Sunday, October 19, 2008

[ကာရန်မဲ့ အတွေးစများ] 1 New Entry: အတားအဆီး

အတားအဆီး


ဟိုးအဝေးမှာ

ချစ်သော ပင်လယ်ဆီ
အ၀ါရောင် ငှက်မောင်နှံ
ပျံသန်းနေလေရဲ့။

ငါကတော့
တစ်တောင်တက်၊ တစ်တောင်ဆင်း
ခွေယိုင်ယိုင်ခြေအစုံနဲ့
ရပ်တည်ဖို့ ကြိုးစားနေဆဲ။

တခါတလေ
တောင်လိမ်၊ တောင်ကွေ့တွေကြောင့်
ငါ့စိတ်တွေ ချွတ်ခြုံကျပေါ့။

ဆူးပြွန်းသော လမ်းတလျှောက်
စိမ်းညို့ညို့ မြက်ခင်းဆီ
ဘယ်တော့များ ခြေချနိုင်မလဲလို့။

အားမလျှော့ပါနဲ့လေ...
ဟိုးအရှေ့မှာ
ပြာလဲ့လဲ့ မိုးကောင်းကင်ကြီး
ရှိနေသားပဲ။...။

s0wha1
(17 Oct 2008)


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

You received this email because you are subscribed to the real_time feed for http://s0wha1.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.