Sunday, October 19, 2008

[ကဗျာချစ်သူ (Poem Lover)] 1 New Entry: .............................................

.............................................

အချစ်အကြောင်းနဲ့ ပါတ်သက်လို့ ကျွန်မကို တက်ထားခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကပေါ့။ အခုတစ်ခါ ကျွန်မရဲ့ ဖိုးဖိုး နဲ့ အစ်မ ခွန်မြလှိုင် က ခေးရော့စ်ရဲ့ အချစ်ကို နားလည်ခံစားပုံကို ထပ်မံတက်လာပြန်ပါတယ်။ အရင်တစ်ခါ ရေးခဲ့ဖူးတဲ့ ကျွန်မ ခံစားမိတဲ့ အချစ်အကြောင်းနဲ့ အခုချိန်ထိ ကျွန်မကို ခံစားမှုတွေ မွေးဖွားပေးတဲ့ သူ့ နဲ့ ပါတ်သက်ပြီး ရေးဖွဲ့ထားတဲ့ အချစ်ကဗျာများကို တင်ပေးလိုက်ပါတယ်။ တစ်ချို့ ကဗျာတွေကို ကျွန်မ အင်္ဂလိပ်လို ရေးဖွဲ့ထားတာ ဖြစ်လို့ အဆင်မပြေမှုများ ရှိခဲ့ရင် ခွင့်လွတ်ပေးပါလို့ အရင်တောင်းပန်အပ်ပါသည်။

Love

Love is the mystery of Beauty,
In reality, it can sometimes leave the History of your own story.

Love is so-called a worthy Splendor,
On the other hand forces us to be a Wrong doer.

When you Miss someone as usual,
Remember that Absence makes the heart grows fonder.

Love can only be Interpreted,
When you experience with your Spirit.

If Love controls over your Head,
You'll go Crazy and Mad.

Love between parents, teachers and friends are Pure
Because their Love can cure and care your Pain and Tears.

Be Alert when you are in Love,
There are times you can only meet it Half.

Channel your Jealousy in proper way,
Love will stay with you Everyday.

ဒီအပေါ်က ကဗျာလေးကတော့ ကျွန်မရဲ့ ချစ်သူကို စတင်မတွေ့ရှိခင်တုန်းက ကျွန်မသိရှိနားလည်ထားတယ်ဆိုတဲ့ အချစ်ပေါ့...တကယ်တမ်း သူ့ကို စတင်တွေ့ရှိသွားချိန်မှာ ကျွန်မ ဒီကဗျာလေးကို ရေးမိတယ်။
Perfection

My heart leaps up,
When you say I'm your Miss Right;

My smile comes alive,
When I hear your sweet voice;

My life is perfect,
When I see your love is endless;

The future is not blurred,
When we love each other for sure.

လူတစ်ယောက်ဟာ ချစ်တတ်လာတာနဲ့ အမျှ အလွမ်းဆိုတာ ကိုရှောင်လွှဲလို့ မရဘူးဆိုတာ သိလာတယ်။ ရှောင်လွှဲလို့မရတဲ့ အလွမ်းကို တည့်တည့်ဝင်တိုးရင်းနဲ့ပဲ ကျွန်မရင်ဘတ်ထဲက ကဗျာ တစ်ပုဒ် ထွက်ကျလာပြန်တယ်။ အလွမ်းဗိုင်းရပ်စ်တဲ့..............

လွမ်းတယ်ဆိုတာ
ငါ...................
ဘာမှန်းမသိခဲ့ဘူး။
တကယ်တော့
အလွမ်းဆိုတာ
ခံစားရခက်တဲ့ ဝေဒနာဆိုးကြီးမှန်း
ငါသိတဲ့ အချိန်ကျတော့
ကုရာနတ္တိ ဆေးမရှိပဲ
ငါ့ ဘယ်ဘက်ရင်အုံကြီးတစ်ခုလုံး
ဒဏ်ရာဒဏ်ချက်
ဗလပွနဲ့
အလွမ်းရဲ့ နှိပ်စက်မှုဒဏ်ကို
မဟားဒရား
ပိုးစိုးပက်စက်
တစ်ဆစ်ဆစ်နဲ့ကို
ခံနေရပြီပဲ။

လွမ်းတယ်
အချိန်တိုင်းလွမ်းတယ်
ဘာပဲလုပ်လုပ်လွမ်းတယ်
ငါ့ရဲ့ အချိန်တော်တော်များများကို
အလွမ်းဆိုတဲ့
ဗိုင်းရပ်စ် တစ်ကောင်က
ဖျက်ဆီး သိမ်းပိုက်ဖို့
ကြံစည်နေပြီ။

နှလုံးသားကို
Format ချလို့
Anti virus ကောက်တင်လိုက်တယ်
System က Alert လာပြနေတယ်
နှလုံးသားတစ်ခုလုံး
အဖတ်ဆည်မရအောင်
ဗိုင်းရပ်စ်ကိုက်ခံနေရပြီတဲ့……..

........ဒီလိုနဲ့ပဲ ခေးရော့စ် တစ်ယောက် အချစ်နဲ့ သူ့ ကို တစ်သားတည်း ရှာဖွေတွေ့ရှိသွားတဲ့အခါမှာ...........


When I know your love

I feel as if we've come to possess a little part of each other,
Though we are far from one another.

Whenever I'm caught on the horns of dilemma,
You help me out and lead me with your kind behavior.

At times, I feel blue, sad, hopeless and helpless,
And I can always withstand cos of your love and kindness.

တစ်ခါတစ်ရံမှာ အချစ်ကိုကိုးကွယ်တယ်လို့ပဲပြောပြော အချစ်ဟာ အဓိက မဟုတ်ဘူးလို့ပဲပြောပြော၊ ကျွန်မအတွက်တော့ အချစ်ဟာ................................................................

အချစ်ဆိုတဲ့
အဓိပ္ပါယ်
မင်း နဲ့တွေ့မှ
ငါ နက်နဲစွာသိလာတယ်....

အချစ်ကြောင့်
ငါ့ဘ၀ဟာ
နေထိလို့လန်းတဲ့
ပန်းတစ်ပွင့်လိုပဲ
လှပလာတယ်.....

အချစ်က သင်ပေးတဲ့
သင်ခန်းစာတွေ
ငါချိုမြိန်စွာ သင်ယူရင်း
အချစ်ရဲ့
ဟိုးအဝေးတစ်နေရာက
အလွမ်းကိုလဲ
သိမ်ငယ်စွာ
ကြောက်ရွံ့နေတယ်.....

တစ်ခါတစ်လေတော့လဲ
အရာအားလုံးကိုကျောခိုင်းလို့
မင်းလက်လေးကိုဆွဲ
အဝေးကိုသွားပြီး
ဘယ်အရာမှမပါ
အချစ်တစ်ခုနဲ့သာ
ဘ၀ကိုဖြတ်သန်းဖို့
စိတ်အားထက်သန်နေမိပြန်ရော...

အချစ်သာပါတဲ့
အချစ်သီးသန်နဲ့
ငါရူးမိုက်စွာ
နူးညံ့စွာ
ရင်ခုန်စွာ
ပျော်ရွှင်စွာနဲ့
အရာရာကိုအာခံမိနေတတ်ပြီကော။

အရာရာကို အာခံလို့ ခေးရော့စ်တစ်ယောက် သိပ်ချစ်တာ အပြစ်လားဆိုပြီး ကဗျာတွေလဲ ရေးနေတတ်ပြန်ရော။
အခုလောက်ဆို ခေးရော့စ်ရဲ့ အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုချက် နဲ့ ခေးရော့စ်ရဲ့ခံစားချက်တွေကို သိနေလောက်ပြီလို့ ထင်ပါတယ်။ ရေးပြီးသား ကဗျာတွေ ပြန်တင်တယ်ဆိုပေမယ့် ဒီကဗျာတစ်ပုဒ်စီတိုင်းဟာ ကျွန်မရဲ့ ခံစားချက် ၀ိညာဉ်တွေ ကွန့်မြူးနေတယ်ဆိုတာ နားလည်ပေးနိုင်မယ်ထင်ပါတယ်။ အော် တစ်ဆက်တည်း ဆက်ပြောရဦးမယ်။ အခုတစ်လော ကျွန်မ ရဲ့ လက်ရှိလုပ်နေတဲ့ အလုပ်ကနေ ထွက်ဖို့ အထိရည်စူးထားပြီးဖြစ်တဲ့အတွက် နောက်နောင် ပို့စ်အတင်ကျဲခဲ့တာပဲဖြစ်ဖြစ်၊ ကျွန်မလေးစားရတဲ့ ဘလော့ဂါ အစ်ကို၊ အစ်မတွေရဲ့စာတွေကို မဖတ်နိုင်တော့ရင်ပဲဖြစ်ဖြစ်၊ ခေးရော့စ်ဆိုတာ မသိလိုက် မသိဘာသာလေး ပျောက်ကွယ်သွားခဲ့ရင်ပဲဖြစ်ဖြစ်။ ကျွန်မရင်ထဲမှာတော့ ကျွန်မချစ်တဲ့ ဘလော့လေးနားမှာ လူကိုယ်တိုင် မရောက်နိုင်တောင် စိတ်ကတော့ အမြဲရောက်နေမှာပါ။ လူဆိုတာမကောင်းဘူးနော်။ အခုလိုမျိုးတွေးရေးပြီး နှုတ်ဆက်ရမယ်ဆိုပြန်တော့လည်း ရင်ထဲမှာ မကောင်းဘူး။ ၀မ်းနည်းတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အခြေအနေတွေအရ တွေ့ဆုံကြတယ်။ အခြေအနေမပေးလို့ ခွဲခွာသွားရမယ်ဆိုရင်လည်း အမှတ်ရစရာလေးတွေကတော့ အမြဲ ရင်ဘတ်ထဲမှာရှိနေမှာပါ။

ခေးရော့စ်

You received this email because you are subscribed to the real_time feed for http://chaos.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.