Sunday, October 19, 2008

[HAN LIN HTUN] 1 New Entry: အဖိုး ဦးဂင်တို့အကြောင်း

အဖိုး ဦးဂင်တို့အကြောင်း

အခုတလော ဘာမှန်းမသိ ရူပ်နေတယ်။ ဘလော့ဂ်လေးတောင် အားရပါးရ မဖွင့်နိုင်ဘူး။ ကြည့်လိုက် ပြန်ပိတ်လိုက် Sign In တောင် မ၀င်နိုင်တဲ့ အထိ မအားတာပါ။ 

တစ်ရက် ဦးဂင်ကြီး  က ကျနော့်ဘလော့မှာ ခေါင်းစီးလေးတက်ဖို့ အကြံပေးသည်။ ကျနော့်မှာ နည်းပညာက အားနဲတာကြောင့်ရယ် ကလိဖို့အချိန်မရှိတာရယ်ကြောင့် နောက်ဆုံး ဦးဝင်ကြီးပဲ ကျနော့်ကို ခေါင်းစီးလေး တစ်ခု လုပ်ပေးပါတယ်။ 

ကံမကောင်းစွာ ကျနော့်ခေါင်းစီးလေးက ကျနော့် တန်းပလိတ်လေးအတွက် အဆင်မပြေရှာပါဘူး။ ကုတ်တွေကို ၀င်ကလိပြီး လုပ်မယ်ဆိုရင်တော့ အဆင်ပြေ မယ်လို့တော့ သူငယ်ချင်းတစ်ယောက်က အကြံပေးရှာပါတယ်။ကျနော်လည်း အခုတလောအတွင်း ပျင်းလိုက်တာ ဘာကိုမှ မလုပ်ချင်လောက်အောင် ပျင်းနေပါတယ်။ 

ဦးဂင်ကြီးတို့ တစ်အိမ်လုံးနဲ့ ကျနော်က တော်တော်လေး ရင်းနှီးပါတယ်။ဦးဂင်ကြီးရဲ့ မဒမ်ဂင်ချိုက ဟင်းသိပ်ချက်ကောင်းတာ။ တော်တော်လည်း အနေအထိုင်အေးပါတယ်။ ဦးဂင်ကြီးရဲ့တူ စံလင်းကတော့ ညဏ်ကောင်းပြီး တခါ တခါ ပေါတောတောနဲ့။ သူ့အိမ်မှာ ကျနော်အခင်ဆုံးက ဦးဂင်ရဲ့အဖေပါ။

အဘိုးက အနေအထိုင်အေးပြီး ကျနော်က သူရဲ့ ကျားကစားဖောက်တစ်ယောက်ပါ။ အဘိုးက နားသိပ်မကောင်းတော့ တခါတခါ အော်ပြောရတယ်။ အဖိုးနှင့် ကျားကစားရင် ကျနော် အမြဲတမ်းလို ရူံးတယ်။ နိုင်တဲ့အခါတွေက အဖိုးကို လူလယ်ကြမှ နိုင်ရတာပါ။  ကျနော်ရှုံးပြီဆိုရင် အကွက်ကို ခိုးရွှေ့တယ်။ 

အဖိုးက နားသိပ်မကောင်းတော့ အဖိုးကို စကားပြောမလိုပုံစံဖြင့် အဖိုးနား အနားကိုကပ်ဟန်လုပ်တော့ အဖိုးကစကားပြောမယ်ထင်ပြီး သူ့နားလေးကို ကျနော့်ဆီ ကပ်ပေးတာနဲ့  အောက်ကနေ ကျနော်က ခိုးရွှေ့လိုက်ပြီ။

တစ်ရက် ကျနော် လ္ဘက်ရည်ဆိုင်ကပြန်လာတော့ အဖိုးက အိမ်ရှေ့မှာထိုင်နေသည်။ အဖိုးကိုတွေ့လိုက်တော့ ကျနော်လည်း စချင်တာနဲ့ အရမ်းစိတ်မကောင်းဖြစ်တဲ့ ဟန်လုပ်ပြီး ခေါင်းကို တအားငုံ့ပြီး အဖိုးဘေးနားကို ၀င်ထိုင်လိုက်သည်။

အဖိုးက ကျနော့်မျက်နှာကို တစ်ချက်ကြည့်တယ်။ ပြီးတော့ ပြန်လှည့်သွားသည်။ ကျနော်လည်း မျက်နှာကို အရမ်းဝမ်းနည်းတဲ့ ပုံးစံပိုလုပ်ပြလိုက်သည်။ ခဏနေတော့ အဖိုး  ကျနော့်ကို မေးပါသည်။ " ဘာဖြစ်နေတာလဲ မင်းမျက်နှာလည်းမကောင်းပါလားတဲ့" သူမေးမေးချင်း ကျနော်လည်း ပြန်မဖြေပဲ ထုံပေပေနေလိုက်သည်။

" မင်းမျက်နှာမကောင်းဘူး။ ဘာဖြစ်နေတာလဲလို့ နောက်တစ်ခေါက် ထပ်မေးပါတယ်။ ''ကျနော့်ကောင်မလေး လင်နောက်လိုက်သွားလို့ ပါ အဖိုးရာလို့်ဖြေလိုက်တော့ အဖိုးက အဟုတ်ထင်ပြီး ""  ဟုတ်လား။ မင်းကောင်မလေးက ဘယ်သူလဲလို့ မေးတယ်။  

အဖိုး သူ့ကို သိပါတယ်လို့ပြောတော့ အဖိုး ခဏလောက်စဉ်းစားပြီး ''ဘယ်သူလဲ ငါသိတယ်ဆိုတော့။"" ပြန်မေးပါတယ်။

ကျနော်တို့ အဖိုးတို့  လ္ဘက်ရည်သွားသောက်တဲ့ဆိုင်က ဟူစိန့်အမေ ကုလားမကြီးလေလို့ ကျနော်ဖြေတော့ အဖိုးတစ်ယေက် တအားကို ထရယ်ပါတယ်။ မင်းကွာတော်တော်နောက်တဲ့ကောင် ငါ့မှာ အဟုတ်မှတ်ပြီး နားထောင်နေတာ။

အဖိုးနဲ့ကျနော်က အဲ့လိုပါ။ အဖိုးက ကွန်မြူနစ် အဟောင်းကြီးဆိုတော့ တခါတခါ သူ့အကြောင်းတွေ ပြောပြတက်တယ်။ တခါက သူ့အကြောင်းတွေပြောရင်း "" မော်ကလေ မော်ကလေ လို့ပြောတော့ မော်ဆိုတာ သူ့မိန်းမလား သူ့ငယ်ချစ်လား ဘယ်သူလဲပေါ့။ မေးရအောင်လည်း သူ့ရဲ့စိတ်မကောင်းစရာ ဖြစ်သွားရင်တော့ ဒုက္ခ။ ကျနော်လည်း ဆက်မမေးပဲ သူပြောတာတွေဆက်နားထောင်လိုက်တယ်။ ဘယ်ဟုတ်မလဲ နောက်ဆုံးမှ မော်ဆိုတာ မော်စီတုန်းကို ပြောမှန်းသိတော့တယ်။

အဖိုးကွန်မြူနစ်အကြောင်းလေးတွေပြောရင် ကျနော်စာအုပ်တစ်အုပ်ထဲက ဖတ်မိတဲ့ ကွန်မြူနစ်အကြောင်းလေး တွေးရင်း ပြုံးမိတယ်။ 

"" တစ်ရက် ရွာထဲကို ကွန်မြူနစ်တွေ ၀င်လာပါတယ်။""
ကွန်မြူနစ်တွေ လာနေပြီ။ အဖြူတွေ အနီတွေ လို့ အသံလည်းကြားတော့ ရွားသား ဖိုးလုံးကြောက်ကြောက်နဲ့ အိမ်အနောက်က ပုန်းကျင်းထဲ ပြေးပုန်းသည်။ ကွန်မြူနစ်တွေကလည်း ဟိုရှာ ဒီရှာရင်း ဖိုးလုံးကို တွေ့သွားပါသည်။

ဖိုးလုံးကိုတွေ့တော့ မင်းဘာလဲလို့ မေးတယ်။ ဖိုးလုံးက ""ကျနော် အပြာပါလို့ ပြန်ဖြေလိုက်သည်။ ဘာကွ  ဘာအပြာလဲလို့ စစ်သားကထပ်မေးသည်။  '' အားလုံးကို ပြာနေအောင် ကြောက်ရတဲ့ အပြာပါလို့  ဖြေပါတယ်။

You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.