http://kmaungnyein.wordpress.com/2008/02/21/10/
11.11.11.11.11.2007 နဲ့ စာရေးဆရာကြီး မောင်စူးစမ်း
ခေါင်းစဉ်ကတော့ ရှယ်ဘဲလို့ ကျွန်တော်ထင်တယ်၊ ပေါက်တတ် ကရေးတယ်လို့ ထင်လည်း ကျွန်တော်ရဲ့ ဦးနှောက် နဲ့ အတွေးအခေါ်ကတော့ အဲဒီလောက်ဘဲရှိ တယ်လို့မှတ်လိုက်ပါ၊ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် နှစ်တစ်နှစ်ရဲ့ အချိန်တွေ တော်တော်များများ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတဲ့ အချိန်မှာ ကျွန်တော်အနေနဲ့ အထိမ်းအမှတ်၊ အမှတ်တရလေး တခုဖြစ်သွားအောင် ရေးလိုက်တာပါဘဲ၊ အခုခေတ်ကြီးမှာ အရမ်းခေတ်စားနေတဲ့ န၀င်းကျေတာတို့ ဘာတို့လို ပေါ့ဗျာ၊ ၁၁ န၀င်းလေ ဘာကျိမ်းကြေ လဲတော့ မသိဘူးဗျ၊ ယတြာပေါ့ဗျာ၊ အင်းယတြာ ချေစရာလည်း မရှိပါဘူးဗျာ၊ ကြော်ငြာတခုထဲကလို ငွေရှိပေမယ့် အိုင်ဒီယာတွေ မရှိလို့ ထိုင်နေရာတာထက် ဘာမှကို မသိလို့ အိုင်ဒီယာတွေ မရှိလို့ မရေးတာက မှန်ပါဦးမယ်ဗျာ၊ ငယ်ငယ်တုန်းက စာရေးရမှာ အင်မတန် ပျင်းသကိုးဗျ၊ ဒါပေမယ့် စာဖတ်တာကတော့ အရမ်းကို ၀ါသနာပါတယ်၊ အထူးသဖြင့် ကျွန်တော်က စိတ်ဝင်စားတာက တမျိုးဗျ၊ ငယ်ငယ်တုန်းကဆို သူများတွေလို ကာတွန်း၊ mazaine,တွေ မဖတ်ပေမယ့် စာစောင်တွေ ဘာသာပြန် တွေဖတ်ခဲ့တယ်၊ မောင်ထွန်းသူ၊ ရွှေဥဒေါင်းတို့လို စာတွေပေါ့ဗျာ၊ နည်းနည်းတော့ ကြီးကျယ်တယ်ဗျ၊ အခု အရွယ်ရောက်တော့လည်း ကျွန်တော် စိတ်ဝင်စားတာက စာရေးဆရာကြီး မောင်စူးစမ်းရဲ့ စာအုပ်တွေ၊ ဆောင်းပါးတွေ၊ ဘာသာပြန်တွေ တခုမှ မလွတ်ဘူးဗျ၊ နောက်ပြီး သစ်စာနီ စသည်ဖြင့် အများကြီးပါ၊ မှတ်မှတ်ရရ ကတော့ အဲဒီဆရာကြီး ပါပဲ၊ သူရဲ့ အတွေးအခေါ်တွေ ရေးသား ထားသာတွေဟာ ကျွန်တော်ရဲ့ ဦးနှောက်၊ ကျွန်တော်ရဲ့ တွေးခေါ်နိုင်စွမ်းနဲ့တောင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အစားထိုးလို့ မရတဲ့ စာရေးဆရာ၊ အတွေးအခေါ်ပညာရှင်ကြီး တယောက်ပါ၊ ကျွန်တော်ကတော့ အဲဒီလိုဘဲ တင်စားတယ်ဗျာ၊ သူ့ဆောင်းပါးတွေဟာ ယနေ့ ဂျာနယ် ထက်ဝက်ကျော်မှာ နေရာပေး ဖော်ပြခံရတယ်၊ ဒါကို တော့ သူငယ်ချင်းတွေ အသိဖြစ်မှာပါ၊ နောက်ပြီး သူရဲ့ ဘာသာပြန်တွေဟာလည်း တော်တော်ကောင်းတယ်ဗျ၊ အများကြီးပါဗျာ၊ ဒါတောင် တချို့လိုက်မမီတာလေး တွေအများကြီး ရှိပါသေးတယ်၊ ဒါကတော့ ကျွန်တော်ရဲ့ အဆုံးမရှိ၊ အစမရှိ၊ ခေါင်းစဉ်မရှိ၊ အကြောင်းအရာ မရှိ၊ နိဒါန်းမရှိ၊ စာကိုယ်မရှိ၊ နိဂုံးမရှိနဲ့ သီးခံပြီး ဖတ်လိုက်ကြပေါ့ဗျာ။
ကေမောင်ငြိမ်း
ဆက်ရန်
ကျောင်းသားဘ၀ (Student's life)
ဒီနေ့ ရေးစရာမရှိတာနဲ့ ဘဲ ငယ်ငယ်ကျောင်သား state ဘ၀တုန်းက အကြောင်းတွေးကိုဘဲ တွေးမိပါတယ်၊ state ဘ၀တုန်းက ဟာကို ရေးမှာဆိုတော့ အသက်တော့ တော်တော်ကြီးသွား ပြီလို့ ထင်မှာဘဲဗျာ၊ ကျွန်တော်အဲဒီလောက် မသက်မကြီး သေးပါဘူးဗျာ၊ Uni နောက်ဆုံးနှစ်ဘဲ ရှိပါသေးတယ်ဗျာ၊ ကျောင်းသားဘ၀မှာဘဲ ရှိပါသေးတယ်၊ ကျွန်တော်ရဲ့ ခေါင်းထဲမှာ ရှိတဲ့အတွေ့ အကြုံဟာလည်း အဲဒီအကြောင်းအရာတွေ အတော်များများဘဲ၊ ရေးစရာမရှိလို့ လျှောက်ရေးတယ်ထင်လည်း ထင်စရာပါဘဲဗျာ၊ တကယ်လည်း ရေးစရာမှ မရှိမှ မရှိဘဲ၊ အသက်ကတော့ တော်တော် လေးရလာပါပြီ(၂၀ ကျော်လေးပါဗျာ)၊ အတွေ့အကြုံနဲ့ အရည်အချင်းကတော့ ဘာမှမထူးခြားလာသလို ပါဘဲ၊ တကယ်ခံစားရတယ်၊ ဒါပေမယ့် မဖော်ပြနိုင်ပါဘူး၊ ဘ၀အတွေ့အကြုံနဲ့ ပတ်သက်လာ ရင် အများကြီး သင်စရာတွေ ကျန်ပါသေးတယ်၊ ကျွန်တော် ကျောင်းသားဘ၀ကတော့ မူကြိုကစမှာပေါ့ဗျာ၊ သိပ်တော့ မမှတ်မိတော့ဘူး၊ မူကြိုမသွားချင်လို့ ကြံဖန်ပြီး ငိုရတာတွေဘဲ မှတ်မိတော့ တယ်၊ မူကြိုကတော့ အမှတ်(၁)မူကြိုဖြစ်ပြီး အဲဒီတုန်းက အဲဒီမူကြို ကျောင်းအုပ်ဆရာမကြီးနဲ့ ကျွန်တော့ မိဘတွေနဲ့ အရမ်းရင်းနှီးတော့ ကျောင်းမှာ ကျွန်တော့်ကို မသိတဲ့ ဆရာ၊ ဆရာမတွေ မရှိပါဘူး၊ ငိုပြီး ဆိုးလွန်းလို့ ဖြစ်မှာပါ၊ သူငယ်ချင်းတွေလည်း ဘ၀တူတွေဘဲဖြစ်မှာပါဘဲ၊ အဲ နောက်နှစ်ကျတော့ ကျွန်တော့်ကို ကျောင်းစထားပါပြီ၊ ကျောင်းက ကျွန်တော်တို့ အိမ်နဲ နီးနီးပါတယ်၊ 20 မိနစ်လောက် လျှောက်သွားရင် ရောက်ပြီပေါ့၊ အထက(၅) မရမ်းကုန်းလေ၊ သူငယ်တန်းကနေ ၁၀ တန်းအထိကို အဲဒီကျောင်းကဘဲ အောင်လာတာ၊ တစ်ကျောင်းလုံး၊ ကျောင်းအိမ်နားနီးချင်း တွေပါမကျန် မသိသူမရှိအောင် လောက်ပါဘဲ၊ တော်တဲ့နေရာတော့ မဟုတ်တာကျိန်းသေပါတယ်၊ ဒါဆို ကျွန်တော့်ကို အရမ်းဆိုးတဲ့ ကလေးလို့ထင်မှာပါဘဲ၊ အဲဒီလိုလည်း မဟုတ်ဘူးဗျ၊ ဘယ်လိုပြော ရမလဲ အဲဒီလို သိရအောင်လည်း ကျွန်တော်ငယ်သူငယ်ချင်း (၃)ယောက်ပေါင်းပြီး လောင်းကျော်ခဲ့ကြတာပေါ့၊ တစ်ယောက်တည်း အရည်အချင်းနဲ့ တော့ မဟုတ်ဘူးပေါ့၊ သူငယ်ချင်း အကြောင်းတွေ ကိုလည်း ကျွန်တော်ဆက် ရေးသွား ဦးမှာပါ၊ ကြိုက်ပါ့မလားတောင် မသိပါဘူး၊ သူတို့ မကောင်းကြောင်း တွေပါလို့ပေါ့၊ ဒါပေမယ့် ဒါတွေဟာ ကျွန်တော်တို့ တစ်သက်တာမှာ ဘယ်တော့မှ မမေ့နိုင်ဘဲ ငယ်သူငယ်ချင်းတွေ တွေ့တဲ့အခါတိုင်းမှာ ပြန်ပြီး ပြောပြောကြတာဟာ မရိုးနိုင်ပါဘူး၊ သူငယ်တန်း အကြောင်းကို တော့ ကောင်းကောင်းမမှတ်မိတော့ဘူး၊ ဒါပေမယ့် ကျွန်တော်က သိပ်မထူးချွန်သလို အရမ်းကြီးလည်း နောက်မကျခဲ့ပါဘူး၊ အလယ်အလတ်အဆင့် မှာဘဲ ရှိပါတယ်၊ ဒါပေမယ့် ပထမတန်းကနေ ၈ တန်းထိကိုတော့ အဲဒီတုန်းက တော်တဲ့ကလေးတွေ ထားတဲ့ အခန်း(အေ)မှာ ဘဲ ကျွန်တော်နေ ခွင့်ရပါတယ်၊ အင်း ၉ တန်းကျတော့ ကျွန်တော်တို့ အလှည့်ကျတော့ ပညာရေးစနစ်ပြောင်းသွားတာနဲ့ bio,eco,myanmar,histroy,geogrpay ဆိုပြီး စခွဲခြားတဲ့နှစ်ပါဘဲ၊ အဲဒါနဲ့ bio ကပုံဆွဲရတယ်၊ eco မှာဆိုင်တော့ အဲဒီတုန်းက အရမ်းကို ခေတ်စားလာတဲ့ စီးပွားရေးဘွဲ့ကြီးပေါ့ဗျာ၊ ဒါကိုဘဲ သူငယ်ချင်း တွေနဲ့ အတူယူခဲ့ပါတယ်၊ အဲဒီမှာ တော်တော် ပြောင်းလဲသွားခဲ့တယ်၊ ကျွန်တော်တို့ ဘ၀ကြီးကို အဲဒီကတည်းက ခွဲခြားခဲ့တယ်ဆိုတာ အရမ်းကို မှန်ပါလိမ့်မယ်၊ ဒါပေမယ့် လက်ရှိ ကျွန်တော်တို့ရဲ့ ညီငယ်၊ ညီမငယ်တွေ တော့ သတိမထားမိဘဲနေပါလိမ့်မယ်၊ ဒါဟာအစပါဘဲ၊ ထူးခြားတာက ကျွန်တော်ဟာ အတန်းထဲမှာ စာမတော်ပါဘူး၊ ဘာတော်သလဲဆိုတော့ ဘာမေးခွန်းမေးမေး၊ ဘာကျက်ခိုင်း ကျက်ခိုင်း၊ ဘာရေးခိုင်း ရေးခိုင်း ကျွန်တော်အမြဲတမ်း ပထမဦးဆုံး ပြီးတာပါဘဲ၊ မှန်တဲ့အခါ ရှိသလို မှားတဲ့အခါမှာလည်း မှားမှာပေါ့၊ ၁၀ တန်းကိုတော့ ကျွန်တော်နှစ်ချင်းပေါက် အောင်ခဲ့ပါတယ်၊ အမှတ်တော့ သိပ်မကောင်းပါဘူး၊ လိုချင်တဲ့ စီးပွားရေးလိုင်းကိုတော့ မရခဲ့ပါဘူး၊ အဲဒီမှာ ကျွန်တော်အရမ်း ခံစားခဲ့ရတယ်၊ ရှင်းရှင်း ပြောရရင် အခု ကျွန်တော် collegue ကျောင်းသားပါ၊ ဒါပေမယ့် collegue ရဲ အနှစ်သာရကို သိပ်မခံစားခဲ့ရဘူး၊ ဘာလို့လဲဆိုတော့ ကျောင်းက တစ်နှစ်လုံးမှ ၁ ကျော်ကျော်လေးတာ မတက်ဖြစ်ခဲ့ဘူး၊ ဒါနဲ့ ဘဲ ကျွန်တော် Uni ကြီးရောက်မှဘဲ မေဂျာပေါင်းစုံ လိုင်းပေါင်းစုံခဲ့ရပါတယ်၊ ပထမ law ရပါတယ်၊ day ဆိုတော့ အမှတ်ကောင်းတယ်ထင်မှာဘဲ၊ မဟုတ်ဘူး၊ ကံကောင်းလို့ ဆိုရမှာပါ၊ day မတက် ချင်တာနဲ့ဘဲ distance ပြောင်း၊ မမီတော့ဘူး၊ ကျောင်းလည်း မတက်ချင်တာ၊ စိတ်လည်းလေနေ တာနဲ့ဘဲ ကျောင်းတစ်နှစ်အောက် လိုက်ပါတယ်၊ နောက်နှစ် ပြန်ပြောင်းတာပေါ့၊ သူငယ်ချင်းတွေ အကြံပေးတာက မြန်မြန်ဘွဲ့ရတာ ကောင်းတယ်၊ ကျောင်းပြန်တက် ဆိုတာနဲ့ ကျွန်တော် ကျောင်းပြန်တက်ခဲ့တယ်၊ ဒါပေမယ့် စိတ်တော့ သိပ်မပါတော့ ဘူး၊ သူငယ်ချင်းတွေနဲ့ ဝေးသွားတာရယ်၊ ကိုယ်ကြိုက်တဲ့ မေဂျာမရခဲ့တာကြောင့်ပါ၊ ဒါတွေဟာလည်း ဘယ်သူမှ လုပ်ခဲ့တာမဟုတ်ဘူး၊ ကိုယ်ငယ်ငယ်တုန်းက စာမကြိုးစားခဲ့တာတွေ ကြောင့် အမှတ် မကောင်းတာနဲ့ဘဲ ဝေသွားကြတာပါဘဲ၊ မတတ်နိုင်ဘူးလေ၊ နောင်တဆိုတာ နောင်မှ ရတာပါဘဲ၊ နောက်ကျသွားပြီ၊ ဒါပေမယ့် နောက်ဆုံးတော့ ကျွန်တော် ပထ၀ီ(အဝေးသင်)မေဂျာရတယ်၊ အင်း လောလောဆယ်တော့ ပထမနှစ်ကနေ အခု နောက်ဆုံးနှစ်ထိ ရပ်သမ် မှန်မှန်နဲ့ပါဘဲ၊ အခုလို့ ကျွန်တော်က ကြိုးစားနေချိန်မှာ ကျွန်တော့်သူငယ်ချင်းတွေ တော်တော်များများက ဘွဲ့တွေရကုန်ပြီလေ၊ အလုပ်တွေတောင် ၀င်နေကြပြီ၊ သင်္ဘော တက်တဲ့ကောင်းကတက်၊ အစိုးရ၀န်ထမ်းလုပ်သူက လုပ်ပေါ့ဗျာ၊ ကျွန်တော်ကတော့ ကျောင်းသားဘဲရှိသေးတယ်၊ ဘယ်တတ်နိုင်ပါမလဲဗျာ၊
ကျွန်တော့် ကျောင်းသားဘ၀ (my study life)
ခင်မောင်ငြိမ်း
STOP!
STOP!
Access Denied
This site is blocked by MPT
ရေးနေကျ ဒီတစ်ပတ်ရဲ့week or the match ကတော့ ဒီစကားလုံးကြီး ဖြစ်ပါတယ်၊ မြန်မာပြည်က ကြည့်လို့ရတဲ့ ၀က်ဆိုဒ်တော် တော် များများကို ဒီစာလုံးကြီးက သူရဲ့ အဓိပါယ်ဖွင့်ဆိုချက်၊ ဥပဒေ၊ ယူဆချက် တွေနဲ့ ခွဲခြား(ဘမ်းထား)ထားပါတယ်၊ အင်တာနက် အပျံသင် စတုန်းက နားမလည်သေးပေမယ့် အခုလို သိပ်ပြီး မရင့်ကျက်သေးတဲ့ အချိန်တွေမှာလည်း ဒီစာလုံးကြီးကို နားမလည်နိုင်သေးပါဘူး၊ ဘာ ကြောင့်ဆိုတာကို သိသူများ၊ တတ်သူများ၊ နားလည်သူများကို မေးမြန်းကြည့်ပေမယ့် သိပ်ပြီးထူးခြားမလာပါဘူး၊ ဒါပေမယ့် အဆိုပါ(သိသူများ၊ တတ်သူများ)ကဘဲ ဒါဟာ အလွယ်လေးပါဆိုတဲ့ အကျော်(website)များဟာလည်း သူတို့ မသိသေးခင် အင်မတန် အဖိုးတန် ပေမယ့် သိသွား တတ်သွားတဲ့ အချိန်မှာတော့ ဘမ်းပလိုက်ပါပြီ၊ သိသလောက်တော့၊ မှတ်သလောက် ပြောရရင်တော့ ဘိုဆန်ဆန် i don’t have idea ၊ ခက်ပါတယ်ဗျာ၊ ဘယ်အဖွဲ့အစည်းဆိုတာကို အခုထိ မသိပေမယ့် ဒီကိုယ်တော်မြတ်တွေက နိုင်ငံခြားမှာ (၃)နှစ်လောက် သွားပြီး ပညာသင်လာတဲ့ ကိုယ်တော်တွေဆိုတာ တစွန်းတစကြားရ ပါတယ်ခင်ည၊ အခုလည်း ကျွန်တော် update ကလေးတောင် မှန်မှန် မလုပ် နိုင်တော့ဘူး၊ ကော်နက်ရှင် ကောင်းတဲ့အခါမှသာ အဆင်ပြေတာ၊ မကောင်းတဲ့ အခါကျရင်လည်း homepage လေးတောင် တော်တော် စောင့်ရတယ်ခင်ဗျ၊ ဘယ်တတ်နိုင်ပါ့မလဲဗျာ၊ အရင် chat ရောဂါကနေ အဆင့်တက်ပြီး blog ရောဂါစွဲ ကပ်လာပြီး ကိုး၊ ဘယ်ဆေးနဲ့မှ ပျောက်မလဲမသိဘူးနော်၊ အခုတော့ ကာကွယ်ဆေးတွေတော့ ပေါ်လာတယ်လို့ ပြောတယ်ခင်ဗျ၊ အင်း လျှပ်စစ်မီးနဲ့ ပိုက်ဆံပေါ့၊ တစ်ခါတစ်လေ သူက ကျွန်တော့်ကို အင်တာနက် ဘယ်တော့မှ မသုံးနိုင်လောက်အောင် ဆိုဆုံးမတယ်ခင်ဗျ၊ အဲ နောက်တခု ရှိသေးတယ်၊ connection speed လေ သူက ပိုဆိုးတယ်ဗျ၊ အင်းလေ ဘယ်တတ်နိုင်ပါမလဲ၊ ဒီလောက်သုံးရလောက် အောင်ဘဲ ဗမာလူမျိုးပီပီ ရောင့်ရဲ တင်းတိမ်လိုက်ကြတာပေါ့ဗျာ။
ဆက်ရန်
ကေမောင်ငြိမ်း
My Fri's
Hello world!
You received this email because you are subscribed to the real_time feed for http://kmaungnyein.wordpress.com/feed/. To change your subscription settings, please log into RSSFWD.