Sunday, October 19, 2008

[ဒီဇင်ဘာနှင်း] 1 New Entry: ကင်ချီနဲ့စတွေ့ပြီ

ကင်ချီနဲ့စတွေ့ပြီ


လေဆိပ်ကတော့ ဘေးမှာတွေ့ရတဲ့ ကျွန်းသေးသေးလေးပေါ်မှာပါ။
ဈေးဆိုင်တန်းတွေအလယ်မှာ



နာမည်ကြီး brand တွေကိုရောင်းတဲ့ အရောင်းဆိုင်တွေပါ

Hotel ကိုရောက်တော့ ဦးဆုံး အခန်းသော့တွေပေးပါတယ်။ အခန်းထဲမှာက တခြားအရာတွေ ရှိနေပေမယ့် သွားတိုက်ဆေးနဲ့ သွားတိုက်တံကိုတော့ မပေးထားပါဘူးတဲ့လေ။ တကယ်လို့များ မပါလာခဲ့ရင် ၂၄ နာရီဆိုင်မှာသွားဝယ်လို့ ရပါတယ်။ Hotel ထဲမှာ ရောင်းတဲ့ဆိုင်ကတော့ သိတဲ့အတိုင်းပါပဲ။ ဈေးကြီးပါတယ်။ ဒါကတော့ ထိုင်ဝမ်က Hotel တွေနဲ့ မတူတဲ့ အချက်တစ်ခုပါပဲ။ ထိုင်ဝမ်မှာကတော့ သွားတိုက်ဆေး သွားတိုက်တံတွေကို အခန်းထဲမှာ ထည့်ပေးထားပါတယ်။ မနေ့ညက ၁၁ နာရီကျော်လောက်မှ အခန်းကိုရောက်တော့ ခရီးပန်းလာတာနဲ့ ရေချိုးပြီး အိပ်လိုက်တယ်လေ။ ပတ်ဝန်းကျင်မှာ ဘာတွေရှိတယ် ဆိုတာတောင် မစပ်စုအားလိုက်ပါဘူး။

၃.၁၀.၂၀၀၈

နံနက်ခင်း အိပ်ယာထဖို့အတွက် Morning Call ကို ၇ နာရီ ၂၀ မှာလှမ်းနှိုးပါတယ်။ ၈ နာရီလောက်လဲကြရော မနက်စာကို ၁၁ ထပ်မှာ ဘူဖေးကျွေးပါတယ်။ အဲဒီမှာ စတွေ့တော့တာပါပဲ။ ဘာလဲဆိုတာကတော့ ကိုးရီးယားရဲ့ မပါမဖြစ် အစားအစာတစ်ခုဖြစ်တဲ့ ကင်ချီပါပဲ။ မနက်စာမှာလဲ ကင်ချီကပါပါတယ်။ မနက်စာစားပြီးတော့ ဆိုလ်းမြို့ကိုသွားဖို့အတွက် ထွက်လာကြပါတယ်။ အဲဒီအချိန်အထိ နေလုံးဝမထွက်ပဲ ပတ်ဝန်းကျင်မှာ မြူတွေဆိုင်းနေပါတယ်။ ဆောင်းဦးရာသီဆိုတော့ အအေးဓါတ်လဲရှိပါတယ်။ အနွေးထည်လေးတွေဝတ်ပြီး ကားပေါ်ကိုအပြေးအလွှားတက်ကြပါတယ်။ အပြင်မှာက ပိုပြီးအေးလို့ပါ။ လေယာဉ်ကွင်းကို ကျွန်းအသေးလေး တစ်ခုရှိတဲ့နေရာမှာ ဆောက်ထားတာဖြစ်လို့ ဆိုလ်းမြို့ထဲကိုသွားဖို့ အဝေးပြေးလမ်းကနေ သွားရပါတယ်။ ဆိုလ်းကိုသွားဖို့အတွက် တစ်ခုတည်းသောလမ်းဖြစ်တဲ့အတွက် လမ်းအခွန်ကောက်တာကလဲ ဈေးကြီးပါတယ်။ လေယာဉ်ကွင်းကနေ ဆိုလ်းကိုရောက်ဖို့ ၁ နာရီလောက်သွားရပါတယ်။ ဖြစ်ချင်တော့ နှင်းတို့သွားတဲ့နေ့က ကိုးရီးယားနိုင်ငံရဲ့ ပိတ်ရက်နဲ့ သွားတိုက်နေတဲ့အတွက် ၁ နာရီနဲ့သွားရမယ့် ခရီးကို ၂ နာရီလောက်သွားလိုက်ရပါတယ်။ ကိုးရီးယားတွေဟာ ဟိုအရင်တုန်းကဆိုရင် ပိုက်ဆံရှာပြီးရင် မသုံးပဲ စုထားတတ်ကြပါတယ်တဲ့လေ။ အခုနောက်ပိုင်းမှာတော့ ပိတ်ရက်တွေဆိုရင် အလည်အပတ်ထွက်တဲ့ အလေ့အထတွေ ပြုလုပ်လာတယ်လို့ ပြောပြပါတယ်။ ဒါကြောင့် ပိတ်ရက်တွေဆိုရင် ကားလမ်းပိတ်တာက အလွန်အရေးကြီးလာပါတယ်။ အခုလဲ အချိန် ၁ နာရီလောက်ပိုကုန်သွားပါတယ်။

ဆိုလ်းကိုရောက်တော့ ပထမဆုံး ကိုးရီးယားမှာ ခေတ်စားပြီး ကမ္ဘာပေါ်က နာမည်ကြီး Brand တွေကြည့်ရောင်းတဲ့ Premium Outlet ဈေးဆိုင်တန်းကိုသွားကြပါတယ်။ အဲဒီမှာ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်လောက်ရှိပြီး Brand အမှန်တွေကိုပဲရောင်းပါတယ်။ ဆိုင်ခန်းတွေကို ကျောချင်းကပ်ပုံစံဆောက်ထားပြီး တိုက်ရဲ့အလည်ခေါင်မှာတော့ နားနေစရာ ထိုင်ခုံလေးတွေ ပန်းပင်လေးတွေအပြင် သ်ီးချင်းအေးအေးလေး ဖွင့်ပေးထားတော့ ဈေးဝယ်ရင်း သီချင်းလေးတွေ နားထောင်လို့ရပါတယ်။ အပြင်မှာရှိတဲ့ ဈေးတွေမှာလို လူတွေကြပ်သိပ်နေတာကို မတွေ့ရပဲ သေသေသပ်သပ် အေးချမ်းစွာနဲ့ ဈေးဝယ်လို့ရတဲ့ နေရာလေးတစ်ခုပါပဲ။ အဓိကလိုအပ်တာကတော့ $$$$$$$$$ ပေါ့နော်။

ဈေးပတ်ပြီးတော့ နေ့လည်စာစားဖို့အတွက် စားသောက်ဆိုင်ကိုသွားကြပါတယ်။ နေ့လည်စာကိုတော့ အသားကင်ကို ထမင်းလွတ်စားကြပါတယ်။ ကိုးရီးယားဇာတ်ကားတွေထဲကလိုပါပဲ အသားကင်မယ့် သံအိုးပြားကို စားပွဲအလည်မှာတည်ထားပြီး လူလေးယောက်ဝိုင်းထိုင်ပြီး ကိုယ့်စိတ်ကြိုက်အသားကို ကင်စားရပါတယ်။ လေးယောက်ကို တစ်အိုးဆိုပေမယ့် ခုံတွေက တစ်တန်းချင်းဆီ ဆက်ထားပါတယ်။ နောက်တစ်ခုကတော့ စားသောက်ဆိုင်တွေမှာလို ခုံအမြင့်မှာစားတာမဟုတ်ပဲ ကြမ်းပြင်မှာပဲ ထိုင်စားတာဆိုတော့ တော်တော်ကသိကအောင့်နိုင်ပါတယ်။ အသားကင်မှာလဲ ကင်ချီကပါတာပါပဲ။ ကိုးရီးယားတွေ ထမင်းစားတဲ့အခါမှာ ဟင်း ၂ မျိုး ၃မျိုးရယ် မပါမဖြစ် ကင်ချီရယ် ဟင်းရည်တစ်ခွက်ရယ် ဒါတွေက သူတို့တွေစားနေကြပုံစံလို့ သိရပါတယ်။ အသားကင်စားပြီးတဲ့အခါမှာတော့ EVER LAND RESORT ကိုသွားကြပါတယ်။

You received this email because you are subscribed to the real_time feed for http://decemberhnin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.