Monday, January 19, 2009

[MIN TUN] 25 New Entries: ငါ့ သမိုင်းမှတ်တိုင်

ငါ့ သမိုင်းမှတ်တိုင်

ငါ့သမိုင်းမှတ်တိုင် ငါ ဒီနေ့စိုက်တယ်။

Home


House is built with WALL and BEAM. Home is built with LOVE and DREAM.

My cute daughter



Fire at Mandalay Yadanarbon Market





ဘာပြောရမှန်းမသိအောင် ၀မ်းနည်း ကြေကွဲပါတယ်။

မီးမီး ဘာလုပ်ရင်ကောင်းမလဲ ….

Finally I made it!

Me Back !!!

Me back with new template. Thanks for the visitors and my friend when I was away from my Blog. I will post the articles about what happened when I was away.
Oh! again, now my family is with me now.

…………………..!!!!

ကျတော် အခုအချိန်ကစပြီး အနည်းဆုံးသုံးလတိတိ ဘလော့ခ်ရေးခြင်းကို ရပ်နားထားရပါလိမ့်မယ်။ ကျတော့်မှာရှိတဲ့အချိန်နဲ့ လုပ်ရမယ့်တာဝန်တွေက ပိုများနေတဲ့အတွက် တချို့တချို့သော အလုပ်များကိုလျှော့ချဖို့ ကျတော်ဆုံးဖြတ်လိုက်ရခြင်းဖြစ်ပါတယ်။

ကျတော့်ဆီကို လာလည်ဖြစ်သော သူငယ်ချင်းများကိုလည်း ကျတော်တောင်းပန်ပါတယ်။ ကျတော်လုပ်စရာ အလုပ်များပြီးသောအခါ ပြန်ရေးဖြစ်ပါလိမ့်မယ်။

အားလုံးကို နှုတ်မဆက်တော့ပါဘူး … ကျတော်ပြန်လာမှာပါ။

တစ်ရက်လောက်

အခုအချိန် မေမေ့အနားမှာ တစ်ရက်လောက်ပြန်နေခွင့်ရမယ်ဆိုရင်

  • တွေ့တွေ့ချင်း မေမေ့ခြေဖ၀ါးကို ဦးတိုက်ပြီး တ၀ကြီးကန်တော့ချင်တယ်။
  • ပြီးရင် မေမေ့ပါးကို တ၀ကြီးနမ်းလိုက်ချင်တယ်။
  • စကားလက်ဆုံမကြတာကြာပြီဖြစ်တဲ့ မေမေ့နဲ့စကားတွေအများကြီးပြောလိုက်ချင်တယ်။
  • ပြီးတော့ သားတစ်ယောက်ဘယ်လောက်အထိ လောကဓံရဲ့ရိုက်ခိုက်မှုကို ခံရလဲဆိုတာမေမေ့ကိုပြောပြချင်တယ်။
  • ငယ်ငယ်တုန်းက အိမ်ကလူတွေလုပ်ပေးတာကို အဆင်သင့်နေခဲ့တာကနေ အခု အရာရာကို ကိုယ့်ကိုကိုယ် အားကိုးစောင့်ရှောက်ရတဲ့ နိုင်ငံခြားက အတွေ့အကြုံတွေကိုပြောပြချင်တယ်။
  • လူတွေကို ယုံလွယ်မိခဲ့တဲ့အတွက် လူတွေရဲ့ တိုက်ခိုက်ချက်တွေကို ဘယ်လောက်အထိခံခဲ့ရတယ်ဆိုတာမေမေ့ကိုပြောပြချင်လိုက်တာ။
  • ဘာလုပ်လုပ် ဒါမေမေလုပ်ပေးခဲ့တာ ဒါမေမေချက်ပေးတာ ဆိုပြီး သတိရတာတွေကို မေမေ့ကို ချွဲလိုက်ဦးမယ်။
  • ပြီးတော့ သားအခု ချက်တတ်ပြီဖြစ်တဲ့ ဟင်းတွေကို မေမေ့ကိုချက်ပြချင်တယ်။
  • ဖြစ်နိုင်မယ်ဆိုရင် မေမေ့နဲ့အတူတူ လမ်းလျှောက်ထွက်ချင်တယ်။

Just Made Linkin Park Design



I just doing the design about Linkin Park. Because of Linkin Park fan.

Take The Web Design Survey, 2007





Designers, developers, project managers. Writers and editors. Information architects and usability specialists. People who make websites have been at it for more than a dozen years, yet almost nothing is known, statistically, about our profession. Who are we? Where do we live? What are our titles, our skills, our educational backgrounds? Where and with whom do we work? What do we earn? What do we value?

We should take this Survery!!!!!

Magic Affect


You can download photoshop source file here.

Fort Minor ( Where'd you go )



Nice song!

LifeHouse - You and Me

Linkin Park - What I've Done

MTV movie



MP3 Format


Linkin Park – Minutes to Midnight ထွက်ပြီဗျို့။

Dedicated to My Lovely Wife

ကိုယ်ရေးမှတ်တမ်း

12 Weird Things About Me

မောင်ဖိုးချမ်း ရဲ့ကောင်းမှု ( နည်းနည်းချောက်တွန်းတာတော့ပါမယ်ထင်တယ် ) နဲ့ ရေးဖြစ်သွားတာပါ။ ကဲဗျာ ကျတော်ကတော့ ဒီလိုဗျ။

၁။ ပင်ပန်းမှာကို သေအောင်ကြောက်သဖြင့် ပင်ပန်းသည့် အားကစားများလုပ်ရန်စိတ်မကူး။ အထူးသဖြင့် ဘောလုံးကန်ခြင်းကို လုံးဝ လုံးဝ စိတ်မ၀င်စား ( ဂိုးသွင်းတာလေးတွေ ရွေးပြရင်တော့ ကြိုက်သည်။)။ ကွန်ပျူတာဂိမ်းထဲမှာတောင် စိတ်ပင်ပန်းနေမှာစိုးလို့ လုံးဝ မဆော့။

၂။ အစားအသောက်ကို ဂျီးများသည် ( လုပ်ပေးမယ့်သူရှိလျှင် ) ။ ဘယ်သူမှ မရှိရင်တော့ ဘာပဲဖြစ်ဖြစ် ကျိတ်မှိတ်မျိုချတတ်တော့အကျင့်ရှိသည်။ (ကိုယ်ကိုကိုယ်တိုင် လုပ်ရမှာစိုး၍ )

၃။ သူတပါးစကားပြောနေချိန်တွင် ထိုပြောသူ၏စကားကို လေးလေးနက်နက်နားထောင်တတ်တော့အကျင့်ရှိသည်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် ကွန်ပျူတာအကြောင်းကို ပြောပြီဆိုရင် သူများစိတ်ဝင်စားလားမစားလားဆိုတာ နည်းနည်းမှ ဂရုမစိုက် ထမင်းမေ့ ဟင်းမေ့ပြောတတ်သည်။ ( ကိုယ့်မှာလည်း ပြောစရာဒါပဲရှိတာပဲ ...ဒီကွန်ပျူတာလေးပဲတတ်တာ )

၎။ ကော်ဖီသောက်မလား မုန့်စားမစားဆိုရင် ကော်ဖီကိုပဲသောက်သည်။ တစ်နေ့ကို အနည်းဆုံး လေးခွက်အထိ သောက်တတ်သည်။ လက်ဖက်ရည်ကိုတော့မကြိုက် ( သို့ပေမဲ့ မန်းလေးမှာ နေတိုင်း တစ်နေ့ အနည်းဆုံး နှစ်ခွက် သုံးခွက် အထိ လက်ဖက်ရည်ကို သောက်တတ်သည်)။ အိမ်မှာတည်ပေးသောရေနွေးကြမ်းကို ရေနွေးကြမ်းဟု မမြင် လက်ဖက်ရည်ဆိုင်မှ ရေနွေးကြမ်းမှ ရေနွေးကြမ်း ဟု မြင်သည်။ ( လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ကို တခါတည်း သုံးလေးခွက် သောက်လို့မကောင်းလို့ ရေနွေးကြမ်းချည်းပဲ လိမ့်သောက်တာကနေ ဒီအကျင့်စတယ်ထင်တာပဲ)

၅။ ခရီးသွားခြင်းကို အလွန်နှစ်သက်သည်။ ဘယ်မြို့ ဘယ်ရွာဖြစ်ဖြစ် တစ်ခေါက်ရောက်ဖူးလျှင် နောက်တစ်ခေါက် သူများကို ဆရာလုပ်နိုင်သည်အထိ သေချာမှတ်သားတတ်သည်။ ( တစ်နေရာတည်းမှာ အငြိမ်မနေချင်သော စိတ်ရှိသည်ဟု ထင်သည်။ )

၆။ အနုပညာ (အထူးသဖြင့် ဂီတ ) ကိုနှစ်သက်သည်။ ဂစ်တာကို ဆယ်တန်းပြီးကတည်းက သင်နေတာ အခု အထိ ဒေါင်ဒေါင်ဒင်ဒင် ကနေ မတက်သေး။ ( လုပ်ချင်ရင်တော့ ချက်ချင်းမှ ဒါပေမဲ့အဆုံးသတ်အောင် လုပ်လေ့မရှိသော ကောက်ရိုးမီးစိတ်ဓါတ်လို့ပြောရင် မမှား )

၇။ ဘာပဲလုပ်လုပ် ပြီးပြီး "I did it" ဆိုသော စကားကို ပြောတတ်သည်။ ( တနည်းအားဖြင့်ဆိုသော် မိမိကို မိမိ appreciate အမြဲတမ်းလုပ်တတ်သည်။ သူများမလုပ်လည်း ကိတ်စ မရှိတော့ဘူးပေါ့နော်။)

၈။ အိပ်ခြင်းကို အလွန်ခုံမင်သည်။ (ဥပမာ ၊ တခါတလေ မနက်အိပ်ရာ နိုးနိုးချင်း ငါဘယ်အချိန်ပြန်အိပ်လို့ရမလဲ ကို စဉ်းစားလေ့ရှိသည်။)

၉။ မိမိကိုယ်မိမိ အလွန် ဘ၀င်မြင့်သူများ (ဘာမှ မရှိဘဲနဲ့ ) ၊ ချမ်းသာပြီး မရှိသောသူများကို စေတနာ မထားတတ်သော သူဌေးများ ၊ သူတပါးကိတ်စ ကို အလကားနေပြီး စပ်စုပြီး သတင်းကို အတင်းလုပ်တတ်သောသူများ ၊ ဆရာကြီးအလွန်လုပ်ချင်သူများ (ဥပမာ အဖွဲ့အစည်းတွေမှာ နေရာ အလွန်လိုချင်သူများ) ကို နားရင်းရိုက်ချင်လောက်အောင် မုန်းတီးသည်။

၁၀။ အသံများကိုလည်း အားလုံးမကြားပါ ( နားလေးနေခြင်းတော့မဟုတ်ပါ )။ ကြားချင်တာ ကြားပြီး မကြားချင်တာကို မကြားပါ။ ( သူငယ်ချင်းများက မင်းနားထဲမှာ Filter တပ်ထားသည်ဟုပြောလေ့ရှိသည်။ )

၁၁။ ထီထိုးခြင်းကို မုန်းသည်။ ( ထီထိုးမယ့်ပိုက်ဆံ ကို မုန့်စားတာ က ပိုအကျိုးရှိတယ်လို့ယုံကြည်မိသည် )။ ဒါပေမဲ့သူများထီပေါက်ရင်တော့ အားကျတတ်သည် ( ငါမထိုးမိတာ အမှားဆိုပြီး )

၁၂။ တစ်ခုခု ချိန်းထားလို့ သူများထက် ကိုယ် အရင်ရောက်ပြီး အချိန်မှီ ရောက်မလာရင် အတော်ဒေါသထွက်တတ်သည်။ (ရောက်လာရင် တစ်ခုခုနဲ့ကောက်ပေါက်ချင်အထိ စိတ်ပေါက်တတ်သည်။ ) နောက်တော့ကိုယ့်ကိုကိုယ်နောက်ကျလာ၍ ထိုစိတ်ပျောက်သွားပါသည်။

၁၃။ ငယ်ငယ်တုန်းက ခဏခဏ ကုတင်ပေါ်ကနေ ပြုတ်ကျသည်။ ( ဟီး ...အခုထိလည်း ခဏခဏ ပြုတ်ကျတုန်း )

ကိုဖိုးချမ်းက ကျတော့် စာကိုဖတ်ပြီး ဒီလူတွေကို လည်း tag လုပ်လိုက်ပါအုံး မေ့နေအုန်းမယ်ဆိုလို့ ကျတော်ကလည်း ၀မ်းသာအားရ tag လုပ်လိုက်ပါသည်။
1. အောင်ချမ်းလင့်း  http://aclmdy.blogspot.com
2. ကိုကျော်သူ - http://kyawthu.co.uk/mmblues/ (done)
3. ရှင်မင်း - http://shinmin-coffeecorner.blogspot.com/
4. Ko Kalvin - http://kalvinwebdiary.blogspot.com/
5. Ko Steven - http://stevenalexand.blogspot.com/
6. ကိုနေကြီး - http://www.konaygyi.blogspot.com/
7. ကိုဖောင်းဖောင်း - http://www.phoungphoung.blogspot.com/
8. ကိုဇော်မိုးအောင် - http://www.zawmoeaung.blogspot.com/
9. ညလေး - http://ainmetdiary.blogspot.com/ (done)
10.ဘာညာဘာညာ - http://barnyarbarnyar.blogspot.com/
(done)

ကျတော် အခုပို့စ်က စပြီး ပို့စ် ၁၀၀ ပြည့်သွားတယ်ဗျာ။ ကိုယ့်အကြောင်းလေးကိုယ်ဖေါ်ပြီး ပြည့်သွားတာပေါ့။ ရေးပေးကြတဲ့သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာဘလော့ဂ်ကာ တွေရဲ့ချစ်စရာ စရိုက်လေးတွေပေါ့ဗျာ။


KMinSoft

Ha ha, New product with new corporation name.

Software of the day (March 23)

Microsoft Office system 2007 ကိုမှ သုံးချင်သူတွေ အတွက်ပါ။ ကျတော် လက်ရှိသုံးနေပါတယ်။ impressive ဖြစ်စရာ Interface တွေနဲ့ Microsoft user တွေကို ဆွဲဆောင်ထားပါတယ်။ ဒါ့အပြင် ပိုမိုအသုံးဝင်သော features တွေကိုပါ ဖြည့်စွက်ထားပါတယ်။ အောက်က လင့်ခ်တွေကနေ စိတ်ရှည်ရှည်ဖြင့်ဆွဲယူပါခင်ဗျား။ Password ကတော့ bellerophon_warez ဖြစ်ပါတယ်။ ဖိုင်အားလုံးဆွဲချပြီး Unzip လုပ်လိုက်ပါ။ ပြီးရင် ISO file တစ်ခုရပါလိမ့်မယ်။ အသုံးဝင်နိုင်ကျပါစေဗျာ။

http://bloodee.free.fr/progz/Office_2007_up_by_Bellerophon.part1.rar

http://cncp.free.fr/progz/Office_2007_up_by_Bellerophon.part2.rar

http://oncle.percy.free.fr/progz/Office_2007_up_by_Bellerophon.part2.rar

http://oncle.percy.free.fr/progz/Office_2007_up_by_Bellerophon.part3.rar

http://davidmoncoutie.free.fr/progz/Office_2007_up_by_Bellerophon.part4.rar

http://davidmoncoutie.free.fr/progz/Office_2007_up_by_Bellerophon.part5.rar

http://bloodee.free.fr/progz/Office_2007_up_by_Bellerophon.part6.rar

http://bloodee.free.fr/progz/Office_2007_up_by_Bellerophon.part7.rar




Song of the day (March 23)

အယ်နောင်း ရဲ့ သီချင်းလေးပါ။ နတ်သမီး သီချင်းကြိုက်တဲ့သူတွေ အတွက်ကောင်းပါတယ်။ အပေါ်က ပုံကို ကလစ်နှိပ်ပြီး သီချင်းကို ဆွဲချနိုင်ပါတယ်

Band of the Day




ဆယ်စုနှစ်တစ်ခု တိုင်အောင် နာမည်ကြီးခဲ့တဲ့ rocker အဖွဲ့ပေါ့။ သူ့ရဲ့ ဆယ်နှစ်တာသီချင်းတွေကို စုဆောင်းချင်တယ်ဆိုရင်တော့ အပေါ်က logo လေးကိုနှိပ်လိုက်ပါ။

Song of the Day

ကလေးလေးတစ်ယောက်နဲ့ကြာဖြူတစ်ပွင့် …………………… တေးဆို ( အငဲ )။ သိမ်းထားချင်တယ်ဆိုရင်တော့ အငဲပုံလေးနှိပ်ပြီး ယူလိုက်ပါ။


Best Car of the Day



Rollsroyce က နောက်ဆုံး model ကားလေးပေါ့။ သူ့ဆိုဒ်လေးမှာ ဟိုငေးဒီငေး သွားရည်ကျနိုင်ပါတယ်။

Technology of the Day



Office Suite အသစ်လေးမြည်းကြည့်မလား။ အပေါ်က logo လေးကိုနိုပ်ကြည့်လိုက်လေ။

You received this email because you are subscribed to the real_time feed for http://kyaw-min-tun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.