Sunday, October 19, 2008

[                 ရင်မှ ခံစားမှုများ] 1 New Entry: တစ်နေ့တာ အလွဲ(2)

တစ်နေ့တာ အလွဲ(2)

တစ်နေ့တာ အလွဲ အပိုင်း(1)ဖတ်ချင်ပါက :z :z :z

လမ်းမှာတွေ့တဲ့လူတွေကတော့" ဒီကောင်မလေး ဘာများဖြစ်လို့လဲ "ဆိုပြီး အလန့်တကြား ကြည့်ကြတယ်သိလား။ ဟုတ်တယ်လေ၊ ကျမဝတ်ထားတဲ့ အဝတ်အစားက မြန်မာဆန်ဆန်ချုပ်ထားတဲ့ ပါတိတ်ဝမ်းဆက်လေ။ ဝတ်ထားတဲ့ ဝတ်စုံလေးနဲ့ မလိုက်ဖက်စွာ အသည်းအသန် ပြေးနေတော့ လူတွေက တစ်မျိုးဖြစ်ကုန်တာပေါ့နော်။ ;) လွယ်ထားတဲ့ အိတ်ကလည်း စာအုပ်တွေအများကြီး ထည့်ထားတာဆိုတော့ အကြီးကြီး။ အဲဒီလွယ်အိတ်အကြီးကြီးထဲက ဖုန်းပိစိကွေးလေးကိုလည်း ပြေးရင်းနဲ့ ရှာရသေးတယ်သိလား။ :p တွေ့တာနဲ့ မြန်မြန်ဖွင့် မေမေ့ဆီ "ထွက်လာပြီ" ဆိုတဲ့ အကြောင်း အကြောင်းကြားလိုက်တယ်။ (စာမေးပွဲခန်းထဲမှာ ဖုန်းပိတ်ထားရတယ်လေ။ ဖုန်းသံကြားတာနဲ့ အပြင်ထွက်၊ ဖြေခွင့်မရှိဆိုတော့။ :()

ကျမလည်း ကားပေါ်ရောက် ကားလည်းအထွက်ပဲ။ :z အဲလိုဖြစ်အောင်လို့ အခုနက တကူးတက အကြောင်းကြားထားတာ။ :p (မေမေက စာမေးပွဲအချိန်ပြီးကတည်းက TAXIကို ကြို ငှားပေးထားတာလေ။ )အဲဒီနေ့ မှ ကံဆိုးစွာနဲ့ အစ်ကိုက မအားတော့ လိုက်မပို့နိုင်ဘူးလေ။ ကားလည်း သူယူသွားတော့ ဟင့်ဟင့်။ ဘယ်တတ်နိုင်မလဲ။ TAXI ကို ငှားထားပြီး စက်နှိုးခိုင်းထားရတယ်။ ပိုတာမဟုတ်ပါဘူး။ ဟိုဘက်က စာမေးပွဲက ဖြေရန် (15)မိနစ်ပဲလိုတော့တယ်လေ။ မမှီမှာစိုးလို့ပါ။ :y

စာမေးပွဲဖြေရတာက တက္ကသိုလ်ရိပ်သာလမ်းသစ်က နိုင်ငံခြားဘာသာတက္ကသိုလ်မှာလေ။ ခရီးသွားလမ်းညွှန်သင်တန်းစာမေးပွဲကြီးက မောင်ထော်လေးလမ်းမှာ။ နည်းနည်းတော့ ဝေးတာပေါ့နော်။ (15)မိနစ်နဲ့ ရောက်ဖို့လမ်းတော့ သိပ်မမြင်ပါဘူး။ ဒါပေမယ့် ၊ အတတ်နိုင်ဆုံး အမြန်ရောက်ချင်တော့ ကားပေါ်ရောက်ကတည်းက TAXI ဒရိုင်ဘာကြီးကို အမြန်မောင်းပေးဖို့ ဂျီကျလိုက်တယ်။ "အဆင်ပြေမယ့်လမ်းက သွားပါ၊ မြန်နိုင်မယ့် လမ်းကို ရှာသွားပါ"လို့ ဆရာလည်း လုပ်လိုက်သေးတယ်။ ဟိ ဟိ။ ;) မေမေကတော့ "အဆင်ပြေမှာပါ၊ သိပ်စိတ်မပူပါနဲ့၊ အခု မုန့်စားပါလား" ဆိုပြီး ကျမကို မုန့်လာကျွေးတယ်။ မနက်မိုးလင်းထဲက ဟိုစာကျက်လိုက်၊ ဒီစာကျက်လိုက်နဲ့ ဘာမှစားချင်စိတ်မရှိတာနဲ့ အခုချိန်ထိ ဗိုက်ထဲမှာ ကိတ်မုန့်(2)ချပ်လောက်ပဲ ရှိသေးတာ။ အဲဒါကြောင့် မေမေက ကားပေါ်မှာ မုန့်လာကျွေးတာ။ မုန့်ဘူးလေးနဲ့ ရေဘူးလေးနဲ့ မေမေလည်း သနားပါတယ်။ မူကြိုတတ်တဲ့ ကလေးကို လာစောင့်တဲ့ အမေလိုမျိုး။ ဟိ ဟိ။ ဒီအသက်အရွယ်ကြမှ ကျမမှာလည်း ကလေးပေါက်စလေးလို မုန့်ဘူးထဲက မုန့်ကိုစားရတယ်သိလား။ စားပေမယ့် စိတ်က ဟိုစာမေးပွဲကို စိတ်ပူနေလို့ စားမဝင်ဘူး။ နည်းနည်းပဲ စားပြီး ရေပဲ အပီအပြင်သောက်လိုက်တယ်။ ရေသောက်ရင် ခေါင်းကြည်တယ်လေ။ (မှတ်ထားနော်၊ "ခေါင်းရှုပ်နေတဲ့ အချိန်၊ ရေသောက်ရင် ခေါင်းကြည်တယ်"သိလား။ ဒါကြောင့် ကျမရေကြိုက်တာ။ ဟိ ဟိ ကြုံတုန်း ဘာလို့ ရေကြိုက်လည်းကို ကြေငြာဝင်တာ။ ;) )

အဲ၊ မေမေနဲ့ အလုပ်ရှုပ်နေတာ အခု ဘယ်ရောက်ပြီလဲကို ကြည့်လိုက်တော့ ရွှေဂုံတိုင်မီးပွိုင့်ပဲ ရှိသေးတယ် ဟောတော့၊ အကြာကြီးရှိနေပြီ ကားစီးလာတာ အခုမှ ရွှေဂုံတိုင်မီးပွိုင့် ဆိုတော့။ :( မီးပွိုင့် ကလည်း အကြာကြီးပဲ မိတာ။ TAXI မောင်းတဲ့လူကလည်း အဖိုးကြီးဆိုတော့ ဖြေးဖြေးမှန်မှန်ပဲလေ ။(အခုမှ သေချာလေ့လာကြည့်တာ။ အစတုန်းက ဒရိုင်ဘာကြီးကို ယုံလို့ ဘေးပတ်ဝန်းကျင်ကို မကြည့်မိဘူးလေ။ :p ) ဒရိုင်ဘာကြီးမောင်းပုံနဲ့ ဒ်ီမီးပွိုင့် တွေနဲ့တော့ ရောက်တော့မယ်မထင်။ အဲဒါနဲ့ "ကားပြောင်းစီးရအောင် " လို့ မေမေ့ကို တိုးတိုးတိတ်တိတ် တိုင်ပင်လိုက်တယ်သိလား။ ဒရိုင်ဘာကြီးကို အားနာပေမယ့် ကျမက အလကား အပျော်ကားပတ်စီးနေတာမဟုတ်ဘူးလေ။ "စာမေးပွဲသွားဖြေမှာပါ "လို့ သေချာပြောထားရက်နဲ့ အဲဒီလူကြီးက အေးအေးဆေးဆေးပဲ လုပ်နေတော့ ဘယ်လောက် စိတ်မရှည်ချင်စဖွယ်လဲဆိုတာ စဉ်းသာ စဉ်းစားကြည့်ပါတော့ရှင်။ ကျမတို့ တိုးတိုးတိုးတိုးနဲ့ လုပ်နေတာကြားသွားတော့မှ ဒရိုင်ဘာကြီးလည်း နည်းနည်း သတိဝင်လာပုံရတယ်သိလား။ ကားမောင်းတာ အရင်ကထက် ပိုမြန်လာတယ်။ ဒါပေမယ့် မီးပွိုင့်တွေကတော့ မိမြဲမိဆဲ။ :c ဒီထက်ပိုပြီးလည်း ကားကို မောင်းလို့မရတော့ စိတ်ညစ်ညစ်နဲ့ စာကြည့်လိုက်တယ်။ ဪ၊ ပြောဖို့ မေ့နေတယ်။ လွယ်အိတ်က (2)လုံးသိလား။ ဟိ ဟိ။ တစ်လုံးက 日本語能力試験(Japanese Language Proficiency Test、JLPT )Level (Ⅰ)စာမေးပွဲကြီးဖြေတုန်းက မေမေ့ဆီမှာ အပ်ထားခဲ့တာ။ 日本語能力試験(Japanese Language Proficiency Test、JLPT )Level (Ⅰ)စာမေးပွဲကြီးက ခဲတံနဲ့ ဖြေရတာလေ။ ခရီးသွားလမ်းညွှန်သင်တန်းစာမေးပွဲကြီးက ဘောပင်နဲ့။ စာတွေကလည်း တခြားစီဆိုတော့ လွယ်အိတ်တစ်လုံးစီမှာ တစ်မျိုးစီ ထည့်ထားတာ။ ;)

:y အားတော့နာပါတယ်။ မပြီးသေးဘူးရှင့်။ ဆက်ရေးမယ်နော်။ တမင်လုပ်တာ မဟုတ်ပါဘူး။ ရေးချင်တာတွေ အရမ်းများနေလို့ပါ။ စိတ်ဆိုးရဘူးနော်။ :y

အရင်နေ့က Internet သုံးလို့ မရလို့ မတင်ဖြစ်တာအတွက်လည်း တောင်းပန်ပါတယ်နော်။ :y

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.