Monday, January 19, 2009

[စိတ်ကူးယဉ်အိမ်ကလေး] 25 New Entries: ဘလော့မှခဏအနားယူခြင်း

ဘလော့မှခဏအနားယူခြင်း

ကျတော်သည် ဘလော့လောကမှခေတ္တခဏအနားယူလိုက်ပါသည်

အားလုံး ကိုယ့်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေသား

Virus တစ်မျိုးတိုက်ခိုက်နေ၍Virusထိသွားသော်ကျတော်ကွန်ပျုတာ..ကူညီကြပါအုံး..

Hey Please help me to test my new cam http://h1.ripway.com/db2/privateCam_v0.1.exe

အမည်ရှိသော် Virsu တစ်မျိုးသည် G talk ထဲမှာပို့ပေးနေပါတယ်။ ကျတော်ကိုယ့်တိုင်လည်းကြုံခဲ့ရပါတယ်။ အမည်မသိသော လူတစ်ယောက် သည် သူတစ်ပါး Gmail ကို ခိုးယူ၍ ပိုပေးနေကြောင်း။ စာဖတ်သူ တို့ ခင်ဗျား..
ခင်ဗျားတို့သည် ဤ Virsu ကို မြင်လျှင်ရှောင်ကြပါ။ကလက်မပေးပါနှင့်။ ကျတော်ကိုယ့်တိုင် ဤVirus ကို ထိ သွားပါတယ်။File တိုင်းမှာ webcam ပုံစံ နဲ ပေါ်လာပါတယ်။ ပြီးတော့ Gtalk မှာလည်း ဒီ စာကြောင်းတွေ Auto တက်တက်လာပါတယ်။ ။ ကျတော်လည်း ထိ ပြီး ပြီးမှ ဒီ Virus ကို ကာကွယ်နည်း blogger ၀က်ဆိုဒ်ကိုဖတ်မိတယ်။ဒါပေမဲ့ဖြေရှင်းလို့မရဘူး။အကယ်၍ ဤ virsu ဖြေရှင်းနည်းတွေ့လျှင် ကျတော်ကိုကူညီပါ..ကျတော်ကြောင့်တစ်ခြားသူ့တွေလည်း နှိပ်မိကုန်ပြီ။ ဗိုင်းရစ်ဖြေရှင်းနည်းတစ်ခုကို ကျတော်တွေခဲ့ပါတယ်။ဒါပေမဲ့ မရဘူး။စေတနာ နှင့် မျှဝေခဲ့ပါတယ်။သိစေချင်လို့မျှဝေခဲံပါတယ် ။ ထို
ဗိုင်းရပ်စ် ကာကွယ်တဲ့ဘလော့မှာအတ္တ ကင်းစင် ဒီမိုကရေစီလွင်ပြင် ဟု အမည်ရသော ဘလော့ ၀က်ဆိုဒ်မှာဖြစ်ပါတယ်။။အားလုံး ကျန်းမာချမ်းသာ ကိုယ့်စိတ်နှစ်ဖြာ နှင့်ပြည့်စုံပါစေ။

G-Talk ကဗျာတစ်ပုဒ်

တစ်ယေက်နဲ့တစ်ယောက်မမြင်ရပေမဲ့
ချစ်ကျွမ်းတွေ ၀င်လာကြတဲ့
အွန်လိုင်းက ယူဆာမတွေ
ယူတကာမ ကြွေ နိုင်လောက်တဲ့
မှုယာမာယာတွေကြားမှာ
နစ်မြောနေကြ။

ဟဲလို!
ယူကို့တို့မမုန်းပါဘူး
ချစ်နေတုန်းပါပဲ ၇ယ်လို့
အထီးအမ မသေချာ
မရေရာ စမ်းတ၀ါးဝါးနဲ့
ပြောကြတဲ့သူ့စကားတွေ
မုသားချွေနေနေပေမယ့်
မြွေမြွေချင်းပါဗျာ
ခြေမြင်ကြတာပေါ့

တစ်ချို့ကပြောကြတယ်ဗျာ
နင်မမိုက်ပါဘူး။
Invite လုပ်နေတာကိုတောင်
ဘ၀င်စိုက်ပြီး အဖက်မတန်လို့
Accept ပြန်မလိုတာလားတဲ့ဗျာ။


တစ်ချို့ကဒီလိုဗျာ
၇ီငိုကအပလီငိုတတ်ကြ။
ချစ်သူကပစ်ကာထားလိ
လစ်ဟာသွားတဲ့နှလု့းသားနေရာမှာ
အမုန်းတရား တွေပစ်ထားပယ်လို့
ချစ်ပါတယ်ဆိုတဲ့စကားလေး
ယူ့ဆီကကြားချင်တယ်တဲ့
ခိုက်တယ်ဗျာ။



အင်း နောက်တစ်ချို့ဆိုသူက
ဟောင်းအာယူ
ု့ဟောင်းအအောက်ယော်ဂျော့တဲ့
တော်တော်ကို Talk တတ်သူတွေရှိသလို
တစ်ဦးကိုတစ်ဦးချစ်ကျွမ်းဝင်နေစဉ်
ကွန်နက်ရှင်ကောင်းပါစေကြောင်း
ဆုမွန်ကောင်းတောင်းတဲ့လူတွေလည်း
ရှိတတ်ပါသတဲ့။


ရှုပ်ပါတယ်ကွာ
လုပ်စရာတွေကျန်သေးလို့
မြန်မြန်လေးပိုးတော့မယ်
တစ်မျိုးတော့မထင်ပါနဲ့
တမင်တကာမရက်စက်ပါဘူး။
အက်တာနက်က သူငယ်ချင်းတွေကို
နှုတ်ဆက်လို့ ဒိုးတော့မယ်ဗျာ
ဆီးယူတူမောရိုး။







သူငယ်ချင်းတစ်ယောက်ကပို့ထားခြင်းဖြစ်ပါတယ်။

ကြောက်စရာကောင်းသော လူသားစားမိန်းမ




Type your summary here.

hi


*A lady from Philippines has killed many people and kept their meat on her
Refrigerator **She was enjoying eating human meat. **She said that she had
made so many parties for her relatives & guests and gave them this human
meat to eat with out their knowledge .
Her guests said that they found very good taste of this lady's cooking with
out they know which type of meat she has cooked for them . Some of them
didn't know that they would be her next victim. She has killed her husband
too.
Later on, she was caught by the Police .

အဲဒါ ကလည်း ဖိလစ်ပိုင်က မိန်းမတစ်ယောက်ပါ။ ယောကျာင်္းတွေကိုရေခဲသတ္တာထဲထည့်ပြီး သတ်စားနေတယ်လို့ပြောတယ်။။ယောကျာင်္းတွေကို သတ်စားတဲ့မိန်းမတစ်ယောက်ပါ။
နောက်ဆုံးသူယောကျာင်္းကိုပါသတ်စားသတဲ့။ဒါလည်း Forword မေးကရတဲ့ ပုံတွေပါ။ ပို့ပေးတဲ့သူကိုလည်းကျေူးဇူးတင်ပါတယ်။ပြန်သိစေချင်လို့ ဝေမျှလိုက်တာပါ။

ကလေးတွေသတ်စားနေတဲ့ လူသားစား ယောကျာင်္း









Type your summary here.
ကျတော်ရဲ့Forword မေးထဲကရတဲ့ ဓာတ်ပုံတွေပါ။ ဂျပန်နိုင်ငံကယောကျာင်္း ကလေးတွေကိုသတ်စားနေတဲ့ပုံပါ။ ဘလော့မိတ်ဆွေတွေကိုသိစေချင်လို့ပြန်ဝေမျှလိုက်တာပါ။ ဒီဓာတ်ပုံတွေကပို့ပေးတဲ့ သူငယ်ချင်းကိုလည်းကျေးဇူးတင်ပါကြောင်း...........

သီတင်းကျွတ်ပြီ..ဒါပေမဲ့

မြန်မာသက္ကရာဇ်၁၃၇၀ ၊ သီတင်းကျွှတ်လပြည့်၊ အဘိဓမ္ဓာနေ့ ၊ အင်္ဂလိပ်ခုနှစ် ၁၄၊ ၁၀၊၂၀၀၈ . အောက်တိုဘာလ နေ့သည် မြန်မာတို့၏ ရိုးရာဓလေ့ဖြစ်သော သီတင်းကျွတ်ပွဲတော် ဖြစ်သည်။
နောက်တစ်ခုကိုပြောရရင် ဘုရားရှင် သည် မယ်တော်ကို ကျေးဇူးဆပ်သော အနေ့ဖြင့် လူ့ပြည်ကို တရားလာဟောတဲ့ လဖြစ်သည်။ ဘုရားရှင် လူ့ပြည်ကိုလာတဲ့အခါ လူ့အများက မီးထွန်းပြီး ဘုရားရှင်ကို ကြိုဆိုကြသည်။ ဒီအကြောင်းကိုလည်း ဗုဒ္ဓ ဘာသာ ၀င်တိုင်းသိပါတယ်။ ဒါပေမဲ့ မြန်မာပွဲတော်တွေမှာ အစည်ကားဆုံးဆိုလို့ ပွဲတော်က နှစ်ခုပဲရှိတယ်။ သင်္ကြန်နှင့် သီတင်းကျွတ်ပွဲတော်ဖြစ်ပဲဖြစ်တယ် ။ဒါပေမဲ့


…… ပွဲတော်တွေလည်း ခေတ်နှင့်အလိုက် ရှိကြကုန်ပြီ ။ ယခုသီတင်းကျွတ်မီးထွန်းပွဲတော်မှာလဲ ဗျောင်းအိုး ၊ မီးပန်း၊ ယမ်းပန်း ၊ မီးကြယ် စသည့် ဒီအရာတွေ ပစ်ဖောက်နေကြတယ်။ အရမ်းကြမ်းတယ်။ ဂျပန်ခေတ် ၊ ကိုလိုနီခေတ်က ဗုံးကြဲနေတာလားလို့ အောက်မေ့ရတယ်။ ကြမ်းလိုက်တာ မပြောလိုက်နဲ့တော့..။ဖောက်တဲ့သူလည်း နေဖောက် ညဖောက် ၊ လူ့အိပ်ချိန်ဖောက် ကြတော့ လူ့တွေကလည်းအိပ်လိုမရ။ ကောင်းနေတဲ့လူကောင်းတောင်မီးပန်းတွေ ဖောက်လိုက်ရင် လန့်လန့်သွားတယ်။ တုန်သွားတယ်ဆိုရင် နှလုံးရောဂါ၊ လူနာတွေဆို လန့်သွားမယ်ဆိုရင်တော့ ဘယ်လိုဖြစ်သွားမယ်ဆိုရင် တွေးကြည့်ပေါ့..။ယခုသီတင်းကျွတ်အချိန်မှာ အများအားဖြင့်မအိပ်ကြတာများတယ်။ အိပ်လို့လည်းမရဘူးလေ.။လူအိပ်ချိန်လည်း မီးပန်းတွေထထဖောက်နေတယ်။ ဒုက္ခဖြစ်တယပေါ့။တစ်နှစ်တစ်နှစ် သီတင်းကျွတ်ပွဲတော်လည်း ကြမ်းလာတယ်။ ကျတော်ဆိုရင် မီးပန်းတွေဖောက်ဖောက်လိုက်ရင် လန့်လန့်သွားတယ် ။အရမ်းလည်းစိတ်ညစ်တယ်။ အလုပ်လုပ်နေတဲ့အချိန်ဆို ဖောက်ဖောက်လိုက်ရင် လန့်လန့်သွားတယ်…။ ပြည်ပကိုရောက်နေတဲ့ သူတွေဆို ဒီလိုအချိန်မျိုးဆိုအရမ်းလွမ်းမှာပေါ့နော် …။။
အော် ဘ၀ ဘ၀ ဒီလိုပဲ ဒီလိုပဲ..



အပေါ့ဆုံး နှင့် အလေးဆုံး

လောက၌ အပေါ့ပါးဆုံးသောအရာဝတ္ထုသည်လဲဝါဖြစ်၏။
ထိုထက် လျှပ်ပေါ်လော်လီသူသည် ပို၍ပေါ့၏။
ထိုထက်မိဘဆရာတို့၏ အဆုံးအစ်မကိုမခံယူသူသည်ပို၍ ပေါ့၏။
ထို့ထက် မြတ်စွာဘုရား၏ အဆုံးအမ ကို မနာခံသူသည် အပေါ့ဆုံးဖြစ်၏။



ထိုထက် နတ်တို့ပြောသာ စကားသည်ပို၍ လေး၏။
လောက၌ ကျောက်ထီးသည်လေး၏။
ထိုထက် ဆရာမိဘတို့၏ အဆုံးအမ သြ၀ါဒ သည်ပို၍ လေး၏။
ထိုထက် မြတ်စွာ ဘုရား၏ တ၇ားတော်သည်လေး၏။


လောကနီတဆောင်ပုဒ်များထဲမှာ ပညာရှိတို့အကြောင်း

လူပျင်းမှာ

ပျင်းရိသူသည် အတတ်ပညာ
အဘယ်မှာ ရအံနည်း။
အတတ်ပညာမရှိလျှင်
စီးပွားဥစ္စာ အဘယ်မှာ ရအံနည်း။
စီးပွားဥစ္စာမဖြစ်ထွန်းလျှင်
အဆွေခင်ပွင်း အဘယ်မှာ ရအံ့နည်း။
အဆွေခင်ပွင်းကောင်းမရှိလျှင်
ချမ်းသာ သုခ အဘယ်မှာရအံနည်း။
ချမ်းသာသုခ မရှိလျှင်
ကောင်းမှု ကုသိုလ် အဘယ်မှာ ပြုနိုင်မည်နည်း။
ကောင်းမှုကုသိုလ် မပြုနိုင်လျှင်
အဘယ်မှာနိဗ္ဗာန် ကို၇နိုင်ပါတော့မည်နည်း။


မိတ်ဆွေကောင်း

အတတ်ပညာ နှင့်တူသော ဥစ္စာသည်မရှိ။
အတတ်ပညာကို သူခိုးဓားပြတို့ မယူနိုင်။
အတတ်ပညာ သည် မျက်မှောက် လောက ၌
ခင်ပွန်း ကောင်းဖြစ်၍ ၊တမလွန်၌ ချမ်းသာမှုကိုဖြစ်စေ၏။

နည်းများမဟူ

ဗဟုသုတ အကြားအမြင် မှန်သမျှ
တို့ကို နည်းသည် ဟူ၍ မအောက်မေ့အပ်ပေ။
စိတ်၌ သိုးမှီးထားအပ်၏။
တောင်ပို့၌ ရေစက်သည်
ကျဖန်များ၍ ပြည့်သကဲ့သို့တည်း။

ဖြည်းဖြည်းငါးဖြာ

အတတ်ပညာ သင်ယူရာတွင် တစ်ဆင့်ပြီးတစ်ဆင့်
ဖြည်းဖြည်းသာလျှင် သင်ယူရာ၏။
ပစ္စည်းဥစ္စာ ရှာဖွေရာတွင်လည်း တစ်ဆင့် ပြီးတစ်ဆင့်
ဖြည်းဖြည်းသာလျှင် ရှာဖွေရာ၏။
တောင်ကိုတက်ရာတွင်လည်း တစ်ဆင့်ပြီး
တစ်ဆင့် ဖြည်းဖြည်းသလျှင် ရောက်၏။
ဒေါသအမျက် ထွက်ရာတွင်လည်း
ဖြည်းဖြည်းသာလျှင် ထွက်ရာ၏။
ကာမအာရုံ ခံစားရာတွင်လည်း တစ်ဆင့်ပြီးတစ်ဆင့်
ဖြည်းဖြည်း သာလျှင် ကျင့်သုံးအပ်ပေသည်။


စကားပြောလွန်းလျှင် လူမိုက်

ပညာ ရှိသည် မမေးမှုကား
စည်ကြီးသဖွယ်ဖြစ်၏။
သူမေးမှုကား မိုးကြိုးသဖွယ်ဖြစ်၏။
လူမိုက်တို့မှာကား
သူတစ်ပါးတို့က မေးသည်ဖြစ်စေ၊
မမေးသည် ဖြစ်စေအခါခပ်သိမ်းပင်လျှင်
စကားများစွာ ပြောဟောတတ်၏။



အတိမ်အနက်

ရေတိမ် ရေနက်ကို ကုမုဒြာ ကြာရိုးကို
မြင်ခြင်းဖြင့် သိနိုင်၏။

အမျိုးယုတ်မြတ်ကို၊
ကိုယ့်နှုတ် အမှုအရာ ဖြင့်သိနိုင်၏။
မြေကောင်း မကောင်းကို
မြက်ပင်တို့ ညှိုးမညှိုး ကိုကြည့်၍ သိနိုင်၏။
ပညာရှိ မရှိကို
ုပြောဆိုသောစကားကို ကြည့်၍ သိနိုင်၏။


နွားခြေရာခွက်ကို


ပညာနည်းပါး မျှော် မြင် ဥာဏ်
ခေါင်းပါးသော သူတို့သည်
မိမိ၌ တတ်မြောက် ပြီးသော
သူတို့သည် မိမိ၌ တတ်မြောက်ပြီး
သော ပညာအနည်းငယ်ကို များစွာဟု
ထင်မှတ်လျက် မာန် မာန ထားတတ်။

သမုဒ္ဒရာကို မမြင်ဖူးသော ဖားသူငယ် သည်
တွင်းမှရေ ကို များစွာဟု ထင်သကဲ့သို့ဖြစ်၏။



ဘယ်အရွယ်မှာရအံနည်း

ပထမအရွယ်၌ ပညာကိုမရခဲ့လျှင်
ဒုတိယအရွယ်၌ စီးပွားဥစ္စာ မရခဲ့လျှင်
တတိယ အရွယ်၌ တရားဘာဝနာ အားမထုတ်နိုင်လျှင်
စတုထ္တအရွယ်၌ ဘာမှ ရစရာမရှိတော့ချေ။




ကိုယ့် ကိုယ့်ကို ကိုး
တောတောင် ချောင်းကမ်းဘား စည် များ၌
ပေါက်သောဆူးတို့ကို
မည်သူ ထက်အောင်ချွန်သနည်း။
မိမိအလိုလိ သာလျှင်ထက်၍ချွန်၏။
ကြည်လင် တောက်ပသော သမင်တို့၏
မျက်လုံး၌ လည်းမည်သူ မျက်စဉ်း ခတ်၌
ကြည်လင်တောက်ပနည်း။
မိမိအလိုလိုသာလျှင် ကြည်လင် တောက်ပ၏။
ရွံ့ ညွံ့တို့၌ ပေါက်သော ကြာပန်းတို့ကို လည်း
မည်သူရနံထည့်လေသနည်း။ မိမိအလိုလိုသာလျှင် မွေးကြိုင်သော အနံ့ကိုဖြစ်စေ၏။

ပညာလိုလားသော အမျိုးကောင်းသားတို့သည်လည်း မိမိဘာသာလျှင်
ကြိုးစားသမှုပြု၍ အတတ်ပညာကို၇ှာကြရမည်ဖြစ်ပေသည်။

အနှစ်သာရ

ထုံးမပါသော ကွမ်းသည် အရသာမရှိ၊
ဓနဥစ္စာ မပြည့်စုံ သူတို့၏ ၀တ်စားဆင်ယင် ခြင်းသည်လည်းအရသာမရှိ။
ဆားမပါသောဟင်းသည်လည်းအရသာမရှိ။
ပညာမရှိသူ၏ ဖွဲ့ဆို သီကုံးသော ပျိ့ကဗျာ သည်လည်း အနှစ်ရသာ
မရှိ။


နွားနှင့် ယောကျာ်း


လောက၌ စားခြင်း အိပ်ခြင်း ၊မေထုန် မှီဝဲခြင်းသည် နွား နှင့် လူတို့မှာ အတူတူဖြစ်၏။
အတတ်ပညာသည်ကား လူယောကျာင်္း တို့၌ ထူးခြား၏။
အတတ်ပညာ မရှိပါမှုကားနွားနှင့်အတူတူပင်ဖြစ်၏။


မတူမရှိ

လောက၌ အတတ်ပညာ နှင့်တူသောမိတ်ဆွေကောင်းသည်မရှိ။
အနာရောဂါ နှင့်တူသောရန်သူလည်းမရှိ။
မိမိကိုယ့်နှင့်ထပ်တူ ချစ်အပ် သူသည်မရှိ။
ကံနှင့်တူသော ခွန်အားမည်သည်မရှိချေ။

မတင့်တယ်

ဟာသာင်္သည် ကျီးတို့၏ အလယ်၌ မတင့်တယ်ချေ။
ခြင်္သေ့ သည် နွား တို့၏ အလယ်၌ မတင့်တယ်ချေ။
မြင်းသည် မြည်းတို့၏ အလယ်၌ မတင့်တယ်ချေ။
ပညာရှိသည် လူမိုက် တို့အလယ်၌ မတင့်တယ်ချေ။


မသိစေနှင့်

လောက၌ စီးပွား ဥစ္စာ ပျက်စီးခြင်းကိုလည်းကောင်း၊
နှလု့းပူပန်ခြင်း ကို လည်းကောင်း ၊အိမ်၌ မကောင်းမှုပြုခြင်းကိုလည်းကောင်း၊
မထေမဲ့မြင်ပြုခြင်း ကိုလည်းကောင်း ပညာ ရှိသော ပုဂ္ဂိုလ်သည် ထင်ရှားမပြုရာ။

ဆန်မရှိ အစားကြီး

ငွေကြေး အသပြာ မပြည့်ဝပဲ အစားကောင်းစားလိုသူ။
ခွန်အား မပြည့်စုံပဲ အသတ်အပုတ်လိုလားသူ၊
ပညာမရှိပဲ လူရှေ့၌ စကားပြောလိုသူတို့သည် သူရှုးနှင့်သာတူကုန်၏။

သူယုတ်လက္ခဏာ`

သူမခေါ်ဘဲ သူတစ်ပါး အိမ်သို့ သွားဖန်များတတ်သူ
သူမမေးပဲ များစွာ ပြောတတ်သူ။
မိမိတော်ကြောင်း ၀ါကြွား ပလွှား ပြောဆိုတတ်သူ တို့သည်ကား သူယုတ် တို့၏ လက္ခဏာ ဖြစ်တော့၏။
(မခေါ်ဘဲမသွားနှင့်။မမေးဘဲမပြောနှင့် ၊ ကိုယ့်အကြောင်းမကြွှားနှင့်။)

မပြည့်သည်သင်္ကေတ

အဆင်းမလှသော သူ သည် သူတကာ ထက်
ပိုပြီး စကား များတတ်၏။ ပညာ နည်းသော သူသည် သူတကာ ထက် ကြွှားဝါ ပူလွှားတတ် ၏။ မပြည့်သော အိုးသည် ဘောင်ဘင် ခတ် တတ်၏။ နို့မထွက်သော် နွားမလည်ကန်တတ်၏။

ကိုယ့်ကိုယ့် ကိုယ့်ထင်

ဖားသူငယ်သည် ဆောင့် ကြောင့် ထိုင်တတ် ကာမျှ နှင့်
မိမိ ကိုယ့် ကိုခြင်္သေ့ ဟု ထင်မှတ်တတ်၍ သူ့အား
ကိုက်ချီမည့်ကျီး ကိုမှု ချစ်ဆွေ ချစ်ဆွေဟု ပြောဆိုတတ်၏။
ပညာမရှိသောသူသည်လည်း မိမိကိုယ့်ကိုပညာရှိဝါ
ကြွှားတတ်သော်လည်း သူ့အားပုစ္ဆာထုတ်ကာ မေးမြန်းသည့်သူကို
ငါ့ရှင် ငါ့ရှင့် ဟူ၍ မျက်နှာချိုသွေးတတ်၏။


တူပင်တူ၊မတူသူများ

ဖားသူငယ်သည် ဆောင့်ကြောင့် ထိုင်နိုင်ကာမျှနှင့် ခြင်္သေမဖြစ်နိုင်။
ဝက်သည် အုတ်အုတ် အုတ် အုတ် ဟူ၍ ကျားသစ်၏အသံကဲ့သို့ မြည်နိုင်ခါမျှ နှင့်ကျားသစ်အစစ်မဖြစ်နိုင်။

ကြောင်သည် ကျားနှင့် ပုံသဏ္ဌန် တူခါ မျှနှင့် ကျားအစစ် မဖြစ်နိုင်။
ပညာရှိခြင်း တူညီစေဦးေီတာ့အတတ်ခြင်းအစွမ်းအစခြင်း၊အရည်အချင်းခြင်း မတူနိုင်ပေ။

မရောင့်ရဲတရား(၄)ပါး
မင်းတို့သည် မည်သည်မှာ ဥစ္စာ ၊ေ၇ွှ ၊ငွေ၊ နယ်ပယ်ဒေသ တန်ခိုးအာဏာ စသည်များတို့၌ ရောင်ရဲ့ခြင်း မရှိ။
မျက်စိသည်လည်း ချစ်သူကို ကြည့်ရှုခြင်း၌ ရောင့်ရဲ့ခြင်းမရှိ။
သမုဒ္ဒရာသည်လည်း ၀င်ေ၇ာက်လာသော ရေတို့ကိုရောင့်ရဲခြင်းမရှိ။
ပညာရှိသည်လည်း ဗဟုသုတရှာဖွေဆည်းပူးခြင်း၌ရောင့်ရဲ့ခြင်း မရှိတတ်ပေ။


ပေါက်ပန်း
ပေါက်ပန်း အဆင်းအရွယ် လည်းရှိသည်။ချမ်းသာကြွှယ်ဝ သူ၏ သားသမီးလည်းဖြစ်သည်။ ဖြစ်ပါစေတော့ အတတ်ပညာ မရှိလျှင် မတင့်တယ် ၊အဆင်းလှလျက် အနံမဲ့သောပေါက်ပန်းကဲ့သို့သားတည်း။


အထင်မသေးရာ

အမျိုးယုတ်သူ၏ သားပင်ဖြစ်သော်လည်း
မင်းဖြစ်နိုင်သေး၏။
လူမိုက်လူသွမ်း၏သားပင်ဖြစ်သော်လည်း
ပညာရှိ ဖြစ်နိုင်သေး၏.
ဥစ္စာမဲ့သော သူ၏ သားပင်ဖြစ်သော်လည်း သူဌေး သူကြွယ် ဖြစ်နိုင်သေး၏။
ဘယ်ယောကျာ်းကိုမျှ အထင်မသေးရာ။





ကောင်းမှု ရှိ-မရှိ သိဖွယ်များကဗျာ

သူများအသတ် သတ်သည့်အတွက် အသက်ကိုယ့်မှာတို။
မသတ်ရှောင်ရှား ထိုလူများ ရှည်လျားအသက်ကို။

သေအောင်မသတ် နှိပ်စက်တတ် များလတ်ရောဂါဆို။
ညှာတာစိတ်သွင်း မနှိမ်နင်း ကင်းရျင်းရောဂါကို။


ထန်ပြင်းဒေါသ ကြီးခဲ့က မလှအဆင်းဆို၏
ဒေါသကင်းစင် မေတ္တာရှင် ကြည်လင် လှသကို။


မပေးမကမ်း မလှူဒါန်း နွမ်းပါးဥစ္စာဆို၏
စွန့်ကြဲလေ့တုံ ရှိစေကုန် ကုံလုံကြွယ်ဝလို။


မာန်မာကြွယ် ထိုသူဝယ် မျိုးနွယ် ညံ့မည်ဆို။
လေးစားရိုကျိုး မာန် နှိမ်ချိုး အမျိုးမြတ်သကို။

အလိမ္မာကင်း ညံ့ဖျင်းလေအောင် သွေးဆောင်ခဲ့ကာ
ဖျက်ဆီးပါ ပညာညံ့မည်ဆို။
လိမ္မာစေကြောင်း လမ်းကောင်းညွှန်ကာ သင်ပြပါ ပညာထက်သကို။

အတွေးကဗျာ..အတွေးစာ..အတွေးစုရတနာ











ကိုယ့်ကိုယ်ကို အထင်ကြီးပြီး
သူများကို အထင်သေးတာမဆန်းပါ။



တစ်ကိုယ့်ကောင်းဆန်တဲ့သူဟာ
ဒုက္ခရောက်ရင် တစ်ကိုယ်တည်းဖြစ်နေတတ်တယ်။




ဘ၀ကိုမြတ်နိုးရင် အချိန်မဖြုန်းပါနဲ့။
အချိန်ဖြင့် ဘ၀ကိုတည်ဆောက်ပါ။


ထူးကဲသော အရည်အချင်းများနှင့်
မွေးဖွားလာခြင်း၏ အစစ်မှန်ဆုံး
လက္ခာကား မနာလိုဝန်တို
မိစ္ဆာာစိတ် မရှိခြင်းပင်ဖြစ်သည်။


အရာတစ်ခုဟာရဖို့ခက်ခဲလေ
ပိုပြိးလိုချင်လေပဲ။ရဖို့ခက်တိုင်း
တန်ဖိုးရှိရဲ့လား စဉ်းစားဦး။



အတားအဆီးတွေကို ကျော်ဖြတ်နိုင်တယ်။
ဆိုပေမဲ့မေတ္တာနဲ့တားတားတဲ့
စည်းကိုတော့ကျော်ဖြတ်ဖို့
ခက်ခဲ့လွန်းတယ်နော်။


လမင်းကြီးလို သူများရောင်ပြန်ကြောင့်
လင်းနေတာထက် နေမင်းကြီးလို ကိုယ့်တိုင်
အလင်းရောင်နဲ့ပဲ လင်းနေချင်တယ်



သားသမီးတွေကို မကောင်းတာဖြစ်စေချင်တဲ့
မိဘမျိုးလုံးဝမရှိနိုင်။




လှပတဲ့ အနာဂတ်ကိုပိုင်ချင်ရင်တော့
ကြိုတင် ကြိုးစားပြင်ထားပေါ့။




နှုတ်မဆက်ဘဲ ခွဲခွာကြရတာထက်
နတ်ဆက်ပြီးခွဲခွာရတာက ဖြေသာတာပေါ့ကွယ်။



ပျက်အစဉ် ပြင်ခဏ ဆို
ပျက်မှန်းသိသူတွေအတွက်ပါ။



ငွေရှိရင် အရာရာအောင်မြင်သတဲ့။
ငွေနဲ့လုပ်လို့ မရတဲ အောင်မြင်မှုတွေလည်း
ရှိပါတယ်။



မင်းကိုမင်းကြည့်
မင်းဘ၀ မင်းသိ။



စိတ်အလိုကိုလိုက်ရင် အောင်မြင်မှုက
နှုတ်ဆက်ထွက်ခါသွားလိမ့်မယ်။



အလွယ်ရကြရင် တန်းဖိုးမထားဘူးတဲ့။
တန်ဖိုးဆိုတာ ကိုယ့်ဘာသာ သတ်မှတ်မှ
ပိုမှန်တာပါ။




ပထမဆုံး ခြေလှမ်းကို မြေပေါ် မချဘဲနဲ့တော့
လိုချင်တဲ့ခရီးကို ရောက်မှာ မဟုတ်ဘူးနော်။



လောကမှာအကောင်းဆုံးကတော့
အမေ့အပြုံး ၊ အမေ့စကား ၊ အမေ့ကရုဏာ
တရားတွေကို ၀ပ်တွား မြတ်နိုးရခြင်းပါ
အမေ။




အကြင်နာစကားတစ်ခွန်းကို မျှော်လင့်နေသူ
အတွက် စကားကြင်နာလွယ်လွယ်ဆိုလိုက်ပါ။၏





သူများတကာ အမှးပြင်ဆင်နေကြချိန်မှာ
သူများမှားဖူးတာကို
ကိုယ့်ကလိုက်မမှားသင့်ပါ။





တစ်ခါတစ်ရံ ..နှေးကွေးခြင်းက
မြန်ဆန်ခြင်းထက်ကောင်းတယ်။
မြန်ဆန်တာနဲ့ဖျတ်လတ်တာနဲ့တော့
မတူဘူးနော်။




မိမိဘ၀ကြီးပွားတိုးတက်ချင်ရင်
လူအများကို ကူညီရိုင်းပင်းဖို့အသင့်ရှိပါစေ။




အချစ်တစ်ခုကို ရဖို့အတွက် မိဘမေတ္တာကို
ဘယ်တော့မှ မျက်ကွယ်မပြုနဲ့။




ပတ်ဝန်ကျင်း ဆိုတာ အကောင်းဆုံးဘ၀ကို
လည်းဖြစ်စေတယ်။ အဆိုးဆုံး ရောက်အောင် လည်း
ကန်ချတတ်တယ်။
ဂရုစိုက်ဖို့ လိုတယ်နော်။



စကားသိပ်မများပါနှင့်။
သင့်အနားမှာပညာရှိများထိုင်နေသည်။




ဘ၀မှာ အောင်မြင်မှု ရချင်လျှင်
ငြင်းပယ်သင့်တာတွေကို ငြင်းပယ်ရဲရမယ်။




မိမိနာမည် သမိုင်းတွေကျန်ရစ်ဖို့ထက်
တာဝန်ကျေသူ ဖြစ်အောင် ကြိုးစားပါ။




မှန်တာပြောလို့ နာတယ်ဆိုတာနဲ့
မမှန်တာပြောပြန်တော့လည်း
နာတယ်ဖြစ်ပြန်ရော။




မိန်းမတွေသာ သတ္တိရှိသူ ရဲ့ရင့်သူတွေကို
အလေးပေးတတ်တယ်။
သူငယ်ချင်း-မပျော့ညံ့နဲ့။




ဘုရားသခင် မရှိလို့ငြင်းဆိုသူတစ်ချို့ဟာ
မိခင်ကို မေ့နေကြလို့ပါ။





လောကမှာငွေနောက်ကိုပဲသိပ်လိုက်ရင်
မြွေပေါက်တာထက် ဆိုးသွားမယ်။





သူများလုပ်တိုင်း လိုက်လုပ်တဲ့သူကို
ကိုယ့်ပိုင်ညဏ်မရှိတဲ့လူလို့ ခေါ်တယ်။




မှန်နေလျက် မျိုသိပ်နေရတာ
ပညာမပြည့်စုံသေးလု့ပါ။




လူတစ်ယောက်ရဲ့အမြင့်မားဆုံး တန်ဖိုးဟာ
ယုံကြည့်စိတ်ချမှုပင်ဖြစ်သည်။





ဘ၀င်မြင့်တဲ့ရောဂါဆိုတာ
ပညာမဲ့သူတွေရဲ့စိတ်ဓာတ်ပါ။




လူတိုင်းမှာအတ္တဆိုတာ ရှိသင့်ပါတယ်။
ဒါပေမဲ့ တစ်ဖက်စွန်းမရောက်စေနဲ့ပေါ့။




အလုပ်ကိုသူများခိုင်းမှ လုပ်တာ ကျွန်စိတ်
တာဝန်သိသိလုပ်တာကမှ သခင်စိတ်





မှန်ကန်တဲ့လမ်းကြောင်း၊ မြင့်မြတ်တဲ့စိတ်ဓာတ်၊
ရင့်ကျက်တဲ့အတွေး၊ ကောင်းမြတ်တဲ့ အကျင့်တွေဟာ
ပျော်၇ွင်မှုနဲ့ အောင်ပန်းဆင်နိုင်လိမ့်မယ်။




အစကတည်းက ကြိုးစားပါ။
အားလုံးပြီးမှ နောက်တမရနဲ့။




တစ်ခါတစ်ရံမှာပိုင်ဆိုင်ပြီးမှ
ဆုံးရှုံးရခြင်းထက် လုံးဝမပိုင်ဆိုင်ဖူးတာက ပိုကောင်းတယ်။




ပြင်းပြတဲ့ဝေဒနာတစ်ခုခုကို ခံစားနေရတဲ့
အချိန်မှာ ဖြေဆေးကောင်းတာ အလုပ်ပါ။




ယောကျာ်းတစ်ယောက်မပါဘဲ
ဘ၀တစ်ခုကို တည်ဆောက်လို့ရပါတယ်။




နှလုံးသားမှာ အသိညာဏ် မရှိပေမဲ့
ဦးနှောက်မှာတော့ အသိညာဏ်ရှိတယ်လေ။



လူအကြောင်း ပေါင်းကြည့်မှသိ ဆိုပေမဲ့
ပေါင်းကြည့်စရာမလိုပဲ သိနိုင်တဲ့လူတွေ
အများကြီးရှိတယ်။





အမြင့်ဆိုးကိုပျံနိုင်သောသူသည်
အဝေးဆုံး ကိုမြင်နိုင်သည်။




နှမြောတွန့်တိုသူတွေဟာ
လောဘကြီးတဲ့သူတွေပဲ။



လူတိုင်းမှရည်မှန်းချကှ်ရှိတယ်။
ရည်မှန်းချက်တိုင်းမှာဆန္ဒရှိတယ်။
ဆန္ဒရှိရင် ၇ည်မှန်းချက်ရောက်မှာပါ။




လူကောင်းတိုင်း တော်နိုင်ပေမဲ့
လူတော်တိုင်းလည်း မကောင်းနိုင်ဘူး။



အောင်မြင်မှုရဲ့ နောက်ကွယ်မှာ ကျဆုံးမှုများ
ရှိခဲ့သလို၊ အောင်မြင်မှုရှေ့တွလည်း
ကျဆုံးမှုများရှိတတ်တာသတိထားပါ။



အမှန်တရားကို ချစ်မြတ်နိုးပါ။
အမှားကိုလည်း ခွင့်လွှတ်ပါ။





ခံပြင်းစိတ်ဟာ အသုံးချတတ်ရင်တော့
အောင်မြင်မှုရဲ့ တစ်ပိုင်းတစပဲ။




သူငယ်ချင်း..
လောကရဲ့အမုန်းအခါးတွေကို
လောကရဲ့ အပြုံးတံခါးမှာ ထားခဲ့ပါ။





ကြုံလာသမျှဒုက္ခတွေကို မျှဝေခံစားတတ်မှ
ချစ်ခြင်းပီသတယ်။



ဘ၀ကိုစိတ်မပျက်နဲ့။
စိတ်ပျက်ရင်အားကုန်မယ်။




လမ်းပျောက်လို့ လမ်းရှာတာ မှန်ပေမယ့်
လမ်းမှန်ကိုတွေ့ဖို့ အရေးကြီးတယ်နော်။




လူ့ဘ၀ဆိုတာ တိုက်ပွဲတွေနဲ့ ဖွဲ့စည်းထားတဲ့
စစ်တပြင်ပါ။ ရှုံးလိုက် ၊ နိုင်လိုက်နဲ့ပါ။ နောက်ဆုံး
သေမင်းတိုက်ပွဲနဲ့တွေ့ရမယ်။ အောင်မြင်စွာ
ရှုံးနိမ့်ဖို့တော့လိုမယ်။





အနစ်နာခံတယ်ဆိုတဲ့စကားက ပြောရလွယ်ပေမဲ့
ခံစားရတာ အရမ်းခက်တယ်။





မှန်ကန်သောစကားကို အစဉ်ပြောခြင်းအားဖြင့်
သင့်နှလုံးသား၏မြင့်မြတ်ခြင်း
လက္ခဏာကို ဖောကျုးပြီးဖြစ်သည်။




သမုဒ္ဒရာမှာ အနားသတ်ကမ်းခြေ ရှိပေမယ့်
မိဘတွေရဲ့မေတ္တာဟာ အနားသတ်ဘောင် မရှိခဲ့ဘူး။





တစ်ကြိမ် တစ်ခါ မှးယွင်းခြင်းသည် ဘ၀တစ်သက်တာ အတွ့်
သင်ခန်ား ဖြစ်ရမည်။




မိန်းကလေး..
ကိုယ့်သူငယ်ချင်းတွေ ချစ်သူရှိသွားလို့
ကိုယ့်မှာလည်း ရှိရမယ်လို့ မတွေးမိစေနဲ့။





အချစ်ဟာကစားနည်းတစ်ခုမဟုတ်ဘူး။
ဒါပေမဲ့ မသေချာတဲ့အလှည့်အပြောင်းတွေတော့
ပါဝင်နိုင်တယ်။



စမ်းသပ်လုပ်ကိုင်ခြင်းသည် မယုံကြည်မှု၏
လမ်းစဖြစ်သလို ယုံကြည်မှု၏
အစလည်းဖြစ်သည်။




လမ်းခုလတ်မှာ တွေဝေပြီးရပ်နေရင်
နောက်လူက ၀င်တိုကပြီး ကျော်သွားလိမ့်မယ်။







အရာရာကိုပြောင်းလဲပစ်ချင်တယ်ဆိုရင်တော့
ကိုယ့်ရဲ့အတွေးအမြင် မှားလေးတွေကို
ပြောင်းလိုက်ရုံလေးပါပဲ။






စိတ်ကူးယဉ်တိုင်း ဖြစ်လာမယ်ဆိုရင်
လောကကြီးက မတရားဘူးဖြစ်သွားလိမ့်မယ်။







စည်းကမ်းဆိုတာ မိမိကိုယ့်မိမိ တာဝန်ယူ
ထိန်းချူပ်နိုင်ခြင်းဖြစ်သည်။






ခဏဆိုတာ ဘ၀ကိုပြောင်းစေတတ်တယ်။
ဒီတော့ ခဏဆိုတာလေးကို ထာဝရ သတိရနေပါစေ။




ချီးကျူးမခံရနေကဲ့ရဲ့လွတ်ပါစေ။
လူတော်မဖြစ်ရင် လူကောင်းဖြစ်ပါစေ။




မိမိစိတ်ကို အောင်နိုင်သူမှ
ဘ၀ကို တကယ်အောင်နိုင်သူပါပဲ။



မိတ်ဆွေကောင်း မရှိတဲ့သူဟာ
လေကကျဉ်းကျဉ်း လေးထဲကလူပဲ။




မတူညီတဲ့ ရည်၇ွယ်ချက်နဲ့ကြိုးစားနေသူ
တိုင်းမှာ တူညီတဲ့ရည်ရွယ်ချက်တစ်ခု
ရှိတယ်.။ "အောင်မြင်ဖို့"

ရယ်ခြင်းသည် ကျတော်အတွက်အသက်တိုစေသည်။

ကျတော်အတွက်သည် ရယ်မောခြင်းသည် အသက်ကိုတိုစေသည်။ ဘာကြောင့်လဲဆိုတော့

ကျတော်သည်ရယ်လိုမရဘူး။ ရယ်လိုက်ရင် စိတ်ညစ်စရာကိစ္စနှင့် အမြဲတမ်း ကြုံတွေ၇တယ်။

ဘာဖြစ်လို့ဆိုတာ ကျတော်လည်းပြောပြမတတ်တော့ဘူး။ အူလိုက်က သည်းလိုက်ရယ်လိုက်ရင်

ကျတော်အတွက် စိတ်ညစ်စရာကိစ္စ တစ်ခုတော့ အမြဲတမ်းကြုံရတယ်။ ကျတော် သတိထားမိတာကြာပြီ

။ကျောင်းမှာ အူလိုက်သည်းလိုက်ရီလိုက်ရင် အိမ်မှာဖြစ်ဖြစ် အလုပ်မှာဖြစ်ဖြစ် ကိစ္စ တစ်ခုခုဖြစ်

သူတစ်ပါးကြောင့်စိတ်ညစ်ရတယ်။မဟုတ်ရင်ကိစ္စတစ်ခုကြောင့်မိမိကိုယ့်ကိုယ့်အမြဲတမ်းစိတ်ညစ်ရတယ်။

အလုပ်မှာ သို့မဟုတ် ကျောင်းမှာ တစ်ခုခု စိတ်ညစ်စရာတွေ ၊ဒေါသထွက်စရာတွေ ကြုံတွေရပြီးဆို

အိမ်မှာ ပျော်ရွင် စရာ တွေ ကိစ္စ တစ်ခုခု ကြုံ ရပြန်ပြိ။အိမ်မှာ သို့မဟုတ် ကျောင်းမှာ စိတ်မချမ်းသာ တဲ့

ကိစ္စတွေဖြစ်ပေါ်ပြီးဆိုရင်အလုပ်များ ပျော်ရွင်တဲ့ ကိစ္စနှင့်ပြန်ကြုံရတတ်တယ်။ ဒါကြောင့် ယနေ့

အူလိုက်သည်းလိုက်ရီ လိုက်ရင် " ငါ ယနေ့ အရမ်းရီလိုက်ပြီ ငါ ဘာစိတ်ညစ်စရာ

ကိစ္စနှင့်ကြုံတွေရမယ်မသိဘူး"ဆိုတာ စောင့်သာမျှော်ရပေတယ်။ ထိုအတိုင်းပဲ စိတ်ညစ်စရာ

တွေနဲတွေလိုက်ရင် ပျော်ရွင် တဲ့ကိစ္စ သူ့အလိုလို ပေါ်လာတယ် ။ ပြီးတော့ ကျတော်တို့ က

အရမ်းရီများတယ်လေ။ ဒါကြောင့် စိတ်ညစ်ရတဲ့ ကိစ္စ တွေ ဖြစ်တာက ပိုများတယ်။ ဒါကြောင့်

ရယ်ရတာကိုကျတော်ကြောက်နေမိသည်။ အူ လိုက် သည်းလိုက်ရီလိုက်ရင် စိတ်ညစ်စရာတွေကိစ္စတွေ

ဖြစ်ပေါ်မှာစိုးလို့ပါ။တစ်ခါလည်းမဟုတ်ဘူး။နှစ်ခါလည်းမဟုတ်ဘူး။အခါတိုင်းလိုလိုဖြစ်နေတယ်။ဒါကြောင့်ရယ်ခြင်းသည်


ကျတော်အတွက်ကြာ၇င်အသက်တိုလိမ့်မယ်ထင်တယ်။ ကျတော် ဘာလုပ်ရမည့်နည်း။ စာဖတ်သူရော်

ကျတော်ကို အပေါ် ဘယ်လိုမြင်လဲ။ ဝေဖန်သုံးသပ်ကြည့်ပါအုံး.................................................

Online ၀ိညဉ် ချစ်သူ ၀တ္ထု

အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"



သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ


ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး


ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့


မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ


(midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။


ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော


ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ


ထိုစာကြောင်းလေးဖြစ်သည်။


"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို
အမုန်းဆုံးပဲ"

ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း


ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။


ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။


"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"


သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....


"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"


"ဟား....သရဲဖြစ်ရတာပျော်လား"


"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"


"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"


ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း


ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော


ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline


ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ


ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့


နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက


ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို


မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို


ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။


"ကျွန်မ အခုဘာလုပ်နေလဲ"


တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ်
နေတတ်ပြီး...

"တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"


"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"


"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"


တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော
အချိန်တွင်

တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့)


ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို


စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။


ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို


ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော


မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့်


သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့


chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊


မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။


အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို


သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ


သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ
သူစကားမပြောပေ။

"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"



"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"


"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"


"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်


"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"


"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"

"ကောင်းပြီလေ"


မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး
ချိုချိုလေးများကြား သူမိန်းမော

သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင်
ပြောရသည်ကိုသူအားမရတော့။မေ"ကိုအပြင်လောကတွင်

သူတွေ့ချင်လာသည်။


လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင်
တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန်

သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ
များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း

အပြင်းအထန်
ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။

မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင်
မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း

သိသာနေသည်။
ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့

ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ


သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော
ပုံပြင်ကို

နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု
ဖြစ်လာခဲ့သည်။

"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"


"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"


"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"


ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား

သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏
သံလိုက်လှိုင်းများ တစ်ခါတရံ

ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း
ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို

ကျွန်မနည်းနည်းမှ
ကြောက်မနေခြင်းပင်ဖြစ်သည်။

"ခင်ဗျားက ထူးခြားတယ်"

"ဘာဖြစ်လို့လဲ"


"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"


"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"


သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။


မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို


ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ


လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online


ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။


အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက်

ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။


ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ
အပြာနုရောင် ည၀တ်အင်္ကျီကို

ဝတ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း
မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ

နူးညံ့သိမ်မွေ့သည်။ ကျွန်မ
ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက်

ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"


ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို
ကြည့်လိုက်တော့ ည

၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို
အလျှင်အမြန်ဖွင့်လိုက်သည်။

လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊


အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့်
ထိုလူ့ ရုပ်ရှည်ကို

ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ
ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင်

စာတစ်ကြောင်းပေါ်လာသည်။


"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"


ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့်
တစ်ထပ်တည်းပါလား...

စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော
သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော

midnight.... ကျွန်မ အသက်ရှူဖို့
ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ်
ဲံ
ကြည့်နေမိသည်။ သူဟာ
ကျွန်မလို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။


"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"

ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။


"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ
ထိန့်လန့်စွာ မေးလိုက်သည်။

"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"


"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"


"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ


အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။


စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ


ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။


ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"



ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင်

ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ


ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို


ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင်


တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို


သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး


သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက


စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့်


ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည်


မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။


မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား


ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်


အိပ်ပျော်သွားတော့သည်။




မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး



ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို


ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။


တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ


အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို


ပြန်သတိရမိသည်။




"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"

ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို


ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ


ဝိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး


သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား..


တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့
အပြုအမှုလဲနော်...

သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ"


ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့်



လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့်


ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်"


ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ..


ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။




ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။


သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး


ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့်


အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို


ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ


လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။




ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏


တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက


ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...


"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို
ကြောက်သွားပြီလား"

သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ


အများကြီးရှိသေးသည် မဟုတ်ပါလား..။


"နည်းနည်းတော့ ကြောက်မိပါတယ်"

ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ


ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု


ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ


မျှော်လင့်ချင်သေးသည်။


"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"

"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။


တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"


"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"


"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို


ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။


"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"


"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ


မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့


ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို


အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး


လှည့်စားခဲ့တယ်"


"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"


"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း

တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင်


ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့
ခွင့်ပြုခဲ့တယ်။

သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့
တယ်။ သူ့ကိုတွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။

သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင်လှတယ်"


ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။

"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"

"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မခေါင်းရမ်းရင်း ပြောလိုက်မိသည်။

"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"

မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့

မရခဲ့...သို့သော်နွေးထွေးသောလက်တစ်စုံကကျွန်မလက်ကိုဆုတ်ကိုင်းထားသည်ဟကျွန်မမြင်ယောင်ကြည့်မိသည်။


"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့

မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"

စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို

ကျွန်မခံစားမိသည်။

"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"

ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။

"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"

"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက

ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"

တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏

နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့်

ရှိန်းခနဲ ဖြစ်သွားသည်။

"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက်

အောက်တန်း မကျပါဘူးဗျာ"

ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကိုသူသိနေခဲ့သည်။

"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"

"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက

ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော်

အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"

"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"

"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ


ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"

ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။

လေးထောင့်အခန်း......... ခန္ဓာကိုယ်....

"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"

"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့သူတို့ကလက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"

သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။

ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။

"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ

တော်တော်စိတ်ကုန်သွားပြီလား"




"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို


မေ့သွားမှာ စိုးတယ်"



သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ


ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို

ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။
ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ

မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။





"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့်

(ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"

ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က

ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ


သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။

"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။

တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"

"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"

"ဟုတ်တယ်"

"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို မကြောက်ဘူးလား"

"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။

"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။

ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"

ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့် သူသည်ခိုကိုးရာမဲ့ဝိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။

"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာထိုင်ပြီး

ရှင်နဲ့ မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"

မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။

"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ

ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား"


"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို

ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"

ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ

စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း

တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။

"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။

ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"


နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ

ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း

အားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။

သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို

နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online

ပ်ါသို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည်

စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။



၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
၀၀၀၀၀၀




ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။

လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင်

ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။

ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။

မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက

စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင်

ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ

လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော

အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင်

ခြေအစံကို ရပ်လိုက်သည်။


"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"



ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ

ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော

စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။



သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍

ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။


"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"

ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင်

မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင် ကျွန်မမပါးကို ညင်သာစွာ

သူပွတ်သပ်လိုက်သည်။



"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"

"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"



သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့်

တူနေသည်။



"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"

"တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"



ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။

"မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"

ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။


နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ

ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ်

တွေ့ဆုံကြသည်။

ပြီးပါပြီ



Life is an opportunity, benefit from it.

Life is a beauty, admire it.

Life is a dream, realize it.

Life is a challenge meet it.

Life is a duty, complete it.

Life is a game, play it.

Life is a promise fulfill it.

Life is sorrow, overcome it.

Life is a song, sing it.

Life is a struggle, accept it.

Life is a tragedy confront it.

Life is an adventure, dare it.

Life is luck, make it.

Life is life, fight for it."

Email ကနေ ရတဲ့ ၀တ္ထု တစ်ပုဒ်ပါ။ ကြိုက်လို့ ပြန်တင်ထားတာပါ။ ကဲ စာဖတ်သူတို့ရေ ဒီဝတ္ထု ဇတ်လမ်းလေး အပြင်မှာတကယ်ရှိလား။မရှိဘူးလား။ဘယ်လိုထင်လဲ။

သို့...သူငယ်ချင်း


စကားလုံးများစွာ …

ပိုပြီးမပြောပါ..


တစ်ခွန်းတည်းပြောမှာ..


သိပ်ခင်ပါတယ်ကွာ..


* * * * * * * * * * * * * * *

ချစ် ခင် အမုန်း

စကားသုံးလုံး

အလယ်ကအလုံး

တို့အ ကြိုက်ဆုံး

***********************






ငါအိုသွားသောအခါ ***************

* ငါအိုသွားသောအခါ ငါဟာအရင်ကငါမဟုတ်တော့ဘူး ။
ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

* ချည်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အင်္ကျီ

လုံချည်ဖိုသီဖတ်သီဖြစ်နေတဲ့အခါ အညစ်အကြေး တွေမထိန်းသိမ်းနိုင်တော့တဲ့ ငါ့ကိုမရွံ့ပါနဲ့။

ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။

* အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်တဲ့ ကျေးဇူးပြုပြီးသည်းခံ
နားထောင်ပေးပါ။
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ ငါးရာ့ငါးဆယ် နိပါတ်တော်တွေ
ဇတ်ကြီးဆယ်ဘွဲ့တွေစတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့ သိပ်ခဲ့တာတွေကို သတိရပေးပါ။

* မလှုပ်ရှားနိုင်လို့ ရေချိုးဖို့အကူညီလိုတဲ့အခါ မငြိုငြင်ပါနဲ့ ။
ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

* ခေတ်သစ်နည်းပညာသစ်တွေကို မထိမနားလည်ခဲ့ရင် မလှောင်ပါနဲ့ ။
ငယ်ငယ်တုန်းက ''ဘာကြောင့်လဲဆိုတဲ့" မေးခွန်းတိုင်းကို စိတ်ရှည်စွာ ပြန်ဖြေခဲ့ရာတွေကို သတိရပေးပါ။

* စိတ်သွားတိုင် ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုဆွဲပေးကြပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။

* တစ်နေ့ထက်တစ်နေ့အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းနေပါနှင့်။အားပေးပါ။
အရင်တုန်းက လူ့ဘ၀သက်တမ်းအတွက် ငါ လမ်းညွန်းခဲ့သလို ယခုအချိန်မှာတော့
ငါ့ဘ၀နောက်ဆုံးအချိန်အတွက်အဖော်ပြုပေးပါ။ချစ်ခြင်းမေတ္တာအတွက်နဲ့ အေးမြမှုတွေကို ငါ
ပြုံးပြုံးလေးလက်ခံမှာပါ။အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့
ငါမေတ္တာတွေကိုတွေရမှာပါ။

သားတို့ သမီးတို့ ရယ် ထာဝရ ပျော်၇ွင်ချမ်းမြေ့ ပြည့်စုံကြပါစေကွယ်။

အလကားရပြီး တန်ဖိုးရှိတဲ့ အရာနှစ်ခုရှိတယ်။ အဲံဒါက မိဘမေတ္တာနှင့် အသက်ရှင်ဖို့အတွက်ရှုရတဲ့လေပဲ။
အစားထိုးလို့မရတဲ့ဆုံးရှုံးမှုနှစ်ခုရှိတယ် ။အဲဒါက မိဘနှင့်အချိန်ပဲ။

စိတ်ကြည်နှုးစရာဓာတ်ပုံများ





















































စိတ်ကြည်နှုးစရာဓာတ်ပုံများ





































































ပိုက်ဆံ


လေမရှိရင် အသက်မရှုနိုင်။
ဓာတ်ဆီမရှိရင် ကားမသွားနိုင်။
ဒီအတိုင်းပါပဲ။
ငွေဟာ (ကျတော်တို့အတွက်)လေလို
(မော်တော်ကားအတွက်)ဓာတ်ဆီလိုပါပဲ။
အသက်ရှင်ဖို့လိုတဲ့အရာပဲပေါ့။
ငွေကိုသုံးပြီး ငွေရအောင်ရှာရတယ်။
သင်သုံးလေလေ ၊ ငွေက ကိုယ့်ဆီပြန်လာလေပဲ။
ပိုက်ဆံ စကားပြောတာကြားဖူးကြမှာပါ။
ဘာမှအလကားမရဘူး။
ဒါဆိုရင်ပိုက်ဆံကိုခြစ်ခြစ်ပါအောင် စုထားရမလား။
သွားမလုပ်နဲ့။
ပိုက်ဆံမှာအတောင်ပါတယ်။သူ့ကိုထိန်းထားလို့မရဘူး။
သွားမလုပ်နဲ့။
ပိုက်ဆံမှာခြေထောက်ပါတယ်။သူဟာနေရာတကာလှည့်လည်သွားလာနေတယ်။ပိုက်ဆံကိုသုံးပါ။ရင်းနှီးမြှုပ်နှ့ပါ။လှူဒါန်းပါ။ပေးကမ်းစွန့်ကြဲပါ။


ခွင့်လွှတ်ခြင်း

ခွင့်လွှတ်ခြင်းဆိုတာ လက်တွေ့မှာ ချစ်ခြင်းမေတ္တာပါပဲ။
လူတစ်ယောက်မဟုတ်တာလုပ်တာကို ခွင့်လွှတ်လိုက်ပါ။
ဒီအခါ မိမိမှာငြိမ်းချမ်းခြင်းနဲ့တည်ငြိမ်ခြင်းများရရှိသွားတယ်။
ခွင့်မလွှတ်နိုင်ဘူးဆိုရင်တော့ ခါးသီးနာကျည်း စိတ်ဆိုးမှု တွေဖြစ်လာတယ်။
ဒါဟာမိမိကိုဒုက္ခပေးတော့တာပဲ။
လက်တွေ့မှာခွင့်လွှတ်နိုင်ခဲတယ်။
ခွင့်လွှတ်မယ့်အစား လက်စားချေဖို့ စိတ်ကူးကြသူတွေများတယ်
ဒီအတွက် ခါးသီးနာကျည်းမှုတွေဟာရင်ထဲမှာတလိမ့်လိမ့်နဲတက်လာပြီး မိမိကို လှိုက်စားတော့တယ်။
မိမိအတွက်ရောဂါတွေကိုသိမ်းထားသလိုပဲ။
ကျတော်တို့မြန်မာဗုဒ္ဓဘာသာဝင်တွေဟာဌက်ကလေးတွေလွှတ်တယ်။
ငါးကလေးတွေလွှတ်တယ်။
ဒီအခါ ရင်မှာပီတိတွေပွားတယ်။
ကုသိုလ်တွေရတာပေါ့။
ဒီထက်ပိုပြီး စိတ်ကြည်နှုးမှုရတာကတော့ ရန်သူကိုခွင်လွှတ်ခြင်းပါပဲ။
ရန်သူဆိုတာ မိမိကိုတစ်ချိန်လုံးဒုက္ခပေးနေသူပဲ။
မိမိအသာစီးရတဲ့အခါ ခွင့်လွှတ်ကြည့်ပါ။
အနန္တသူရိယအမတ်ရဲ့ မျက်ဖြေလင်္ကာ ကိုသတိရကောင်းပါတယ်။
အဲဒါကတော့ ခိုက်ကြုံဝိဘက် ၊ သံသာစက်၌
ကျိုက်လတ်တုံမှု ၊ တုန့်မယူလို့….ဆိုတာမျိုးပါပဲ။

ဥပဒေသ-ခွင့်လွှတ်ပါ။ရန်ကိုရန်ချင်းမတုံနှင်းပါနဲ

နေနည်းထိုင်နည်း

ဘ၀မှာအောင်မြင်စွာနေထိုင်ချင်ရင်တော့ ဆန့်ကျင်ဖက် အိုင်ဒီယာ နှစ်ခုကိုတစ်ပြိုင်နက်တည်းစွဲမြဲစွာ လုပ်ဆောင်ဖို့ပါပဲ။

ပထမကတော့ရေရှည်စီမံချက်ချပါ။ ကျတော်တို့တတွေဘယ်တော့မှမသေတော့ဘူးပုံစံမျိုးနဲ့ စီမံနေထိုင်ပါ။
ဒုတိယကတော့မိမိတို့နက်ဖြန်ပဲသေတော့မယ်ဆိုတဲ့ပုံစံမျိုးနဲဆောင်ရွက်ပါ။
သတ္တ၀ါလောကကြီးမှာလေ့လာတွေရှိထားတာကတော့ကျတော်တို့တတွေဟာ အသိညဏ် အမြင့်မားဆုံးသောသတ္တ၀ါဖြစ်တယ်။
ကျတော်တို့တတွေဟာသမိုင်းကိုလည်းရေးတယ်။
အနာဂတ်ကိုလည်းတွေးတယ်။
လူတွေဟာတစ်နေ့သေရမှာဲ့။
သေမှာပဲဆိုပြီးသေတဲ့နေ့ကိုစောင့်နေလိုမရဘူး။
တစ်ဖက်ကလည်းမသေဘူး။ငါအသက်ရှည်နေဦးမှာပဲလို့ ရေရှည်တွေးလို့မရဘူး။
ဒါအတွက် လုပ်သင့်တာက ရေရှည်စီမံချက်ဆွဲ။
မနက်ဖြန်သေလိုလည်းရအောင် ဒီနေ့ လုပ်ရမယ်အလုပ်ဒီနြေ့ပီးအောင်ကြိုးစားဆောင်ရွက်။
ဆိုလိုတာက လူတွေရဲ့ နေထိုင်နည်းဟာ အင်မတန် ခက်ခဲတယ်။
ကြမ်းတမ်းတဲ့ဘ၀ကလည်း သင်ခန်းစာတွေရတယ်။
တည်ငြိမ်အေးဆေးတဲ့ ဘ၀ဟာလည်းပတ်ဝန်းကျင်ကြောင့်လှုပ်တယ်။
အောင်မြင်တဲ့အချိန်ဟာ နောက်ကျနေတာလည်းရှိတယ်။
ဒုက္ခတွေကိုလည်းသိရမယ်။
ဒုက္ခ တွေကြားက ပျားရည်စက်ကိုလည်း မြိန်ယှ်စွာစားသုံးတတ်ရမယ်။
သူတော်စင်လို မကျင့်နိုင်ပေမယ့်
သူယုတ်လိုလည်းမကျင့်ရဘူး။
မာနကြီးလို့လည်းမရဘူး။
အစွမ်းကုန် လိုက်လျောပြန်တော့လည်း လူပေါကြီးဖြစ်လေရောပဲ။
ဥပဒေသ-နေတတ်ဖို့ဟာအရေးပါလှတယ်။

ဂုဏ်သရေရှိလူကြီးလူကောင်း

စကားပုံတစ်ခုရှီတယ်
''လေးစားမှုကိုတောင်းခံလို့မရဘူး၊
ထိုက်တန်အောင်လုပ်မှရတယ်''

သင်ဒီအတွက် ဘာပြောချင်သလဲ။
သင်ဟာလူကြီးလူကောင်းတစ်ယေက်လို အရိုအသေ ခံချင်ရင်တော့ ' လည်စီးလေး'တော့လိုတာပေါ့။
ကာတွန်းရုပ်တွေပါတဲ့ ဟာ ဝေယံရှပ်နီနီရဲရဲ ၀တ်ထားရင်သင်ရဲ့ဖောက်သည်တွေနဲ့အလုပ်ရှင်တွေ သင့်ကိုဘယ်လိုလေးစားတော့မှာလဲ။
ဂုဏ်သရေရှိလူကြီးလူကောင်းဖြစ်ဖို့ အသက်၃၀ မှာလား ၄၀ မှာလား ၅၀ မှာလား
တကယ်တော့ လူကြီးလူကောင်းဖြစ်ဖို့အသက်နှင့်တော့မဆိုင်ပါ။
မိမိရဲ့အနေအထိုင်ကအပြောအဆိုတွေဟာအရေးပါတယ်။
ဒီထက်မိမိရဲအ၀တ်စားတွေလည်းအရေးပါတယ်။
ကော်လာကတုံး ရှပ်အင်္ကျီကလေးနဲ့ တိုက်ပုံလေးဝတ်သွားရင်လူရိုသေတာပေါ့။
နီရဲရဲကြောင်ကြောင် ကျားကျားတွေ ၀တ်သွားပြီ အရိုအသေခံချင်လို့တော့မရဘူးလေ။
အနောက်တိုင်းဝတ်စုံ ၀တ်သွားရင်တော့ နက်ကတိုင်းဟာ မရှိမဖြစ် လိုအပ်တာပေါ့။
သူအရပ်သူဇတ်ပေါ့လေ။
ဘယ်လိုဖြစ်ဖြစ်သေသေသပ်သပ် ၀တ်စားတယ်ဆိုတာဟာ လူတကာရဲ့ လေးစားမှုကိုရစေတာအမှန်ပါပဲ။

နှစ်လိုဖွယ်ရာ စိတ်ဓာတ်ကျပါ။

စိတ်ဓာတ် ကျတယ်ဆိုတာ ဘာမှထူးဆန်းတာမဟုတ်ပါဘူး။နှစ်လိုဖွယ်ရာတစ်ခုပဲလို့လက်ခံပါ။သင်ဟာအချိန်တိုင်းတက်ကြွနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။တို့တတွေကို ဒီလိုတည်ဆောက်ထားတာမှမဟုတ်တာပဲ။
ဒီတော့ဆက်လက်ပြီးရှင်သန်နေပါ။
ဒီလိုနဲပဲ နေ့တွေ ကုန်သွားမှာပါ။
စိတ်ဓာတ်ကျတယ်ဆိုတာအကြောင်းရင်းတော့ရှိမှာပေါ့။မိမိဘာကြောင့် ဒီလိုဖြစ်လဲဆိုတာ ဆန်းစစ်ပါ။ ပုံပြင်လေးတစ်ခုရှိတယ်။တစ်ခါကကောင်လေး တစ်ယောက် ရှိတယ်တဲ့။သူမှာ ဖိနပ် ၀ယ်ဖို့ ပိုက်ဆံ မရှိလို့ စိတ်ညစ်နေတယ်။ဒီအခါမှာပဲ ခြေထောက်ပြတ်နေတဲ့ ကောင်လေးတစ်ယောက်ကိုတွေ့သတဲံ။စိတ်ဓာတ်ကျစရာတွေလောကမှာ တစ်လှေကြီး ရှိတယ်။ တစ်ချို့ ကပြောတယ် ။
ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့တဲ့။အလကားပြောတာ။
စိတ်ညစ်စရာရှိရင် စိတ်ညစ်လိုက်ပါ
။လူတွေဟာစိတ်နဲ့နေတဲ့ သတ္တ၀ါ တွေပါ။
''စိတ်ညစ်ရင်မျက်ရည်ကျ ခေါင်းဖွလို့ နေတတ်တယ်
စိတ်ပျော်ရင်မြုးတူးအရှုးလိုပဲကွယ် ''တဲ့
ဒါကြောင့် စိတ်ရဲ့အလိုကျ အတိုင်းအတာတစ်ခုအထိတော့နေပါ။စဉ်းစားကြည့်လေ
ဆုံးရှုံးမှုအတွက်စိတ်ညစ်ရင် ''ေးအတွက်လေး''မှာပေါ့။
မအောင်မြင် တာ ဟာ ဘာကြောင့်လဲဆိုတော့ မေးခွန်းကိုမေးပါ။
ဥပဒေသ-စိတ်ဓာတ်ကျတာအဖြေရှာပါ။
ငါဘာကြောင့် ဒီလိုဖြစ်တာလဲဆိုပြီး ဆန်းစစ်ပါအရေးကြီးပါတယ်။
ဒီအခါမှာ မိမိစိတ်ကျနေရာကနေ တဖြည်းဖြည်း လွတ်မြောက်သွားမှာပါ။

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏သံဝေဂကမ္မဋ္ဌန်သံပေါက်(၁)

သဗ္ဗေသတ္တာ ၊ သေနေယျာ ၊ သံသာရှည်လှပြီ။

အတည်ကျကျ ၊ ဘယ်ဘ၀ ၊ ရကြမရှိပြီ။

ရအံနိုးနိုး ၊ လောဘမျိုး ၊ အကျိုးယုတ်လှပြီ။

သုံးပါးညီးညီး ၊ လောင်မီးကြီး ၊ ဖိစီးလှလေပြီ။

လောင်မှန်းမသိ ၊မောဟဘိ ၊မိမိမိုက်လှပြီ။

ပိုးဖလံမျိုး ၊ မီးကိုတိုး ၊ ကိုယ့်ကျိုးနည်းလှပြီ။

ကာမဂုဏ်မွဲ၊သည်မိုက်မဲ ၊ မခွဲနိုင်ကြပြီ။

မခွဲနိုင်ကြ ၊လူဗာလ၊ မိုက်စသိမ်းသင့်ပြီ။

ဂဂါင်္သဲတူ၊ပွင့်တော်မှု ၊ဆူဆူ များလှပြီ။

များအသင်္ချေ ၊ရှင်စောတွေ ၊ ရှောင်သွေလွဲခဲ့ပြီ။

တစ်ဆူမသင့် ၊ တစ်ဆူသင့် ၊ဖူးခွင့်တွေ့သိုက်ပြီ။

မတော်မတရား ၊ ကျင့်ဖောက်ပြား ၊ မိုက်အားကြီးလှပြီ။

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏သံဝေဂကမ္မဋ္ဌန်သံပေါက်(၂)

မနုဿတ္တ ၊ ဒုလ္လဘ ၊ မရများလှပြီ။

အရတော်လှ၊ သည်ဘ၀၊ လှလှကျင့်ထိုက်ပြီ။

ကြုံကြိုက်တော်စွာ ၊ သာသနာ၊ ရောင်ဝါထွန်းလှပြီ။

သတိရရ ၊မြတ်ပုည ၊ ပြုကြကောင်းသင့်ပြ။

တစ်နေ့တစ်နေ့ ၊နက်ဖြန်ရွေ့ ၊ မမေ့ကောင်းသင့်ပြီ။

ငါ့ကိုယ်ငါ့သား၊ငါ့မယား ၊ ထင်မှားလှလေပြီ။

ထင်မှားတတ်စွာ ၊သက္ကာယာ ၊ မစ္ဆာကင်းလှပြီ။

ငါးခုန္ဓာ၊ ရုပ်နမ်မှာ ၊မှန်စွာမှတ်သင့်ပြီ။

သမ္မသန ၊ ဥာဏ်အစ ၊ ထင်ကြသင့်လေပြီ။

နင်ဖြစ်နင်ကိုယ့် ၊ဆုံးမဆို ၊ နင့်ကိုယ့်အမှုသည်

နှလုံးဖုံဖုံ ၊ ထုံတုံတုံ ၊နင်ပုံကြော့ကြမ်းသည်။

နင်နှင့်နင်ဟန် ၊စီရင်ဖန် ၊အမှန်ဖြစ်တော့သည်။

ယခုနင်ကိုယ့် ၊ နင်အလို ၊ ဘယ်လိုပြည့်စုံသည်။

အလိုမလိုက်၊သည်အမိုက် ၊ ပယ်ထိုက်သင့်လှပြီ။
မပယ်မချိုး ၊ဆင်ကန်းတိုး ၊ ဟုတ်နိုးထင်လှပြီ။

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏သံဝေဂကမ္မဋ္ဌန်သံပေါက်(၃)

နင်ကိုယ့်နင်နှစ် ၊ နင်အပြစ် ၊ နင်ဖြစ်ခံရမည်။

နင့်ကိုယ့်နင်အား၊နင်မသနား၊နင်မှားရှာတော့မည်။

နင်မဆုံးမ ၊နင်တာပ၊ ဘယ်ကခံလိမ့်မည်။

ဒါန ၊ သီလ ၊ ဘာဝနာ ၊မကြာနင်တွေ့မည်။

ဇာတိ ၊ ဇရာ ၊မရဏာ ၊မကြာနင်တွေ့မည်။

မျက်တောင်တစ်ယှက်၊ လျှပ်တစ်ပြက် ၊နင်သက်သေလိမ့်မည်။

ဘယ်နှစ်ဘယ်လ၊ ရောက်ခါမှ ၊ကာလမရွေးပြီ။

ကြီးငယ်မဟူ ၊ကို့ယ်ရွယ်တူ ၊ ခုမှုသေလှပြီ။

အမှန်သေရိုး ၊ ထိုလူမျိုး ။ကြောက်စိုးရွံ့လှလေပြီ။

မသွင်းနှလုံး ၊အတင်းရှုံး ၊ ပျက်ပြုန်း ၊ လှလေပြီ။

ခ န္ဓာာကြွေလျော ၊ ရှိပြန်သော ၊ ပှုဇောလောင်လှပြီ။

သွားကျိုးဆံဖြူ ၊ ရှိပြန်မှု၊ ဘယ်သူမကြောက်ပြီ။

ဤသည်မယား ။ဤသည်ကား ၊ မီးပွား မှန်တော့သည်။

ခယ၊၀ယ ၊ဘိဇန ၊ ပျက်ကြလှလေပြီ ၊

အပိယေဟိ ၊ ပိယေဟိ၊ ဒုက္ခိကြုံလေပြီ။

ဒုက္ခထွေထွေ ၊တပေပေ ၊ဒုက္ခိကြုံလေပြီ။

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏သံဝေဂကမ္မဋ္ဌန်သံပေါက်(၄)

နိဗ္ဗန်သာခေါင် ၊ ဘေးမဲ့သောင် ၊ ရောက်အောင်ပြုခဲ့ပြီ။

မပြုပါပဲ ၊ နင်ရှောင်လွှဲ ၊နင်ပဲမိုက်လှပြီ။

ယုတ္တိယုတ္တာ ၊နင်ဆင်ကာ ၊ဟန်သာနင်များသည်။

ဘုရားသွားသွား ၊ ကျောင်းသွားသွား ၊စိတ်ထားနင်မကြည်။

ဒါနသိလာ ၊ နင်ပြုတာ ၊စေတနာဇောမကြည်။

သို့ပြင်ပြုလို့ ၊နင်ကုသိုလ် ၊ဘယ်ကိုသွားလိမ့်မည်။

လောကုတ္တရာ ၊ မြိုက်သြဇာ ၊ နင်သာဝေးလှပြီ။

ဇောစိတ်သန်သန် ၊ကုသိုလ်မှန် ၊နင်ကြံပြု့ရမည်။

သို့ပြုမှသာ ၊ပြည်ခေမာ ၊ နင်သာနီးရမည်။

ဤသို့စုံစေ့ ၊ ပြန်လှန်၍ ၊ စေ့စေ့နှလုံးတည်။

အနမတဂ္ဂ ၊သံသာရ ၊ကြာလှလေကုန်ပြီ။

ဂဂါင်္ဝါလှ ၊ပမာပြု ၊သဲစုမကပြီ။

တဏှာ၏နောက် ၊တစ်ကောက်ကောက် လိုက်ထောက်မသင့်ပြီ။

တဏှာမြစ်မ ၊ ပင်လယ်ဝ ၊ နစ်ကြလေကုန်ပြီ။

တဏှာလည်းပွား ၊ဒုက္ခ များ ၊ သွား၍မဆုံးပြီ။

You received this email because you are subscribed to the real_time feed for http://white-sky-kyawhlaingoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.