံးသူများ ဖြစ်ရပါလို၏။

အချစ်ဆိုတာ ----------ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု၊ ငါးရာနှစ်ဆယ့်ရှစ်ထက်ပိုရင် ငိုပွဲတွေစု...အဲလေ ယောင်လို့ သီချင်းလုပ်ဆိုမိသွားတယ် ဟတ် ဟတ် ဟတ်၊ လောကကြီးမှာ မရှိမဖြစ်အရာဆိုတာ ချစ်ခြင်းမေတ္တာ

အမုန်းဆိုတာ----------ရန်လိုခြင်းဘေး ကင်းဝေးလိုရင် အမုန်းဆိုတဲ့မီးကိုမမွှေးတာ အကောင်းဆုံးပဲ

အလွမ်းဆိုတာ---------- တွေးလိုက်မိတိုင်း ခံစားချက် တစ်စုံတစ်ရာ ကို ပေးစေတဲ့အရာပေါ့

သံယောဇဉ်ဆိုတာ----------အမျှင်တန်းတော့ ငါလွမ်းမိတယ်လေ...(ဘာမှလဲ ဆိုင်ဘူးနော်)

ဘ၀ဆိုတာ ---------- ပျင်းရိငြီးငွေ့ဖို့ ကောင်းတယ်၊

သူငယ်ချင်းဆိုတာ ----------ပေါင်းတတ်ရင် ကောင်းကျိုးပေး၏

ချစ်သူဆိုတာ ---------- သူလိုငါလို လူထဲက လူပါပဲလေ

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်---------ကောင်းသင့်သလောက်မကောင်းသေးဘူး

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ---------- တစ်နေ့တော့ ငါသေကို သေရမည်။

အပြောချင်ဆုံးစကားတစ်ခွန်း ----------- ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ၊ အများနဲ့အတူနေနိုင်အောင်ကြိုးစားပါ။




ဘလော့ဂ်စာအုပ်ထွက်ပါပြီ

အနာဂတ်
မှာရှိနေတဲ့
ရည်မှန်းချက်ပန်းတိုင်တစ်ခုကို အရောက်သွားဖို့
လူငယ်တွေဟာ ဘ၀ပင်လယ်ပြင်ကြီးမှာ
ကူးခတ်နေကြတယ်

လှိုင်း၏
ပုတ်ခတ်မှုဒါဏ်တွေကြားမှာ
သွားလာလုပ်ရှားကြရင်း


ဆုံ
ဆည်းမိတဲ့
လူငယ်တစ်စုက

မှတ်
မှတ် ရရ အဖြစ်
အနာဂါတ်မှာ ကျန်ရစ်ဖို့

များ
ပြားစွာသော
အွန်လိုင်းစာဖတ်ပရိတ်သတ်အတွက်
စာအုပ်တစ်အုပ်ကို ဖန်တီးပေးခဲ့တယ် .....

အဲဒီစာအုပ်ကို အနာဂတ်လှိုင်း၏ ဆုံမှတ်များ လို့ နာမည်ပေးထားတယ်



မှတ်ချက်။ ။ ယခု အနာဂတ်လှိုင်း၏ ဆုံမှတ်များ စာအုပ်သည် MBS မူပိုင်ဖြစ်ပြီး မည်သူမဆို အခမဲ့ ရယူဝေငှ သုံးစွဲခွင့်ရှိသည်။ ယခုစာအုပ်ကို အရေအတွက် မည်မျှ ဒေါင်းလုပ်ချသည်ကို သိရှိနိုင်ရန်အတွက် မိမိဘလော့ဂ်များ ကိုယ်ပိုင် ၀က်ဆိုက်များတွင် ပြန်လည် ဒေါင်းလုပ်ပေးမည် ဆိုပါက သီးခြား ထပ်မံ Upload မလုပ်ပဲ ယခု Upload Link ဖြစ်သော http://www.4shared.com/file/62194127/e4b4214e/Export_Blog_File_2008.html ကိုသာ ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စိုးဇေယျ
၏ဘလော့ခ်မှ အတိအကျ ကူးချပါသည်။ :P


ဆက်လိုက်ကြစို့ သူငယ်ချင်း....(ဘလော့ခ်ဂါတို့ရဲ့ပုံပြင်)

ဆားချက်တယ်လို့ပဲ ပြောပြော၊ ပို့စ်ရေးစရာမရှိလို့ အကြောင်းရှာတယ်လို့ပဲ ထင်ချင်ထင်။ ဒါမျိုးက ရတောင့်ရခဲ့ အခွင့်အရေးတစ်ခု။ ဟုတ်တယ် ကျနော်တို့ ပထမဦးဆုံ အကြိမ် ဘလော့ခ်စီမီနာ မတိုင်ခင်တုန်းက ဘလော့ခ်ဂါ တွေစုပေါင်းပြီးတော့ ၀တ္ထုရှည်ကြီးတစ်ပုဒ်ကို ရေးခဲ့ကြဘူးတယ်။ အသီးသီးလက်စွမ်းတွေ ပြထားလိုက်တာ ဆိုတာဗျာ ကောင်းမှကောင်းပဲ။ တစ်ခါမှ မကြုံဘူး၊ ဘယ်သူမှ မရေးခဲ့ကြဘူးတဲ့ ဘလော့ခ်ဂါတွေ စုပေါင်းပြီး ဘလော့ခ်ဂါများနှင့်စပိတ်တစ်ဖဲတစ်ချက်၏လျို့ဝှက်ချက် ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားခဲ့ကြတယ်။

မပန်ဒိုရာ ရဲ့ခံစားချက်ပို့စ်ကိုကူးယူဖော်ပြပါတယ်။ အဟောင်းတွေ အသစ်ဖြစ်တယ်လို့ပြောရင်လည်း ပျော်ရွှင်စရာ အဟောင်းတွေမို့ ခွင့်လွှတ်နိုင်မယ် ထင်ပါရဲ့လေ။ ဘလော့ဂ် စရေးကာစ ဘလော့ဂါတွေ သိပ်မများသေးခင်မှာ အားလုံးစုရေးကြတဲ့ ၀တ္တုတစ်ပုဒ် ရှိခဲ့တယ်။ အဲဒီအချိန်က ဘလော့ဂါ စာအုပ်ထုတ်ဖို့ လုံးပန်းနေချိန်။ တနေ့တနေ့ ဂျစ်တူးရဲ့ ဘလော့ဂ်မှာ တင်ထားတဲ့ အဲဒီ ပို့စ်ကို ဘယ်သူများ ဘာရေးသွားလဲလို့ သွားသွားကြည့်ရတာ အမော။ ဆီပုံးထဲလည်း စည်စည်ကားကား။ ပျော်ပျော်ပါးပါး။

တစ်နှစ်တောင်မပြည့်သေးတဲ့ အချိန်ကာလက ပြန်စဉ်းစားရင်း မနေ့တနေ့ကလိုပါပဲ။ ဒါပေမယ့် အဲဒီအတွင်းမှာ အများကြီး ပြောင်းသွားခဲ့ပြီ။ သမိုင်းဝင် အဖြစ်အပျက်ကြီး တစ်ခုနဲ့ မေ့မရနိုင်မယ့် နာကျင်မှုတွေကို မျှဝေခံစားခဲ့ရပြီ။ ဒီကြားထဲမှာ တချို့တွေအတွက်တော့ ချိုသလား ခါးသလား သိနိုင်အောင် လုံလောက်တဲ့ ကြာကြာဝါးချိန် တစ်ခုလည်း ရခဲ့ပြီ ဆိုပါတော့။ အပြစ်ကင်းစွာ ဒဏ်ရာကင်းစွာ ဖြူစင် ရယ်မောခဲ့ကြတဲ့ အချိန်တွေ ပြန်မရနိုင်တော့ဘူး။

အခုတော့ ဘလော့ဂါအသစ်တွေ အများကြီး ပေါ်လာခဲ့ပါပြီ။ မဖတ်ရသေးသူများအတွက် ဘလော့ဂါများ စုပေါင်းရေးခဲ့ကြတဲ့ ၀တ္တုလေးကို ဂျစ်တူးရဲ့ ဘလော့ဂ်ကနေ ပြန်လည်တူးဆွပြီး ဖော်ပြလိုက်ပါတယ်။


ကျနော်အဲဒါကို အတုယူပြီးတော့ စင်္ကာပူရောက်မြန်မာဘလော့ဂ်များ တွေ့ဆုံခြင်း အထိမ်းအမှတ် အဖြစ် မနေ့ကပွဲ အဆုံးသတ် ခါနီးမှာ သူငယ်ချင်းတွေ ကစားခဲ့ကြတဲ့ ကစားနည်းကို သတိရလို့ အဲဒါကို ဘလော့ခ်မှာ အမှတ်တရ အဖြစ်တင်ချင်စိတ် ကြောင့် ကျနော် စီစဉ်ရခြင်းဖြစ်ပါတယ်။ ကဲ မနေ့က ဆုံတွေ့ခဲ့ကြတဲ့ သူငယ်ချင်းတို့ မှတ်မိ ကြမယ် ထင်ပါတယ်။ ကျနော်တို့ (တီတီ၊တူတူ) မကစားခင် မိုးကလည်း ကောင်းတုန်း၊ တစ်ယောက်မှလဲ ပြန်ချင်စိတ်မရှိသေးတဲ့ အချိန်မှာ မဗေဒါ စလိုက်တဲ့ တစ်ယောက်ပြောခဲ့တဲ့ ပုံပြင်လေးကို တစ်ယောက်က လိုက်ပြီးဆက်ပြောပေးရတဲ့ ကစားနည်းလေးကို ကျနော့်ရဲ့ ဘလော့ခ်မှာ အမှတ်တရအဖြစ်နဲ့ တင်ချင်ပါတယ်။ သူငယ်ချင်းတို့ကလည်း အမှတ်တရအနေနဲ့ ရေးပေးကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

မနေ့က ကြွရောက်ခဲ့ ကြသူများရော၊ အဆင်မသင့်လို့ မလာရောက်နိုင်တဲ့သူများရော၊ အနယ်နယ် အရပ်ရပ်မှာ ရှိနေကြတဲ့ ဘလော့ခ်ဂါ သူငယ်ချင်းများ၊ ဘလော့ခ်ဖတ်သူ ရီဒါများပါ ပါဝင်ရေးသားပေးကြဖို့ ဖိတ်ခေါ်ပါရစေ။ အားလုံးသော သူငယ်ချင်းများက ဒီပို့စ်ရဲ့ ကွန်မန့်မှာ ရေးပေးသွားကြပါ။ တစ်ယောက်ရဲ့ ကွန်မန့်ကို တစ်ယောက်က သေသေချာချာ ဖတ်ပြီး ဇာတ်လမ်း ကြောင်းကျိုး ညီညွတ်အောင် ဆက်လက်ရေးသား ပေးလိမ့် မယ်လို့ မျှော်လင့်ပါတယ်။ ကွန်မန့်များကို ကျနော်မှ ရေးသားသူရဲ့ အမည်နဲ့တကွ နေ့စဉ် မှတ်တမ်းတင် ဖော်ပြ ပေးသွားပါ့မယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

မှတ်ချက်
တစ်ယောက်က ဇာတ်လမ်းစကြောင်းပေးလိုက်တာကို ကြောင်းကျိုးညီညွတ်စွာ စဉ်းစားပြီး ဇာတ်လမ်း ဇာတ်ကွက် ချိတ်ဆက် ပေးသွားကြဖို့ အထူးမေတ္တာရပ်ခံ ပါရစေခင်ဗျာ။ အမှတ်တရဆိုပေမယ့်လို့ တစ်ယောက်က တစ်မျိုး၊ နောက်တစ်ယောက်က တစ်မျိုးဆိုရင် ဇာတ်ပေါကြီး ဖြစ်သွားနိုင်လို့ပါ။


ဘလော့ခ်ဂါတို့ပြောသောပုံပြင်

Once upon a time ပေါ့နော်။ အင်မတန်မှ သာယာဝပြောတဲ့ တိုင်းပြည်တစ်ပြည်မှာ
ကြီမားကျယ်ဝန်းတဲ့ပန်းဥယျာဉ်ကြီးတစ်ခုရှိတယ်တဲ့။
အဲဒီဥယျာဉ်ကြီးထဲမှာ ချောမောလှပတဲ့မင်းသားနဲ့မင်းသမီးတို့က ပျော်မြူးနေကြလေသတဲ့ကွယ်။
မင်းသားလေးက ဥယျာဉ်ထဲက အလှဆုံးပန်းလေးကိုခူးပြီး မင်းသမီးလေးကိုပေးလိုက်တယ်..
မင်းသမီးလေးက နမ်းလိုက်တဲ့ အချိန်မှာ အထဲက အကောင်ကိုက်ပြီ... သတိမေ့သွားပါလေရော..
မင်းသမီးလေး မေ့လဲ သွားတဲ့အချိန်မှာ ဘာကောင်ကိုက်တယ် မသိလိုက်တဲ့ မင်းသားလေးက
ဘေးဘီကို စူးစမ်းတဲ့ အကြည့်နဲ့အမြန်ဆုံး မျက်လုံးဝေ့ကြည့်လိုက်တဲ့ အချိန်..........
ပန်းခြံနဲ့ မနီးမဝေးက မြင်းဟီသံကို ကြားလိုက်ရတယ်။
အဲဒီ့မြင်းက မင်းသားလေးရဲ့ မြင်းဖြူကြီးဖြစ်တယ်တဲ့။
ဒါနဲ့ မင်းသားလေးက မင်းသမီးလေးကို အဲဒီ့မြင်းဖြူကြီးပေါ်ကိုတင်ပြီး
သူ့ရဲ့ ဆရာ မှော်ဆရာကြီးဆီကို ခေါ်ဆောင်သွားသတဲ့ကွယ်။
အဲဒီမှော်ဆရာကြီဆီကိုရောက်တော့ မင်းသမီးလေး အသက်ကိုကယ်ဖို့ အစွမ်းထက်တဲ့ ပန်းသီးတလုံးလိုသတဲ့..ကွယ်။
အဲဒီ့ပန်းသီးဟာ ဘီလူးတွေနေထိုင်တဲ့ တိုင်းပြည်မှာပဲ ရှိသတဲ့ကွယ်။
ထိုပန်းသီးကို စားမှသာလျှင် မေ့မျောနေတဲ့ မင်းသမီးလေး သတိပြန်ရနိုင်မယ်လို့
မှော်ဆရာကြီးက မင်းသားလေးကို ပြောသတဲ့...
ဒါကြောင့်မို့ မင်းသားလေးဟာ မင်းသမီးလေးကို မှော်ဆရာကြီဆီမှာ ထားခဲ့ ပြီး မှော်ပန်းသီးရှိရာ ဘီလူးတို့တိုင်းပြည်ကို မြင်းဖြူကြီးကို စီးကာထွက်ခဲ့သတဲ့။ တနေရာရောက် တော့ မင်းသားလေးဟာ ချောင်းကိုဖြတ်ကူးမလိုကမ်းစပ်ရောက်တုန်း အသံတစ်ခုကြားသတဲ့။ မင်းသားလေးဟာလှည့်ကြည်လိုက် တော့ ချောင်းကို ဖြတ်ကူးချင်တဲ့ ယုန်ငယ်လေးတစ်ကောင်ကို တွေသတဲ့။ ယုန်လေးက မင်းသားလေးကို သူချောင်းတစ်ဖက်ကမ်းကို ကူးချင်ကြောင်းပြောတယ်။ အဲဒီတော့ စိတ်ကောင်းရှိတဲ့ မင်းသားလေး ဟာ ယုန်ငယ်လေးကို ပွေ့ချီပြီး ချောင်းကို ဖြတ်ကူးသတဲ့။
မင်းသားလေး ဖြတ်ကူးရတဲချောင်းဟာ ရေစီးကြမ်းပြီး သာမန်လူသားအနေနဲ့အတိမ်အနက် ခန့်မှန်း ရခက်တဲ့ ချောင်းတစ်ခုဖြစ်လို့မင်းသားလေးဟာ ခက်ခက်ခဲခဲ ကူးဖြတ်ခဲ့ရတယ်။
မြင်းဖြူကြီးဟာလည်း အင်မတန်မှ သန်မာပြီး မင်းသားလေးကြိုးပေးတဲ့ လမ်းကြောင်း အတိုင်း ကူးခတ်တယ်။
ဒီလိုနဲ့ ချောင်းတစ်ဖက်ကမ်းကို ရောက်ကြ တဲ့အခါမှာ မင်းသားလေးလည်း ကိုယ့်ခရီးကို ဆက်ရမှာမို့ ယုန်လေးကိုထားခဲ့ပြီး ရှေ့ဆက် ခရီးနှင်ဖို့ ပြင်တော့တာပေါ့
အဲဒီအချိန်မှာ ယုန်ကလေး ဟာ.မင်းသားလေးကို ပြောပါတယ်… အသင်လူသား အသင့်ရဲ့ကျေးဇူးကြောင့် ကျွန်ုပ် စိတ်ကူးများ လက်တွေ့ အကောင်ထည်ပေါ်လာခဲ့ပါတယ်
အသင့်ကိုကျေးဇူးဆပ်တဲ့အနေနဲ့နောင်အခါ .အသင်လူသား အရေးတကြီး အကူညီလိုအပ် တဲ့အချိန် စိတ်ထဲကနေ အကျွန်ုပ်ကို တလိုက်ပါ။
အကျွန်ုပ် မဆိုင်းမတွ အသင့်ရှေ့ကို ရောက်လာ ခဲ့ပါ့မယ်..အဲဒီလို ယုန်လေးက ကတိပေးပြီးနောက်
မင်းသားလေးကလည်း..ကောင်းလှပါပြီ .. အသင်ယုန်ကလေး ..လို့ ပြန်လည်ပြောဆိုကာ..
မှော်ပန်းသီးရှိရာ ဘီလူးတို့တိုင်းပြည်ကို ခရီးဆက်ထွက်လာခဲ့သတဲ့ကွယ်.


Blogger Gathering In Singapore


ကျနော် ရောက်သွားတဲ့ အချိန်မှာ တော်တော်လေးကို နောက်ကျလို့ နေပါပြီ။ ကိုယ်က စလုံးကို ရောက်တာ သိပ်မကြာသေးတာရယ်။ နေရာဒေသ တော်တော်များများကို ဘယ်လိုသွားရမလဲဆိုတာ မသိသေးတာ ရယ်ကြောင့် ဒီတွေ့ဆုံမှုမှာ ဘာအကူအညီမှကို မပေးလိုက်နိုင်ပါဘူး။ အဲဒီ့နေ့က ကျနော်က ကိုဇင်ကိုလတ်မောင်ပွတ်+ခြူသစ်၊ ကိုငယ်(မန္တလေး) တို့ရယ်အတူတူဆုံပြီး ကိုဇင်ကိုလတ်ရဲ့ကားနဲ့ထိုနေရာလေးကို ရောက်ရှိ ခဲ့ပါတယ်။ ရောက်ရောက်ခြင်းမှာပဲ မောင်ပွတ် လုပ်လာခဲ့တဲ့ ကျနော်တို့ MBS ရဲ့ လိုဂိုနဲ့ ဆောင်ပုဒ်လေးပါတဲ့ Sticker ကို ကျနော် လိုက်လံ ဝေငှပေးခဲ့ပြီး အားလုံးကလဲ ၀မ်းပန်းတစ်သာ နဲ့မိမိတို့ရဲ့ရင်ဘတ်ပေါ်မှာ ဆင်မြန်းထားခဲ့ကြပါတယ်။ ပွဲစပြီဆိုတာနဲ့ မမယ်လိုဒီမောင်မှ ပွဲကျင်းပရခြင်းရည်ရွယ်ကို အကျဉ်းချုံး ရှင်းပြခဲ့ပြီး ကျနော်တို့ရဲ့ သူငယ်ချင်း နေဘုန်းလတ် အတွက် ခေတ္တငြိမ်သက်ဆုတောင်းပေးကြပါတယ်။ ထို့နောက် တစ်ယောက်ချင်းစီ နာမည်အစဉ်အလိုက်ခေါ်ပြီး အသီးသီးမိတ်ဆက်တဲ့ အစီအစဉ်ကို ကျင်းပခဲ့ပြီး။ MMITPROS မှ ကိုဂျွန်မိုးကလည်း MC အဖြစ် ပါဝင်အားဖြည့်ကူညီခဲ့ပါတယ်။ ထို့နောက်မှာတော့ ကျနော်တို့ မှာယူထားခဲ့ကြတဲ့ BBQ များနဲ့ ဧည့်ခံခဲ့ကြပြီး နောက်ဆက်တွဲ အစီအစဉ်အဖြစ် Game Programmer အဖြစ်တာဝန်ယူဆောင်ရွက်တဲ့ ကိုဇင်ကိုလတ် ဦးဆောင်ပြီး ပျော်ရွင်ဖွယ်ရာသော ကစားနည်းများကို အားပါးတရ ကစားခဲ့ကြပါတယ်။ ကျနော်အတွက်တော့ တစ်သက်မမေ့နိုင်စရာတွေ့ဆုံမှု တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။ စလုံးမှာ ရောက်နေကြတဲ့ မြန်မာဘလော့ခ်ဂါများရဲ့ တွေ့ဆုံပွဲကို ကျနော်တို့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါပြီ။ နောက်နောင်များကိုလဲ ဒီလိုပဲ စည်းကားသိုက်မြိုက်သော ပွဲတွေကိုလဲ အတူတစ်ကွ ထပ်မံ ကျင်းပနိုင်လိမ့် ဦးမယ်လို့လဲ မျှော်လင့်မိပါတယ်။ ကျနော့် အနေနဲ့ကတော့ Blogger များသာမက အွန်လိုင်းပေါ်မှာ ရှိနေကြတဲ့ မြန်မာများရဲ့ တွေ့ဆုံပေါင်းစည်းမှုလို့ ထင်မြင်ယူဆမိပါတယ်။

၁) MrDBA
၂) မယ်လိုဒီမောင်
၃) မြတ်မင်းဟန်
၎) အိုအေစစ် မောင်ပွတ်
၅) ဇင်ကိုလတ်
၆) ကိုဇေယျာ
၇) မစ်သွန်းသွန်း
၈) သန့်ဇင်ဦး(မောင်သန့်ဇင်)
၉) Emotion of Mind
၁၀) ToMMyGiRL
၁၁) မဗေဒါ
၁၂) ကျော်ဇေယျ
၁၃) ၁၄) ကိုနေ + ၁
၁၅) မိုးကြယ်
၁၆) ဝေယံလင်း
၁၇) ရဲနိုင်စိုး
၁၈) StevenWang
၁၉) အိဝေဖြိုး
၂၀) ၂၁) ညီညီ (သံလွင်)+ စကားပန်း
၂၂) စိုးမင်းထိုက်(တောင်ပေါ်သား)
၂၃) စက်တင်ဘာဒရင်းမ်
၂၄) ပုလုကွေး
၂၅) happy cloud
၂၆) ကိုငယ်(မန္တလေး)






သီးလေးသီး Website

ပရိတ်သတ်များကို မိမိတို့ တတ်စွမ်းသည့် အနုပညာဖြင့် တစ်တပ်တစ်အား ပါဝင်ဖျော်ဖြေနေသော သီးလေးသီး Website ကို စတင် တင်ဆက်လိုက်ပါပြီ။ ရယ်မောခြင်းဖြင့် နိုင်ငံရေး အမောများ ပြေနိုင်ကြ ပါစေ။

Thee Lay Thee and Say Yaung Zon Burmese Traditional Performance Group

Headed by the comedian Zaganar the group consists of comedians who are Gawzilar, Sein Thee, Pan Thee, Kyae Thee, Zee Thee and Chaw Su Myo, Mya Zabai Ngone. They first performed at Myaw Zin Kyun, Yangon, Myanmar in November 2007 and have become well known in Myanmar and throughout the world for their brilliant, striking jokes and humour during their performance.

From now on the group will perform all over the world in countries that invite them. If you would like to enquire about booking Thee Lay Thee please use our Contact Us form......Click Here

You can find out more about the group members by visiting our Artists page. You can preview the work of theelaythee by visiting our media player on this page and check where to see them live on the "Upcoming Events" section on this page. You can also download some of their DVDs free on the downloads page.

If you would like to support Thee Lay Thee please donate using the PayPal button at the bottom of this page.

To contact us use our form ...click here








ဖြေရှင်းချက်

ကျွန်တော် ဒီကနေ့ ရက်စွဲနဲ့ DVB သတင်းဌာနမှာ ဖော်ပြထားတဲ့ ဘလောက်နည်းပညာဟော ပြောပွဲ အစိုးရက ပိတ်ပင် ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့ အချက်အလက်တွေကို ပြောချင်ပါတယ်။ အခုပြောတဲ့သတင်းကို ကျွန်တော့် သူငယ်ချင်း ပင့်ကူကနေ ကြားသိလာတာဖြစ်ပြီး ကိုဖိုးသူတော်ကို ပြောရာက ကျွန်တော်သိခဲ့တာဖြစ်ပါတယ်။ အဲဒီသတင်းကို ဖတ်ကြည့်တဲ့ အခါမှာ အချက်အလက်တွေ မှားယွင်းနေတဲ့ အပြင် ကျွန်တော်တို့ပွဲစီစဉ်သူတဦးဦးက ပြောကြားထားတဲ့ ပုံစံမျိုးလဲပေါက်နေတာတွေ့ရပါတယ်။

တကယ်တော့ ယခုနှစ်ပွဲကို ကျွန်တော်တို့နဲ့အတူ မြန်မာနိုင်ငံကွန်ပျုတာ ပညာရှင်အသင်းနဲ့ ပူးတွဲ တင်ဆက်ဖို့နဲ့ အသေအချာပြောရရင် အဲဒီအသင်းရဲ့ အောက်ကနေ ကျွန်တော်တို့ ပြုလုပ် ဖို့စီစဉ် ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ဘလောက်တွေကို အများက နိုင်ငံရေးအသုံးချပစ္စည်းတခု အဖြစ်ဘဲ မြင်နေတာရယ်၊ အများက ဘလောက်ဂါဆိုရင် ဒီလိုချည်းဘဲ ဆိုတဲ့ အမြင်တွေကို ခွာချ ပြီး အင်တာ နက်ပေါ်က နည်းပညာတွေနဲ့ ကျွန်တော်တို့ အတွေ့အကြုံတွေ ၊ အခွင့်အလမ်းတွေကို ပြောပြပေးချင် တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတော်အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းတခု ဖြစ်သလို ကျွန်တော်တို့ အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ မြန်မာနိုင်ငံ ကွန်ပျုတာ ပညာရှင်များအသင်း ကို အကူအညီ တောင်းခဲ့တာဖြစ်ပါတယ်။ အစဦးပိုင်းမှာ သဘောတူညီမှုတွေရခဲ့ ပေမယ့် နောက်ပိုင်းမှာ ကျွန်တော်တို့ ဟာ ကွန်ပျူတာ ပညာရှင်များမဟုတ်တဲ့အတွက် အခု ပွဲကို ဦးဆောင်ပေးဖို့ရာမဖြစ်နိုင်တော့တဲ့ အကြောင်း ပြောခဲ့တာကြောင့် အတူတူမလုပ်နိုင်တော့တာဖြစ်ပြီး။ သူတို့ ဦးဆောင်မှုမပါ ဘဲ ကျွန်တော်တို့ ကိုယ်တိုင် ဆက်လက် ပြုလုပ်နိုင်တဲ့ အကြောင်းလဲ သိရပါတယ်။ ဒါပေမယ့် နီးကပ်နေတဲ့ အချိန်၊ စီစဉ်စရာအများအပြားနဲ့ အခြားသော မလိုလားအပ်တဲ့ ပြသနာများ ပေါ်ပေါက်မှာ စိုးရိမ် တဲ့အတွက်ကြောင့် ဆက်မလုပ်ဖို့ရာ ကျွန်တော်တို့ပွဲစီစဉ်သူများက ဆုံးဖြတ်လိုက်တဲ့အတွက် မလုပ်ဖြစ်တော့တာလဲဖြစ်ပါတယ်။ လုံးလုံးလျားလျား ပိတ်ပင်တယ်ဆိုတဲ့ ဖိအားပေးမှုများ ကျွန်တော်တို့ အပေါ်ကို မကျရောက်ခဲ့ပါဘူး။ကျွန်တော်တို့ ရည်ရွယ်ချက်က ရိုးသားပါတယ်၊ သူတပါး အသုံးချခံမဖြစ်ချင်ပါဘူုး။

ပြုလုပ်မဲ့နေရာကလဲ မြန်မာအင်ဖိုတက် အဆောက်အဦးသာဖြစ်ပြီး မနှစ်ကပွဲမှာလဲ အားပေးလေ့လာသူ ၀၀ ကျော် တက်ရောက်ခဲ့တဲ့ အောင်မြင်တဲ့ ပွဲတခုဖြစ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့ ပွဲနဲ့အခုပွဲရဲ့ အဓိက ဦးတည်ချက်ကတော့ ကျွန်တော်တို့အနေနဲ့ မြန်မာလူငယ်လူကြီးမရွေး လက်တကမ်းက နည်းပညာနဲ့ ဗဟုသုတတွေ အခွင့်အလမ်းတွေ တိုးပွားစေချင်တာဘဲဖြစ်ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ အခုလို မည်သည့်သတင်းဌာနကိုမှ ဆက်သွယ်ပြောဆိုခြင်းများမရှိသလို သတင်းရေးတဲ့သူတွေကလဲ ကာယကံရှင်တွေ ရဲ့ ပြောစကားမဟုတ်တဲ့ ကိုးကားသတင်းတွေကို ထင်ယောင် ထင်မှားဖြစ်အောင် တစိတ် ကို တအိတ်လုပ်ပြီး ပြောဆိုရေးသား ဖော်ပြတာတွေကို ဆက်မလုပ်စေချင်ပါဘူး။

စာဖတ်သူအနေနဲ့ အခုပေးထားတဲ့ သတင်းကိုဖတ်ပြီး ချင့်ချိန်နိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ကိုဇော်ဇော့် ဘလော့ခ်မှ တဆင့် ကူးယူဖော်ပြပါတယ်။ အမှန်ကို အမှန်အတိုင်းသိစေချင်တဲ့ စေတနာရယ် မီဒီယာ လုပ်ငန်းကြီး တစ်ခု လုပ်နေပြီးတော့ သေချာမှု မရှိတာရယ်ကို ရင်ထဲမှာ အစာမကြေတဲ့အတွက်ကြောင့် ကျနော့် ဘလော့ခ်မှာ တဆင့် ပြန်လည် ဝေမျှပေးခြင်းဖြစ်ပါတယ်။


လွယ်ကူလေ့လာ Web Design ပညာ(၁)

ကဲ လာပါပြီဗျာ၊ လာပြီဆိုလို့ ထွက်မပြေးသွားကြနဲ့ဦးဗျ၊ အဟိ မိုးပေါ်ထောင်ပစ်လိုက်တာပါ ရေချိုးမလို့လဲ မဟုတ်ပါဘူး :P ။ အခုတစ်လော အလုပ်တွေကို တစ်ခုပြီး တစ်ခုလိုက်ရှာနေရလွန်းလို့ တစ်နေ့မှကို အားချိန် မရပါဘူးဗျာ။ အလုပ်တွေသာ တစ်ခုပြီးတစ်ခု လိုက်ရှာနေရတာ။ ကျနော်က လိုက် သူတို့က ပြေးနဲ့ မောလိုက်တာ ဗျာ။ ပြောကို မပြောချင်တော့ပါဘူး။

ထားလိုက်ပါတော့ ကိုယ့်အကြောင်းကို ဘလော့ခ်ပေါ်မှာ သက်သာလို သက်သာငြား ရင်ဖွင့်မိပါတယ်ဗျာ ဝေဖန်ရေး ဆရာတွေရဲ့ လက်စ လက်န ကိုလည်း ကြောက်ရသေးသဗျ။ မဖြစ်သေးပါဘူး တင်ထားတဲ့ ခေါင်းစဉ်လေး ဆက်ဦးမှ ရောက်တတ်ရာရာလည်း တတ်လွန်းလို့တော့ မဟုတ်ပါဘူး အနှစ်နှစ် အလလ က တွေ့ကြုံ ခဲ့ရတဲ့ အတွေ့အကြုံတွေ ကို တင်ချင်တာ အဓိကဖြစ်တာရယ်။ ကိုယ့်ဘလော့ခ်ကို လာဖတ်တဲ့ စာဖတ်သူများ အကျိုး တစ်စုံ တစ်ခု ရသွား စေချင်တာရယ်ကြောင့် ဒီပို့စ်ကို ရေးခြင်းဖြစ်ပါတယ်။


Web နှင့်ပတ်သက်သည့် သမိုင်းအကျဉ်း
၁၉၈၉ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာရှိတဲ့ ခပ်ငယ်ငယ် ရူပဗေဒ ဓါတ်ခွဲခန်းဌာန (CERN) တစ်ခုမှ web ကို မွေးဖွားပေးလိုက်ခြင်းဖြစ်ပါတယ်။ ကွန်ရက်ကြီးတစ်ခု ပေါ်တွင် document များကို သက်ဆိုင်ရာ ချိတ်ဆက်မှု Link များနှင့် အတူ "Hypertext" Process ကို အသုံးပြု၍ information management system တစ်ခုကို ကွန်ပျူတာ သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ Tim Berners-lee က ပထမဦးဆုံး ဆွေးနွေးတင်ပြခဲ့ပါတယ်။ ၄င်းနှင့် အတူ Robert Cailliau ကလည်း web ၏ မူလပုံကြမ်းကို အကောင်အထည်ဖော်ကာ တင်ပြပေးခဲ့ပါတယ်။ အများ၏လက်ခံဆောင်ရွက်မှုနှင့် အတူ ဖြစ်ပေါ်လာသော web ၏အစပိုင်း မှသည် နှစ်အတော်ကြာသည်အထိ web page များမှာ text ဖြင့်သာ ဖန်တီးခဲ့ကြပါတယ်။ ၁၉၉၂ နောက်ပိုင်းတွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ရေတွက်မယ် ဆိုရင်တော့ web server ၅၀ ခန့်သာ ရှိခဲ့ပါတယ်။ web အရှိန်အ၀ါ ကြီးထွားလာမှုသည်လည်း ၁၉၉၂ ခုနှစ် နောက်ပိုင်းမှ စတင်ခဲ့တယ်လို့ သိရှိရပါတယ်။ အကြောင်းရင်းကတော့ ၄င်း ခုနှစ်တွင်ပင် ပထမဦး ဆုံး Graphical browser (NCSA Mosaic) ကို စတင် မိတ်ဆက်လာခဲ့သောကြောင့်ဖြစ်သည်။ ထိုအချိန်မှ စ၍ သုတေသန လုပ်ငန်း အသိုင်းအ၀ိုင်းမှ ပြင်ပသို့ ထုထည်ကြီးမားစွာ ဆက်သွယ်မှုများ ရှိလာစေနိုင်သော Mass media အဖြစ်သို့ ရောက်ရှိသွားခဲ့ပါတော့တယ်။ web ဖွံ့ဖြိုးတိုးတက်မှု ကိစ္စ အ၀၀ ကို Massachusetts Institute of Technology (MIT) ရှိ အပျော်တမ်း ဆောင်ရွက်သော အဖွဲ့အစည်း တစ်ခုမှ World Wide Web Consortium (W3C) အမည်ဖြင့် ဆောင်းရွက်ပေးခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒီမှာ ထပ်မံလေ့လာလို့ ရပါတယ်။

ဆက်ရန်.................................

BlogDay Announcment: A new platform from BlogDay creators


A borderless newsroom powered by the global

iamnews will connect you with reporters from around the world to collaborate in the creation of news. iamnews is a global open newsroom powered by you. With iamnews anyone can assign news tasks. Everyone can participate.


blogsphere


post from here

Are you a blogger? Are you ready to be part of something big? Do you want to leave a mark on the face of the earth? CELEBRATE THE 4th BlogDay ON AUGUS

What is BlogDay?

BlogDay was created with the belief that bloggers should have one day dedicated to getting to know other bloggers from other countries and areas of interest. On that day Bloggers will recommend other blogs to their blog visitors.
With the goal in mind, on this day every blogger will post a recommendation of 5 new blogs. This way, all blog readers will find themselves leaping around and discovering new, previously unknown blogs.

What will happen on BlogDay?

one long moment on August 31st, bloggers from all over the world will post recommendations of 5 new Blogs, preferably Blogs that are different from their own culture, point of view and attitude. On this day, blog readers will find themselves leaping around and discovering new, unknown Blogs, celebrating the discovery of new people and new bloggers.

BlogDay posting instructions:

  1. Find 5 new Blogs that you find interesting
  2. Notify the 5 bloggers that you are recommending them as part of BlogDay 2008
  3. Write a short description of the Blogs and place a link to the recommended Blogs
  4. Post the BlogDay Post (on August 31st) and
  5. Add the BlogDay tag using this link:
    http://technorati.com/tag/BlogDay2008 and a link to the BlogDay web site at
  6. http://www.blogday.org

Celebrate!


post from here



စလုံးရေ...စ

စလုံးဆိုတာ ဘာကြီးလဲ လို့ အထူးအဆန်းဖြစ်ပြီးလာကြည့်တာ စလုံးရေတော့ စလိုက်ပါပြီဗျာ။ ဘာမှလဲ မထူးဆန်းဘူး အိမ်လခဏတွေ သောက်သောက်လဲ ဈေးကြီးတာပဲ သိတယ်။ ဟိုဒီနေရာလေးများ မသွားလိုက်နဲ့ MRT ခ ကလည်း သိကြားဖင် တက်ဆောင့်နိုင်တဲ့ဈေးနဲ့။ ဒါနဲ့တောင် ကိုရွှေမြန်မာများ လာလိုက်ကြတာ ဆိုတာ တို့ရွှေနိုင်ငံတော်ကြီးက ပိုချမ်းသာလို့ဖြစ်မှာပဲ။ singaporeen ခင်ဗျားတို့ ချမ်းသာတယ် ဆိုတာ တို့ရွှေမြန်မာ ဟိုသီချင်း အညီး မပျက်ဘူး (ပျင်းသေတယ် ပျင်းသေးတယ် ပျင်းတောင်ပျင်းသေးတယ် :P)၊ ခင်ဗျားတို့ ဆီကို ကျုပ်တို့ မြန်မာတွေ အခေါက်ခေါက် အခါခါ လာလို့ရတယ်၊ ခင်ဗျားတို့ ဆီကနေမှ တစ်ဆင့် ဟိုး အနောက်ကမ္ဘာ ကိုတောင်မှ ထွက်သွားလိုက်သေးတယ်။ ခင်ဗျားတို့ ကျုပ်တို့ဆီကို အဲဒီ့လို အကြိမ်ကြိမ်အခါခါ လာလို့ရလို့လား။ ကျုပ်တော့ မထင်ပေါင်ဗျာ ခင်ဗျားတို့တွေ ကျုပ်တို့နိုင်ငံဝင်ဖို့ ဗီဇာလျှောက်ရတာနဲ့တင် လက်လန်သွားမယ် ဘာမှတ်တုန်း ဟတ် ဟတ်။

ဟိုဒီနေရာ သွားချင်လို့ သူငယ်ချင်းတွေ အားကိုးလို့လဲ မရပါဘူးဗျာ။ သူတို့ အလုပ်တွေနဲ့ သူတို့ ရှုပ်နေတာ ကိုယ်လဲ အကူအညီတောင်းရမှာ အားနာတာနဲ့ Public Transport Map လေးကို S$ 6 ကျပ်နဲ့ ၀ယ်လိုက်ပြီး။ မြေပုံကို အဖော်ပြုလို့ ဟိုဒီလျှောက်နေလိုက်တယ်။ ဟိုတစ်နေ့ကတော့ ကိုဇင်ကိုလတ် တို့နဲ့တွေ့လို့ ဒူးရင်းသီး သွားပြီး လေပန်းလိုက်သေးတယ်ဗျ။ အလုပ်ကတော့ ဘယ်ဆီနေမှန်း မသိသေးပါဘူး။ အွန်းလိုင်း အလုပ်တွေ တော့ ဖတ်ဖတ်မောအောင် လိုက်လျှောက်ထားတာပဲ၊ အိမ်မှာနေပြီး Laptop တစ်လုံးနဲ့ အချိန်ပြည့်အွန်လိုင်းမှာ ရှိနေမှာတော့ အမှန်ပဲ။ ငါးသေတ္တာ သုံးဘူး၊ ကြက်အူချောင်း သုံးထုပ်၊ ကြက်ဥဆယ်လုံး၊ နွားနို့ တစ်ဘူးကို အဖော် လုပ်လို့ ဒီရက်ပိုင်းအတွင်း အိမ်ကပ်လို့ နေလိုက်ဦးမယ်။ အွန်လိုင်းပေါ် အမြဲလိုလိုသာ ရောက်နေတယ် Blogger ရဲ့ Dashboard Style ပြောင်းသွားတာတောင် မသိလိုက်ဘူး။ ဟိုဒီသွားရင်း ဖုန်းကင်မရလေးနဲ့ လက်တည့် စမ်းလာတာလေးတွေကို တင်ပေးလိုက်တယ်ဗျ။ ပုံတွေက သိပ်တော့ ကောင်းမှာ မဟုတ်ဘူး သည်းခံပြီးသာ ကြည့်ကြတော့ဗျာ။ ကျနော်ရောက်ရောက်ချင်း လာကြိုပေးတဲ့အပြင် အိမ်ငှားနေရာချထားပေးတဲ့ ကိုဝေယံလင်း၊ ဇေယျာလင်း၊ ပင်နီဆူလာ ပလာဇာမှာ လာတွေ့ပြီး ထမင်းကျွေးတဲ့ ကိုဇင်ကိုလတ်နဲ့ မမီ၊ ရောက်ပြီး သုံးရက်အကြာမှာ ညစာ ခေါ်ကျွေးတဲ့ ကဒေါင်းညင်သာ တို့အား ကျေးဇူး တင်ရှိပါတယ်။ တိုလီမုတ်စ တစ်ကောင်ကိုတော့ အခုထိ မတွေ့သေးပါဘူး တစ်ရက်နှစ်ရက်နေလို့မှ မတွေ့ရင်တော့ ကျနော်ရဲစခန်း တိုင်ရလိမ့်မယ် ထင်ပါတယ် လူပျောက်မှုနဲ့ :P ၊ ကိုသန့်ဇင်အောင် နဲ့ကတော့ တွေ့ဖို့ ဆုံဖို့ ချိန်းတုန်း ရှိပါသေးတယ်။ အခြားကျန်တဲ့သူများနဲ့ တွေ့ဆုံဖို့အတွက်ကတော့ စနေ၊ တနင်္ဂနွေအထိ စောင့်လိုက်ဦးမယ်ဗျာ။


(ဒါက Henderson Waves တံတားပေါ်က ရိုက်ထားတဲ့ပုံ)

(ဒါက ဒူးရင်းသီးပေါ်ကနေ (Esplanade) ရိုက်ထားတာ)

(ဘယ်သူလဲ သိဘူး...:P)

(သိကြလား အဲဒီ့ နှစ်ယောက်ကို အကျော်အမော် တွေပဲလေ Blog ကိုပြောတာနော်၊)

(ဒါကတော့ eunos မှာ ရှိတဲ့ ဘုန်းကြီးကျောင်း ဘုရားခန်း)

(ဒါကတော့ ကျနော်တိုနဲ့ Blogger Dashboard ပြောင်းသွားတဲ့ပုံ)


ရောက်တတ်ရာရာရဲ့ စင်္ကာပူ ခရီး


မလေးမှာ အခြေအနေ မကောင်းလို့ စလုံးကို ရောက်နေတယ်။ စလုံးရောက်ရောက်ချင်း ဆောက်နဲ့ အထွင်းခံ ရတာကတော့ အိမ်လခပါပဲ။ ဟိုလူ ဒီလူနဲ့လဲ ကပ်နေလို့ ရတာမှ မဟုတ်တာ။ သူတို့တွေကလည်း သူတို့ အကြောင်းနဲ့ သူတို့ချည်းပဲလေ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို ပါလာတဲ့ ပိုက်ပိုက်လေးကို ခြစ်ကုတ် စစ်ထုတ် ပြီး၊ မဖြစ်ညစ်ကျယ် အခန်းကို ဖျစ်ဖျစ်မည်အောင် ငှားလိုက်ရတယ်၊ တစ်ကယ်ပါ စလုံးက စားရိတ်လောက်နဲ့မလေးမှာ ဆိုရင် အိမ်တစ်လုံးလုံးကို ပါးရိုက်ပြီး ငှားလို့ရတယ်၊ အခုတော့ဗျာ ဘုရားစူး မိုးကြိုးပစ် နေစရာပါ၊ တစ်ခန်းမှာ သုံးယောက်နေရတယ်။ ဒါတောင်အရင်ရောက်တဲ့ လူတွေက ပြောကြသေး တယ် ဒီထက်ဆိုးတဲ့နေရာတွေ ရှိသေးတယ်တဲ့၊ နှစ်ထပ်ကုတင်နဲ့ အိပ်ရတာတဲ့ တစ်ခန်းတည်းကို ခြောက်ယောက်လောက် ထည့်ထားတာတဲ့ဗျ။ ကျနော် ဘယ်လောက်ပေးရတယ်ထင်တုန်း စလုံး ၃၀၀ဗျ၊ စလုံးငွေက ဗမာငွေနဲ့ဆို ရှစ်ရာကျော်ကျော်မှာ ရှိတယ် အမလေး အဘလေး မတယုံတစ်မယ်ပါပဲ။ အင်တာနက် သုံးလို့ ရတယ်၊ ရေစုံ၊မီးစုံ။ ဒါပေမယ့် အိမ်ရှင်ရဲ့ စည်းကမ်း ဥပဒေသတွေက များပြား လိုက်တာ ဆိုတာ..အိမ်သာတက် မျက်နှာတည့်တည့်မှာ စည်းမျဉ်းစည်းကမ်း တွေကို E လို ရော ဗမာလိုရော ရေးထားတယ်။ စည်းမျဉ်းဖတ်ပြီး တက်ရတဲ့ အိမ်သာ ဆိုတော့ အင်း.... တစ်မျိုးကောင်းပါတယ်လေ။ ထမင်းစား လဲ ထိုနည်းလည်းကောင်း၊ ကိုယ့်အခန်းနဲ့ကိုနေတာတောင်မှ အိမ်ထဲမှာ ဆေးလိပ် မသောက်ရဘူးတဲ့ ရောက်တတ်ရာရာက ဆေးလိပ် ဂျိုး ဆိုတော့ သွားပြီပေါ့။ ညည ဘက်ဆိုရင်လဲ မအိပ်နိုင်ပါဘူးဗျာ... အွန်လိုင်းက တွေ့တဲ့ အလုပ်တွေ လိုက်လျှောက် နေရတာဆိုတော့ နေ့အိပ်၊ ည အလုပ်လုပ်ဖြစ်နေတယ်။ အခုလောလောဆယ် အထိတော့ အလုပ်မရသေးဘူးဗျ။ အလုပ်ရရင်တော့ ဘယ်လို နေဦးမလဲ မသိသေးဘူး။ အလုပ်က မရလို့ မဖြစ်ဘူး နေစားရိတ်က အရမ်းကြီးတာကိုး။ အခုတော့ ဖုန်းကင်မရာလေးနဲ့ လက်တည့် စမ်းထားတာလေးတွေ တင်ပေးလိုက်တယ်။ နောက်များမှ တော်တော်လည်သွားရင် ဒီထက်ကောင်းတာလေး တွေလာမယ်နော်..စိတ်ချ။

Come join me on Myanmar Blogger Society...

Myanmar Blogger Society
The Prominent Online Society of Myanmar Blogger
Kyaw Zay Ya 18 friends
Kyaw Zay Ya has invited you to join Myanmar Blogger Society
Myanmar Blogger Society was founded in 2007 and it was the image of the co-operation of all Myanmar Bloggers.
hello all join to myanmar blogger society

Check out Myanmar Blogger Society:
http://myanmarbloggersociety.ning.com/?xgi=b6NLQ61
Members already on Myanmar Blogger Society
granfarz
granfarz
dR.cARBOn
dR.cARBOn
Htoo Tay Zar
Htoo Tay Zar
နေလင်း
နေလင်း
ye myat thu
ye myat thu
To control which emails you receive on Myanmar Blogger Society, go to: http://myanmarbloggersociety.ning.com/profiles/profile/emailSettings

"ခံတွင်းပျက်တဲ့ကြောင်"

ံခံတွင်းပျက်တဲ့ကြောင်
အရောင်ကကြောင်တောင်တောင်နဲ့
အမြီးကလည်းထောင်ချင်သေး
အဆီကိုစားသလိုလို
အသားကိုသူမြိုသွား
သဲများသာ ကျန်ခဲ့ပေါ့ကွယ်။

လောကကြီးမှာလဲ
ထိုနည်းလည်းကောင်း
လူတွေခံတွင်းပျက်ကြ
ဒါပေမယ့်လည်း
အမြီးကတော့ ထောင်မြဲ
မလုပ်သင့်တာတွေလုပ်
လုပ်သင့်တာတွေ မလုပ်
အမြီးအမောက်မတည့်တော့
တောင်ရောက်မြောက်ရောက်
ခံရသူသာရင်မှာနင့်မြဲမို့
တရားနဲ့သာဖြေ ။....။



သွားဖြစ်ခဲ့တုန်းက.....


နာဂစ်မုန်တိုင်းကြောင့် ကျနော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားများ တော်တော် ဒုက္ခရောက်ကြရပါတယ်။ နာဂစ်ဒါဏ် မခံရတဲ့ နေရာတွေကလည်း ကုန်ဈေးနှုန်းဒါဏ်တော့ ခံကြရပါတယ်။ ကျနော်တို့ သွားဖြစ်တဲ့ နေရာလေး ကတော့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ထဲက (၁၂၅)ရပ်ကွက်ဖြစ်ပါတယ်။ ထိုနေရာသည် မည်သည့် လှူဒါန်း မှုမျိုးမှ မလာ ရောက်ခဲ့ကြဘူးလို့ သိရှိရပါတယ်။ သွားခဲ့တာတော့ ကြာပါပြီ အခုမှ ဓါတ်ပုံလေးတွေကို ပြန်တွေ့လို့ အမှတ်တရ အနေနဲ့ ပြန်တင်ရခြင်းဖြစ်ပါတယ်။


ပြန်လာခဲ့ပါ့မည်.....

အတွေးတွေက ရောက်ရက်ခတ်၊ အလုပ်တွေက ဖိစီး၊ ရောဂါ ဝေဒနာကလည်း ခံစားနေရပြန်ဆိုတော့ ဘလော့ဂ် ကိုတောင် ရက်ရက်စက်စက် ပစ်ထားမိတဲ့ အထိဖြစ်သွားတယ်။ ဘလော့ဂ်ပေါ်ရောက်ပြန်ပြီဆိုတော့ လည်း ခံစားချက်တွေကို ရေးလိုက်ရတော့ အနည်းငယ် သက်သာသွားတယ်။ အရေးထဲ အရာပေါ် ပိုက်ဆံအိတ်က ပျောက်သွားပြန်တယ်။ ပိုက်ဆံက ပြန်ရှာလို့ ရပေမယ့် သူငယ်ချင်း မိတ်ဆွေတွေရဲ့ လိပ်စာတွေ၊ ဖုန်းနံပါတ်တွေနဲ့ မှတ်ပုံတင်က ပြန်ရှာလို့ မှ မရနိုင်တာ။ မှတ်ပုံတင်ပြန်လုပ်တော့လဲ အမျိုးမျိုးသော ရစ်နည်းပေါင်းစုံနဲ့ ရစ်သိုင်း ခံလိုက်ရတော့ စိတ်ကို တော်တော်လေးထွေသွားတယ်ဗျာ။ ဘာပဲ ဖြစ်ဖြစ်ပါ ကျနော် ပြန်လာခဲ့ပါ့မယ်။ တစ်နေ့နေ့ သော အချိန်အခါမှာ ကျနော့် ဘလော့ဂ်မှာပို့စ်တွေ ဝေေ၀ ဆာဆာပွင့်ဖူး စေရပါ့မယ် လို့ ကျနော် ကတိပေးပါတယ်......အခုတော့....အခုတော့ပေါ့ဗျာ......


အကူအညီများ လိုအပ်လျှက် ရှိနေသေးခြင်း

အခုလေးတင် တွံ့တေးမြို့က ပြန်လာပါတယ်။ မုန်တိုင်းသင့်ပြည်သူများ အခြေအနေနှင့်လိုအပ်ချက်များအား သွားရောက် ဒေတာကောက်ယူခြင်းဖြစ်ပါတယ်။ ပထမဆုံး တွံ့တေးတံတားမရောက်ခင် ပန်းလှိုင်တံတားမှ မိနစ် ၂၀ လောက်ဆင်းအပြီးမှာ လမ်းဘေးတစ်လျှောက် လယ်တောတ၀ိုက်တွင်ရှိသော ရွာများ အခြေအနေဆိုးဝါးလျှက်ရှိနေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာမလုပ်ပေးနိုင်သေးသော အနေအထားမှာရှိပါတယ်။ လမ်းသွားလမ်းလာများ၊ ကယ်ဆယ်ရေးသွားသောအဖွဲ့များမှ အစားအသောက်များပြစ်ချလေ့ ရှိဟန်တူသောကြောင့် လမ်းဘေးဝဲယာတစ်လျှောက် နေပူမရှောင် မိုးရွာမရှောင် တောင်းရမ်းနေပုံကို မြင်ရတာလည်း တစ်စက်မှ စိတ်ချမ်းသာစရာမကောင်းပါဘူး။

နောက်ပြီးတော့ တွံ့တေးမြို့ မရောက်ခင် ကံဘဲ့ကျေးရွာ မှာလည်း အိမ်ခြေ ၉၀% လောက်လုံးဝနေလို့မရတော့တဲ့ အနေအထားမှာရှိပါတယ်။ မြို့ထဲ အ၀င်မှာတော့ တရုတ်မှ လှူဒါန်းထားသော Tent ပေါင်း ၂၁ လုံးဖြင့် မုန်တိုင်းသင့်ပြည်သူများကိုထားထားပါတယ်။ ဟိုမှ ဒီမှ လာရောက်စစ်ဆေးသောအခါ ပြထားချင်ပုံရပါတယ်။ Tent ပေါင်း ၂၁ လုံးတည်းဖြင့် တွံ့တေး မြို့နယ်တစ်ဝိုက်များ ဒုက္ခသည်များအားလုံးဆံ့ရင်တော့ ကောင်းတာပေါ့။ ဟတ်ဟတ်။

တွံ့တေးမြို့ထဲရောက်တော့ ကျနော်တို့ရန်ကုန်ဘက်လို သစ်ရွက်၊ သစ်ကိုင်း ပုံကြီးတွေ မရှိတော့သော်လည်း ဓာတ်တိုင်များကိုတော့ လုံးဝ လာရောက် ပြင်ဆင်ခြင်းမရှိသေးပါဘူး။ ဒါနဲ့ကျနော်တို့တွေလည်း ယို့ယွင်းပျက်စီးနေသော ရွှေစာရံစေတီတော်ကြီး ကိုတစ်ပတ်လှည့်ကြည့်၊ ထို့နောက် မြို့ထဲဘက်လိုမဟုတ်... ကူညီမည့်အဖွဲ့များ မရှိသော ရန်ကင်း၊ တန်းလျှားလေး ကျေးရွာများဘက်ကိုရောက်ခဲ့ပါတယ်။

ကျနော်တို့ ဒီနေ့ကတော့ ဒေတာသွားကောက်ပြီး အခြေအနေသွားကြည့်ကာ သောကြာနေ့လောက်ကို တွံ့တေး ကော့မှူးဘက်ကို ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် သွားရောက်ကြဦးမည်ဖြစ်သောကြောင့် လိုက်ပါလိုသူများ လှူဒါန်းလိုသူများ ဆက်သွယ်မယ်ဆိုရင် အတိုင်းထက်အလွန်ပါပဲ။


ရောက်တတ်ရာရာလေးများ (၄၃)

ပြန်ရောက်ပါပြီ မြန်မာပြည်ပေါ့ ခင်ဗျာ...။ အကြောင်းကြောင်းတွေကြောင့် အမိမြန်မာနိုင်ငံတော်ကြီးကို ခေတ္တခဏ အလည်ပြန် လာခွင့်ရရှိခဲ့ပါတယ်။ သူများ နိုင်ငံမှာ ကျွန်ခံပြီး အလုပ်လုပ်၊ ကိုယ့်ပြည်ပြန်လာ ပါလာသမျှလေး ကို ခြစ်ခြစ်ကုတ်ကုတ်နဲ့ သုံးနေရတယ်။ အစစအရာရာ ကုန်ဈေးနှုန်းတွေကလည်း ကြီးလိုက်တာဆိုတာ၊ မလေးရှားနဲ့ နင်လား ငါလားပဲ။ ကိုယ်က သူများတွေသုံးသလို လိုက်သုံးနေလို့ မဖြစ်ဘူးလေ။ အလုပ်အကိုင်မှ မရှိဘဲ။ မလေးမှာဆိုရင်တော့ လကုန်ရင် လခထုတ်ပြီး သုံးလို့ရသေးတယ်။ ဒီမှာကတော့ တစ်လလုံးလုံး ထိုင်စားပဲ။ ခြေလဲ သိပ်မများရဲဘူးဗျ။ တော်ကြာ "ပါလာတာ လေးလည်းကုန်" "ပါလာတာလေးလည်းကုန်" ဖြစ်သွားဦးမယ်။ ကိုယ့်ပြန်လာတဲ့ အချိန်ကလည်း တစ်ကယ့် အချိန်ကောင်းတွေချည်းပဲ အခုလဲ ရက်မြတ်သင်္ကြန်အခါတော်နဲ့ သွားကြုံပြန်ပြီ။ ကုန်ရဦးတော့မှာပေါ့။ သူငယ်ချင်းတွေဆိုတာကလည်း အရင်တုန်းက မိတ်ဟောင်းဆွေဟောင်းတွေ မရှိတော့ဘူး။ Blogger သူငယ်ချင်းတွေလောက်ပဲ ရှိတော့တာ။ သူတို့ ကလည်း တစ်ကယ့် သူဌေးတွေချည်းပဲ၊ ဘာမှ မဟုတ်ပဲနဲ့ကို သုံးနေစား နေလိုက်တာ ဆိုတာ၊ ကျနော် သူတို့လို လိုက်မသုံးရဲဘူးခင်ဗျ။ ဒါကြောင့် "ဘလာဂေါက် သန်းကြွယ် သူဌေးလော" လို့ သူတို့ကိုယ် သူတို့ ရည်ညွှန်းတဲ့ ပို့စ်လေး ပေါ်လာတာလား မသိဘူး။ အဟတ် ဖတ်ကြည့်လိုက်ပါဦး တစ်ကယ်ပါဗျာ သူတို့ အပိုရေးတာ မဟုတ်ပါဘူး။ ကျနော့်ရှေ့မှာတင် သုံးလိုက်တာ ဆိုတာ။ တစ်ကယ့် သန်းကြွယ် သူဌေး တွေလား အောက်မေ့ရတယ်။ တစ်ထောင်တန် ငွေစက္ကူကို ဟော တစ်ရွက်၊ ဟောတစ်ရွက်နဲ့အမလေးလေး တစ်ကယ့်ကိုမှ တစ်ကယ့်ကို ပါဘဲဗျာ။ တော်ဘီဗျာ...ဒီပုံ အတိုင်းကို သင်္ကြန်တွင်းမှာ ဘုန်းကြီးသွားဝတ်ရင် ၀တ်၊ မ၀တ်ရင် တရားစခန်း လေးသွားဝင်နေတာမှ အကုန်အကျသက်သာဦးမယ်။ သွားလိုက်ဦးမယ်ဗျို့ ...။ သင်္ကြန်ခါတော် ရက်မြတ်မှာ ဘာပဲ လုပ်ဖြစ်လုပ်ဖြစ် ပို့စ်တစ်ပို့အနေနဲ့ ရေးတင်ဦးမှာပါ...။


အလိုရှိသည်.......

အလိုရှိသည် ဆိုလို့ လန့်မသွားကြနဲ့ဦး။ ကိုတက်စ်လာ တို့လို မြန်မာပြည်မှာ လုပ်ချင်ရာ လုပ်ပြီး စလုံးကို ထွက်ပြေး သွားတဲ့ လူတွေ အတွက်တော့ လန့်ချင် လန့်ကြပေါ့။ (အဟိ ကြုံတုန်းလေး ဖွထားဦးမှ ဒါမှ သူ့လေဒီ ဒီပို့စ်ကို ဖတ်မိ ရင် နောင်ဂျိမ် ချကြမှာ၊:p)

အလုပ်တွေ တော်တော်ရှုပ်နေပါတယ်ဗျ။ အမှန်တစ်ကယ်ပြောတာပါ ဘလော့ခ် ပို့ မတင်နိုင်လို့ အမြဲသုံးနေကြ လက်သုံးစကားတော့ မဟုတ်ပါဘူး ခင်ဗျ။ ပေါက်ကရ ရှယ်ဆယ် (ဘလော့ခ်ဂါ မဟုတ်ပါ) Department ရဲ့ လက်ထောက် မန်နေဂျာ ပေါက်စလေး ဆိုတော့ အင်မတန်မှ အလုပ်များတာကလား။ ကြွားပြောတာ မဟုတ်ဘူး တစ်ကယ်ပြောတာ။

တစ်ကယ့် ပေါက်ကရ၈၀ Department ဗျ။ အရင်တုန်းကတော့ Receiving store မှာ ကိုယ့်အလုပ်ကလေး လုပ်လိုက် အချိန်ရရင် အင်တာနက်ပေါ်တက် ဘလော့ခ်တွေ လိုက်ဖက် ဝေဖန်လိုက် လေကန်လိုက်နဲ့ တော်တော် လေးကို ဟုတ်နေတာ။ ဒီလို ဝေဖန် လေကန်တာကို ကိုယ်ကိုတိုင်ကပဲ သဘောကျလို့လား မသိပါဘူး အလုပ်ကိုတောင် ကိုယ့်ရဲ့ ဘလော့ခ် လောက် တန်ဖိုးမထားဘူးဗျ။


ထားလိုက်ပါ ရေးရင်းရေးရင်းနဲ့ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ခေါင်းစဉ်ကိုပဲ ပြန်ဆက်လိုက်ရအောင်။ ကျနော် မြန်မာပြည်ကို အခုလမှာ တစ်ခေါက် ထပ်ပြန် ရဦးမယ်ခင်ဗျ။ (ကြွေးရှင်တွေ ၀မ်းသာကြပေရော့၊ :P) ဘာဖြစ်လို့ ပြန်ရတာလဲ ဆိုရင်တော့ ပြန်ချင်လို့ ပြန်တာ တော့မဟုတ်ပါဘူး။ မပြန်မဖြစ် အနေအထားမို့လို့၊ ရှင်းအောင်ပြောရရင်တော့ ကျနော့် အလုပ်လုပ်ခွင့် ပါမစ် က အလည် ဗီဇာနဲ့ ၀င်ရောက်လာသူတွေကို မပေးတဲ့ အတွက် company calling နဲ့ ပြန်လာရမှာ အဲဒီ့အတွက်ကြောင့် မြန်မာပြည်ကို ခဏပြန်ပြီး တစ်လလောက်နေ ရင် မလေးရှားကို ပြန်လာပြီး အလုပ်လုပ်ရမှာပါ။


အခုတစ်ခေါက်တော့ အထူးတာဝန် တစ်ရပ်နဲ့အတူ ပူးတွဲပြန်လာတယ်ဗျို့။ ကျနော်တို့ရဲ့ ဆိုင်မှာ အလုပ်လုပ် ချင်သူတွေကို ခေါ်လာပေးဖို့ သူဌေးက တာဝန်ပေးလိုက်တယ်။ ကဲ အများသိတော် မူကြတဲ့အတိုင်း အလုပ်လုပ် ခွင့်ရမယ် ဆိုလို ကျနော် ပွဲစားလုပ်နေခြင်းမဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်ကိုယ်တိုင်လဲ ဒီပွဲစား ဆိုတဲ့ အလုပ်ကို လုံးဝ(လုံးဝ) မလုပ်ချင်ပါ။ ကိုယ့်ထမင်းကိုယ်စားလို့ အေးဆေးသာ နေချင်ပါတယ်။ နားပူလဲ မခံလို၊ ခေါင်းလဲ မကိုက်လိုပါ။ ဒါပေမယ့် သူဌေးက တာဝန်ပေးတဲ့အတွက်ကြောင့်သာလျှင် ဒီတာဝန်ကို ယူရခြင်းဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ပိုက်ဆံ အတိုင်းအတာ(လေယာဉ်လက်မှတ်နဲ့ဗီဇာဖိုး) အတွက် သာလျှင် အလုပ်သမားဘက်က ကုန်ကျခံပြီး ကျနော်နဲ့အတူ သေချာ ရေရာတဲ့ နိုင်ငံခြားမှာ အလုပ်တစ်ခု ရဖို့ အတွက် ကျနော် တာဝန်ယူသွားပါ့မယ်။ ထမ်းဆောင်ရမယ့် တာဝန်များကတော့ အထွေထွေ အလုပ်သမား အဖြစ် မလေးရှားနိုင်ငံရဲ့ သတ်မှတ်ထားတဲ့ လစာနှုန်းထား များနဲ့ ခွင့်ခံစားခွင့်၊ အထူးခံစားခွင့်များကို ရရှိမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများအနေနဲ့ ကျနော့်မေးလ် ကို ဖြစ်ဖြစ်။ ကျနော့် ဘလော့ခ်ရဲ့ စီဘောက်မှာ ဖြစ်ဖြစ် မှတ်ချက်ရေးသား သွားနိုင်ကြပါတယ်။


Receive calls and post voicemail with your blog

With GrandCentral, a free service from Google, you can receive phone calls and post voicemails right on your blog. Though GrandCentral is currently in a private beta test, bloggers can skip the wait and get a free account immediately. Sign up now



You can screen calls, either accepting them or sending them to voicemail, and you can even block unwanted callers altogether. Learn how to add a WebCall button to your blog, and try it out for yourself below:


"ထူးမြတ်သည့် တပေါင်းလ"

တပေါင်း လသာ၊ လ တကာထက်

နှိုင်းရာဖက်ရှောင်၊ လများနောင်ကား

တောင်လည်းသာမော၊ တောလည်းသာထွေ

ရေလည်းသာလှ၊ ဖြူဆွသောင်ပြင်

ငှက်ပေါင်းရွှင်ရာ၊ သဘင်အညီ

ပွဲစေတီဟု၊ မြောက်ချီရွှင်ပ

လှူဒါန်းကြလျှက်

ဦးအောင်ကြီး (အင်းဝခေတ် စာဆိုတော်)


ရောက်တတ်ရာရာလေးများ(၄၂)

မနက်က မိပင့်ဂိုးလ်ရဲ့ Gtalk က Status Message ကို မြင်တော့မှ ဒီနေ့ တပေါင်းလပြည့်နေ့ ဆိုတာ သိလိုက်ရတယ်။ အင်း သူတစ်ပါးနိုင်ငံမှာ အလုပ်လာလုပ်ရတာ ကိုယ့်အမျိုးသား နေ့ကြီး အခါကြီး တွေတောင်မှ မေ့တေ့တေ့ရယ်။ ဥပုဒ်နေ့လို့ လာပြောရင် ကုလား ဥပုဒ်နေ့လားလို့ ပြန်မေးမိမှာ အမှန်။ ဘယ်နေ့က အခါကြီးရက်ကြီး၊ ဘယ်နေ့ကတော့ ငါတို့ အမျိုးသားနေ့ ဆိုတာ သူများတွေ သတိပေးမှပဲ သိရတော့တယ်။ အင်း...ဘာလိုလိုနဲ့ ရက်မြတ်သင်္ကြန်တောင်မှ ရောက်တော့မှာပါလား။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ သင်္ကြန်အခါတော်မှာ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများနဲ့ ဒီနိုင်ငံမှာ အလှူအတန်းလုပ်ဖို့ ၊ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲနဲ့ တရားတော်နာဖို့ အတွက် တက်တက်ကြွကြွ ပါဝင် လုပ်ဆောင်လေ့ ရှိပေမယ့် ဒီတစ်နှစ်တော့ လက်က နည်းနည်းရှောင်ချင်နေတယ်။ အလုပ်တွေကလည်း များတာကိုး တစ်နေ့တစ်နေ့ကို ခေါင်းမကိုက်တဲ့ ရက်ဆိုတာ မရှိသလောက်၊ ဒါတောင် မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အမိနဲ့အဖ အတွက်ကလည်း တစ်ဖက်က ပူပန်နေရသေး။ ကျန်ခဲ့တာက အိုကြီး အိုမ မိနဲ့ဖ အနီးကပ် စောင့်ရှောက်မယ့် သူဆိုလို့ ညီမငယ် တစ်ယောက်ပဲ ရှိတာ၊ သူကလည်း သူ့ရဲ့ ကျောင်းစာ တစ်ဖက်၊ ဘ၀တိုးတက်ရာ တိုးတက်ကြောင်း ရှာကြံရတာတစ်ဖက်နဲ့ဆိုတော့ အိမ်မှာ အချိန်ပြည့် မရှိနိုင်။ အခုခတ် ဘ၀ ရပ်တည်နိုင်ရေးအတွက်က အဖက်ဖက်က ဖိအားတွေနဲ့ချည်း။ မိမိကိုယ်ကို ခံနိုင်ရည် ရှိအောင်၊ စိတ်ဓါတ်ပြည့်ဝအောင် ကြိုးစားထားကမှ တော်ရုံကျမယ်။ နောက်မို့ ဆို ရူးများ သွားမလား မသိ။ တစ်ဖက်စွန်းရောက်တာတွေက များလွန်းတာကို၊ ငွေနောက်ပဲ လိုက်လိုက်၊ ရုပ်ဝတ္ထု ပစ္စည်း နောက်ကိုပဲ လိုက်လိုက် အစွန်းရောက်လွန်းရင် အနည်းနဲ့အများတော့ ဒုက္ခ ရောက်တတ်ကျတာ ကလား၊ အလုပ် လုပ် ကိုင် နေရတာကိုလဲ စိတ်ပျက်လှပါပြီ၊ နေရာတကာ အပြိုင်အဆိုင်တွေနဲ့ချည်း။ ဘယ်တော့များမှ အလုပ် မလုပ်ရပဲ မိမိ ၀ါသနာ ပါတာလေးကို တစိုက်မတ်မတ် လုပ်ရမလဲ မသိဘူး၊ ကောင်းသော ပြိုင်ဆိုင်ခြင်း၊ တရားသော ပြိုင်ဆိုင်ခြင်းဆို ရင်တော့ စိတ်ထဲမှာ ဘယ်လိုမှ မအောင့်မေ့ပေမယ့် ကိုယ့်ပြိုင်ဘက်က စိတ်ထား ယုတ်ညံ့လို့ အတို့အထောင် နည်းတွေ လုပ်လာပြီ ဆိုမှဖြင့် ရင်ထဲမှာ တနုံ့နုံ့နဲ့ ဒေါသ တွေဖြစ်ပြီးတော့ ပူလောင်လိုက်တာ ဆိုတာ။ နောက်ဆုံးတော့ မိမိဘာသာ စိတ်ကို မတရား ချိုးနှိမ် ထားရတယ်၊ နောက်မို့ဆို လူများ သတ်မိ မလား မသိဘူး။ ဘာပဲဖြစ်ဖြစ်ပါလေ တစ်နှစ်မှ တစ်ခါ ကြုံရတဲ့ ရက်မြတ် သင်္ကြန်ခါတော်မှာတော့ အလှူတစ်ခု လုပ်ဖြစ်အောင်တော့ လုပ်မယ် အားခဲထားတာပဲ။ ကိုယ်တိုင် မလုပ်နိုင်တောင်မှ အများနဲ့စုပေါင်း အလှူလေးပေါ့လေ။ ကိုယ်ဘာတတ်နိုင်မလဲ တတ်နိုင်တာလေးပဲ လုပ်တော့မယ်။ ကဲ ကျနော်တို့ မလေးရှားမှာ လုပ်ဖြစ်တဲ့ အလှူနဲ့ သင်္ကြန်ပွဲလေး အကြောင်းကို နောက်ထပ်ပို့စ် တင်ပါ့မယ် ခင်ဗျာ။ စောင့်မျှော် အားပေးကြပါ။

ရောက်တတ်ရာရာလေးများ(၄၁)

သြော်....full time blogger ဖြစ်ချင်လို့ computer လေး တစ်လုံး ၀ယ်မိပါတယ် ရှင်းလိုက်ရတဲ့ ပြဿနာဆိုတာ ပြောကို မပြောချင်တော့ပါဘူး၊ အဟိ မပြောချင်တော့ဘူးဆိုလို့ လှည့်တော့ မပြန်သွားကြနဲ့ဦးဗျို့ ဆက်ပြောမယ် ဒီလို ဒီလို ပထမ ကွန်ပျူတာလေးကို ၀ယ်လိုက်တုန်းက ကိုယ်က သေသေချာချာ မကြည့်မိဘူး တစ်ကယ်ပြောတာ ကွန်ပျူတာနဲ့ ပါတ်သက်ရင် ဗဟုသုတ က တော်တော် နည်းတာလဲ ပါတာပေါ့လေ၊ သူများက ဘယ်လောက် Gb ဆို Gb လိုက်တာပဲ သေသေချာချာ ပြန်မစစ်တတ်ဘူး၊ ယုံလွယ်တာလဲပါတာပေါ့၊ အော် ပြောရင်း ဆိုရင်း ဦးတည် ချက်က ပြောင်းသွားပြန်ဘီ။ ဆိုလိုတာက ပထမ ၀ယ်တဲ့ ကွန်ပျူတာ Brand က FTEC တဲ့၊ အဟတ် မသိရင်တော့ fuji Tec ပေါ့လေ ဂျပန်ထုတ်ပေါ့၊ ကောင်းကောင်းကန်းကန်း ထင်လို့ ၀ယ်လိုက် မိပါတယ် (၃)ရက်လား သုံးရသေးတယ် ကွန်ပျူတာ screen က မှိန်လိုက်တာဆိုတာ ဘယ်လို မှကို ကြည့်လို့မရဘူး။ သိပ်ကြာကြာကြည့်ရင် မျက်မှန် ဒီဂရီတိုးမှား ကျိန်းသေပေါက်၊ သိပ်တော့မဟုတ်သေးဘူး ဆိုပြီး laptop ကွန်ပျူတာလေး အောက်ဘက်ကို လှန်ကြည့်လိုက်တော့ Made in malaysia ဆိုတဲ့ စာတန်းက အထင်းသားဗျ၊ အဲဒီ့တော့မှ ကိုယ့်ကိုကိုယ် မှားမှန်းသိတော့တယ်။ ထင်တစ်လုံးနဲ့ ငါ့ကွန်ပျူတာ တော်တော် ဟုတ်နေပါလား ဆိုတဲ့ အတွေးက လေထဲမှာ အိမ်ဆောက်သလို ဟုတ်ခနဲ့ ဆိုရုတ်ခနဲ့ ပျောက်သွားတာပေါ့လေ.၊ ကဲ ပရိတ်သက်တို့ရေ ကျနော့် ကိုယ်တွေ့ဘဲဗျို့ Ftec Brand ဆိုရင် လုံးဝ မ၀ယ်ပါနဲ့ခင်ဗျာ။ ဒီလို တားမြစ်လို့ ကျနော့်ကိုယ် သူ့နိုင်ငံထုတ်ပစ္စည်းကို ဂုဏ်သရေ ဖျက်မှုနဲ့ မလေး ၀န်ကြီးချုပ် အာမက် ဘာဒါဝီက လာဖမ်းလဲ ကျနော်ကတော့ ဂရုမစိုက်ပေါင်ခင်ဗျာ။ တစ်ကယ်ပြောတာ ကျနော့်လို ပရိတ်သတ်များ ခံရမှာ စိုးရိမ်လို့ပါ။ ကဲပါ ထားလိုက်ပါ၊ နောက်တစ်ခုက ကွန်ပျူတာ ရှိရုံနဲ့ Full Time Blogger ဖြစ်နိုင်တာမှ မဟုတ်ဘဲဗျ၊ connection လေးက လိုသေး၊ ကဲ ဒါနဲ့ မထူးပါဘူးဆိုပြီး ဒီနိုင်ငံမှာ provide လုပ်တဲ့ ကုမ္ပဏီ သုံးလေးခုထဲကနေ ဈေးလည်း အသက်သာဆုံးဖြစ်၊ လောလော လတ်လတ် offer လုပ်နေတဲ့ Maxis ကနေ Broadband လေး ကို ဆွဲလိုက်တာ အဟင်း..... ပြောကို မပြောလိုက်ချင်ပါဘူး ကောင်းလိုက်တဲ့ connection ဆိုတာ mouse နဲ့ လက်နဲ့ လွှတ်ရတယ်လို့ကို မရှိပါဘူးဗျာ။ တော်ပါဘီ....စိတ်ကုန်ပါဘီ ဈေးကလဲ ဒီနိုင်ငံသား မဟုတ်တဲ့ အတွက် Deposit တင်ရတာနဲ့ ဘာနဲ့ ညာနဲ့ဆိုရင် တော်တော်များများ ကုန်သွားတာကလား၊ ကုန်တာနဲ့ မကာမိပါဘူး။ နောက်ဆို မောင်ကျော်ဇေယျ တစ်ယောက် တော်တော် နောင်တ ရသွားပါဘီ။ ဘလော့ခ်ကိုလဲ ရုံးကပဲ တင်ပါ တော့မယ်။ ADSL လဲပြီးသွားရင်တော့ အိမ်ကနေ တင်မှာပေါ့၊ အဲဒီ့အချိန်ကျရင် အွန်လိုင်းပေါ်မှာ အချိန်ပြည့် ရှိနေပါ့မယ်။ အချိန်မရွေးသား ခေါ်လိုက်ပါ ခင်ဗျ။ FTEC လေးကိုလဲ နောက်ထပ် အလိုက်ပေးပြီးလဲလိုက်ပါဘီ။ ကြုံရဆုံရ ဒီဘ၀မှာပေါ့ခင်ဗျာ..........။ ဘလော့ခ်ခြင်းသည် ငွေကုန်ကြေးကျ များစေ၏။


You received this email because you are subscribed to the real_time feed for http://kzy1980.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.