Yahoo Pipe ဖြင့် Blog list တစ်ခု ဖန်တီးခြင်း
Acknowledgement :
ကျနော် ထုံးစံအတိုင်း လေ့ကျင့်ခန်း တစ်ခုနဲ့ ရှင်းပြချင်ပါတယ်။ မရှင်းပြခင် သိထားသင့်တာ တချို့က
- အခု ရှင်းပြမယ့် URL တွေက Blogspot ကိုပဲ ရည်ညွှန်းပါတယ်။ Wordpress ဆိုရင် feed က တစ်မျိုးဖြစ်နိုင်ပါတယ်။
- အရိုးရှင်းဆုံးနဲ့ အခြေခံကို မြင်သာအောင် ပြချင်တာကြောင့် Function များများစားစား မထည့်တော့ပါဘူး။ အခြေခံလောက်ပေါ့။ ကျန်တာ ကိုယ့်ဖာသာ ဆက်ပြီး ကလိပါလေ။
- Yahoo Pipe ဟာ Flow Chart ဆွဲသလို Diagram ပုံနဲ့ Program တစ်ပုဒ် ဖန်တီးခြင်းပါ။ လိုချင်တဲ့ Function ကို Drag & Drop ဆွဲယူပြီး ထည့်ပေးရပါမယ်။
- Yahoo Pipe မှာ Diagram ပုံတစ်ပုံ ဖန်တီးယူပြီး အဲဒီ Diagram ရဲ့ result ကို Javascript နဲ့ Blogger မှာ ယူသုံးပါ့မယ်။
Yahoo Pipe တွင် Diagram တစ်ခု တည်ဆောက်ခြင်း
အရင်ဆုံး Yahoo Pipe ကို ခေါ်ပါ့မယ်။ သိပ်သေချာတာပေါ့။ ကျနော်တို့ အကောင့်တစ်ခု လုပ်ရမယ်။ တကယ်လို့ Yahoo Account ရှိပြီးသားသူ ဆိုရင်တော့ အဲ့အကောင့်နဲ့ ဝင်လိုက်ပါ။ Log In လုပ်ပြီးပြီဆိုရင် အပေါ်ဆုံး Menu မှာ Create a pipe ဆိုတာ ရှိပါတယ်။ ဝင်လိုက်ပါ။ ဒါဆို Diagram Editor ကျလာပါမယ်။ ဘယ်ဘက်အခြမ်းကို ကြည့်လိုက်ပါ။ Sources ရဲ့ အောက်မှာ အပေါင်းလက္ခဏာနဲ့ အများကြီး တွေ့ရပါမယ်။ ကျနော်ရဲ့ လေ့ကျင့်ခန်းအရ Fetch Feed ကို ရွေးပြီး ညဘက်က Editor ထဲ ဆွဲထည့်လိုက်ပါ။ ဒါမှမဟုတ် အပေါင်းလက္ခဏာ နှိပ်လိုက်ပါ။ ကျန်တာတွေက ဘာလဲလို့ မေးလာရင် ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်။ ကျနော်လည်း မသိသေးပါဘူး။ အိုကေ Fetch Feed နာမည်နဲ့ Box တစ်ခု ကျလာပြီး အောက်မှာ + URL ဆိုတာတွေ့ပါမယ်။ သူ့အောက်မှာတော့ အနုတ်လက္ခဏာနဲ့ ဘေးမှာ Text Box တစ်ခု ရှိပါမယ်။ အဲဒီ Text Box ထဲမှာ URL (Blog Address) ထည့်ပေးရမယ်။ ထည့်ထားတာ ဖျက်ပစ်ချင်ရင်တော့ ဘေးနားက အနုတ်ကို နှိပ်လိုက်ပါ။
URL ထည့်တဲ့ အခါမှာ http://pikay.myanmarbloggers.org ဆိုပြီး ခပ်ရှင်းရှင်း ထည့်လိုက်လို့ရပါတယ်။ ကျနော်က ဒီ ဥပမာမှာ နည်းနည်းလေး ကွန်ချင်တယ်။
- ပို့စ်တွေကို ပြချင်တယ်။ /feeds/posts (တကယ်လို့ ကွန်းမန့်တွေပဲ ပြချင်ရင် /feeds/comments)
- နဂို သက်မှတ်ထားတဲ့အတိုင်း ပို့စ်ကို ပြမယ်။ /default
- အဲဒီ ဘလော့ကနေ နောက်ဆုံး နှစ်ပို့စ်ပဲ ပြမယ်။ ? max-results=2
နောက် ဘလော့ဂ်တစ်ခု ထပ်ထည့်ချင်သေးရင် URL ဘေးက + ကို နှိပ်လိုက်ပါ။ အိုကေ .. ကျနော် ဒီမှာ လင့်ခ် ငါးခု ထည့်ထားပါတယ်။
ကျနော် လုပ်ချင်တာက ခုနက ကျနော် ထည့်ထားတဲ့ ဘလော့ဂ် ငါးခုကြောင့် ပို့စ် ၁၀ ပုဒ် ရလာမယ်။ အဲဒီ ပို့စ် ဆယ်ပုဒ်ကို တင်တဲ့နေ့ပေါ် မူတည်ပြီး စီချင်တယ်။ နောက်ဆုံးတင်ထားတဲ့ ပို့စ်ကို အရင်ဆုံး မြင်ချင်တယ်။ ဒီတော့ Sorting လုပ်ရမယ်။
ဘယ်ဘက်က တတိယ တြိဂံတုံးဘေးမှာ Operators ဆိုတာ မြင်ရမယ် ထင်တယ်။ နှိပ်လိုက်ပါ။ ကျလာတဲ့ အထဲက ရှစ်ခုမြောက်မှာ Sort ရှိပါတယ်။ ကလစ်ဖိပြီး Editor ထဲ ဆွဲသွင်းလိုက်ပါ။ စာဖတ်သူတွေ သတိထားမိမလား မသိဘူး။ ခုနက ပြောတဲ့ Fetch Feed ဆိုတဲ့ Box ရဲ့ အောက်ဘက် အလယ်နားမှာ အလုံးလေး တစ်လုံး ရှိပါတယ်။ အခု ထည့်ထားတဲ့ Sort ဆိုတဲ့ Box ရဲ့ အပေါ်နဲ့ အောက်၊ အလယ်မှာလည်း အလုံးလေး တစ်လုံးစီ ရှိပါတယ်။ Pipe Output ဆိုတာရဲ့ အပေါ်ပိုင်း အလယ်မှာလည်း အလုံး တစ်လုံး ရှိပါတယ်။ Fetch Feed, Sort, Pipe Output ဆိုပြီး အထပ်အောက် စီပေးပါ။ နောက်ပြီး Fetch Feed အောက်က အလုံးကို ကလစ်ဖိပြီး မလွတ်ဘဲ ဆွဲလိုက်ရင် ပိုက်လိုင်းတစ်လိုင်း ပါလာပါလိမ့်မယ်။ အဲဒီ ပိုက်ကို မလွတ်တမ်း Sort ရဲ့ အပေါ်နားက အလုံးထိ ရောက်အောင် ဆွဲပြီးမှ လွတ်လိုက်ပါ။ ဒါဆို Fetch Feed နဲ့ Sort နဲ့ ဆက်သွားတာ တွေ့လိမ့်မယ်။ အဲဒီလိုပဲ Sort နဲ့ Pipe Output နဲ့ ဆက်ပေးပါ။ အဲဒီလို ဆက်ပြီးတာနဲ့ Sort Box အထဲမှာ စာတွေ ပေါ်လာပါလိမ့်မယ်။ + Sort by ရဲ့ အောက်မှာ အနုတ်လက္ခဏာနဲ့ Combo Box ရှိပါတယ်။ ဘေးနားက မြားကို နှိပ်ပြီး item.published ကို ရွေးပေးပါ။ တင်ထားတဲ့ ရက်ကို လိုချင်လို့ပါ။ နောက်ပြီး Order ကို descending ရွေးပါ။ ကြီးစဉ်ငယ်လိုက် စီချင်လို့။
အိုကေ ဒီလောက် ဆိုရင် ပိုက်ဆက်လို့ ပြီးသွားပါပြီ။ အလုပ်ဖြစ်မဖြစ် အကြမ်း သိချင်ရင် ပုံရဲ့ အောက်ဘက်မှာ Refresh ဆိုတာ ရှိတယ်။ နှိပ်လိုက်လို့ ပို့စ်ခေါင်းစဉ်တွေ ပေါ်လာရင် အလုပ်ဖြစ်ပါပြီ။ ဒါဆို ညာဘက် အပေါ်က Save ကို နှိပ်လိုက်ပါ။ အဆင်ပြေတဲ့ နာမည်ပေးလိုက်ပါ။ Save ပြီးသွားရင်တော့ အပေါ်ဘက် အလယ်မှာ Run Pipe ဆိုတဲ့ လင့်ခ်ကို နှိပ်ပြီး ရလဒ်ကို ကြည့်လို့ရပါတယ်။ ရလဒ်ကို ကြည့်ပြီး Pipe ပြင်ချင်သေးတယ် ဆိုရင်တော့ ဘယ်ဘက် အောက်မှာ Edit Source ဆိုတာ နှိပ်ပြီး ဝင်ပြင်နိုင်ပါတယ်။ Browser ရဲ့ Address Bar ကို ကြည့်လိုက်ပါ။ http://pipes.yahoo.com နဲ့ စပြီး နောက်နားမှာ ?_id= ဆိုပြီး အက္ခရာ (၂၂) လုံး တွေ့ပါလိမ့်မယ်။ အဲဒါ Diagram ID ပါ။ မှတ်ထားပေးပါ။ အိုကေ ... ဒါဆို ဘလော့ဂ်ပေါ် ဘယ်လို တင်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။
Blog တွင် Yahoo Pipe ထည့်ခြင်း
ပထမဆုံး အနေနဲ့ Javascript Function တွေ သုံးဖို့အတွက် အရင် ကြေငြာပေးရပါမယ်။ Layout >> Edit HTML ကို သွားပြီး </head> ရဲ့ အပေါ်နားမှာ အောက်က စာကြောင်း နှစ်ကြောင်း ထည့်ပေးပါ။
<script src='http://h1.ripway.com/phyoekyaw/FeedPeek.js' type='text/javascript'/>
<script src='http://h1.ripway.com/phyoekyaw/Library.js' type='text/javascript'/>
နောက်ပြီး Layout >> Page Elements မှာ Add a Gadget ကို နှိပ်ပြီး HTML/Javascript ကို ရွေးပေးပါ။ နောက်ပြီး အောက်က စာကြောင်းကို ကူးထည့်ပေးပါ။
<script src="http://pipes.yahoo.com/pipes/pipe.run?_id=Mg4ZUoO13RGkz43cbbsjiw&_render=json&_callback=feedPeek"></script>
မှတ်ချက် .... အနီရောက်နေရာမှာ အထက်က မှတ်ခိုင်းထားတဲ့ ကိုယ့်ရဲ့ Diagram ID ကို ထည့်ပေးပါ။ Save လိုက်ပြီး Blog ကို ဖွင့်ကြည့်လိုက်ပါ။ အားလုံး အာသီသ ဆန္ဒ အလို တောင့်တ နေတဲ့ Blog List တစ်ခု ရလာပါလိမ့်မယ်။
ကျနော် လုပ်ထားတဲ့ Blog List နမူနာကို ဒီမှာ ကလစ်နှိပ်ပြီး ကြည့်ကြည့်နိုင်ပါတယ်။ Function တစ်ခုချင်းစီ ရှင်းမပြတော့တာ ကျနော် မစမ်းကြည့်ရသေးတာလည်း ပါသလို အဲလောက် ရှင်းပြနေစရာ မလိုတဲ့ ဦးနှောက်ပိုင်ရှင်တွေလို့ ယုံကြည်ထားလို့ပါ။ (အဟီး ... မရေးချင်တော့တာနဲ့ မြှောက်ပစ်လိုက်ပြီ) ကိုယ့်ဖာသာပဲ တစ်ခုချင်းစီ အားရပါးရ စမ်းကြည့်ကြပေတော့လို့ပဲ အားပေးပါရစေ။
အဆင်ပြေပါစေဗျာ။
Make a Poll using Vizu
ဆက်နွယ်သောပို့စ်စာရင်း ထည့်သွင်းခြင်း (By Labels)
အရင်က Hoctro ကနေ ဆက်နွယ်တဲ့ ပို့စ်စာရင်းကို Label နဲ့ စစ်ထုတ်ပြီး ဖော်ပြနိုင်အောင် လုပ်ထားပေးတာ ရှိပါတယ်။ သူ့ရဲ့ အားနည်းချက်က ဘလော့ဂ်တစ်ခု ပြောင်းတာနဲ့ လိုက်ပြောင်းလဲ ပေးရတယ်။ တချို့ နေရာလေးတွေ ပေါ့။ နည်းနည်းပါးပါး ဆိုပေမယ့် ဘာမှ မသိတဲ့လူအတွက်တော့ အလုပ်ရှုပ်တာပေါ့။ အခု JackBook.com က ဘာမှ ပြင်စရာ မလိုဘဲ ကိုယ့်ရဲ့ တန်းပလိတ်ထဲမှာ တန်းကူးထည့်ရုံနဲ သုံးလို့ရတဲ့ Code အဖြစ် ပြင်ဆင်ထားတာမို့ အင်မတန်မှ လွယ်ကူသွားပါတယ်။ လုပ်ရမယ့် အဆင့်အနေနဲ့လည်း နှစ်ဆင့်ပဲ ကျန်တော့တယ်။ ကဲ ကျနော်တို့ စပြီး လုပ်ကြည့်ရအောင်။
အဆင့် (၁)
Layout >> Edit HTML ထဲမှာ Expand Widget Templates ကို အမှန်ခြစ် ခြစ်ပေးပါ။
ပြီးရင် <data:post.body/> ကို ရှာပေးပါ။ တကယ်လို့ Peekaboo ပို့စ်ခေါက်တဲ့ လုပ်ဆောင်ချက် ထည့်ထားရင်တော့ <data:post.body/> ဆိုတာ နှစ်ခု တွေ့ပါလိမ့်မယ်။
အဆင့် (၂)
<data:post.body/> တစ်ခုတည်းပဲ တွေ့တယ်ဆိုရင် အဲဒီစာကြောင်းရဲ့အောက်နားမှာ အောက်မှာ ပြထားတဲ့ Code ကို ထည့်ပေးလိုက်ရုံပါပဲ။
<b:if cond='data:blog.pageType == "item"'> ရဲ့ နောက်ပိုင်းမှာ ရှိတဲ့ <p><data:post.body/></p> စာကြောင်းရဲ့ အောက်နားမှာ အထက်က Code ကို အစဆုံး စာကြောင်းနဲ့ နောက်ဆုံးစာကြောင်း ဖြုတ်ပြီး ကူးထည့်ပေးပါ။
ဆိုလိုတာက အပေါ်ဆုံးစာကြောင်းဖြစ်တဲ့ <b:if cond='data:blog.pageType == "item"'> နဲ့ အောက်ဆုံး စာကြောင်းဖြစ်တဲ့ </b:if> ကို ချန်ပြီး ကျန်တာတွေ ကူးထည့်ပေးပါ။
ပြီး Save Template လုပ်လိုက်ရင် ရပါပြီ။ ဒိါဆိုရင် ပို့စ် တစ်ခုချင်းစီ ကြည့်တဲ့အခါ ပို့စ်တွေရဲ့ အောက်ဆုံးမှာ Related Posts By Categories ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆက်နွယ်တဲ့ ပို့စ်တွေရဲ့ စာရင်းကို Label နဲ့ စစ်ပြီး ဖော်ပြပေးပါလိမ့်မယ်။
ကဲ စမ်းကြည့်ကြပါဦး။ အဆင်ပြေပါစေဗျာ။
Blogumus: လည်ပတ်နေသော Label များ ဖန်တီးခြင်း
မဲပေးရုံတစ်ခု တည်ဆောက်ခြင်း (PollCode)
မဲရုံလေး လုပ်ချင်ရင် http://pollcode.com ကို ၀င်ပေးပါ။ ကိုယ်ပိုင် အကောင့်ဖွင့်ပြီးလည်း လုပ်လို့ရသလို အကောင့်မလုပ်ဘဲ ဧည့်သည်အနေနဲ့လည်း Poll လုပ်ခွင့် ပေးထားပါတယ်။ မေးခွန်းတွေ ဖြည့်၊ ရွေးစရာ အဖြေတွေ ထည့်ပြီး အရောင်တွေ ပုံစံတွေ ပြောင်းပြီးရင်
get poll code ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် သူဖာသာ HTML Code ထုတ်ပေးပါလိမ့်မယ်။ အဲဒီ HTML Code ကို ကော်ပီကူးပြီး Poll ကို Side Bar မှာ ပေါ်ချင်ရင် Layout >> Page Element >> Add a Page Element >> HTML/Javascript မှာ ကူးထည့်ပေးပါ။ တကယ်လို့ ပို့စ်ထဲမှာ ထည့်ချင်တယ် ဆိုရင်တော့ Create New Post လုပ်ပြီး ကူးထည့်ပေးပါ။
ဒါဆို ကျနော်တို့ လိုချင်တဲ့ မဲရုံလေး ရပါပြီ။ တကယ်လို့ မြန်မာလို ပေါ်ချင်တယ် ဆိုရင်တော့ ကျနော်တို့ နည်းနည်း ထပ်ကလိလို့ ရပါသေးတယ်။ ခုနက ကူးထားတဲ့ HTML Code ထဲက အောက်ပါ စာကြောင်းတွေကို ရှာပေးပါ။
<font face="Times New Roman" ဆိုတဲ့ နေရာမှာ <font face="ZawGyi-One" လို့ ပြင်ပေးပါ။ Arial ကို ရွေးထားမယ်ဆိုရင် font face မှာ Arial လို့ ပေါ်နေပါ့မယ်။
တကယ်လို့ မေးခွန်းမှာ ရွေးစရာ အဖြေ ငါးခု ပေးထားရင် <font face="Times New Roman" size=-1 color="00000"> ဆိုတာမျိုး ၆ ခု တွေ့ပါလိမ့်မယ်။ ပထမဆုံး တွေ့ရတာ မေးခွန်း ဖြစ်ပြီး၊ နောက်ပိုင်း တွေ့ရတဲ့ ငါးခုဟာ အဖြေတွေပါ။ ဒီတော့ ကျနော်တို့ မြန်မာလို့ အမေးအဖြေတွေ ရေးချင်တယ်ဆိုရင် ပထမဆုံး တွေ့ရတဲ့ <font face="Times New Roman" size=-1 color="00000"> မှာ ...
<font face="ZawGyi-One" size=-1 color="00000"><b>မေးခွန်းရေးပေးပါ</b></font>
အဖြေတွေအတွက် နောက် ငါးခုကို ထပ်ရှာပြီး ...
<font face="ZawGyi-One" size=-1 color="00000">အဖြေ (၁)</font>
<font face="ZawGyi-One" size=-1 color="00000">အဖြေ (၂)</font>
<font face="ZawGyi-One" size=-1 color="00000">အဖြေ (၃)</font>
<font face="ZawGyi-One" size=-1 color="00000">အဖြေ (၄)</font>
<font face="ZawGyi-One" size=-1 color="00000">အဖြေ (၅)</font>
လို့ ပြင်ပေးပါ။
ဒီမှာ တစ်ခု ပြောစရာ ရှိတာက အခုလို မြန်မာလို ပြင်လိုက်ရင် ကျနော်တို့ ဘလော့်မှာ မြန်မာလို မြင်ရပေမယ့် အဖြေကို http://pollcode.com မှာ ဖော်ပြတဲ့ အခါ မူလ ရေးထားတဲ့ အင်္ဂလိပ်လိုပဲ ပေါ်မှာပါ။ မြန်မာလို မပေါ်ပါဘူး။
ဘာပဲဖြစ်ဖြစ် အခုလို အလွယ်တကူနဲ့ ဖန်တီးလို့ ရတဲ့ မဲရုံလေးကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်။ နမူနာလေး တစ်ခု လုပ်ပြထားလိုက်ပါတယ်။ အဆင်ပြေပါစေဗျာ။
ဘလော့ဂ်တစ်ခု ဖန်တီးခြင်း
Custom Domain အသုံးပြုနိုင်ရန် ပြင်ဆင်ခြင်း
Blogger.com မှာ Log in လုပ်လိုက်ပါ။
ကိုယ် နာမည်ပြောင်းချင်တဲ့ ဘလော့ဂ်ရဲ့ Setting ကို ၀င်လိုက်ပါ။
Host Name : yourname (e.g. pikay)
Host Address : ghs.google.com.
Host Type : CNAME
ဆိုတာလေးတွေ ပြင်ပေးပါ။
မာတိကာ တစ်ခု ဖန်တီးခြင်း (AJAX)
မာတိကာ လုပ်နိုင်တဲ့ နည်းတွေ အများကြီး ရှိပါတယ်။ အဲဒီ အထဲကမှ တစ်ခုကို တင်ပြချင်ပါတယ်။ အခု တင်ပြမယ့် မာတိကာ လုပ်နည်းဟာ ဘလော့ဂ်တစ်ခုရဲ့ မာတိကာတင်မကဘဲ လိုအပ်ရင် ဘလော့ အများကြီးအတွက် တစ်နေရာတည်းမှာ မာတိကာတွေ လုပ်နိုင်ပါတယ်။ နောက်ပြီး အခု တင်ပြမယ့် မာတိကာ လုပ်နည်းရဲ့ အားသာချက်ဟာ ပို့စ်တစ်ခုချင်းစီကို Preview အနေနဲ့ ကြည့်လို့ရပါတယ်။ ဒီနည်းဟာ Google ရဲ့ AJAX Dynamic Feed Control နည်းလမ်းကို သုံးထားတာပါ။ ကဲ ကျနော်တို့ လေ့ကျင့်ခန်းလေး စလိုက်ရအောင်။
လိုအပ်ချက် ။ ။ ဒီနည်းနဲ့ မာတိကာကို လုပ်ချင်ရင် Feed Setting နည်းနည်း ၀င်ပြင်ရပါမယ်။ Settings >> Site Feed မှာ Allow Blog Feeds ကို None ဖြစ်မနေအောင် ပြင်ပေးပါ။
Layout >> Page Element မှာ Add a page element ကို နှိပ်ပြီး HTML/Javascript ကို ရွေးပေးပါ။ ပြီး TextBox ထဲမှာ အောက်က Code ကို ကူးထည့်ပေးပါ။ Code ကို ရဖို့ view plain ကို ကလစ်နှိပ်ပါ။
Line (29) >> http://knowhow.myanmarbloggers.org နေရာမှာ ကိုယ့်ရဲ့ လိပ်စာ ထည့်ပေးပါ။
Line (29) >> max-results=10 နေရာမှာ ပို့စ် ၁၀၀ ခုပဲ ပြချင်ရင် 100 လို့ ပြင်ပေးပါ။ အကုန် ပြချင်တယ်ဆိုရင်တော့ 999 လို့ ပြင်ပေးပါ။
Line (34) >> How To BLOG နေရာမှာ ကိုယ့် ဘလော့ဂ်ရဲ့ နာမည် ထည့်ပေးပါ။
ဒါ ဘလော့ဂ်တစ်ခုအတွက် မာတိကာ ဘယ်လို လုပ်မလဲဆိုတာ တင်ပြတာပါ။ အဆင်ပြေပါစေဗျာ။
Label များကို Drop Down ပုံစံဖြင့် ဖော်ပြခြင်း
Line 8 >> width:200px မှာ ကိုယ်နဲ့ အဆင်ပြေမယ့် Width ကို ပြင်ပေးပါ။
Line 9 >> Labels ဆိုတဲ့နေရာမှာ ကိုယ် ပေါ်နေစချင်တဲ့ စာကြောင်း ထည့်ပေးပါ။
ဒါဆို ကျနော်တို့ လိုချင်တဲ့ Drop Down Label List ရပါပြီ။ အဆင်ပြေပါစေဗျာ။
ထောင့်လုံး စတုဂံဖြင့် တန်းပလိတ်ကို တန်ဆာဆင်ခြင်း
Spiffy Corners ဆိုတာ ထောင့်လုံး လေးထောင့်ကွက်တွေ ပေါ်နိုင်တဲ့ CSS Code နဲ့ HTML Code တွေကို ထုတ်ပေးတဲ့ Online Tool တစ်ခုပါ။ ထောင့်လုံး စတုဂံကို ရဖို့ ဘာပုံမှ သုံးစရာ မလိုသလိုဘဲ ဘာ Javascript မှလည်း မသုံးပါဘူး။ သမရိုးကျ CSS နဲ့ HTML ကိုပဲ သုံးထားတာကြောင့် တန်းပလိတ် တင်ချိန်ကိုလည်း မလေးလံစေပါဘူး။ နောက်ပြီး သုံးရတာလည်း လွယ်ကူတာကြောင့် အခြေခံ အဆင့်လောက် သိထားရင်ကို ဖန်တီး အသုံးပြုနိုင်အောင် လုပ်ပေးထားပါတယ်။ ကျနော်လည်း အသုံးပြုပုံကို အသေးစိတ် ရှင်းပြ ပေးပါ့မယ်။
ကဲ ကျနော်တို့ လေ့ကျင့်ခန်းလေး စလိုက်ကြရအောင်။ Spiffy Corners ကို ကလစ်နှိပ်ပြီး ၀င်လိုက်တာနဲ့ အောက်မှာ မြင်ရတဲ့ ပုံကို တွေ့ပါလိမ့်မယ်။
အဲဒီမှာ foreground color ဆိုတာ အလယ်ခေါင်က အနီရဲရဲ အပိုင်းကို ပြောတာပါ။ background color ကတော့ နီညိုရောင် အပိုင်းပေါ့။ အဲဒီမှာ background color ကို ကိုယ့်ရဲ့ တန်းပလိတ် နောက်ခံ အတိုင်း ထားပေးရင် ပို အဆင်ပြေပါမယ်။ foreground color ကတော့ ကိုယ့်သဘောပါ။ အဲဒီမှာ class name ကတော့ ကိုယ်ပေးချင်တဲ့ နာမည် ပေးပေါ့။ ပုံစံနှစ်မျိုး သုံးချင်ရင်တော့ မတူတဲ့ နာမည်နှစ်ခု ပေးဖို့ မမေ့ပါနဲ့။ အရောင်တွေ စိတ်ကြိုက် ဖြစ်ပြီဆိုရင်တော့ အောက်က 5px ဆိုတာကို နှိပ်ပေးပါ။ စာမျက်နှာကို ပြန်တင်ပြီး အောက်မှာ မြင်ရတဲ့ CSS Code တွေ ပေါ်လာပါမယ်။ ကျနော် ဒီ ဥပမာမှာ background ကို အဖြူရောင်သုံးချင်လို့ FFFFFF လို့ ရိုက်ထည့်ပြီး foreground ကတော့ C3CCEE အရောင်ကို သုံးပါ့မယ်။ အရောင်နံပါတ် မသိရင် ဘေးမှာ ဆေးပုံး ရှိပါတယ်။ နှိပ်ကြည့်လိုက်ပါ။
အရောင်ကတော့ အထက်က ပုံအတိုင်း ပေါ်မယ်ပေါ့ဗျာ။ သူ့ရဲ့ အောက်မှာ CSS Code နဲ့ HTML Code ပေးထားပါတယ်။ အဲဒါတွေကို ကျနော်တို့ ဘယ်လို ယူသုံးရမလဲ ဆိုတာ ဆက်ဆွေးနွေး ရအောင်ဗျာ။ ကဲ ကျနော်တို့ Blogger.com ကို ၀င်ပြီး Layout >> Edit HTML ထဲကို သွားပေးပါ။
Spiffy Corner မှာ ပေးထားတဲ့ CSS Code ရဲ့ အပေါ်ဆုံး Code ဖြစ်တဲ့ <Style type="text/css"> နဲ့ အောက်ဆုံး Code ဖြစ်တဲ့ </style> က ကျနော်တို့အတွက် အသုံးမ၀င်ပါဘူး။ အဲဒါ နှစ်ခုကို မယူဘဲ ကျန်တာတွေကို ကူးပြီးတော့ Style Sheet မှာ သွားထည့်ပေးပါ။ <b:skin><![CDATA[ နဲ့ ]]></b:skin> ကြားလို့ Style Sheet လို့ ခေါ်ပါတယ်။ အောက်မှာ နမူနာ ပြထားပါတယ်။
.spiffy *{
display:block;
height:1px;
overflow:hidden;
font-size:.01em;
background:#C3CCEE}
<------------- [more code here]
.spiffy5{
border-left:1px solid #d2d8f2;
border-right:1px solid #d2d8f2}
.spiffyfg{
background:#C3CCEE}
Paste Part 1 of the HTML Code Here!
<b:section class='main' id='main' showaddelement='no'>
<b:widget id='Blog1' locked='true' title='Blog Posts' type='Blog'/>
</b:section>
Paste Part 2 of the HTML Code Here!
</div>
ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ပြဿနာ တစ်ခု ရှိပါတယ်။ တကယ်လို့ အောက်က ပုံလို ကွက်တိကွက်ကြား ပေါ်နေရင်တော့ .spiffyfg ကို ရှာပြီး အနီရောင် စာကြောင်းကို ဖြည့်ပေးပါ။
top margin နဲ့ bottom margin ကို ဆွဲညှိလိုက်တဲ့ သဘောပါ။
<!-- Paste Part 1 here -->
<b:section class='sidebar' id='sidebar' preferred='yes'>
<b:widget id=' ........
<b:widget id=' ........
</b:section>
<!-- Paste Part 2 here -->
</div>
ဒါဆိုရင် ကျနော်တို့ ထောင့်လုံးနဲ့ သပ်သပ်ရက်ရက် ရှိလှတဲ့ Template တစ်ခုကို ပိုင်ဆိုင်နိုင်ပါပြီ။ အဆင်ပြေပါစေဗျာ။
ဘလော့ဂ်ပေါ်မှ GTalk ဖြင့် ဆက်သွယ်နိုင်ရန်
ပို့စ်ရေးသူ၏ Comment များအား သိသာစေခြင်း
နောက်ပြီး ဒီပို့စ်မှာပဲ ကွန်းမန့်တွေကို နံပါတ်စဉ် တပ်ဖို့ပါ တခါတည်း လုပ်ပေးထားပါတယ်။ တကယ်လို့ စာရေးသူ ကွန်းမန့်ကို HighLight မလုပ်ချင်ဘဲ နံပါတ်စဉ်တပ်ရုံ သက်သက်ပဲ လုပ်ချင်တယ် ဆိုရင်တော့ ဒီမှာ သွားဖတ်ပါ။ အခု ဒီပို့စ်က ပြောထားတဲ့ အတိုင်း လုပ်လိုက်ရင်တော့ နံပါတ်စဉ် တပ်ပြီးသား ဖြစ်သလို စာရေးသူ ကွန်းမန့်ကိုလည်း Highlight လုပ်ပြီးသား ရပါလိမ့်မယ်။ ကဲ ... ကျနော်တို့ လေ့ကျင့်ခန်း စဖို့ Layout >> Edit HTML ကို ဖွင့်ပြီး Expand Widget Templates ကို အမှန်ခြစ် ခြစ်ပေးပါဗျာ။
အဆင့် (၁) စတိုင် သက်မှတ်ခြင်း
ဒါက နံပါတ်စဉ် ပေါ်ဖို့ အတွက် CSS ပါ။
အဆင့် (၂) Widget တွင် ပြင်ဆင် ဖြည့်စွပ်ခြင်း
<b:includable id='comments' var='post'> ကို ရှာပေးပါ။ သူနဲ့ မနီးမဝေးမှာ <dl id='comments-block'> နဲ့ စတဲ့ စာပိုဒ် ရှိပါတယ်။ အောက်က စာပိုဒ်နဲ့ အနီးစပ်ဆုံး ခပ်ဆင်ဆင် ရှိပါလိမ့်မယ်။
တွေ့ပြီ ဆိုရင်တော့ အဲဒီ စာတစ်ပိုဒ်လုံးကို အောက်မှာ ပြထားတဲ့ Code နဲ့ အစားထိုးပေးပါ။
ဟုတ်ကဲ့။ ပြီးပြီ ဆိုရင်တော့ Template ကို Save လုပ်လိုက်ပါ။ ကျနော်တို့ လိုချင်တာ လုပ်လို့ ပြီးပါပြီ။ တစ်ချက်လောက် ဘလော့ဂ်ကို ခေါ်ကြည့်ပါဦး။ အဆင်ပြေပါစေဗျာ။
Comment တွေကို နံပါတ်စဉ် ထိုးရအောင်
အဆင့် (၁) စတိုင် သက်မှတ်ခြင်း
အထက် CSS တွေကို Style Sheet မှာ သွားထည့်ပေးပါ။ <b:skin><![CDATA[ နဲ့ ]]></b:skin> ကြားကို Style Sheet လို့ ခေါ်ပါတယ်။ သူတို့ရဲ့ ကြား တစ်နေရာရာမှာ အထက်က CSS ကို ထည့်ပေးပါ။
အဆင့် (၂) Widget တွင် ပြင်ဆင် ဖြည့်စွပ်ခြင်း
<b:includable id='comments' var='post'> ကို ရှာပေးပါ။ သူနဲ့ မနီးမဝေးမှာ <dl id='comments-block'> နဲ့ စတဲ့ စာပိုဒ် ရှိပါတယ်။ အဲဒီ စာပိုဒ်ထဲမှာ အောက်မှာ ပြထားတဲ့ နေရာတွေမှာ အနီရောင်နဲ့ Code တွေကို ထည့်ပေးပါ။
<script type='text/javascript'>var CommentsCounter=0;</script>
<b:loop values='data:post.comments' var='comment'>
<div class='' expr:id='data:comment.id'>
<dt class='comment-author' expr:id='"comment-" + data:comment.id'>
<a expr:name='"comment-" + data:comment.id'/>
<b:if cond='data:comment.authorUrl'>
<a expr:href='data:comment.authorUrl' rel='nofollow'>
<data:comment.author/>
</a>
<b:else/>
<data:comment.author/>
</b:if>
<data:commentPostedByMsg/>
<span class='numberingcomments'>
<a expr:href='"#comment-" + data:comment.id' title='Comment Link'>
<script type='text/javascript'>
CommentsCounter=CommentsCounter+1;
document.write(CommentsCounter)
</script>
</a>
</span>
</dt>
<dd class='comment-body'>
.......
</dd>
</div>
</b:loop>
</dl>
ဟုတ်ကဲ့။ ပြီးပြီ ဆိုရင်တော့ Template ကို Save လုပ်လိုက်ပါ။ ကျနော်တို့ လိုချင်တာ လုပ်လို့ ပြီးပါပြီ။ တစ်ချက်လောက် ဘလော့ဂ်ကို ခေါ်ကြည့်ပါဦး။ အဆင်ပြေပါစေဗျာ။
ပုံကို တစ်နေရာတည်းတွင် အသေ ပေါ်နေနိုင်ရန်
ဒီပုံကို ကျနော်တို့ ပုံမှန်အားဖြင့် ပေါ်ချင်တယ်ဆိုရင် ဒီလို ရေးပါတယ်။
ကလစ်နှိပ်တာနဲ့ တစ်ခုခုကို ညွှန်းချင်ရင်တော့ ဒီလို ရေးပါတယ်။
တစ်နေရာတည်း အသေ ကပ်နေစေချင်ရင်တော့ စတိုင် သက်မှတ်ပေးရပါမယ်။ ဒါဆို ဒီလို ဖြစ်သွားပြီပေါ့။
ကျနော်ရဲ့ ဘလော့မှာ လုပ်ထားတာက သူ့ဖာသာ နေနေချိန်မှာ မှိန်နေပြီး Mouse Pointer ရောက်သွားရင် လင်းလာပါတယ်။ အဲဒါ လုပ်ဖို့ အတွက် ကျနော် ဒီနေရာမှာ class="linkopacity" ကို ထပ်ထည့်ပေးရပါမယ်။ ဒီ လုပ်ဆောင်ချက် အသေးစိတ်ကို ဒီမှာ သွားဖတ်စေချင်တယ်။
ပြင်နိုင်မယ့်ဟာလေးတွေ နည်းနည်း ပြောပြပါ့မယ်။
bottom:5px; အောက်ဘက်ကနေ 5px အကွာမှာ ရှိပါမယ်။ အပေါ်မှာ ပေါ်ချင်တယ် ဆိုရင်တော့ top လို့ ရေးပါမယ်။
right:5px; ညာဘက်ကနေ 5 px ခွာပါ့မယ်။ ဒီနေရာမှာ နောက်တစ်ပုံ ထပ်တိုးချင်ရင် သူ့ရဲ့ အရွယ်ပေါ်မူတည်ပြီး ပြောင်းပေးပါ။ ဘယ်ဘက်မှာ ပေါ်ချင်ရင်တော့ left လို့ ရေးပေးပါ။
href="http://pikay.myanmarbloggers.org" ကလစ်နှိပ်ရင် ရောက်သွားမယ့် လိပ်စာ။
title="Home" Mouse Pointer ပုံအပေါ် ရောက်သွားရင် Home ဆိုတဲ့ စာလုံးပေါ်ပါမယ်။ ပေါ်ချင်တဲ့ စာလုံးကို Home နေရာမှာ ပြင်ထည့်နိုင်တယ်။
src="http://img528.imageshack.us/img528/5822/homeuv0.png" ပေါ်ချင်တဲ့ ပုံရဲ့ လိပ်စာပါ။ Icon လေးတွေကို http://www.iconarchive.com/ မှာ သွားရှာပါ။ အဲဒီမှာ အများကြီး ရှိတယ်။
အဆင်ပြေပါစေဗျာ။
Image Rollover with Opacity
အောက်မှာ မြင်ရတဲ့ Code ဒီပုံပေါ်စေတဲ့ မူရင်း Code ပါ။
လိုင်း နံပါတ် (၂) က href="http://www.iconarchive.com/icons/icons-land/vista-style-emoticons/Adore-48x48.png" ဟာ ကလစ်နှိပ်ရင် သွားမယ့် လိပ်စာပါ။
လိုင်း နံပါတ် (၅) က src="http://www.iconarchive.com/icons/icons-land/vista-style-emoticons/Adore-48x48.png" ဟာ ပေါ်မယ့်ပုံရဲ့ လိပ်စာပါ။
လိုင်း နံပါတ် (၃) က title="Adore Smiley" ဟာ Mouse Pointer ပုံပေါ်ရောက်ရင် Pointer အောက်နားမှာ ပေါ်မယ့်စာပါ။
target="_blank" ဆိုတဲ့ အတွက်ကြောင့် ကလစ်နှိပ်လိုက်ရင် နောက် တစ်မျက်နှာမှာ သွားပေါ်ပါ့မယ်။
လိုင်း နံပါတ် (၆) alt="Adore Smiley" ဟာ အကြောင်းတစ်ခုခုကြောင့် ပုံ မပေါ်ခဲ့ဘူးဆိုရင် ပုံအစား ပေါ်ဖို့ စာကို သက်မှတ်ပေးတာပါ။
ဒါဆို နားလည်လောက်ပြီလို့ မျှော်လင့်မိပါတယ်။ အဆင်ပြေပါစေဗျာ။
နောက်ခံပုံဖြင့် စာပိုဒ် ဖန်တီးခြင်း
Opacity: 0.5;
နောက်ခံ အမှိန်
စာလုံး နဂိုအတိုင်း
width : 200px; height: 159px; မှာ ပုံ၏ အလျားအနံ ဖြစ်သည်။
opacity: .50; မှာ ပုံ မူလပုံအား ၅၀% အလင်းကျန်အောင် ပြုလုပ်ခြင်း ဖြစ်သည်။
background:url မှာ မိမိ ထည့်လိုသော ပုံ၏ လိပ်စာ ထည့်ရန် ဖြစ်သည်။
color: black; မှာ ပုံ မျက်နှာစာတွင် ပေါ်မည့် စာ၏ အရောင် ဖြစ်သည်။
ပုံတစ်ပုံကို မှိန်အောင် ပြုလုပ်ခြင်း
Opacity : 25,50,75,100
အထက်ပုံထဲမှာ ညာဘက်ဆုံးက ပုံဟာ မူရင်းပုံပါ။ Opacity ရဲ့ တန်ဖိုးကို လျှော့လိုက်တာနဲ့ မှိန်မှိန်သွားတာ တွေ့ရပါလိမ့်မယ်။ မူရင်း Code က ဒီလိုပါ။
<img src="http://www.mandarindesign.com/images/v91.gif" style="FILTER: alpha(opacity=50); -moz-opacity: .5; opacity: .5" />
FILTER: alpha(opacity=50); -moz-opacity: .5; ဆိုတဲ့ Code တွေဟာ IE Browser အတွက် လိုအပ်ပါတယ်။ တကယ်လို့ အဲဒီ Code မပါရင် IE မှာ အရောင်မှိန်တဲ့ အလုပ် မလုပ်ပါဘူး။
တကယ်လို့ Mozilla Firefox သုံးမယ်ဆိုရင် opacity: .5; ဆိုတာနဲ့တင် လုံလောက်ပါတယ်။ တကယ်လို့ Firefox နဲ့ Blogger ကို တင်ပြီး ပို့စ်ရေးရင် FILTER: alpha(opacity=50); -moz-opacity: .5; ကို မလိုတာကြောင့် အလိုအလျောက် ဖျောက်ပစ်တတ်ပါတယ်။ ဒါဆို IE မှာ အလုပ်မလုပ်တော့ပါဘူး။ Opacity ရဲ့ တန်ဖိုးက 1.0 ထားရင်တော့ မူလအတိုင်း ပေါ်မှာဖြစ်ပြီး တန်ဖိုးနည်းလေလေ မှိန်လေလေပါ။ Opacity : 0 ဆိုရင်တော့ အမှိန်လွန်ပြီး လုံးဝ မပေါ်တော့ပါဘူး။
စမ်းသပ်ရင်း လိုရာ ဖန်တီးနိုင်ပါစေဗျာ။
စာလုံးကို မှိန်အောင် ပြုလုပ်ခြင်း
is beige then the
pullquote area that is beige
will be blended with 10% white...
Syntax Hightlighter ဖြင့် Code များကို Post တွင် ဖော်ပြခြင်း
ကျနော်တို့ အောက်က ပုံစံအတိုင်း Code ကို ဖော်ပြချင်တယ် ဆိုရင် ....
ဇယားရဲ့ အပေါ်နားမှာ View Plain ကို ကလစ်နှိပ်ပြီး အဲဒီထဲက Code တွေ အကုန်ကူးပေးပါ။ ပြီးရင် </body> </html> ရဲ့ အထက်မှာ ထည့်ပေးပါ။
ပို့စ်ရေးတော့မယ်ဆိုရင် ကိုယ် ထည့်ချင်တဲ့ Code ကို အထက်အောက် <textarea> Tag (သို့) <pre> Tag နဲ့ ဒီလို ရေးပေးပါ။
<textarea name="code" class="css">
< ---------- Your Code Here !!!
</textarea>
class မှာပါတဲ့ css ဟာ Language အမျိုးအစားကို ညွှန်းတာပါ။ Language အမျိုးအစား (၁၂) မျိုး လုပ်လို့ရပါတယ်။ အဲဒါတွေက c-sharp, css, c, delphi, java, js, php, python, ryby, sql, vb, xml ပါ။ ကိုယ် ပြချင်တဲ့ Language Code ပေါ် မူတည်ပြီး class ကို ရွေးထည့်ပေးပါ။ အဆင်ပြေပါစေဗျာ။
စာတစ်ပိုဒ်လုံးကို ကလစ်နှိပ်နိုင်အောင် ပြုလုပ်ခြင်း
Link Block Hover Effect
ကျနော်တို့ ပုံမှန်အားဖြင့် စာတစ်ပိုဒ်လုံးကို ကလစ်နှိပ်နိုင်အောင် လုပ်ချင်ရင် ဒီလို ပုံစံတော့ လုပ်လို့ရမယ်။
Reduce your code.
12 Jul 2008
Complex designs are quite often a mess of div's and span's, it's not surprising some people are sticking to tables, but unless they have a time machine tables are not the answer, remember it's CSS or die!
မာတိကာ တစ်ခု ဖန်တီးခြင်း (JSon)
မာတိကာတစ်ခု လုပ်ပြီး ကျနော်တို့ နေရာ သုံးနေရာမှာ သွားထားလို့ ရပါတယ်။
(၁) Widget တစ်ခု အဖြစ် Sidebar တွင် ဖန်တီးခြင်း (Sidebar Widget)
(၂) Widget တစ်ခု အဖြစ် Header ၏ အောက်တွင် ဖန်တီးခြင်း (Header Widget)
(၃) ပို့စ်တစ်ခု အဖြစ် ဖန်တီးခြင်း (Post Widget)
ကဲ ... ကျနော်တို့ လေ့ကျင့်ခန်းလေး စလိုက်ရအောင်။
နောက်ပြီး Header ရဲ့ အောက်မှာလဲ Add a page element တွေ့ပါလိမ့်မယ်။ ကလစ်နှိပ်ပြီး HTML/Javascript ကို ရွေးပေးပါ။ နောက်ပြီး Text Box ထဲမှာ <div id="toc"></div> ကို ထည့်ပြီး Save ပေးပါ။ ဒါဆို မာတိကာ ပါတဲ့ Header Widget တစ်ခု ဖန်တီးလို့ ပြီးပါပြီ။
Template ကို Save လိုက်ပါ။ ပြီး Posting မှာ New Post ယူလိုက်ပါ။ ပြီးရင် Post Editor မှာ အောက်က Code တွေကို ကူးထည့်ပေးပါ။ http://YOURBLOGURL.com ဆိုတဲ့ နေရာမှာ ကိုယ့်ရဲ့ ဘလော့ဂ် လိပ်စာ ပြင်ဖို့ မမေ့ပါနဲ့။ ပြီးရင် Publish လုပ်လိုက်ပါ။
ရက်စွဲအား ပြက္ခဒိန်ပုံစံဖြင့် ဖော်ပြခြင်း
ကျနော်တို့ ဘလော့ဂ် အများစုမှာ ပုံမှန် အားဖြင့် 01 Aug 2008 ဆိုပြီး ခပ်ရိုးရိုးပဲ ရက်စွဲကို ပြတတ်ပါတယ်။ အထက်က ပုံအတိုင်း စတိုင်ခပ်ဆန်းဆန်းနဲ့ ပြက္ခဒိန် ပုံစံအတိုင်း ပြချင်တယ်ဆိုရင် ကျနော် အောက်မှာ တင်ပြထားတဲ့ ပုံစံအတိုင်း လိုက်လုပ်ပေးရင် ဖြစ်နိုင်ပါတယ်။ အရင်ဆုံး Layout >> Edit HTML မှာ Expand Widget Templates ကို အမှန်ခြစ် ခြစ်ပေးပါ။
အထက်က CSS ကို Style Sheet မှာ ထည့်ပေးပါ။
အထက်က Code ကို </head> ရဲ့ အထက်နားမှာ ထည့်ပေးပါ။
တကယ်လို့ ကိုယ့်ဖာသာ Hosting လုပ်ပြီး တင်ချင်တယ် ဆိုရင် ဒီမှာ ကလစ်နှိပ်ပြီး Download ယူပါ။
ဒီအဆင့် လေးဆင့် လုပ်ပြီး သွားပြီဆိုရင် ကျနော်တို့ လိုချင်တဲ့ စတိုင်ကျကျ ရက်စွဲဒီဇိုင်းလေးကို ရပြီ ဖြစ်ပါတယ်။ စမ်းကြည့်ပါဦး။ အဆင်မပြေရင် ကွန်းမန့်မှာ ပြောခဲ့ပေးပါ။ အဆင်ပြေပါစေဗျာ။
Ripway ဖြင့် File Hosting ပြုလုပ်ခြင်း
အဆင့် (၁) Ripway ကို ကလစ်နှိပ်ပြီး ၀င်ပေးပါ။
အဆင့် (၂) Sign Up လုပ်ခြင်း
စာဖတ်သူဟာ User အသစ် ဖြစ်တဲ့အတွက် သူတို့ဆီမှာ Account အသစ်တစ်ခု ယူရပါ့မယ်။ အောက်မှာ ပြထားတဲ့ ပုံက Sign Up ဆိုတာကို ကလစ်နှိပ်ပေးပါ။
ဒါဆို အောက်မှာ ပြထားတဲ့ ပုံအတိုင်း ဖြည့်စရာ ဖောင်တစ်ခု ကျလာပါမယ်။
အဲဒီမှာ ကိုယ် ပေးချင်တဲ့နာမည်၊ စကားဝှက်၊ အီးမေးလိပ်စာ၊ နိုင်ငံ၊ မွေးနှစ် စသဖြင့် ထည့်ပေးပါ။ ဖြည့်ပြီးရင်တော့ Sign Up Now! ဆိုတဲ့ ခလုတ်ကို နှိပ်ပေးပါ။ Account အသစ် ဖန်တီးတာ အဆင်ပြေသွားရင်တော့ နောက် တစ်မျက်နှာ တက်လာပြီး အောက်က ပုံပါအတိုင်း အဲဒီနေရာမှာ ခုနက ဖြည့်ထားတဲ့ နာမည်နဲ့ စကားဝှက်ကို ဖြည့်ပြီး Log In ခလုတ်ကို နှိပ်ပေးပါ။
ဒါဆို နောက်ထပ် စာမျက်နှာ တစ်မျက်နှာကို တက်လာပါမယ်။ ဒါဆို ကျနော်တို့ရဲ့ Account ထဲကို ၀င်သွားပါပြီ။ ဒီအဆင့် အထိဟာ Account အသစ် လုပ်တဲ့ လူတွေအတွက်ပဲ ကြုံရမယ့် တွေ့ရမယ့် စာမျက်နှာတွေပါ။ အခု နောက်ပိုင်း တင်ပြမယ့် အဆင့်တွေကတော့ Account ရှိပြီးသား လူတွေနဲ့လည်း သက်ဆိုင်သွားပါပြီ။ Account ရှိပြီး လူက www.ripway.com ထဲ ၀င်တာနဲ့ Login လုပ်ပြီးပြီ ဆိုရင် အခု တင်ပြမယ့် အဆင့်ကို တန်းရောက်သွားပါပြီ။ ကျနော် Hosting ဘယ်လို လုပ်သလဲ ဆက်ဆွေးနွေးကြရအောင် Login လုပ်ပြီး တက်လာတဲ့ စာမျက်နှာရဲ့ အပေါ်ပိုင်းမှာ အောက်က ပုံလို တွေ့ပါလိမ့်မယ်။ တွေ့ပြီဆိုရင် My Files ကို ကလစ်နှိပ်ပြီး ၀င်ပေးပါ။
နောက် တစ်မျက်နှာရဲ့ အလယ်နားကို ကြည့်ပေးပါ။ အောက်က ပုံလို တွေ့ရပါလိမ့်မယ်။ အဲဒီမှာ အစိမ်းနဲ့ ၀ိုင်းထားတဲ့ Upload files ဆိုတာ တွေ့ပါလိမ့်မယ်။ နောက်ပိုင်း ကျနော်တို့ Files တွေ တင်ချင်တိုင်းမှာ အဲဒီ Upload files ကို နှိပ်ပြီး တင်ပါမယ်။ ကဲ ကျနော်တို့ အစမ်းတင်ကြည့်ရအောင်ဗျာ။ Upload files ကို ကလစ်နှိပ်လိုက်ပါ။
နောက် တစ်မျက်နှာရဲ့ အလယ်နားမှာ အောက်ကပုံလို တွေ့ပါလိမ့်မယ်။ အဲဒီမှာ Browse ခလုတ်ကို နှိပ်ပြီး ကိုယ့် ကွန်ပြူတာထဲက ဖိုင်တစ်ဖိုင်ကို ရွေးပေးပါ။ ရွေးပြီးပြီ ဆိုရင် အောက်နားက Upload ကို နှိပ်လိုက်ရင် သူ စပြီး upload လုပ်ယူသွားပါ့မယ်။ Ripway က ဖိုင် ၁၀ ဖိုင် တပြိုင်တည်း Upload လုပ်ခွင့် ပြုထားတာကြောင့် ဆန္ဒရှိရင် တပြိုင်တည်း ၁၀ ဖိုင် တင်လို့ရပါတယ်။
ကျနော်တို့ Browse လုပ်ထားတဲ့ ဖိုင်ကို Upload လုပ်ပြီးပြီဆိုရင် ခုနက အပေါ်ဆုံး Browse ဆိုတဲ့ ခလုတ်ရဲ့ အထက်နားမှာ အောက်က ပုံလို saved ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ စာဖတ်သူ Upload လုပ်တဲ့ ဖိုင်နာမည် ပေါ်ပါလိမ့်မယ်။
ကျနော်တို့ တင်ထားတဲ့ ဖိုင်က ဘယ်နားမှာ ရှိလဲဆိုတာ ဘယ်လို သိနိုင်မလဲ။ ဒါအရေးကြီးပါတယ်။ ကျနော်တို့ လိပ်စာသိမှ ခေါ်သုံးလို့ရမယ်။ လိပ်စာ သိနိုင်ဖို့အတွက် အပေါ်က Menu Bar မှာရှိတဲ့ My Files ကို ကလစ်နှိပ်လိုက်ပါ။ ဒါဆို ကျနော်တို့ ခုနက တင်ထားတဲ့ ဖိုင်ကို တွေ့ရပါလိမ့်မယ်။ အောက်က ပုံမှာဆိုရင် ကျနော် တင်ထားတဲ့ ဖိုင်လေးကို မြင်နေရပါတယ်။
အဲဒီ ဖိုင်နာမည်ရဲ့ အောက်မှာ Direct Link: http://h1.ripway.com/.../WPPremiumBlack.zip ဆိုပြီး တွေ့ပါလိမ့်မယ်။ အဲဒါ ကျနော်တို့ တင်ထားတဲ့ ဖိုင်ရဲ့ လိပ်စာပါ။ အဲဒီလိပ်စာကို အလွယ်တကူ ကူးယူနိုင်ဖို့ လင့်ခ်အပေါ် Mouse Pointer ကို တင်ပြီး Right Click နှိပ်လိုက်ပြီး Copy Link Location ကို ရွေးပေးပါ။ နောက် ကြိုက်တဲ့နေရာမှာ Paste လုပ်လိုက်ရုံပါပဲ။ ကျနော်တို့ တင်ထားတာက mp3 ဖိုင်ဆိုရင် အဲဒီ လိပ်စာကို ညွှန်ပြီး Media Player နဲ့ သီချင်း ဖွင့်လို့ရပါပြီ။ တခြားလူ တစ်ယောက်ယောက်ကို မျှဝေချင်တယ် ဆိုရင်လည်း အဲဒီလိပ်စာလေး ပေးလိုက်ရုံနဲ့ သူ့ဖာသာ Download ယူလို့ ရသွားပါပြီ။ တကယ်လို့ ကိုယ့်ရဲ့ ဖိုင်တွေကို Folder သပ်သပ်စီ ခွဲပြီး သိမ်းချင်သပါ့ ဆိုရင်လည်း အထက်ကပုံရဲ့ ဘယ်ဘက် အပေါ်ထောင့်က ကွက်လပ်မှာ နာမည်ဖြည့်ပြီး Create Subfolder ခလုတ်ကို နှိပ်လိုက်ရင်ပဲ Folder အသစ်တစ်ခု ဖွဲ့စည်းပြီး ဖြစ်ပါလိမ့်မယ်။ မသုံးချင်တော့လို့ ထွက်မယ်ဆိုရင်လည်း စာမျက်နှာရဲ့ ဘယ်ဘက် အပေါ်ထောင့်နားက Log Off ဆိုတာနဲ့ ထွက်ဖို့ မမေ့ပါနဲ့ဦး။
ကဲ ... ဒီလောက်ဆိုရင် Ripway နဲ့ File Hosting ဘယ်လို လုပ်သလဲ ဆိုတာ သိလောက် နားလည်လောက်ပါပြီ။ အဆင်ပြေပါစေဗျာ။
Title Bar ပေါ်မှ ခေါင်းစဉ် ပုံစံပြောင်းခြင်း
အဲဒီ စာကြောင်းအစား အောက်က Code တွေကို အစားထိုးပေးပါ။
ဆိုရိုးစကားများကို အလှည့်ကျ ဖော်ပြနိုင်သော Widget ဖန်တီးခြင်း
ဒီထက် အဆင်ပြေ လွယ်ကူတဲ့ နည်းတစ်နည်း ရှိပါသေးတယ်။ Hackosphere ကနေ Widget တစ်ခု ဖန်တီးပေးထားပါတယ်။ ဒါပေမယ့် သူက Message ၁၀ ခုပဲ ထည့်လို့ရပါတယ်။ Message ၁၀ ခုကို ဖြည့်ပြီး Generate Code လုပ်ပြီး Add Widget to your blog ဆိုတာနဲ့ ကျနော်တို့ ဘလော့ဂ်မှာ တန်း ထည့်ပေးပါတယ်။ ဒါဆို ကျနော်တို့က ဘာ Code မှ ကိုယ်တိုင် ရေးစရာ မလိုတော့ပါဘူး။ အတော်လေး အဆင်ပြေပါတယ်။ ဒါပေမယ့် Message ၁၀ ခုပဲ ရပါမယ်။ တကယ်လို့ ၁၀ ခုနဲ့ အထက် ပြချင်တယ် ဆိုရင်တော့ အထက်က နည်းကိုသုံးပြီး ကိုယ်တိုင် ရေးထည့်နိုင်ပါတယ်။ Random Message Widget Creator ဆိုတာ Hackosphere က လုပ်ထားတဲ့ Widget ပါ။ ကလစ်နှိပ်ပြီး သွားစမ်းကြည့်နိုင်ပါတယ်။ အဆင်ပြေပါစေဗျာ။
You received this email because you are subscribed to the real_time feed for http://knowhow.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.